ဘုရင်အဆင့်အတွေ့အကြုံ.....
Vol. 50 Ch. 688
ဝုန်းးးးးး
လီလော့သည် တိကျသေသပ်လှပသော ထောင့်ဖြတ်ဓားချက်တစ်ခုထုတ်ဖော်ခဲ့သည်။သူ့ပတ်ဝန်းကျင်က သဘာဝစွမ်းအင်တွေက ဘာမှမဖြစ်ခဲ့သော်လာ်း တစ်ချိန်တည်းမှာပင် ကောင်းကင် ကွဲအက်သွားပြီး ထူထပ်သော တိမ်လွှာများပင် အလယ်ဗဟိုမှ ကွဲထွက်သွားသည်။
ဓါးအလင်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ကိုယ်စားအုပ်ချုပ်သူထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
ဓားအလင်းသည် ရိုးရှင်းပုံရသော်လည်း ၎င်းကိုမြင်သောအခါ ကိုယ်စားအုပ်ချုပ်သူ၏အမူအရာတမဟုတ်ချင်း ပြောင်းလဲသွားသည်။
ပြီးတော့ သူ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော်?ဓားအလင်းကျဆင်းလာသည့်အခိုက်အတန့်တွင် ရိုးရှင်းသော ဓားချက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားအငွေ့အသက်ကို ခံစားနေရသည်။ ၎င်းတွင်ပါဝင်နေသည့် မြို့စားအဆင့်ကိုကျော်သွားသည့်ဖိအားများက သူ၏နားလည်နိုင်စွမ်းထက်ကျော်လွန်၍ ကြောက်စရာကောင်းပြီး ရှုပ်ထွေးသောစွမ်းအင်တစ်ခုပါရှိသည်။
နတ်ဆိုးနန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်တွင် ထိုကဲ့သို့သော စွမ်းအားကို မည်သို့ပိုင်ဆိုင်နိုင်သည်ကို စဉ်းစားရန် အချိန်မရှိသော်လည်း ဓါးအလင်းနှင့်ထိမိပါက သေသွားလိမ့်မည်မှာ သေချာပါသည်။
နတ်ဆိုးနန်းတော်အဆင့်ကျွမ်းကျင်သူလက်ထဲတွင် သေဆုံးခြင်းသည် အမှန်ပင် ရယ်စရာကောင်းပေလိမ့်မည်။
"ဧကရာဇ်တောင်တန်းများနှင့် မြစ်ချောင်းများ....!"
ကိုယ်စားအုပ်ချုပ်သူထံမှ ပဲ့တင်ထပ်သံစွမ်းအားများအထိန်းအကွပ်မဲ့စွာ ထွက်လာသည်။ သူသည် ကောင်းကင်တွင် နေတစ်စင်ကဲ့သို့ တောက်လောင်နေပြီး အကန့်အသတ်မရှိသေယ ပဲ့တင်ထပ်သံစွမ်းအားများကလည်း တုန်လှုပ်ချောက်ချားဖွယ်ရာ အကြည့်များကို လှုံ့ဆော်ပေးကာ လေဟာနယ်ကိုပင် တုန်လှုပ်သွားစေသည်။
သူ့ရဲ့ လက်ငါးချောင်းကို ဖြန့်ကျက်ကာ အပြင်းထန်ဆုံး ပဲ့တင်ထပ်သံပညာရပ်ကို အသုံးပြုနေပြီဖြစ်သည်။
တောင်တန်းများနှင့် မြစ်များ၏ မရေမတွက်နိုင်သော သရုပ်သဏ္ဍာန်များ ချက်ချင်းဖြစ်ပေါ်လာပြီး ရှပြည်ထောင်စု၏ မြေမျက်နှာသွင်ပြင်ကို သိရှိသူများအနေဖြင့် ၎င်းတို့မှာ ရှပြည်ထောင်စု၏ ရှေးအကျဆုံး တောင်တန်းများနှင့် မြစ်အချို့ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ကြသည်။ကုန်းမိသားစု၏ဘိုးဘေးများသည် ရှပြည်ထောင်စု၏ ရှုခင်းများကိုတုပဒဤပညာရပ်ကိုဖန်တီးခဲ့ခြင်းဖြစ်သည်။
ရှပြည်ထောင်စု၏အုပ်စိုးသူများအနေနှင့်၊ ကုန်းမိသားစုမှ အဖွဲ့ဝင်များအားလုံးသည် ဤ မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်နိုင်ကြသည်။ရှပြည်ထောင်စုနယ်မြေအတွင်း ဤပညာရပ်ကို အသုံးပြုပါက ၎င်း၏စွမ်းအား သိသိသာသာ တိုးပွားလာမည်ဖြစ်သည်။
ထို့ကြောင့်၊ ကိုယ်စားအုပ်ချုပ်သူ၏ လက်ဖဝါးတစ်ချက်ချက်သည် ချန်ဇန်ကျနကိုတိုက်ခိုက်ခဲ့သည့် အကြိမ်ထက် ပို၍ပင် ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိနေသည်။
တောင်တန်းများနှင့် မြစ်ချောင်းများ၏ ထင်ရှားသော သရုပ်သဏ္ဍာန်များ လေဟာနယ်အတွင်း ရုပ်လုံးပေါ်လာပြီး ၎င်းတို့ကို မီတာထောင်ပေါင်းများစွာ ရှည်လျားသော ခမ်းနားထည်ဝါမှု အရှိဆုံး ရှုခင်းများဖြင့် တန်ဆာဆင်ထားသည်။ ၎င်း၏ တည်ရှိနေမှုကြောင့် ရင်ပြင်တွင်းရှိလူတိုင်း ဖိအားများစွာခံစားနေရသည်။
ကြီးကျယ်ခမ်းနားသော ရှုခင်းများနှင့် နှိုင်းယှဉ်ပါက၊ သူ့ဆီသို့ ပျံသန်းလာနေသော ဓါးအလင်းက အလွန်ပင်သိမ်ဖျင်းလှသည်။
တိုက်မိသည့်အခိုက်တွင် ကိုက်ဖြတ်သံလိူအသံပလံများ ထွက်ပေါ်လာသည်။
ထင်ရှားပေါ်လွင်နေသော တောင်တန်းများနှင့် မြစ်ချောင်းများကို ထောပတ်ပူပူကို လှီးဖြတ်လိုက်သကဲ့သို့ လီလော့၏ဓားချက်က ပိုင်းဖြတ်သွားသဖြင့် ပရိသတ်များမျက်လုံးပြူးကုန်ကြသည်။ ကိုယ်စားအုပ်ချုပ်သူ၏ အပြင်းထန်ဆုံး လှုပ်ရှားမှုက မှုန်မှိုင်းသော ဓါးအလင်းကိုပင် မရပ်တန့်နိုင်ခဲ့ပေ။
ဓားအလင်းကအရာအားလုံးကိုဖြိုခွင်းပစ်ပြီးနောက်ဆုံးတွင် ကိုယ်စားအုပ်ချုပ်သူသံသို့ရောက်လာခဲ့သည်။
ထိုအခါ ကိုယ်စားအုပ်ချုပ်သူက တုန်တုန်ယင်ယင်နှင့် နောက်ထပ် ရိုက်ချင်တစ်ခု ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အပေါ်တွင် ရွှေသရဖူတစ်ခု ပေါ်လာပုံရသည်။ ၎င်းသည် အဆင့်ငါးဆင့်ရှိသော သေးငယ်သော မျှော်စင်နှင့်တူသည်။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ ခရမ်းရောင်မျက်လုံးအမှတ်အသားက ဆန်းကြယ်သောအလင်းများဖြင့် တောက်ပနေသည်။
ထိုသရဖူပေါ်လာသည့်အခိုက်တွင်၊ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက ကိုယ်စားအုပ်ချုပ်သူကို ဖုံးအုပ်လိုက်လေသည်။
ဝုန်းးးးးး
ဓားအလင်း သူ့ဆီသို့ ဆက်လက်ရွေ့လျားသွားပြီး ရွှေရောင်အလင်းတန်းအတားအဆီးပေါ် တိုက်ရိုက်ဆင်းသက်လာသည်။
ဤတစ်ကြိမ်တွင် ဓါးအလင်းသည် အတားအဆီးကို ချက်ချင်းမထိုးဖောက်နိုင်ခဲ့သောကြောင့် ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေသည်။ လေဟာနယ် တုန်ခါသွားပြီး ဆယ်စက္ကန့်လောက်ကြာပြီးနောက် ဓါးအလင်း မှိန်ဖျော့သွားလေသည်။ သို့သော်၊ရွှေသရဖူပေါ်တွင် ကြီးမားသောအက်ကြောင်းရာတစ်ခုဖြစ်ပေါ်စေခဲ့သည်။
ရင်ပြင်တစ်ခုလုံး သုသာန်တစပြင်လို တိတ်ဆိတ်နေချေပြီ.....
အားလုံးက သရဲတစ္ဆေကိုမြင်နေရသလို ဒီမြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။
လီလော့၏ ပေါ့ပေါ့ပါးပါး ဓားချက်က ပဉ္စအဆင့်မြို့စားကျွမ်းကျင်သူကို သနားစရာကောင်းသော အနေအထားသို့ တွန်းပို့နိုင်သည့်အပြင် ၎င်း၏ အသန်မာဆုံး မြို့စားအဆင့်ပညာရပ်ကို ကျော်လွန်ကာ ခရမ်းရောင်မျက်လုံးအဆင့်ရတနာ အကာအကွယ်ကိုပင် ထာဝရပျက်စီးစေမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
ဘာတွေဖြစ်နေတာလဲ?
ထိတ်လန့်တကြား အကြည့်များက လီလော့
ဆီသို့သာဉီးတည်နေသည်။ ယခင်ငြိမ်သက်နေသော မင်းသမီးသည် ဤအဖြစ်အပျက်များကြောင့် လုံးဝကို ထိတ်လန့်သွားခဲ့ပြီး သူမ၏ ဖီးနစ်ကဲ့သို့သော မျက်လုံးများဖြင့် ဓါးကိုကိုင်ဆောင်ထားသော လူငယ်လေးအပေါ် စိုက်ကြည့်နေခဲ့သည်။ သူမ အရှုံးပေးရတော့မည့်အချိန်တွင်
လီလော့ သူမအတွက် ရပ်တည်မည်ကို သူမကိုယ်တိုင်ပင်မမျှော်လင့်ထားခဲ့ပေ။
ဒီကောင်လေးက ပျော်ရွှင်စရာ အံ့သြစရာတွေကို ထပ်ခါထပ်ခါ ထုတ်ပြနေတတ်သူပင်.....
ဒုကျောင်းအုပ်စုရှင်း၊ယုဟုန်ရှီ၊ဇူချင်းဟောင်နှင့် အခြားသော ကျွမ်းကျင်ပညာရှင်များက လီလော့ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ သူပြသခဲ့သော ခွန်အားက ပုံမှန်မဟုတ်ခဲ့ပေ။၎င်းသည် လီလော့၏ ကိုယ်တိုင်ခွန်အား လုံးဝမဖြစ်နိုင်ပေ။
"ဒါဆို ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို ကျုပ်ကန့်ကွက်ဖို့အရည်အချင်းပြည့်မီပြီလား....."
ရင်ပြင်တစ်ခုလုံး၏ စူးစူးဝါးဝါးအကြည့်များအောက်တွင် လီလော့က ကိုယ်စားအုပ်ချုပ်သူကို စိုက်ကြည့်ရင်း ဓားကို ဆုပ်ကိုင်လိုက်သည်။
"လွန်ခဲ့တဲ့အခိုက်အတန့်လေးမှာ ရုတ်တရက်ဉာဏ်အလင်းပွင့်ပြီး ကျုပ်ရဲ့ ခွန်အားက မြို့စားအဆင့် ရဲ့ အဋ္ဌမအဆင့်ထိခုန်တက်သွားတယ်လေ......"
ထိုစကားကြောင့်လူတိုင်း၏ နှုတ်ခမ်းများ မဲ့ရွဲ့ကုန်သည်။
မင်းပိုကောင်းတဲ့ဆင်ခြေလေးပေးလို့မရဘူးလား....
ကိုယ်စားအုပ်ချုပ်က လီလော့ကို မှုန်မှိုင်းစွာ စိုက်ကြည့်နေသည်။ ရုတ်တရက် လှုံ့ဆော်မှုဆိုတာ ဘာလဲ....ဆင်ခြေသက်သက်မှန်းလူတိုင်းသိနေတာကို ဗြောင်လိမ်နေတယ်....
ထိုဓားချက်တစ်ချက်တွင် အထွတ်အထိပ် မြို့စားအဆင့်ထက် သာလွန်သော ခွန်အားပါရှိသည်။ သူ၏ ဧကရာဇ်တောင်တန်းများနှင့်မြစ်ချောင်းများကို ဤမျှ အလွယ်တကူ ပြိုကွဲအောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။
သူ့အကြည့်က လီလော့ ရဲ့လက်ထဲက ရွှေရောင်ကျောက်စိမ်းပြာဓားသွားဆီရောက်သွားလေသည်။
ထိုအချိန်တွင် အတွေးတစ်ခု ရုတ်တရက်ပေါ်လာပြီး သူ့နှလုံးသားတစ်ခုလုံးကို တိမ်မည်းများဖုံးလွှမ်းသွားလေသည်။
ရှပြည်ထောင်စုတွင် မြို့စားအဆင့်ကိုကျော်လွန်၍ အစွမ်းကုန်ထုတ်နိုင်သူ တစ်ဦးတည်းသာရှိသည်။
ဖန်ချန်းယွမ်....... ...
ဖန်ချန်းယွမ်သည် အရိပ်လှိုဏ်ဂူထဲတွင် ပိတ်မိနေပြီး လူကိုယ်တိုင် မပေါ်လာသော်လည်း၊ သူ၏ ခွန်အားကို တစ်စုံတစ်ဦး သို့မဟုတ် အခြားအရာတစ်ခုခုဆီပေးအပ်ရန် အခြားနည်းလမ်းများကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။
ဥပမာ လီလော့၏ ကျန်းစဲ့ယွီရှန်းဓား.......
၎င်းသည် တစ်ချိန်က ဖန်ချန်းယွမ်၏ မိတ်ဖက်လက်နက်ဖြစ်ခဲ့ပြီး ဤအရန်အစီအစဉ်ကို ချန်ထားခဲ့သည်မှာ ဖြစ်နိုင်ချေပိုများသည်။ ဤလက်နက်ကို ရယူရန် နည်းလမ်းရှာဖို့ ကိုယ်စားအုပ်ချုပ်သူက ကုန်းရှန်ကျွင်းအား မကြာခဏ တိုက်တွန်းရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။
ရှင်းနေသည်၊ ကိုယ်စားအုပ်ချုပ်သူ၏ အဆိုးရွားဆုံးအိပ်မက်ဆိုး လက်တွေ့ဖြစ်လာခဲ့ချေပြီ.....
"ကျောင်းအုပ်ဖန်၊ ဒါက ကုန်းမိသားစုရဲ့ ကိစ္စပါ။ မင်းတကယ် ဝင်စွက်ဖက်ချင်တာလား....."
"ကျောင်းအုပ်ကြီးဖန်?"
ပညာရှင်ပေါင်း မြောက်မြားစွာ ထိတ်လန့်သွားကြသည်။ လီလော့၏ရုတ်တရက် ပေါက်ကွဲထွက်လာသော ခွန်အားများက ကျောင်းအုပ်ထံမှ ဆင်းသက်လာခဲ့ခြင်းလား.....
ကောလိပ်ဘက်မှ ခရမ်းအဆင့်နည်းပြများကလညအများနည်းတူ အလားတူ အံ့အားသင့်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဒုကျောင်းအုပ်စုရှင်း၏ တည်ငြိမ်သော စကားသ့ ထွက်ပေါ်လာသည်။
"အဲ့ဒါက ကျောင်းအုပ်ကြီးရဲ့ အစီအစဉ်ပဲ... လူကိုယ်တိုင် မပေါ်နိုင်ပေမယ့် ကျန်းစဲ့ယွီရှန်းဓားကို ကြားခံအဖြစ်သုံးပြီး လီလော့ဆီ သူ့ရဲ့ ခွန်အားကို ပေးပို့နိုင်ခဲ့တယ်.... သူ့ရဲ့ ရည်ရွယ်ချက်တွေက ရှင်းနေပြီပဲ...လီလော့ကိုသုံးပြီး မင်းသမီးကိုထောက်ခံနေတာလေ....."
"ကျောင်းအုပ်ကြီးက အရိပ် လှိုဏ်ဂူထဲမှာ မဟုတ်ဘူးလား.... သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားကို ဘယ်လို ထုတ်သုံးနိုင်မှာလဲ...."
ချောင်ရှန်း မတွေးတတ်တော့ပေ။ သူသည် အခြားသော ဆရာများကဲ့သို့ပ အရိပ် လှိုဏ်ဂူ၏ နက်နဲရာသို့ တစ်ကြိမ်ထက်မက ခရီးထွက်ဖူးသောကြောင့် အန္တာရယ်များအကြောင်းသိနေသည်။ ကျောင်းအုပ်ကြီးသည် ဘုရင်တစ်ပါးဖြစ်ပြီး ကြားခံအဖြစ် ဓား၏အကူအညီကို ရရှိခဲ့သော်လည်း၊ ၎င်းသည် ရိုးရှင်းသောလုပ်ရပ်မဟုတ်ပေ။
"ကျောင်းအုပ်ကြီးက ... ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းထားပြီးသားမို့အထူးအစီအစဉ်တွေ လုပ်ထားပုံရတယ် " ဟု ဒုကျောင်းအုပ် စုရှင်း က ရှင်းပြခဲ့သည်။
"ကျောင်းအုပ်ကြီး ရှိနေတာနဲ့အမျှ၊ ဒီနေ့အတွက် ကုန်းယွမ်ရဲ့ အစီအစဉ်တွေက လွယ်လွယ်နဲ့ အောင်မြင်နိုင်မှာမဟုတ်ဘူး..."
ချောင်ရှန်း သက်ပြင်းချလိုက်သည်။
ကျန်တဲ့ ဆရာတွေကလည်း ခေါင်းညိတ်လိုက်ကြသည်။ ကျောင်းအုပ်ကြီးသည် လူကိုယ်တိုင် ပေါ်မလာသော်လည်း လီလော့အား လက်တစ်ဖက်ငှားကာ သူ့သဘောထားကို သက်သေပြနေပြီဖြစ်သည်။ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏ ထောက်ခံမှုသည် သိသိသာသာ အဟန့်အတားဖြစ်သည်။
"ဒီကောင် ဘာလို့ရုတ်တရက် မတ်တတ်ထနေတာလဲလို့ ငါ အံ့သြနေတာ...သူနဲ့ ကျောင်းအုပ်ကြီးဖန်တို့ကြားမှာ အစီအစဉ် တစ်ခုခုတော့ ရှိတယ်"
ယုဟုန်ရှီက မပွင့်တပွင့်ပြုံးကာ ညည်းညူလိုက်သည်။
လုချင်းအာလည်း အလားတူ သက်တောင့်သက်သာ သက်ပြင်းချရင်း ရင်ဘတ်ကို ပုတ်လိုက်သည်။ တစ်ဖက်တွင် ဒုဉက္ကဌနင်းချွဲ့က တင်းမာသောမျက်မှာထားဖြင့်.....
"ကျောင်းအုပ်ကြီးဖန်က တကယ်လှုပ်ရှားခဲ့တာပဲ...ဒါက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြားနေရေး ရပ်တည်ချက်နဲ့ မကိုက်ညီဘူး......"
"ဒါဆို ရှင်ကိုယ်တိုင် သူ့ကိုဘာလို့ သွားမပြောတာလဲ....."
နင်းချွဲ့က အသက်မပါသလို ရယ်မောလိုက်သည်။ ဘုရင်အဆင့်ကျွမ်းကျင်သူကို မေးခွန်းထုတ်ရမှာလား.... ပါးစပ်မဟနိုင်ခင်အသားပြားဖြစ်သွားမှာပေါ့.....
လီလော့က လူတိုင်း၏ အံ့အားသင့်နေသော အကြည့်ကို တုံ့ပြန်သည့်အနေဖြင့် ယုံကြည်မှုအပြည့်ရှိသော အပြုံးကို ထုတ်ပြလိုက်သည်။ သူ့ဓားကို လက်ထဲမှာ ဆက်လက်ဆုပ်ကိုင်ထားရင်း ....
"ကိုယ်စားအုပ်ချုပ်သူက အမျှော်အမြင်ရှိသားပဲ....ဟုတ်တယ်....ကျူပ်က ကျောင်းအုပ် ဖန်ရဲ့ ကိုယ်စားလှယ်ပဲ..... ဧကရာဇ်လေးကို ရာဇပလ္လင်ရဲ့ အမွေဆက်ခံသူအစစ်အမှန်ဖြစ်တယ်လို့ ကျောင်းအုပ်ဖန်က ပြောထားရက်နဲ့တောင် ခင်ဗျားနန်းသိမ်းချင်ရင် တရားမ၀င် နန်းတက်ပွဲဖြစ်သွားမှာ သေချာတယ်..... ရာဇပလ္လင်ကို ကာကွယ်စောင့်ရှောက်တာနဲ့ ပတ်သက်ရင် ကျောင်းအုပ်ကြီးဖန်က စိတ်ပူစရာ မလိုဘူးလို့ ပြောခဲ့တယ်......ယခင်ဧကရာဇ်က သူ့ရဲ့ခွန်အားကိုယုံကြည်တာကြောင့် ကုန်းမိသားစုထဲက အမျိုးသမီးတစ်ဦးကို အခွင့်ရေးပေးစေချင်တယ်....ဧကရာဇ်လေးမှာ တိုးတက်မှု အနည်းငယ်ရှိလာရင် မိန်းမသားတစ်ယောက်ဖြစ်နေရင်တောင် နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါ ချုပ်ကိုင်နိုင်ပါလိမ့်မယ်.... ဒါကြောင့် ဒီနေ့ကိစ္စကို ဒီအတိုင်းပဲထားလိုက်ပါတော့....."
လီလော့၏ ထီမထင်သော စကားလုံးများ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ပြီး သူ့၏ မတုန်မလှုပ်သော လေသံသည် ကြားရသူတိုင်းအတွက် ကျည်ဆန်တစ်ခုလိုပင်။ ဤဗျာဒိတ်တော်ကြောင့် သူတို့အားလုံး တုန်လှုပ်ထိတ်လန့်နေကြသည်။
သူ၏စကားများသည် ဘုရင်အဆင့်ကျွမ်းကျင်သူ၏ဆန္ဒကို ကိုယ်စားပြုသည်။
ထိုစကားများက ဧကရာဇ်ငယ်အတွက် ရှင်းလင်းသော အထောက်အပံ့ဖြစ်ခဲ့သည်။
ကိုယ်စားအုပ်ချုပ်သူသည် လီလော့ကို စိတ်ပျက်ဖွယ်ရာ အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ့နောက်မှာ ရှိနေတဲ့သူကို စိုက်ကြည့်နေတယ်လို့ ပြောတာက ပိုမှန်မည်ထင်သည်။
“ဘုရင်အဆင့်တွေက တကယ့်ကို မောက်မာလွန်းတယ်...သူ့ကိုယ်သူ ရှပြည်ထောင်စုတစ်ခုလုံးရဲ့ သခင်လို့ ထင်နေတာလား..."
"ကျောင်းအုပ်ကြီးဖန်... မင်းရဲ့စကားတွေက ငါ့ကို တော်တော်စိတ်ပျက်စေတယ်"
သူ့ရင်ထဲမှာ နားမလည်နိုင်တဲ့ ခံစားချက်တွေ တိုးပွားလာတဲ့အတွက် ကိုယ်စားအုပ်ချုပ်သူက အသံခပ်ပြတ်ပြတ်နဲ့ ပြောလိုက်သည်။
ဒီအဖြေက အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ကိုယ်စားအုပ်ချုပ်သူက ဘုရင်အဆင့်ကျွမ်းကျင်သူကို အာခံဖို့ စီစဉ်နေတာလား..... ကျောင်းအုပ်ကြီးဖန် ပြန်လာမှာကို သူ မကြောက်ဘူးလား.....
လီလော့ မျက်မှောင်ကြုတ်လိုက်ပြီး....
"ဒီလူ ရူးသွားပြီလား...."
"နောက်ဆုံးတော့ မင်းဒီမှာ လူကိုယ်တိုင် ရှိမနေနိုင်တဲ့အတွက် လီလော့ကို စွမ်းအားတွေ ပို့နိုင်ပေမယ့် ဘယ်လောက်ကြာကြာ ဆက်နေနိုင်မှာလဲ"
"ဒါ့အပြင် မင်းကို မယှဉ်နိုင်ဘူးလို့များ ထင်နေတာလား"
ကိုယ်စားအုပ်ချုပ်သူ၏လက်ချောင်းပေါ်တွင် သေးငယ်သော အနက်ရောင် ခေါင်းလောင်းတစ်ခု ပေါ်လာသည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ပုံစံမဲ့ အသံလှိုင်းတစ်ခု ပျံ့လွင့်လာသည်။