← Chapters

ကောလိပ်အတွင်းအုတ်အော်သောင်းနင်းဖြစ်ခြင်း....

Vol. 50 Ch. 691

ကောလိပ်အတွင်းအုတ်အော်သောင်းနင်းဖြစ်ခြင်း....

Vol. 50 Ch. 691

ရှန်ကျင်းရှောင် သည် ရေကန်ကမ်းစပ်တွင်ပေါ်လာသော လူငယ်ကို ကြည့်ပြီး ခဏတာ မှိန်းနေပုံရသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး....

"နောက်ဆုံးတော့ ရောက်လာပြီပေါ့....."

ရှန်ကျင်းရှောင်သည် မတ်တတ်ထရပ်ကာ ငြိမ်သက်ပြီး အေးချမ်းသော ကောလိပ်ရှုခင်းကို လှမ်းကြည့်ရင်း ငါးမျှားတံကို သိမ်းဆည်းလိုက်သည်။

ဤလူငယ်လေးများသည် သူတို့ရောက်ရှိနေသည့် အတိုင်းအဆမရှိ အံ့သြဖွယ်ကောင်းသော နေရာတစ်ခု၏ ခံစားချက်ကို ပေးစွမ်းပြီး ကြည်နူးဖွယ် လွမ်းဆွတ်ဖွယ် အမှတ်တရများကို ပြန်လည်ရရှိစေပါသည်။

"တကယ် သနားစရာပဲ..."

ရှန်ကျင်းရှောင် သက်ပြင်းချလိုက်ပြန်သည်။

ထူးဆန်းသောမျက်လုံးပိုင်ရှင်လူငယ်က ရယ်မောလိုက်ပြီး....

"မင်းရဲ့မိကျောင်းမျက်ရည်တွေက ရယ်စရာကောင်းလွန်းတယ်....ဘာလဲ အစီအစဉ်ကနေနှုတ်ထွက်ချင်နေပြီလား...."

ရှန်ကျင်းရှောင်ကပြုံးလိုက်ပြီး....

"အရှင်ရဲ့ ကရုဏာထားတဲ့ ကမ်းလှမ်းချက်က မယုံနိုင်စရာ ဖြစ်နေတယ်......"

"ဒီလိုစိတ်ထားတွေကြောင့် မင်းကို သဘောကျတာ.... မင်းက ထက်စာရင်ပိုရက်စက်တယ်.....သာမာန်လူသာဆို

ကြယ်တာယာခရီးရှည်ကောလိပ်မှာ အကြာကြီးနေခဲ့ရရင် သံယောဇဉ်တွယ်နေမှာအမှန်ပဲ....ဒါပေမယ့် မင်းကတော့ မတုံ့ဆိုင်းဘဲ ဆက်လုပ်တော့မယ်..."

ရှန်ကျင်းရှောင်က ထိုစကားကို သဘောမတူဟန်ဖြင့် ငြင်းချက်ထုတ်လိုက်သည်။

"လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်ကိုယ်စီရှိကြတယ်လေ.... ကိုယ့်ပန်းတိုင်အတွက်ဆို လမ်းတလျှောက်က ရှုခင်းတွေ ဘယ်လောက်ပဲ လှပနေပါစေ ဒါတွေက ခဏတာမျှသာပါပဲ... ဒီအမှတ်တရတွေကို စိတ်ထဲမှာ သိမ်းထားမှာမို့ တုန်လှုပ်နေစရာ မလိုဘူး... ငါတကယ်လိုချင်တဲ့အရာဖြစ်တဲ့ ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာဖို့ကို ကြယ်တာယာခရီးရှည်ကောလိပ်က ပံ့ပိုးမပေးနိုင်တဲ့အတွက် တခြားလမ်းကြောင်းကို ရှာတာက ပုံမှန်သဘာဝပဲလေ....."

"မင်းရဲ့ ရည်မှန်းချက်တွေက ငါတို့ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီတယ်....."

ထူးဆန်းသောလူငယ်က ကျေနပ်စွာ ပြုံးလိုက်လေသည်။

"မင်း စိတ်အေးလက်အေး အနားယူလို့ရပြီ.... ငါတို့ရဲ့ အစီအစဥ်တွေက မင်းရဲ့ စိတ်ကူးစိတ်သန်းတွေထက် အဆပေါင်းများစွာ ကျော်လွန်ပြီး မင်း ငါတို့နဲ့ ပူးပေါင်းနိုင်ရင် မင်းလိုချင်တဲ့အရာကို အနာဂတ်မှာ သေချာပေါက်ရလိမ့်မယ်......"

ရှန်ကျင်းရှောင်က ခေါင်းညိတ်လိုက်ပြီး....

"ငါ့အတွက် ကျန်းချင်းအာရဲ့ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံနှလုံးသားကိုရရင်ကျေနပ်ပြီ.... "

ထူးဆန်းသောလူငယ်က မသိနားမလည်ဟန်ဖြင့်.....

"အစီစဉ်တွေပြီးမြောက်ခဲ့ရင် ငါတို့ကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူး....လော့လန်အိမ်တော်ရဲ့ခံစစ်အစီအရင်လည်း အားလုံးသွားပြီး ကာကွယ်မှုဆုံးရှုံးသွားလိမ့်မယ်။ အဲဒီအချိန်မှာ မင်းဆန္ဒအတိုင်း ဒီကောင်တွေကို အလွယ်တကူ ကိုင်တွယ်လိုက်ကြရအောင်။ အခုတော့ နှစ်ရှည်လများ ပြင်ဆင်မှုတွေ ပြီးသွားပြီမို့ လှုပ်ရှားဖို့အချိန်တန်ပြီ...."

ထိုလူငယ်က ရှန်းကျင်းရှောင်ကို ရှန်းလီသစ်ပင်ဆီသို့ညွှန်ပြလိုက်သည်။

ထိုလူငယ်သည် ရှန်ကျင်းရှောင်နှင့်အတူ လိုက်သွားပါသွားရင်း ပတ်ဝန်းကျင်ကို စိတ်ဝင်တစား စူးစမ်းနေသည်။

လမ်းတစ်လျှောက်တွင် ရှန်ကျင်းရှောင်ကို လေးလေးစားစား နှုတ်ဆက်သည့် ကျောင်းသားအချို့က သူ့ဘေးနားရှိ လူငယ်ကိုလည်း အထူးတဆန်းကြည့်နေကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော သူစိမ်း မည်သူဖြစ်နိုင်သနည်းဟု တွေးတောနေကြသော်လည်း ရှန်ကျင်းရှောင်ကို လေးစားသောကြောင့် ထွေထွေထူးထူး မစဉ်းစားခဲ့ကြပေ။

ရှန်ကျင်းရှောင်၏ လမ်းညွှန်မှုဖြင့် လူငယ်သည် နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသော ရှန်းလိသစ်ပင်တည်ရှိရာ ကောလိပ်၏အလယ်ဗဟိုသို့ ရောက်ရှိသွားခဲ့သည်။ ရှန်းလိသစ်ပင်၏ စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များသည် ကောလိပ်တစ်ခုလုံးကို အရိပ်မိုးပေးနေသော ထီးတစ်လက်ကဲ့သို့ ဖြန့်ကြက်ထားသည်။

ရှန်းလိသစ်ပင်ဆိုသည်မှာ ကောလိပ်တစ်ခု၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။

ကောလိပ်တစ်ခုလုံး၏ အခြေခံသည် ၎င်းနှင့် နီးကပ်စွာ ဆက်စပ်နေပါသည်။ ဗဟိုကျောင်းသားသမ္မဂ္ဂ၏ စည်းမျဉ်းများအရ ပကောလိပ်တစ်ခုသည် ၎င်းတို့၏ ရှန်းလိသစ်ပင်ကို ဆုံးရှုံးလိုက်သည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်ကောလိပ်အဖြစ်မှ ဖယ်ရှားပြီး သာမန်ကောလိပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပညာရေးအဖွဲ့ချုပ်မှ ပံ့ပိုးပေးသော ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များ ဆုံးရှုံးသွားမည်ဖြစ်သည်။

"ဗဟိုကျောင်းသားသမ္မဂ္ဂက ဒီသစ်ပင်ကို ပြုစုပျိုးထောင်ဖ်ို့ အထူးနည်းလမ်းအချို့ကို အသုံးပြုထားတယ်... ဒီလောက်ကြီးမားတဲ့

သစ်ပင်တစ်ပင်ကို ပြုစုပျိုးထောင်ရန်ဖို့ အရင်းအမြစ်တွေ ပင်လယ်တစ်ခုစာလောက် လိုအပ်လိမ့်မယ်..."

လူငယ်လေးက ကြီးမားလှသော သစ်ပင်ကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ထို့နောက် သူ့ဆီမှ ထွက်လာသော စကားအနည်းငယ်က အပြုံးနှင့်မလိုက်အောင် အေးစက်သွားသည်။

"ဒီလို ရတနာတွေကို ဖြုန်းတီးတာဟာ တကယ်ကို နှမြောစရာပဲ..... "

ရှန်းလိသစ်ပင်ရှေ့မှာ သူတို့နှစ်ယောက် ပေါ်လာတဲ့အခါ သစ်ပင်ကို စောင့်ကြပ်နေတဲ့ ခရမ်းအဆင့်နည်းပြက သစ်ပင်ကနေ သူတို့ရှေ့ကို ဆင်းသက်လာခဲ့သည်။ ထိုနည်းပြက ရှန်ကျင်းရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောလူငယ်ကိုမျက်မှောင်ကြုတ်၍စိုက်ကြည့်နေသည်။

"ဆရာရှန်ကျင်းရှောင်၊ ဒါက ဘယ်သူလဲ..... ဒါက ကောလိပ်ရဲ့ အဓိကတည်နေရာဖြစ်ပြီး စည်းမျဉ်းတွေအရ ဘယ်သူ့ကိုမှ ဒီကို ခေါ်ဆောင်ခွင့်မပြုပါဘူး။ ဒီလိုလုပ်ဖို့ ဒုကျောင်းအုပ်ရဲ့ ခွင့်ပြုချက်ရခဲ့လား....."

ထူးဆန်းသောလူငယ်က နွေးထွေးသော အပြုံးကို ထုတ်ဖော်လိုက်ပြီး....

"ဒုကျောင်းအုပ်စုရှင်းက ဒီကိုလာခွင့်ပေးခဲ့တာပါ....."

"မင်းမှာ သူ့တံဆိပ်ပြားရှိလား..."

ခရမ်းအဆင့်နည်းပြက စည်းမျဉ်းများနှင့်အညီ မေးမြန်းခဲ့သည်။

"ရှိတယ်...."

သူ့လက်ကို မြှောက်လိုက်သည်နှင့် ထူးဆန်းသော လူငယ် ပို၍ပင် ကြင်နာစွာ ပြုံးပြလိုက်သည်။ တစ်ချိန်တည်းမှာပင် လူငယ်၏မျက်လုံးများမှ ထူးဆန်းသောအလင်းရောင်တစ်ခု ထွန်းလင်းတောက်ပလာပြီး ထိုအလင်းရောင်အတွင်း၌ ရေခဲနှင့်မီးတောက်တို့ရောယှက်နေပုံရသည်။ အပူနှင့် အအေး ပေါင်းစပ်လိုက်သောအခါ မှော်ဆန်သည့် ကျက်သရေတစ်ခု ဖန်တီးကာ ၎င်းအတွင်းကျလာသော အရာမှန်သမျှကို ရောထွေးသွားစေသည်။

လျှို့ဝှက်ဆန်းကြယ်သော ရေခဲမီးတောက်အလင်းရောင်သည် လျင်မြန်လွန်းပြီး ခရမ်းအဆင့်နည်းပြအတွက် ပါးလွှာသော အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးရန်တောင် အချိန်မလုံလောက်ခဲ့ပေ။ သို့သော် ဆင့်ခေါ်လိုက်သော ပဲ့တင်ထပ်သံစွမ်းအားများက ဤထူးဆန်းသောအလင်းရောင်ကို လုံးဝမရပ်တန့်နိုင်ပေ။

ခရမ်းအဆင့်နည်းပြရဲ့ မျက်လုံးထဲမှာ ထိတ်လန့်တုန်လှုပ်မှုကို မြင်တွေ့ရပြီး အသံမထွက်နိုင်ခင်မှာ သူ့တစ်ကိုယ်လုံး သွေးအိုင်ထဲ လဲကျသွားလေတော့သည်။

ရှန်ကျင်းရှောင်သည် ဤမြင်ကွင်းကို တိတ်တဆိတ်ကြည့်ရင်း မျက်လုံး မှိတ်ထားလိုက်သည်။ ဤအရှင်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းပေ၏။သေဆုံးသွားသော ခရမ်းအဆင့်နည်းပြသည် ပထမအဆင့် မြို့စားအဆင့်တစ်ဦးဖြစ်သောကြောင့် ခုခံနိုင်စွမ်းမရှိသူတစ်ဦးလို သတ်နိုင်ခဲ့သည်မှာ အံ့သြစရာပင်။

ထို့အပြင်၊ ၎င်းသည် မြို့စားအဆင့်ဖြစ်နေဆဲဖြစ်သည်။ သူ့ကို တခြားနေရာတွေမှာ ထားရမယ်ဆိုရင် သူလည်း သူ့အခွင့်အရေးနဲ့သူ ဖြစ်လာမှာပင်.....

သွေးအိုင်က မြေကြီးထဲသို့ စိမ့်ဝင်သွားပြီး ထိုအချိန်တွင် ရှန်းလိသစ်ပင် အနီးနားရှိ ကျောင်းသားအချို့က အနှောက်အယှက်ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ကံမကောင်းစွာပဲ၊ အချို့က သူတို့၏ဆရာဖြစ်သူ သွေးအိုင်ထဲ အရည်ပျော်ကျနေသည်ကိုပင် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသောကြောင့် အလွန်ထိတ်လန့်ကြောက်ရွံ့နေကြသည်။

သို့သော်လည်း အချိန်အနည်းငယ်အတွင်း စိတ်တည်ငြိမ်မှု ပြန်ရနိုင်ခဲ့သည်။ တစ်စုံတစ်ဦးသည် ကောလိပ်ကျောင်းသို့ မျက်နှာပြောင်တိုက်ကာ လူသတ်မှုကျူးလွန်လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ကြပေ။

ထို့နောက် ထူးဆန်းသောလူငယ်လေးသည် နွေးထွေးသောအပြုံးဖြင့် မှင်တက်နေငေါ ကျောင်းသားများကို တစ်ချက်ကြည့်လိုက်သည်။

"ကလေးတွေ၊ အေးအေးဆေးဆေး ရပ်မနေကြနဲ့.... မြန်မြန် ပြေး! ကြယ်တာယာခရီးရှည်ကောလိပ် ပျက်စီးတော့မှာ....."

အားးးးးးး

ထိတ်လန့်ကြောက်ရွံ့နေသော ကျောင်းသူအချို့၏ အော်ဟစ်သံကြောင့် ကျောင်းသားအချို့သတိပြန်ဝင်လာကြသည်။

ထိုအော်ဟစ်သံများကြောင့် အခြားသော ခရမ်းအဆင့်နည်းပြများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ အလင်းတန်းများစွာ လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ နည်းပြများရောက်ရှိလာပြီး လေထဲတွင် သဘာဝစွမ်းအင်များ စတင်တုန်ခါလာသည်။ရောက်ရှိလာသော ခရမ်းအဆင့်နည်းပြများက ရှန်ကျင်းရှောင်နှင့် ထူးဆန်းသောလူငယ်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။

"ရှန်ကျင်းရှောင် မင်းဘာလုပ်နေတာလဲ?!"

နီရဲနေသောဆံသားများပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ဦးက စတင်မေးခွန်းထုတ်လိုက်သည်။ထိုနည်းပြက ကျန်းချင်းအာ၏ လက်ဦးဆရာ ဟောင်ရှု ဖြစ်သည်။

" နည်းပြကျောက်ကို သတ်လိုက်ပြီ "

ကျောင်းသားအချို့က ကြောက်လန့်တကြား အော်ဟစ်ကြသည်။

နည်းပြဟောင်ရှု၏ အမူအရာ တင်းမာသွားကာ သွေးအိုင်ကို မြင်လိုက်ရသဖြင့် ထူးဆန်းသောလူငယ်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

" မင်း ငါတို့ကောလိပ်ထဲကို ဝင်ပြီး လူသတ်မှု ကျူးလွန်တဲ့အထိ သတ္တိကောင်းသားပဲ.... ဒီကောလိပ်ကို စတည်ထောင်ကတည်းက မင်းလို သောင်းကျန်းတဲ့သူမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး....."

ထူးဆန်းသောလူငယ်က ခပ်ပြုံးပြုံးအမူအရာဖြင့်.....

"အရင်တုန်းက မရှိခဲ့ဘူးဆိုတော့ ဂုဏ်ယူပါတယ် အခုတွေ့ပြီမလား...."

ထို့နောက် သူက ချိုမြိန်သော အပြုံးဖြင့်ဟောင်ရှုကို စိုက်ကြည့်ရင်း ခေါင်းကို အနည်းငယ်ငုံ့ထားသည်။

"ဒီနေ့ပြီးရင် ရှပြည်တော်စုထဲမှာ ကြယ်တာယာခရီးရှည်ကောလိပ်ရှိတော့မှာ မဟုတ်ဘူး........."

"ရူးနေတဲ့ကောင်...!"

ဟောင်ရှု အလွန်ဒေါသထွက်နေသဖြင့် သူမ၏ အနီရောင်ဆံပင်များက မီးတောက်နေသလိုပို၍နီရဲလာသည်။ သူမ တစ်သက်လုံး ဒီလိုရူးသွပ်ပြီး ကြမ်းတမ်းတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ကြယ်တာယာခရီးရှည်ကောလိပ်ကို ဖျက်စီးပစ်မည်ဟု မည်သို့သောသတ္တိမျိုးဖြင့်ပြောနေရသနည်း......

"သူ့ကိုဖမ်းကြ.... ခုခံရင် သတ်ပစ်!"

နည်းပြ ဟောင်ရှုက အားလုံးကို အမိန့်ပေးလိုက်သည်။

မရေမတွက်နိုင်သော ခရမ်းအဆင့်နည်းပြများက ထူးဆန်းသောလူငယ်ကို အလားတူ မဖော်ရွေသောအမူအရာများဖြင့် စိုက်ကြည့်ကာ ၎င်းတို့၏ခန္ဓာကိုယ်မှ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများ ထွက်လာကာ လေဟာနယ်ကိုပင် တုန်လှုပ်သွားစေသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့၏ ခန္ဓာကိုယ်နောက်ကွယ်တွင် ထင်ရှားသည့် မြို့စားရဲတိုက်များကို ဆင့်ခေါ်ခဲ့သည်။

မရေမတွက်နိုင်သော မြို့စားအဆင့်ကျွမ်းကျင်သူများ ဝိုင်းရံထားသည့်တိုင် ထူးဆန်းသောလူငယ်က ပြုံးရုံသာ ပြုံးနေသည်။

ထို့နောက် လက်ချောင်းဆယ်ချောင်းကို ပေါင်းစပ်လိုက်ပြီး သူ့ပါးစပ်မှ စိတ်အနှောက်အယှက်ဖြစ်စေသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

အသံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ခရမ်းအဆင့်နည်းပြအချို့၏ မျက်နှာများတွင် နာကျင်နေသည့် အမူအရာများ ပြသနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။ တစ်စုံတစ်ခုက ၎င်းတို့၏အသွေးအသား နက်နဲရာနေရာမှ တိုးထွက်လာထို့ ကြိုးစားနေပုံရသည်။

ခဏအကြာတွင် သူတို့၏မျက်ဆံထဲသို့ တစ်စုံတစ်ခုဝင်ရောက်လာသည်။

ဤခရမ်းအဆင့်နည်းပြများး မျက်လုံးထဲတွင် အအေးဓာတ်ကို ပေးဆောင်သည့် ထူးဆန်းသော အနက်ရောင်ငါးတစ်ကောင်ပေါ်ထွက်လာသည်ယ

ငါးနက်၏အသွင်အပြင်နှင့်အတူ၊ ဤခရမ်းအဆင့်နည်းပြများသည် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒနှင့် အာရုံငါးပါးကို ဆုံးရှုံးသွားပုံရသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် စောင့်ကြည့်နေသည့် ကျောင်းသားများ၏ မရေမတွက်နိုင်သော ကြောက်လန့်နေသော မျက်လုံးများရှေ့တွင် သူတို့ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်များကို မဆိုင်းမတွတိုက်ခိုက်ခဲ့ကြသည်။

ဘန်းးးးးး

ပရမ်းပတာ အုတ်အော်သောင်းနင်းဖြစ်ကုန်ချေပြီ............

All Chapters