← Chapters

နက်နဲသောအတွေ့အကြုံ.....

Vol. 50 Ch. 689

နက်နဲသောအတွေ့အကြုံ.....

Vol. 50 Ch. 689

အနက်ရောင် ခေါင်းလောင်းကြီး လေထဲတွင် တဖျပ်ဖျပ်လှုပ်ခါနေသော်လည်း အသံတစ်သံမျှ မကြားရသလို နေရာတိုင်းတွင် ပျံ့နှံ့နေသော သေးငယ်သော စွမ်းအင်လှိုင်းများကိုလည်း မမြင်နိုင်ကြပေ။

လူတိုင်းက ကိုယ်စားအုပ်ချုပ်သူကို လေးနက်စွာ စိုက်ကြည့်နေကြသည်။ သူ့စကားများက ဘုရင်အဆင့်ကိုတောင် မျက်နှာလွှဲဖို့ အစီအစဉ်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်မဟုတ်လော.....

မျှော်လင့်ထားသည့်အတိုင်း ကိုယ်စားအုပ်ချူပ်သူသည် သူ၏အစီအစဉ်များကို ရပ်တန့်ရန် ဆန္ဒမရှိပေ။

သို့သော်လည်း ဤသည်မှာ အဓိပ္ပါယ်ရှိပေသည်။ ကိုယ်စားအုပ်ချူပ်သူသည် ထိုအစီအစဉ်များကို နှစ်ပေါင်းများစွာ ကြံစည်နေခဲ့သည်။ ထို့ကြောင့် ဖန်ချန်းယွမ်၏ စီရင်ချက်ကြောင့် သူအောင်မြင်မှုရခါနီးမှ တမင်တကာ ကျောခိုင်းရမည်နည်း။ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်နိုင်သော်လည်း ကိုယ်စားအုပ်ချုပ်သူ၏ကိုယ်ပိုင်ဆန္ဒနှင့် ကြီးမားသောအာဏာကို တောင့်တမှုနှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားခြင်းမရှိပေ။

လူအုပ်ကြီး၏ အကြည့်များကို လျစ်လျူရှု၍ ကိုယ်စားအုပ်ချုပ်သူက....

"ကျုပ် ကျောင်းအုပ်ကြီးဖန်ကို အကြွင်းမဲ့ လေးစားပါတယ်....ဒါပေမယ့် လီလော့မှာ ဒီလိုအခွင့်ရေးမျိုးမပိုင်ဆိုင်နိုင်ဘူး....

လော့လန်အိမ်တော်နဲ့တော်ဝင်မိသားစုရဲ့ဆက်ဆံရေးကို ဒီကလူတိုင်း သိပြီးသားဖြစ်မှာပါ....အခု ကျောင်းအုပ်ကြီး ဘယ်မှာရှိမှန်းဘယ်သူမှမသိပေမယ့် လီလော့ကို အာဏာလွှဲပေးလိုက်ပုံရတယ်....လူငယ်မျိုးဆက်ထဲကတစ်ယောက်က ကြီးမားတဲ့သတ်ဖြတ်နိုင်စွမ်းရှိတဲ့လက်နက်ကို ထိန်းချုပ်ထားပြီ.... ဒီကလေးက မဆင်မခြင်ပြုမူပြီး ခွန်အားကို ကိုယ်ကျိုးအတွက် အသုံးချပြီး ရှပြည်ထောင်စုရဲ့ ထီးနန်းဆက်ခံခြင်းအခမ်းအနားကို ဝင်ရောက်စွက်ဖက်နေပြီ....

ကျောင်းအုပ်ကြီးဖန်က ကျုပ်ရဲ့သဘောထားကို အမှန်တကယ် သဘောမတူရင် လူကိုယ်တိုင်ရောက်လာမှာပေါ့... အခု ကျောင်းအုပ်ကြီးရောက်မလာတဲ့အတွက် လီလော့က ကျောင်းအုပ်ကြီးရဲ့စွမ်းအားကို ချေးငှားပြီး ကိုယ်ကျိုးအတွက် ရည်ရွယ်ချက်ရှိရှိ အာသုံးချနေတာပဲဖြစ်ရမယ်....."

ကိုယ်စားအုပ်ချူပ်သူသည် အဖြူကိုအမည်းဖြစ်အောင်ပြောတတ်သည့်နေရာတွင် အမှန်တကယ် ထူးချွန်သည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် ရိုးရှင်းသောစာကြောင်းအနည်းငယ်ဖြင့် အပြစ်အားလုံးကို လီလော့အပေါ်ပုံချလိုက်ပြီ။ ပရိသတ်များက ကိုယ်စားအုပ်ချုပ်သူပြောခဲ့သောစကားများနှင့်ပတ်သက်၍ သံသယများရှိကောင်းရှိနိုင်သော်လည်း နောက်ဆုံးတွင်၊ သူ့အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် အလွန်ကောင်းမွန်ခိုင်လုံသောအကြောင်းပြချက်တစ်ခုပေးနေခဲ့ခြင်းပင်ဖြစ်သည်။

လီလော့ ပြောခဲ့သမျှစကားတိုင်းရဲ့နောက်ကွယ်မှာ ဖန်ချန်းယွမ်ရှိနေခဲ့သည်ဟု ကိုယ်စားအုပ်ချူပ်သူက ဘယ်တော့မှ ဝန်မခံခဲ့ပေ။ထို့အပြင် ထိုစကားများကို လီလော့၏ ကိုယ်ပိုင် စိတ်ကူးအဖြစ်ပင် စွပ်စွဲလိုက်သေးသည်။

ယခု အခု ကိုယ်စားအုပ်ချုပ်သူ၏ဘက်တော်သားများ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ကြပြီဖြစ်သည်။

သူတို့နှစ်ဦးသည် ဆိုးရွားသောမကျေနပ်ချက်များကို ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် ဤသည်မှာ ကျောင်းအုပ်ကြီး၏အာဏာကို ချေးယူရန် လီလော့ အတွက် ကောင်းမွန်သောအခြေအနေဖြစ်သည်။

ကိုယ်စားအုပ်ချုပ်သူသာ နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို သိမ်းပိုက်ပြီးသည်နှင့် ဟန်ဆောင်မှုအားလုံးကို စွန့်လွှတ်ကာ ဖန်ချန်းယွမ်ကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။

လီလော့က ကိုယ်စားအုပ်ချူပ်သူ၏စကားကိုကြားသောအခါ စိတ်ပျက်စွာပြုံးရုံသာပြုံးလိုက်တော့သည်။

ဒီလူတကယ်မလွယ်ဘူးပဲ... ဒီလိုအခြေအနေမျိုးမှာတောင် ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောနိုင်တယ်....

"ကုန်းယွမ်....ကျောင်းအုပ်ကြီးဖန်က ကုန်းမိသားစုရဲ့ အမွေဆက်ခံသူဟာ အမျိုးသမီးဖြစ်ရင်တောင် နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို ထိန်းချုပ်နိုင်တယ်လို့ပြောပြီးပြီ... ဒါကြောင့် ရိုင်းစိုင်းတဲ့ လုပ်ရပ်ကို ဆက်လုပ်ချင်သေးရင် ရှင့်ကို နိုင်ငံတော်ပုန်ကန်သူအဖြစ်သတ်မှတ်ရလိမ့်မယ်.... "

လက်ရှိအချိန်တွင် မင်းသမီးသည် သူမ၏ စိတ်ဓာတ်ကျနေသော စိတ်အခြေအနေမှ ရုန်းထွက်နိုင်ခဲ့ပြီး ဤကဲ့သို့သောကြမ်းတမ်းသော စကားလုံးများကို အေးစက်စွာ ပြောဆိုနေလေ၏။

တစ်ချိန်တည်းမှာပင် ချင်ဇန်ကျန်းဘက်သို့လှည့်လိုက်ပြီး....

"ကိုယ်စားအုပ်ချုပ်သူက သူ့ရဲ့သစ္စာဖောက်တဲ့စိတ်ထားကိုထုတ်ပြနေပြီ....ကျွန်မ လုံလုံလောက်လောက်သည်းခံပြီးပြီ၊ ဒါပေမယ့် သူက တစ်လက်မလောက်ပေးရင် တစ်မိုင်လောက်လိုချင်နေတဲ့လူစားမျိုးမို့ အရင်ဧကရာဇ်ရဲ့နာမတော်ကိုတိုင်တည်ပြီး ကိုယ်စားအုပ်ချုပ်သူကုန်းယွမ်ကို နိုင်ငံတော် သစ္စာဖောက်အဖြစ်ကြေငြာလိုက်ပြီ.....”

သူမ၏ ကြေငြာချက်က လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

"ဟာဟား....ငါ့တူမလေးက ဒီသူငယ်နှပ်စားကောင်လေးကိုယုံစားပြီး သတ္တိကောင်းနေတယ်ပေါ့....."

ကိုယ်စားအုပ်ချူပ်သူက ဒေါသတကြီး ပြုံးကာ သူမကို အေးခဲစွာ စိုက်ကြည့်နေသည်။

မင်းသမီးကလည်း ကိုယ်စားအုပ်ချုပ်သူ၏ ကဲ့ရဲ့ခြင်းကို လျစ်လျူရှုကာ လီလော့ကိုဉီးညွှတ်လိုက်သည်။

"အိမ်တော်သခင် လီလော့.... ကျောင်းအုပ်ကြီးဖန်ရဲ့သဘောထားအတိုင်းဆောင်ရွက်ပါ... ရှပြည်ထောင်စုပြိုကွဲအောင် အဓိက သွေးထိုးလှုံ့ဆော်နေတဲ့ဒီသစ္စာဖောက်ကုန်းယွမ်ကို ကွပ်မျက်လိုက်မှသာ တိုင်းပြည်အေးချမ်းနိုင်ပါလိမ့်မယ်...!"

သူမ ပြတ်ပြတ်သားသား အရေးယူတော့မည်ဖြစ်သည်။ ယင်းမတိုင်မီတွင်၊ သူမသည် နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါနှင့် ကျောင်းအုပ်ကြီးဖန် မရှိတော့ခြင်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ သို့သော်လည်း ယခုတွင် ကျောင်းအုပ်ကြီးဖန် က လီလော့ထံသို့ အာဏာလွှဲပေးပြီး နောင်တွင် ကျင်းယောင်သည်လည်း နိုင်ငံတော်ကာကွယ်ရေး၀င်္ကပါကို ထိန်းချုပ်ရန် နည်းလမ်းရှိကြောင်းပြောခဲ့သဖြင့် ဤအခွင့်အရေးကို လွယ်လွယ်ကူကူ လက်မလွတ်နိုင်တော့ပေ။

ဒီနေ့ ရှုံးသွားခဲ့လျှင် ကုန်းယွမ်က သူမနှင့်ကျင်းယောငကို လွယ်လွယ် လွှတ်ထားမှာ မဟုတ်ဘူးဆိုတာကို သူမ နားလည်နေသည်။

မင်းသမီး၏စကားများကို နားထောင်ရင်း သူမ၏မျှော်လင့်ချက်အားလုံးကို သူ့ထံစုပုံထားပြီဖြစ်ကြောင်း လီလော့ နားလည်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် လှေတစ်စင်းတည်းပေါ်တွင် ရှိနေကြပြီး ကိုယ်စားအုပ်ချူပ်သူက သူတို့နှစ်ဦးစလုံး၏ဘုံရန်သူဖြစ်နေသည်။

"ကျေးဇူးပြုပြီး စိတ်လျှော့ပါ မင်းသမီး... ဒီသစ္စာဖောက်တွေကို ဖယ်ရှားဖို့ ကျွန်တော်နဲ့သာလွှဲထားလိုက်"

ကိုယ်စားအုပ်ချူပ်သူက လီလော့ကို စူးစူးရှရှ စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

"ဟန်ဆောင်ကောင်းလှချည်လား.... ကျောင်းအုပ်ဖန်ရဲ့ စွမ်းအားကို ချေးယူနိုင်ပေမယ့် ကလေးကို ဓားကြီးတစ်ချောင်းပေးလိုက်သလိုဖြစ်နေမှာပေါ့...မင်း သူ့ရဲ့အစစ်အမှန်စွမ်းအားတွေကို ခံနိုင်ရည်ရှိမယ်လို့ထင်သလား။ ဘုရင်အဆင့်ရဲ့ သုံးဆပဲ့တင်ထပ်သံ စွမ်းအင်ကို ခံနိုင်ရည်မရှိဘဲ ငါ့ကို ငါ့ကို သတ်ချင်နေတယ်ဆိုတော့ မင်း ရူးနေတာပဲဖြစ်ရမယ်...."

လီလော့သည် ကျောင်းအုပ်ကြီးထံမှ စွမ်းအားကို ချေးယူပြီး ယုံကြည်လောက်သော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောင်းလဲခဲ့သော်လည်း သတ်ပစ်ဖို့အထိတော့မဖြစ်န်ိုင်ပေ။

လီလော့၏ အကြည့်များက ထိုစကားများကို နားထောင်ရင်း ရွှင်မြူးသောအရိပ်အမြွက်ဖြင့် တုန်ခါသွားသည်။

"ပဲ့တင်ထပ်သံသုံးခုတဲ့လား... ဟမ့်?"

လီလော့ လက်ထဲက ကျန်းစဲ့ယွီရှန်းဓားကနေ

မထင်မှတ်ထားလောက်အောင် သန့်ရှင်းစင်ကြယ်မှုပြီး အဆုံးမရှိသော ကြောက်မက်ဖွယ် ပဲ့တင်ထပ်သံစွမ်းအားများကို သူ ခံစားခဲ့ရသည်။ ဤပဲ့တင်ထပ်သံစွမ်းအားများသည် တဖြည်းဖြည်းနှင့် လှပပြီး ဆန်းကြယ်သော ပုံဆောင်ခဲအမှုန်အမွှားများအဖြစ် ဖြစ်ပေါ်လာသည်။

ပဲ့တင်ထပ်သံသုံးခု၏စွမ်းအားများကို

ဘုရင်အဆင့်ကျွမ်းကျင်သူ ကိုယ်တိုင်ကသာ ကိုင်ဆောင်ထားနိုင်ပြီး၊ ထိုစွမ်းအားများကို လက်ခံလိုလျှင် ပဲ့တင်ထပ်သံနန်းတော်သုံးခုရှိရန်လိုအပ်သည်။

ကျောင်းအုပ်ကြီးဖန်၏ ပဲ့တင်ထပ်သံစွမ်းအားသည် ဘုရင်အဆင့် စွမ်းအားရှင်တစ်ဦး၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ၎င်းတွင် စိတ်ကူးထက်ကျော်လွန်သော ဝိညာဉ်စွမ်းအားပမာဏများစွာပါရှသဖြင့် လီလော့အနေဖြင့် ပဲ့တင်ထပ်သံသုံးခု၏ ဆန်းကြယ်မှုနှင့် ရှုပ်ထွေးမှုများကို အပြည့်အ၀ နားမလည်သော်လည်း၊ သူသည် လှေကို ရေစီးကြောင်းအတိုင်း စုန်ဆင်းသကဲ့သို့အလိုက်ထိုက်အသုံးပြုနိုင်သည်။ သူသည် သူ၏ ပဲ့တင်ထပ်သံသုံးခုကို အသက်သွင်းပြီး ကျောင်းအုပ်ကြီးဖန်၏ ပဲ့တင်ထပ်သံစွမ်းအားများကို ၎င်းတို့မှတစ်ဆင့် ဖြန့်ကျက်လိုက်လျှင် ၎င်းသည် သူရှာဖွေနေသည့်အရာအဖြစ် အလိုအလျောက် ပြောင်းလဲသွားပေလိမ့်မည်။

ဤအတွေးကြောင့် လီလော့ သက်ပြင်းချလိုက်မိသည်။ ဘုရင်အဆင့်၏စွမ်းအား ခံစားခွင့်ရရန် ဤကဲ့သို့သော ယာယီအခွင့်အရေးသည် အလွန်ရှားပါးပြီး ကောင်းချီးတစ်ခုဖြစ်သည်။

ထို့ကြောင့် လီလော့ တုံ့ဆိုင်းမနေတော့ပေ။ သူသည် ကျန်းစဲ့ယွီရှန်းဓားကို ဆုပ်ကိုင်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲသို့ လွတ်လပ်စွာ ဖြန့်ဝေပေးလိုက်သည်။ အမှန်တိုင်းဝန်ခံရလျှင် သူ့ထံတွင် ကြောက်ရွံ့ထိတ်လန့်စေသော ဤအာဏာကို အမှန်တကယ် ထိန်းချုပ်ရန် နည်းလမ်းမရှိပေ။

ဝုန်းးးးး

လီလော့သည် ယခုအချိန်တွင် ရင်ပြင်ရှိ ကျောက်စာတိုင်တစ်ခုပေါ်တွင် ရပ်နေသည်။ သူ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်လိုက်တာကြောင့် သူ့မျက်လုံးတွေကို အနည်းငယ်မှိတ်ထားလိုက်ရသည်။ ဤစွမ်းအင်များသည် ဧရိယာအတွင်းရှိ မရေမတွက်နိုင်သော မြို့စားအဆင့်ကျွမ်းကျင်သူများကို တုန်လှုပ်သွားစေခဲ့သည်။

ဘုရင်အဆင့်၏နည်းလမ်းများက ဆန်းကြယ်လွန်းလှသည်။ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏စွမ်းအားများကို လက်ခံနေသူက နတ်ဆိုးနန်းတော်အဆင့် မျှသာဖြစ်နေသည်။

သို့သော်လည်း ကိုယ်စားအုပ်ချုပ်သူ၏ စကားကိုလည်း အားလုံး နားလည်ကြသည်။ လီလော့သည် နတ်ဆိုးနန်းတော်အဆင့်တွင်ရှိနေဆဲဖြစ်ပြီး သူနှင့် ဘုရင်အဆင့် အကြား ကွာဟမှုက အလွန်ကျယ်ပြောလှသည်။ သဘာဝအတိုင်း သူသည် ဤစွမ်းအင်ကို မည်သို့မျှ ထိန်းထားနိုင်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် အားလုံးက ဖြစ်နိုင်ချေများကို ဆက်လက်တွေးတောနေသော်လညခး လီလော့၏ဉီးခေါင်းထက်ကနေ အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ရေပဲ့တင်ထပ်သံ စွမ်းအားဖြစ်သည်။

တခဏအတွင်းမှာပင် စိမ်းလန်းစိုပြေတဲ့ တက်ကြွမှုအပြည့်ရှိတဲ့ ပဲ့တင်ထပ်တဲ့ စွမ်းအားတွေ ထပ်တူပေါ်လာပြန်သည်။

သစ်သား ပဲ့တင်ထပ်သံစွမ်းအား....

ဤမြင်ကွင်းသည် အံ့သြစရာမဟုတ်ပေ။ လီလော့တွင်ပဲ့တင်ထပ်သံနှစ်ခုရှိနေခြင်းက လျှို့ဝှက်ချက်မဟုတ်ပေ။ သူသည် ပဲ့တင်ထပ်သံနှစ်ခုကိုကျွမ်းကျင်စွာအသုံးပြုနိုင်မှုကိုအားကိုးပြီး ကျောင်းအုပ်ကြီးဖန် ၏ခွန်အားကို ချေးငှားရန်စီစဉ်ထားပုံရသည်။

လူအုပ်ကြီးက သူ့ရည်ရွယ်ချက်တွေကို ဆက်ပြီး ခန့်မှန်းနေချိန်မှာတော့ လီလော့ ပြုံးနေတာကို တွေ့လိုက်ကြရသည်။

ဝှစ်......

နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက သူတို့အတွက် မယုံနိုင်လောက်အောင်ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။ သို့သော် ပြင်းထန်သော ပဲ့တင်ထပ်သော စွမ်းအားတစ်ခုက လီလော့၏ ဉီးခေါင်းထက်တွင် ပေါ်လာပြီး ၎င်းထံမှ ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သော တက်ကြွမှုက ဖြာထွက်နေပုံရသည်။ တစ်ချိန်တည်းမှာပင်၊ ပြင်းထန်သောကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ဧရိယာတစ်ဝိုက်တွင် ဖိအားများ ပျံ့နှံ့သွားသည်။

၎င်းသည် ယခင်ပဲ့တင်ထပ်သံနှစ်ခုနှင့် အလုံးစုံကွဲပြားနေသော ပဲ့တင်ထပ်သံစွမ်းအားတစ်ခုဖြစ်သည်။

တတိယမြောက် ပဲ့တင်ထပ်သံစွမ်းအားလား......

ဒါက နဂါးပဲ့တင်ထပ်သံစွမ်းအားပဲ.....

မြို့စားအားလုံးသည် ဤမယုံနိုင်စရာမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုံ့လိုက်ကြသည်။ လီလော့တွင် ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုး မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။ဤ နဂါးပဲ့တင်ထပ်သံစွမ်းအားကိုကြည့်ရသည်မှာလည်း ပြင်ပအကူအညီကို ချေးငှားခြင်းဖြင့် ဖန်တီးထားပုံမပေါ်ပေ။

လီလော့သည် ပရိသတ်များ၏ ထိတ်လန့်စေရန် ပဲ့တင်ထပ်သံသုံးခုကို ထုတ်ဖော်ပြသခဲ့သည်။ သူ့လက်ထဲက ဓားကို ဆက်ကိုင်ရင်း တုံ့ဆိုင်းမနေတော့ပေ။ ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏ အလိုဆန္ဒပါ၀င်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်ပမာဏ ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုးလုံးကို ဓားကိုယ်ထည်ပေါ်သို့ ဖုံးအုပ်ထားလိုက်တော့သည်။

ထိုအချိန်တွင် ဓါးသွားမှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။

ဓားသွားထံမှ အရောင်သုံးရောင်ရောယှက်နေသော ရောင်ခြည်တော် ထွက်ပေါ်လာသည်ကို လူတိုင်းတွေ့မြင်နိုင်သည်။

ဤရောင်ခြည်တော်တွင် လောကကြီး၏ မရေမတွက်နိုင်သော ဗျာဒိတ်တော်များ ပါရှိနေသကဲ့သို့ လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်မှု နှစ်ခုစလုံးကို မြင်တွေ့ရသည်။ ဓားသွားတစ်ဝိုက်ကို ဖြည်းညှင်းစွာ လှည့်လိုက်သောအခါတွင် ဆွဲဆောင်မှုရှိသော လှည့်ကွက်ကြောင့် စိတ်အစဉ်နစ်မြောသွားနိုင်လောက်သည်။ ဤသည်မှာ ကျင့်ကြံမှု၏မြင့်မားသောအဆင့်များကို ရှာဖွေလိုသော သူတို့အတွက် အဓိက စိတ်ဆန္ဒဖြစ်သည်။

ရင်ပြင်တခုလုံး အလွန်တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားရလောက်သည်။

အထူးသဖြင့် အံ့သြလွန်း၍ ကြက်သေသေသွားသော ကိုယ်စားအုပ်ချုပ်သူ......

ဒီလိုသုံးရောင်ခြယ်ရောင်ခြည်က ဘာကို ကိုယ်စားပြုတယ်ဆိုတာ မြို့စားအဆင့်တစ်ယောက်အနေနဲ့ ကောင်းကောင်းကြီးသိနေသောကြောင့်ပင်.....

ဤသည်မှာ ဘုရင်အဆင့် အစွမ်းသတ္တိ၏ အနှစ်သာရဖြစ်သည်။

ပဲ့တင်ထပ်သံသုံးခုသူတော်စင်ရောင်ခြည်....

၎င်းသည် ပဲ့တင်ထပ်သုံးခုပေါင်းစပ်ထားသော စွမ်းအား၏ ထင်ရှားမှုဖြစ်သည်။

ဓါးကို ဆုပ်ကိုင်ထားသည့် လူငယ်ကို စိုက်ကြည့်ရင်း သူတို့၏ နှလုံးသားထဲတွင် အဓိပ္ပါယ်မဲ့သော ခံစားချက်တစ်ခု ပေါ်လာသည်။

နတ်ဆိုးနန်းတော်အဆင့် ချွတ်တားလေးက မြို့စားအဆင့်တွေရှေ့မှာ ပဲ့တင်ထပ်သံသုံးခု၏ စွမ်းအားသုံးဆကို ပြသနေချေပြီ....

ဘာတွေဖြစ်ကုန်တာလဲ... ကမ္ဘာလောကကြီး ရူးသွပ်သွားပြီလား.....

တစ်ဖက်တွင်မူ လီလော့သည် တောင်ကဲ့သို့လေးလံသော ဓါးကို ကိုင်ထားစဉ် လူတိုင်း၏ ထိတ်လန့်တုန်လှုပ်သွားသည့် အကြည့်ကြောင့် တုန်လှုပ်သွားခြင်းမရှိပေ။ ကျောင်းအုပ်ကြီးဖန်ရဲ့ဆန္ဒကို မထောက်ခံရင် ဓါးကိုတောင် ကိုင်နိုင်မည်မဟုတ်ပေ။ တောက်ပသောသုံးရောင်ခြယ်ရောင်ခြည်သည် သူတို့နေထိုင်ရာကမ္ဘာအတွင်း တန်ခိုးအထွတ်အထိပ်ကို ကိုယ်စားပြုပြီး ၎င်းသည် ယခုအချိန်တွင် သူလက်လှမ်းမမီနိုင်လောက်သောအရာဖြစ်နေသည်။

လီလော့က ခေါင်းကို မော့ပြီး တောက်ပတဲ့ အပြုံးတွေနဲ့ ရင်တထိတ်ထိတ်ဖြစ်နေသည့် ကိုယ်စားအုပ်ချူပ်သူကို စိုက်ကြည့်နေသည်။

"သူခိုးအိုကြီးကုန်းယွမ်... ဒီဓါးနဲ့ ခင်ဗျားကိုအဆုံးမသတ်နိုင်ဘူးလို့ထင်နေတုန်းလား..."

လီလော့က ဒီမေးခွန်းကို မေးရင်း တောက်ပစွာပြုံး၍ တိတ်ဆိတ်နေမှုကို အစွမ်းကုန် ဖြိုခွင်းလိုက်လေသည်။

All Chapters