လူငှား....
Vol. 50 Ch. 687
အဖြူရောင်ကျောက်စိမ်းရင်ပြင်ပေါ်တွင်......
လူတိုင်းက မင်းသမီး၏လက်၌ရှိသော ခရမ်းရောင်နံ့သာတိုင်ကို အာရုံစိုက်နေကြဆဲဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အမွှေးတိုင်တခုလုံး တဖြည်းဖြည်း လောင်ကျွမ်းလာသည်။
ထို့အတူ မင်းသမီးဘက်က လူတွေရဲ့ အမူအရာလည်း ပြောင်းသွားကြသည်။
သူမကိုယ်တိုင်ကလည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
သူမ၏ ငြိမ်သက်နေသော ဖီးနစ်မျက်လုံးများတွင် စိုးရိမ်သောကများ ပေါ်လာသည်။
ကျောင်းအုပ်ကြီးဖန် ပေါ်မလာသေးဘူး.....
အားလုံးက မင်းသမီးကို မေးခွန်းထုတ်ကာ ကြည့်နေစပြုလာသောအခါ တီးတိုးသံအနည်းငယ် ထွက်ပေါ်လာသည်။ စောစောက ပြောခဲ့တဲ့ စကားတွေရဲ့ အမှန်တရားကို သူတို့ သံသယဝင်လာကြပြီ......
အရင်ဧကရာဇ်နဲ့ ကျောင်းအုပ်ကြီးဖန်တို့ကြားမှာ တကာ်ပဲကတိတစ်ခုရှိခဲ့လေသလား....
ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏ကတိသည် တောင်ကဲ့သို့ လေးနက်သည်။ အကယ်၍ သူတကယ်ကတ်ပေးခဲ့လျှင် ဤအကျပ်အတည်းကာလတွင် အဘယ်ကြောင့်ပေါ်မလာရသနည်း......
ဒုကျောင်းအုပ်စုရှင်းကလည်း အများနည်းတူ အခြေအနေကို စောင့်ကြည့်နေသည်။ သူမ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး....
"အဲဒီ ခရမ်းရောင် အမွှေးတိုင်က ကျောင်းအုပ်ကြီးကိုယ်တိုင် ပေးထားတာ သေချာတယ်....အမွှေးတိုင်မှယပါနေတဲ့ကျောင်းအုပ်ကြီးရဲ့အငွေ့အသက်ကိုကောင်းကောင်းကြီးခံစားနေရတယ်.... လွမ်ယု လိမ်တာမဟုတ်ပေမယ့် ကျောင်းအုပ်ကြီးကတော့ ပေါ်လာမှာ မဟုတ်ဘူး... အရိပ်လှိုဏ်ဂူထဲက အခြေအနေတွေ ငါတို့ထင်ထားတာထက် ပိုဆိုးပုံရတယ်။ နန်းတက်ပွဲပြီးရင် နောက်ထပ် သုတ်သင်ရေးမစ်ရှင်ကို စလုပ်ရလိမ့်မယ်......"
နည်းပြ ချောင်ရှန်းက အိတ်ဆောင်အရက်ဘူးထဲက အရက်တစ်ငုံမော့သောက်လိုက်ပြီး..... "ကျောင်းအုပ်ကြီးက ကတိပေးထားခဲ့တော့ ကျုပ်တို့ဘယ်ဘက်မှာရပ်တည်ရမှာလဲ...."
ဒုကျောင်းအုပ်စုရှင်းက ထိုမေးခွန်းကို ခဏစဉ်းစားနေခဲ့သည်။
“ကျောင်းအုပ်ကြီးဖန်က ကောလိပ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်နေပေမယ့် ဒီကတိကို ကိုယ်ရေးကိုယ်တာကတိအဖြစ်ပေးခဲ့တာ.... ဒီလိုမှမဟုတ်ရင် ဗဟိုကျောင်းသားသမဂ္ဂ က မေးခွန်းတွေ မေးပြီး အခြေအနေကို သေသေချာချာ စုံစမ်းခဲ့မယ်ဆိုရင် သံသယဖြစ်စရာ ဖြစ်လာမှာ သေချာတယ်....ဒါကြောင့် ကောလိပ်က ပြတ်ပြတ်သားသား ကြားနေဝါဒကိုကိုင်စွဲထားရမယ်...."
သူမသည် မင်းသမီးကို ကူညီချင်သော်လည်း ဤတိုက်ပွဲက ရှပြည်ထောင်စုတစ်ခုလုံးကို လွှမ်းမိုးသွားမည်ဖြစ်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်ကသာ မင်းသမီး ဘက်မှရပ်တည်ပါက၊ ၎င်းတို့၏ ကြားနေသဘောထားကို စွန့်လွှတ်လိုက်သလိုဖြစ်ပြီး ရှပြည်ထောင်စုး များပြားလှသော အင်အားစုများက ၎င်းတို့ကို စောင့်ကြပ်နေမည်ဖြစ်သည်။ အရေးအကြီးဆုံးကတော့ ပညာရေးအဖွဲ့ချုပ်က ဒီလိုလုပ်ရပ်တွေကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။
ကျောင်းအုပ်ကြီးဖန်သည် ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဉီးဖြစ်သည်။ ထို့ကြောင့် ပို၍ ဆန္ဒရှိရှိ လုပ်ဆောင်နိုင်ခဲ့သည်။ အလားတူပင် ပညာရေးအဖွဲ့ချုပ်ကလည်း သူ့ကို သက်ညှာမှုပေးပေလိမ့်မည်။ သို့ပေငြါးလည်း သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် အချို့သောကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့်ပြုခြင်းသည် လုံးဝကန့်သတ်ချက်ဖြစ်ပြီး၊ အထူးသဖြင့် ကောလိပ်အမည်ဖြင့် နိုင်ငံတော်၏ နိုင်ငံရေးကိစ္စများကို မည်သည့်အခါမျှ သြဇာလွှမ်းမိုးရန် ခွင့်မပြုပေ။
အခြားဆရာများက သူမ၏ရှင်းပြချက်ကိုကြားသောအခါ ခေါင်းတညိတ်ညိတ်နှင့် အခြေအနေကို ဆက်လက်စောင့်ကြည့်ကြသည်။
ခရမ်းရောင်အခိုးအငွေ့များနှင့်အတူ အမွှေးတိုင်၏နောက်ဆုံးအပိုင်းအစ ပြာများအဖြစ်သို့ လောင်ကျွမ်းသွားသည်အထိစောင့်ကြည့်နေကြသည်။
မင်းသမီး၏ နူးညံ့သောလက်ဖဝါးပေါ်တွင် လောင်ကျွမ်းနေသော မီးခိုးငွေ့အချို့ ကျရောက်သွားသော်လည်း သူမ မလှုပ်မယှက်ဖြစ်နေပြီး ပူနေသောပြာများကို စိတ်ပျက်နေသော မျက်လုံးများဖြင့်သာငေးမောနေသည်။
သူမ၏ နောက်ဆုံးမျှော်လင့်ချက်သည် နံ့သာတိုင်နှင့် လောင်ကျွမ်းသွားခဲ့ချေပြီ.....
သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုတစ်ခု ပေါ်လာသည်။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းကြိုးစားခဲ့သမျှအချည်းနှီးသာပင်.....
"လွမ်ယု...လက်လျှော့လိုက်ပါတော့... ကျောင်းအုပ်ကြီးဖန် ပေါ်မလာသေးပေမယ့် နင့်ရဲ့အကောင်းဆုံးကြိုးစားမှုဆိုတာကိုငါတို့နားလည်ပေးနိုင်ပါတယ်... ရှပြည်ထောင်စုကို ငါ့လက်ထက်မှာ ဘုန်းအသရေအပြည့်နဲ့ သာယာဝပြောတဲ့ ခေတ်သစ်ရောက်အောင် ဆောင်ကျဉ်းပေးမှာပါ....."
ဟု ကိုယ်စားအုပ်ချုပ်သူမှ ရိုးသားမှုအပြည့်ဖြင့်ခပ်အေးအေး ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲတွင် အေးစက်သောအရိပ်အယောင်များ ထွက်ပေါ်လာသည်။ထူးဆန်းသောမျက်လုံးပိုင်ရှင် လူငယ်၏စကားမှန်ပုံရသည်။ ဖန်ချန်းယွမ် အရိပ် လှိုဏ်ဂူထဲမှ ထွက်မလာနိူင်သဖြင့်မင်းသမီး၏ နောက်ဆုံးမျှော်လင့်ချက် ရေစုန်မျောခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ၊ ဖန်ချန်းယွမ်သာ မရှိရင် အရာအားလုံးကို သူ ထိန်းချုပ်ထားနိုင်သည်။
"လွမ်ယု၊ မင်းဆက်ပြီးရုန်းကန်ချင်တယ်ဆိုရင်တောင် ရလဒ်တစ်ခုပဲရှိလိမ့်မယ်..... ရှပြည်ထောင်စုဟာ ပြည်တွင်းပဋိပက္ခထဲကို ရောက်သွားပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးလည်း ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီအချိန်မှာ မရေတွက်နိုင်တဲ့ အလဟသ စွန့်စားမှုတွေ ရှိလာမှာသေချာတယ်...မင်းအဖေလည်း ဒီလိုအဖြစ်မျိုးကိုမြင်ချင်မှာမဟုတ်ဘူး.... ဒါကြောင့် အေးအေးဆေးအေး လက်လျှော့လိုက်ပါတော့....တိုင်းပြည်ကာကွယ်ရေး ၀င်္ကပါ မရှိရင် ရှပြည်ထောင်စုအတွက် အဆင်ပြေနိူင်မှာမဟုတ်ဘူး...."
ကိုယ်စားအုပ်ချုပ်သူက မင်းသမီးဆီသို့ လှမ်းကြည့်လိုက်ပြီး အားလုံးကလာ သူမ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
မင်းသမီးသည် စိတ်ထဲတွင် ရုန်းကန်နေရကြောင်း သူမ၏မျက်လုံးများက ပြသနေသည်။ ကိုယ်စားအုပ်ချုပ်သူသည် သူမအား အကျင့်စာရိတ္တပိုင်းဆိုင်ရာ လိမ်လည်လှည့်ဖြားနေသော်လည်း သူ၏စကားများက အမှားမဟုတ်ပေ။ အကယ်၍ သူမသာ လက်လွတ်မခံရန် ငြင်းဆိုပါက နှစ်ဖက်စလုံးက ချက်ချင်းပင် သွေးထွက်သံယို သတ်ဖြတ်မှုများတွင် ပါဝင်ပြီး နောက်ဆုံးရလဒ်ကလည်း ပြည်တွင်းစစ်ကို ဦးတည်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ အဓိပ္ပာယ်မဲ့စွာ သေဆုံးသွားကြလိမ့်မည်။
ရလဒ်အနေဖြင့် ရှပြည်ထောင်စုတစ်ခုလုံး ပြင်းထန်သော ထိုးနှက်ချက်ဒဏ်ကို ခံစားရမည်ဖြစ်သည်။
ထိုအတွေးကြောင့် မင်းသမီး၏ နှုတ်ခမ်းများက ဝမ်းနည်းမှုနှင့်အတူ တုန်ရီနေသည်။ဉီးရီးတော်က သူမ၏ အားနည်းချက်ကို ရှာတွေ့ခဲ့ချေပြီ။
ထို့ထက် ပိုအရေးကြီးသည်မှာ ဖန်ချန်းယွမ် ရောက်မလာသဖြင့် သူမအတွက် အားမစိုက်ဘဲ အောင်ပွဲခံရန် အခွင့်အရေးကို ဆုံးရှုံးစေခဲ့သည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်ပြီး စကားပြောတော့မည့်အချိန်တွင်.....
"နေပါဦး၊ ကျူပ်သဘောမတူဘူး!" ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေမှုကို နှောင့်ယှက်လိုက်သည်။ လူတိုင်းက ဤဆူညံသံ၏ အရင်းအမြစ်ဆီသို့ လှည့်သွားကြသည်။
ထိုဟန့်တားသံက လော့လန်အိမ်တော်ဘက် ထိုင်ခုံများမှ ထွက်လာသည်မှာ အံ့သြစရာပင်။
ရှေးဟောင်းဓားတစ်လက်ကိုကိုင်လျက် လီလော့ မတ်တပ်ရပ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။
လူတိုင်း၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာရှိကြပြီး အချို့မှာ ထိန်းချုပ်မရလောက်အောင် ရယ်မောနေကြသည်။
သဘောမတူဘူးလား? မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ....လော့လန်အိမ်တော်ရဲ့အခြေအနေ ပြောင်းလဲသွားပေမယ့် လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ပြန်မရောက်သေးဘူးလေ......နို့နံ့မစင်သေးတဲ့ကောင်လေးက အခြေနေကိုသေချာမသိတဲ့ပုံပဲ....နတ်ဆိုးနန်းတော်အဆင့်လောက်နဲ့ဘယ်လိုတောင်အတင့်ရဲနေတာလဲ......
"လီလော့..." လုချင်းအာက လီလော့ ကို ကြည်လင်သော မျက်လုံးများဖြင့် စိတ်ပူစွာ ကြည့်လိုက်သည်။
"ဟားးးဟားးးး၊ အသစ်တက်လာတဲ့ အိမ်တော်သခင်က ကျားကိုမကြောက်တဲ့ နွားပေါက်လေးပဲ..."
ရွှေနဂါးဘဏ်၏ ဒုဥက္ကဌ နင်းချွဲ့က ရယ်လိုက်သည်။ သူ့စကားများသည် ရဲရင့်မှုကို ရည်ညွှန်းပုံရသော်လည်း လီလော့က ထင်ရာစိုင်းသူဖြစ်ကြောင်း ညွှန်ပြနေပါသည်။
တစ်ဖက်တွင်မူ ယုဟုန်ရှီက လီလော့အား ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေပြီး မသိမသာမျက်မှောင်ကြုံ့လိုက်သည်။ လီလော့ကို ငုံ့ကြည့်လိုက်သောအခါ သူ့ထံမှ ထူးဆန်းသော အငွေ့အသက်များ ထွက်လာသည်ကို သူမ ခံစားရပြီး ဖိနှိပ်ချုပ်ချယ်မှုကိုပင် ခံစားလိုက်ရသည်။
"ဒီကောင်လေးလီလော့ ဒီလိုသတ္တိမျိုးကို ဘယ်ကရခဲ့တာလဲ..မင်းသမီးနဲ့အတူ ဆွဲချခံတော့မလို့လား...?"
ကြယ်တာယာခရီးရှည်ကောလိပ်မှ ဆရာတစ်ဦးက အံ့အားသင့်သော လေသံဖြင့် ထောက်ပြခဲ့သည်။
နည်းပြချောင်ရှန်းက မေးစေ့ကို ပွတ်သပ်ရင်း "လီလော့က ပုံမှန်အားဆို အင်မတန် လိမ္မာပါးနပ်တဲ့သူပါ...ဘာလို့ရုတ်တရက် ဒီလောက် ရှုပ်ယှက်ခတ်အောင်လုပ်နေတာလဲ?"
စုရှင်းသည်ပင် လီလော့ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်နေသည်။
ကျန်အဖွဲ့ခေါင်းဆောင်များက ဘက်ပေါင်းစုံမှ အေးစက်စွာ စောင့်ကြည့်နေကြသော်လည်း ရင်တထိတ်ထိတ်ဖြင့် မျှော်လင့်နေကြသည်။ မင်းသမီး အရှုံးပေးတော့မယ်ဆိုတာ လူတိုင်းသိနိုင်ပေမယ့် လီလော့က အမှတ်မထင်ဘဲ ရှေ့ထွက်လာခဲ့သည်။ နှစ်ယောက်ကြား ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ဖို့ စီစဉ်နေသလား။
"အိမ်တော်သခင်လီလော့က ရှပြည်ထောင်စုကို မငြိမ်းချမ်းစေချင်ဘူးနဲ့တူတယ်...အင်းလေ ဒါက အဓိပ္ပါယ်ရှိတော့ရှိသားပဲ....လော့လန်အိမ်တော်နဲ့ ကိုယ်စားအုပ်ချုပ်သူတို့ ကြားက မကျေလည်မှုတွေကနက်ရှိုင်းတယ်ဆိုတော့ မင်းသမီးနဲ့ ကိုယ်စားအုပ်ချုပ်သူတို့ သေတဲ့အထိ တိုက်ခိုက်ကြရင် လော့လန်အိမ်တော်ကိုပဲ အကျိုးရှိစေမှာပေါ့... "ဟု ဇူချင်းဟောင်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။
သူ့စကားတွေက ယုတ်ညံ့လွန်းပြီး သူတို့နဲ့မင်းသမီးတို့ကြားက ဆက်ဆံရေးကိုရည်ရွယ်ချက်ရှိရှိ သံသယတွေ ပွားစေချင်နေသည့်နှယ်.....
ကိုယ်စားအုပ်ချုပ်သူသည် လီလော့ကို မထီမဲ့မြင်ဟန်ဖြင့်ကြည့်၍.....
"အိုး? အိမ်တော်သခင်လီလော့က ဘာများပြောချင်လို့လဲ....."
"ထွေထွေထူးထူးမဟုတ်ပါဘူး....ခင်ဗျား မင်းတစ်ယောက်ယောက်ကို အနိုင်ကျင့်နေတယ်လို့ ခံစားရတာကြောင့်ပါ...ခင်ဗျားက ထီးနန်းကို လိုချင်ပေမဲ့ တခြားသူတွေကို မခုခံချင်ဘူး.... ရိုးသားတဲ့လူတွေက အရမ်းအနိုင်ကျင့်ဖို့ လွယ်တယ်လို့ ခင်ဗျားတကယ်ထင်နေတာလား....."
"ဒါဆို မင်းဘာလိုချင်လို့လဲ"
"ကျုပ်လည်း ခင်ဗျားကိုတစ်ကြိမ်လောက် အနိုင်ကျင့်မလို့...."
ထိုသို့ပြောပြီးသည်နှင့် တပြိုင်နက် ကျန်းစဲ့ယွီရှန်းဓားကို မြှောက်ကာ ကိုယ်စားအုပ်ချုပ်သူထံ ပြေးသွားလေသည်။
လီလော့၏ ရိုင်းစိုင်းသော လုပ်ရပ်ကို မြင်လိုက်ရသဖြင့် ကိုယ်စားအုပ်ချုပ်သူက စိတ်ပျက်နေဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ နတ်ဆိုးနန်းတော်အဆင့် ချွတ်တားလေးက ပဉ္စမဆအင့်မြို့စားကျွမ်းကျင်သူရှေ့မှာ ဟန်ရေးပြချင်နေတာလား....သူ ဘယ်တုန်းက ဒီလောက်ထိ ရူးသွပ်သွားတာလဲ.....
သို့သော် သူ့နှလုံးသားထဲတွင် အချက်ပေးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ဒုကျောင်းအုပ်စုရှင်း၊ ယုဟုန်ရှီ၊ချင်ဇန်ကျန်း၊ဇူချင်းဟောင်နှင့် အခြားသော အင်အားကြီး မြို့စားအဆင့်များအားလုံး လီလော့ကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် အာရုံစိုက်လာကြသည်။
လီလော့၏ ရိုးရှင်းပုံရသော ဓားချက်က တော်ဝင်နန်းတော်အထက် ကောင်းကင်ယံကို နှစ်ပိုင်းခွဲပစ်နိုင်သည်ကို သူတို့အားလုံး ခံစားနေကြရသည်။