ပဲ့တင်ထပ်သံသုံးခုကိုထုတ်ပြလိုက်ပြီ......
Vol. 50 Ch. 690
ဝုန်းးးး........
လီလော့သည် ပဲ့တင်ထပ်သံသုံးခုသူတော်စင်ရောင်ခြည်သွန်းလောင်းထားသော ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တလောကလုံးရှိ အလင်းအားလုံး ကွယ်ပျောက်သွားပုံရပြီး ဓါးသွားအလင်းတစ်ချက်တည်းသာ မြင်နိုင်တော့သည်။
ဓားသွားအလင်းတစ်ချက်က ဖြစ်တည်မှုအားလုံးကို ဖြတ်တောက်ပစ်နိုင်ပုံရသည်။
ဓါးအလင်း ပေါ်လာတိုင်း၊ လေဟာနယ် ကွဲအက်သွားပြီး မရေမတွက်နိုင်သော ချွန်ထက်သော အပျက်အစီး အပိုင်းအစများ ကြွင်းကျန်ရစ်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို ဓါးအလင်းဖြင့် တွန်းပို့လိုက်ကာ ၎င်းတို့ရှေ့တွင် ရှိနေသမျှကို လုံးဝ ဖျက်ဆီးပစ်မည့် အဖျက်စွမ်းအားတစ်ခုအဖြစ် ပုံဖော်သွားမည်ဖြစ်သည်။
လောကသဘာဝစွမ်းအင်ပင်လျှင် ၎င်းကို အံတုနိုင်ပုံမရပေ။
ပြင်းထန်စူးရှလှသော ဓါးအလင်းကြောင့် အရာအားလုံး ကြေမွသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှမြို့တော်အတွင်းရှိ မရေမတွက်နိုင်သော လူများက ခေါင်းကို မော့ကာ ကောင်းကင်သို့ မျှော်ကြည့်ကြသည်။ မီတာတစ်သောင်းခန့်ရှည်လျားသော အက်ကြောင်းရာများ ပွင့်ထွက်လာပြီး မြို့၏အထက်ကောင်းကင်ကို နှစ်ပိုင်းခွဲထားပုံရသည့် မှောင်မိုက်သောအက်ကွဲကြောင်းကို ပေါ်လွင်စေသည်။
ကြောက်ရွံ့နေကြသည်မှာ ပြည်သူများသာ မဟုတ်ပေ။ ရင်ပြင်တွင်ရှိနေသော မရေမတွက်နိုင်သော မြို့စားအဆင့်ကျွမ်းကျင်သူများပင်လျှင် ထိုတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုကို ကြည့်ရှုရာတွင် ၎င်းတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားခဲ့ရသည်။
"ပဲ့တင်ထပ်သံသုံးခုသူတော်စင်ရောင်ခြည်....?"
ကြယ်တာယာခရီးရှည်ကောလိပ် ၏ဘက်တွင်.....
ဒုကျောင်းအုပ်စုရှင်းပင်လျှင် မျက်လုံးအပြူးသားဖြစ်နေပြီး ခရမ်းအဆင့်နည်းပြများ လုံးဝ ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
" ပဲ့တင်ထပ်သံသုံးခုသူတော်ရောင်ခြည်ကို သူ ဘယ်လို ထိန်းချုပ်နိုင်တာလဲ...."
ချောင်ရှန်းသည် မေးရိုး ပြုတ်ကျမတတ် အံသြနေရှာသည်။ကျောင်းအုပ်ကြီးသည် ကျန်းစဲ့ယွီရှန်းဓားမှတဆင့် လီလော့တီသို့ စွမ်းအင်များကို ပေးပို့ခဲ့သော်လည်း လီလော့သည်ထိုစွမ်းအားများကို ထုတ်ပြရန် ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ ဒါကို သူ ဘယ်လို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သလဲ။
ထိုသို့သော အရာမျိုးကို
စစ်မှန်သောဘုရင်အဆင့်ကျွမ်းကျင်သူမှသာ တတ်နိုင်လိမ့်မည်။
ကျောက်စတိုင်ပေါ်မှ လူငယ်ကို လေ့လာရင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော်ကြောင့် ဒုကျောင်းအုပ်စုရှင်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။
"လီလော့မှာသာ ပဲ့တင်ထပ်သံနန်းတော် သုံးခု ပိုင်ဆိုင်ရင်၊ ကျောင်းအုပ်ကြီး ပို့လွှတ်တဲ့ ပဲ့တင်ထပ်သံသုံးခုသူတော်စင်ရောင်ခြည်နဲ့ ပေါင်းစည်းဖို့ ပဲ့တင်ထပ်သံစွမ်းအားတွေကို ချေးယူနိုင်တယ်....."
"ပဲ့တင်ထပ်သံနန်းတော်သုံးခု? အဲဒါက ဘယ်လိုဟာသမျိုးလဲ၊ လီလော့က အခုမှ နတ်ဆိုးနန်းတော်အဆင့်မှာ ရှိနေတာဆိုတော့ သူ့မှာ ပဲ့တင်ထပ်သံနန်းတော်သုံးခု ဘယ်လိုရှိနိုင်မှာလဲ"
ခရမ်းအဆင့်နည်းပြအချို့က စုရှင်း၏ရှင်းပြချက်ကို လက်မခံနိုင်ကြပေ။
"သူ့မှာ ပဲ့တင်ထပ်သံ နှစ်ခုရှိနေပြီ၊ ဒါကြောင့် အခု နတ်ဆိုးနန်းတော်အဆင့်ကိုရောက်သွားပြီဆိုတော့ နောက်ထပ် ပဲ့တင်ထပ်သံ နန်းတော်တစ်ခုကို ဖွင့်ဖို့ မဖြစ်နိုင်ဘူးလား.... သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအင်တွေက သိပ်ပြင်းထန်ပုံမပေါ်ပေမယ့် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားတယ်... အဲဒါကို ပြင်ပအကူအညီနဲ့ ဖန်တီးထားပုံမရဘူး၊ ဒါကြောင့် ဒါက ဖြစ်နိုင်ခြေအရှိဆုံးပါပဲ... သူ့မှာ တတိယပဲ့တင်ထပ်သံရှိပြီး အဲ့တာကလည်း နဂါးပဲ့တင်ထပ်သံပဲဖြစ်ရမယ်..." ဟု ဒုကျောင်းအုပ် စုရှင်းက ခပ်တိုးတိုး ရှင်းပြသည်။
"ပဲ့တင်ထပ်သံစေတီမှာ သူရွေးချယ်ခဲ့တဲ့ မြို့စားအဆင့်ပညာရပ်ကို မှတ်မိသေးလား...."
"မရဏမြစ်ရဲ့မဟူရာနဂါးအလံတော်...?"
"သူဘာကြောင့် ဒီလို မြို့စားအဆင့်ပညာကို ရွေးရတာလဲဆိုပြီးအစတုန်းကတော့ နည်းနည်းထူးဆန်းတယ်လို့ထင်ခဲ့တာ...ဒီကျင့်စဉ်ကိုလေ့ကျင့်ဖို့ဆို နဂါးပဲ့တင်ထပ်သံစွမ်းအင်ကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်လေ...အဲ့တော့လီလော့က နဂါးမျိုးနွယ်ရဲ့ သွေးအဆီအနှစ်ပါဝင်တဲ့ ရတနာတစ်မျိုးကို အသုံးပြုနေတယ်လို့ထင်ခဲ့မိတယ်.... ကြည့်ရသလောက်ဆို ငါတို့ထင်နေခဲ့တာတွေ မှားသွားပြီပဲ.... သူက ဒီကျင့်စဉ်ကိုလေ့ကျင့်ဖို့ ပြင်ပအကူအညီတွေ ချေးစရာမလိုဘူး၊ သူ့မှာ နဂါးပဲ့တင်ထပ်သံ ရှိနေတယ်....!"
ဒုကျောင်းအုပ်စုရှင်း အသက်ပြင်းပြင်းရှူလိုက်ပြီး..... "ဒါက လီလော့မှာ ပဲ့တင်ထပ်သံ သုံးခုရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ!"
ကျန်တဲ့ ခရမ်းအဆင့်နည်းပြတွေကတော့ နှုတ်ဆိတ်နေကြသည်။စုရှင်း၏အကျိုးကြောင်းသင့်သောရှင်းပြချက်က သူတို့ကို အံ့အားသင့်စေခဲ့ပြီး သူတို့၏အမူအရာများသည် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း သက်သေပြခဲ့သည်။
ပဲ့တင်ထပ်သံသုံးခုရှိတဲ့သူ.....
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဆန်သည့်စွမ်းရည်မျိုးပင်.....
မြို့စားအဆင့်ကျွမ်းကျင်သူများသည် လီလော့၏ ကံကောင်းမှုကို မနာလိုဖြစ်နေကြငည်။
ဤအရာသည် သူတို့ဘဝတစ်လျှောက်လုံး ရှာဖွေခဲ့သော အရာဖြစ်သည်။
"ဒါက အဆင့်ကိုးပဲ့တင်ထပ်သံထက်တောင် ရှားပါးတယ်..."
ချောင်ရှန်း မနာလိုမှုအပြည့်ဖြင့် နှုတ်ခမ်းသပ်လိုက်လေသည်။ ကောလိပ်တည်ထောင်ပြီးကတည်းက ဤသည်မှာ ပဲ့တင်ထပ်သံသုံးခုရှိသော ကျောင်းသားတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
"ကျောင်းအုပ်ကြီး သူ့ကို ရွေးချယ်ခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး... လီလော့က ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဒုတိယမြောက်ဘုရင်အဆင့်ကျွမ်းကျင်သူ ဖြစ်လာနိုင်တယ်" ဟု ဒုတိယကျောင်းအုပ်စုရှင်းက မှတ်ချက်ပေးခဲ့သည်။
ကျန်တဲ့ ခရမ်းအဆင့်နည်းပြတွေကတော့ နက်နက်နဲနဲ တွေးတောနေကြသည်။
ဘုရင်အဆင့်.... ဤအရာသည် သူတို့ကိုးကွယ်ခဲ့သော ဖြစ်တည်မှုတစ်ခုပင်။ ကြယ်တာယာခရီးရှည်ကောလိပ်၏သမိုင်းတွင် မည်သည့်ကျောင်းသားမှ ဘုရင်အဆင့် သို့မရောက်ခဲ့ဖူးပေ။
လီလော့သည် ထိုကဲ့သို့သော စွမ်းအားအဆင့်သို့ အမှန်တကယ်ရောက်ရှိနိုင်ပါသလား။
" ကုန်းယွမ် ကံဆိုးပြီ..."
ချောင်ရှန်းက တခြားသူရဲ့ ကံဆိုးမှုကို သဘောကျစွာ ရယ်မောလိုက်သည်။
..........................
ဒါဆို လီလော့က တတိယမြောက် ပဲ့တင်ထပ်သံနန်းတော်ကို ဖွင့်နိုင်ခဲ့ပြီပေါ့.... တကယ်ကို အံ့သြစရာကောင်းတဲ့ အလားအလာပဲ" ဟု ယုဟုန်ရှီက မှတ်ချက်ပေးခဲ့သည်။
သူမ လီလော့ကိုကြည့်ရင်း လေးနက်သော ကျေနပ်မှု အရိပ်အယောင် ပေါ်လာသည်။
"မဆိုးပါဘူး၊ သူ့အရည်အချင်းက လီတိုင်ရွှမ်ထက် နိမ့်ကျနေတာ မဟုတ်ဘူးပဲ...."
လုချင်းအာသည်လည်း ဟုဟုန်ရှီကို အလားတူ ပြုံးပြလိုက်သည်။ထိုအပြုံးက သူမ၏ နှင်းကဲ့သို့ဖြူဖွေးနေသော အသားအရေနှငိ့ ယှဉ်တွဲလျက် ဖြူစင်မှုနှင့် အပြစ်ကင်းစင်သော ခံစားချက်ကို ပေးစွမ်းနေသည်။ လီလော့အတွက် ယုဟုန်ရှီ၏ ချီးကျူးမှုသည် သူမအတွက် ကြီးမားသော ပျော်ရွှင်မှုကို ယူဆောင်လာခဲ့သည်။
"မေမေ...ကိုယ်စားအုပ်ချုပ်သူကို တခုခုလုပ်မှဖြစ်မယ်... "
လုချင်းအာသည် နူးညံ့သိမ်မွေ့သော စကားလုံးများကို သုံးပြီး မိခင်ဖြစ်သူကို သတိကြီးကြီးထားပြီး မေးလိုက်သည်။
"ကုန်းယွမ်ကို လျှော့မတွက်နဲ့။ သူက နှစ်အတော်ကြာအောင် ကြံစည်ထားတာမို့ သူ့လက်ပေါ်မှာ ဝှက်ဖဲတော်တော်များများရှိနေလိမ့်မယ်..." ဟု ယုဟုန်ရှီက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
လုချင်းအာက ယုဟုန်ရှီ၏လက်မောင်းကို ပွေ့ဖက်လိုက်ပြီး....
"မေမေ...အခုဆို ရှပြည်ထောင်စုက မငြိမ်မသက်ဖြစ်တော့မယ်...ဒါက ရွှေနဂါးဘဏ်တိုက်ရဲ့ လုပ်ငန်းအတွက် မကောင်းဘူးထင်တယ်... ကုန်းယွမ်က ကြင်နာတတ်တဲ့ သူတော်ကောင်းမဟုတ်တော့ သူသာ အာဏာရသွားရင် ရွှေနဂါးဘဏ်တိုက်အတွက်အဆင်ပြေပါ့မလား...."
ယုဟုန်ရှီ သူ့သမီးကို တစ်ချက်ကြည့်ပြီး ပြန်ဖြေဖို့ စိတ်မကူးတော့ပေ။သူ့သမီးက ရွှေနဂါးဘဏ်ရဲ့ ကောင်းကျိုးအတွက် တွေးနေတာလား..... ဒါမှမဟုတ် လီလော့ အတွက်လား....
သူတို့မိသားစုသည် လော့လန်အိမ်တော် ထက်သာလွန်သော ကြီးမားသော စည်းစိမ်နှင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ လီလော့အတွက် အားလုံးကို စွန့်လွှတ်ဖို့ တကယ်ပဲ စဉ်းစားနေတာလား.....
အောင်မြင်လား မအောင်မြင် မသေချာသေးဘူး ငါ့သမီးက လီလော့အတွက်နဲ့ မိသားစုပိုင်ဆိုင်မှုကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပြီလား......
ယုဟုန်ရှီ ရယ်ရမလား ဒေါသထွက်ရမလား မသိတော့ပေ။
……..............
"လီလော့..."
မင်းသမီးက လီလော့ကို စိုက်ကြည့်ရင်း နှလုံးသားတစ်ခုလုံးတုန်ရီနေသည်။ ရောင်ပြန်ဟပ်နေသော ဓါးသွားအလင်းနှင့် ယှဉ်နိုင်လောက်အောင် သူမ၏မျက်လုံးများ တောက်ပနေပြီး မျှော်လင့်ချက်အားလုံးကို ရောင်ပြန်ဟပ်နေသည်။
လီလော့သည် အံ့သြဖွယ်ကောင်းသော အရာများကို မည်သို့ပေးရမည်ကို အမှန်တကယ် သိထားသည်။
သူနဲ့ ပထမဆုံးရင်းနှီးခဲ့စဉ်က သူမရဲ့ ရည်ရွယ်ချက်က ကျန်းချင်းအာကို အပိုင်ချည်ဖို့ပင်... လီလော့နှင့်ကျန်းချင်းအာတို့တွင် ရှုပ်ထွေးသော ဆက်ဆံရေးရှိတာကြောင့် ကျန်းချင်းအာနှင့်နီးကပ်စေရန် လီလော့ကိုချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။
လော့လန်အိမ်တော်၏ အိမ်တော်သခင်လေးသည် သူမ၏ကနဦးအစီအစဉ်များကိုကျော်လွန်၍ အံ့သြဖွယ်ကောင်းလောက်အောင် ထူးချွန်သူဖြစ်နေမည်ဟူ ဘယ်တုန်းကမှထင်မထားမိခဲ့ပေ။
ဒါဟာ သူမလုပ်ဖူးသမျှထဲမှာ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်နိုင်ပေသည်။
"လီလော့! အကောင်းဆုံးကြိုးစားပါ!"
မင်းသမီးက လက်သီးများကို တင်းတင်းဆုပ်ထားကာ လီလော့ကို အာရုံစိုက်နေချိန်တွင် ဖီးနစ်သဏ္ဍာန် မျက်ဝန်းတစ်စုံက လင်းလက်တောက်ပလာသည်။ ယခုအခါ သူမ၏ မျှော်လင့်ချက်နှင့် အိပ်မက်များအားလုံး လီလော့ပေါ်တွင် မူတည်နေချေပြီ။
........................
ပရိသတ်များ၏ ထိတ်လန့်တုန်လှုပ်သောအကြည့်များကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ဓါးအလင်း၏ပစ်မှတ်ဖြစ်သော ကိုယ်စားအုပ်ချူပ်သူသည်လည်း မယုံနိုင်လောက်အောင် ရုပ်ဆိုးသောအမူအရာရှိသည်။ ဤဓားချက်က အရင်တစ်ခါထက် ပိုကြောက်စရာကောင်းတာကြောင့် မျက်ခွံများပင် စိုးရိမ်တကြီး တုန်ရီပုံရသည်။
လီလော့၏ဓားချက်တွင် ပဲ့တင်ထပ်သံသုံးခုသူတော်စင်ရောင်ခြည်ပါဝင်နေသည်။
အမှန်တကယ်တွင် ဘုရင်အဆင့်ကျွမ်းကျင်သူ၏ စွမ်းအားကိုချေးငှားထားသည်ဆိုသော်လည်း ဖန်ချန်းယွမ်၏ စွမ်းအားသည် သည် အင်မတန်ကြောက်စရာကောင်းသော ခံစားချက်ကိုပေးစွမ်းနိုင်ဆဲပင်...
သူသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကြံစည်ခဲ့ပြီး ယနေ့သည် သူ၏အစီအစဉ်ကို စတင်အကောင်အထည်ဖော်နိုင်ခဲ့သည့်နေ့ဖြစ်သည်။ထို့ကြောင့် မသေချင်သေးပေ။
"နှလုံးသားခေါင်းလောင်းကို အသက်သွင်းပြီးပြီ.... မင်း ဖန်ချန်းယွမ်ရဲ့အကူအညီကို ဘာလို့ ဝင်မစွက်ဖက်တာလဲ...."
ကိုယ်စားအုပ်ချုပ်သူ မျက်မှောင်ကြုတ်လိုက်သည်။ ဒီနေ့ဟာ သူ့ကံကြမ္မာကိုပြောင်းလဲနိုင်မည့်နေ့ဖြစ်သောကြောင့် ဖန်ချန်းယွမ် ရောကိလာမည့်ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတိုင်းအတွက် မရေမတွက်နိုင်တဲ့ တုံ့ပြန်မှုတွေတောင် ပြင်ဆင်ထားခဲ့သည်။
အမှန်တော့၊ သူသည် ထိုအခြေအနေတွင် အများကြီးလုပ်ရန် မလိုအပ်ဘဲ သူ့နောက်ကွယ်မှ စွမ်းအားကိုသာ အားကိုးနိုင်သည်။
စိတ်ပြောင်းသွားသောအခါ ကိုယ်စားအုပ်ချူပ်သူသည် လက်နှစ်ဘက်ဖြင့် တံဆိပ်တစ်ခုကိုပုံဖော်လိုက်သည်။ထိုအခါ ဧရာမ တောင်ကြီးကဲ့သို့သော မြို့စားအဆင့်ရဲတိုက် ငါးခု သူ့နောက်တွင် ပေါ်လာပြီး ဖိအားပေးသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
တစ်ချိန်တည်းမှာပင် အဆင့်ငါးဆင့်ပါသောရွေသရဖူကနေ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ရွှေသရဖူပေါ်ရှိ ခရမ်းရောင်အမှတ်အသားကို နှိပ်လိုက်ချိန်တွင် ကိုယ်စားအုပ်ချုပ်သူ၏ မျက်နှာမှာ အေးစက်နေလေသည်။ ထို့နောက် ချက်ချင်းပင် သရဖူသည် မှော်မီးတောက်ဖြင့် တောက်လောင်ကာ ရွှေရောင်အလင်းအလွှာအဖြစ်သို့ လျင်မြန်စွာ အရည်ပျော်သွားကာ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် ငါးထပ်ရွှေစေတီအဖြစ်ပြောင်းလဲသွားခဲ့သည်။
ကြည့်ရှုနေသူများက ဤမြင်ကွင်းကြောင့် နာကျင်သည့်ပုံစံဖြင့် အသက်ပြင်းပြင်းရှူရှိုက်လိုက်ကြသည်။
လီလော့၏ ထိုးနှက်မှုကို တားဆီးရန် အဖိုးတန်ခရမ်းရောင်မျက်လုံးအဆင့် ရတနာ ပစ္စည်းများကို ကိုယ်စားအုပ်ချူပ်သူက စတေးခဲ့သည်။
……...
တော်ဝင်နန်းတော်အတွင်း၌ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်နေချိန်တွင် ကြယ်တာယာခရီးရှည်ကောလိပ်အတွင်းရှိ
ကြည်လင်သောရေကန်ဘေးတွင်......
ရေကန်မျက်နှာပြင်ပေါ်တွင် လူရိပ်တစ်ခုပေါ်လာသဖြင့် ငါးမျှားရင်း အိပ်ငိုက်နေသော ရှန်းကျင်းရှောင်၏မျက်လုံးများပွင့်လာသည်။
ရေကန်မျက်နှာပြင်ပေါ်တွင် ထင်ဟန်နေသောပုံရိပ်၏မျက်ဆံနှစ်ခုက အလွန်ထူးဆန်းပြီး ရွှေရောင်တစ်ဖက် ငွေရောင်တစ်ဖက်ဖြစ်နေသည်။
သူသည် ငါးမျှားနေသော ရှန်ကျင်းရှောင်ကို အနည်းငယ်ပြုံးကာ စိုက်ကြည့်နေသည်။
"ရှန်ကျင်းရှောင် .... ပြင်ဆင်မှုတွေ ပြီးသွားပြီလား"