အမှောင်စွမ်းအင်များ၏အရင်းမြစ်.....
Vol. 50 Ch. 692
ဘန်းးးဘန်းးးးးး
အချို့သော ခရမ်းအဆင့်နည်းပြများ၏ ထိန်းချုပ်မှု ရုတ်တရက် ဆုံးရှုံးခြင်းသည် မျှော်လင့်ထားသည်ထက် ထင်ရှားသည်။ ကူစက်မခံရသေးသော အခြားဆရာများသည် အချိန်မီတုံ့ပြန်မှုမပြုနိုင်ဘဲ ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များ၏ တိုက်ခိုက်မှုများကြောင့် အတော်လေးအထိနာကုန်ကြသည်။
ခရမ်းအဆင့်နည်းပြ အနည်းငယ် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးများ ရွှဲနစ်နေကြသည်။ သွေးစွန်းနေသော သူတို့၏ ခန္ဓာကိုယ်ကို ကြည့်လိုက်တော့ သူတို့ ခံစားနေရသော ဒဏ်ရာများက ပေါ့သေးသေးမဟုတ်မှန်း သိလိုက်ကြရသည်။
ကျောင်းသားတွေအားလုံး ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ ဒီမြင်ကွင်းကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
ဒါက ကောလိပ်သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ ဖြစ်ရပ်မျိုးပင်......
နည်းပြဟောင်ရှုသည် ထိခိုက်မှု မရှိခဲ့သော်လည်း သူမ၏ မျက်လုံးများအတွင်းမှ ဒေါသများကို ကြောက်ရွံ့ထိတ်လန့်မှုများ တဖြည်းဖြည်း လွှမ်းမိုးလာခဲ့သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များ ကူးစက်မှုကြောင့် ကြောက်မက်ဖွယ် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေကြချေပြီ။
ဤသည်မှာ ကမ္ဘာခြားသက်ရှိများ၏ အမှောင်စွမ်းအင်များ ကူးစက်နေသည့်လဏ္ခာပင်........
ကမ္ဘာခြားသက်ရှိများက မြို့စားအဆင့်ကျွမ်းကျင်သူများကို အမှန်တကယ် ကူးစက်နိုင်ပါသလား.....
ဒီမေးခွန်းကို သူမစိတ်ထဲစွဲနေချိန်မှာတော့ ကူးစက်ခံခါးရသော ခရမ်းအဆင့်နည်းပြများ၏ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အနက်ရောင်ငါးတစ်ကောင် ကူးခတ်နေတာကို သူမ သတိထားမိလိုက်သည်။
ဒါက အရိပ်လှိိုဏ်ဂူရဲ့ ယွီလဲ့ဘုရင်........
ယွီလဲ့ဘုရင်ကို ကျောင်းအုပ်ကြီးက ချုပ်နှောင်ထားတာ မဟုတ်ဘူးလား? ဒီခရမ်းအဆင့်နည်းပြတွေ ဘယ်တုန်းက ကူးစက်ခံထားရတာလဲ....
အမှောင်မျိုးစေ့များကို မည်သူမျှ သတိမပြုမိဘဲ မည်ကဲ့သို့ စိုက်ပျိုးနိုင်မည်နည်း။
ဒါက လုံးဝ အဓိပ္ပါယ်မရှိပေ။
"ကြည့်ရတာ မင်းစိတ်မှာ သံသယတွေနဲ့ မေးခွန်းတွေ ပြည့်နေပုံပဲ...."
ထူးဆန်သောလူငယ်၏မေးခွန်းကြောင့် ဟောင်ရှု အံ့သြသွားသည်။
"အို...ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ ရှန်ကျင်းရှောင်ကို ကျေးဇူးတင်ရမှာပဲ..... ကောလိပ်ထဲမှာ၊ ယွီလဲ့ဘုရင်နဲ့ စာချုပ်ချုပ်ဖို့ တလိုတလားရွေးချယ်ခဲ့တဲ့ ခရမ်းအဆင့်နည်းပြ နည်းပြတစ်ယောက်ရှိတယ်ဆိုတာ မင်းတို့ဘယ်သူမှမသိခဲ့ဘူးမလား.... တစ်နှစ်ပြီးတစ်နှစ် အချိန်တွေကြာလာတာနဲ့အမျှ ကူးစက်မှုတွေ တဖြည်းဖြည်း စိမ့်ဝင်လာပြီး ဒီဆရာတွေကြားထဲမှာ အမြစ်တွယ်နေမယ်ဆိုတာ မင်းတို့ ဘယ်တုန်းကမှ သတိထားမိမှာမဟုတ်ဘူး......"
လူငယ်၏ စကားများကို နားထောင်ရင်း ဟောင်ရှု ဒေါသတကြီး ရှန်ကျင်းရှောင်ထံ ပြေးသွားခဲ့သည်။
"ရှန်ကျင်းရှောင်! နင် သေရင်တောင် ကောင်းကောင်းမသေစေရဘူး....!"
ရှန်ကျင်းရှောင်သည် ယွီလဲ့ဘုရင်နှင့် ကာလကြာရှည်စွာ စာချုပ်ချုပ်ဆိုခဲ့မည်ဟူ သူမ မမျှော်လင့်ခဲ့ပေ။ ဤလူယုတ်မာတွင် မကောင်းသော အကြံအစည်များနှင့် ပြည့်နှက်နေသော နှလုံးသားတစ်ခုရှိပြီး ယွီလဲ့ဘုရင်၏ ဖြားယောင်းခြင်းကို ခံရပြီးနောက်၊ သူ၏ ကြားခံဖြစ်လာပြီး အမှောင်မျ်ိုးစေ့များကို ဖြန့်ခင်းရန်ပင် ဆန္ဒရှိခဲ့သည်။ ဤလူသည် ကမ်းကုန်အောင်ရက်စက်ယုတ်မာသူဖြစ်သည်။
ဟောင်ရှု၏ စူးရှသော အကြည့်ကို မြင်လိုက်ရတော့ ရှန်ကျင်းရှောင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"အရှင် ဘာလို့ ငါ့အကြောင်း ထုတ်ပြောလိုက်တာလဲ.... ဒီအချိန်မှာ ငါ့မှာ တခြားရွေးချယ်စရာတွေ ရှိနေပြီလို့ မင်းတကယ်ထင်လား"
"ငါက သူ့ကို နားလည်စေချင်ရုံပါ....ဘာမှ ဂရုစိုက်စရာမလိုတော့ဘူး.... ဒီနေ့ပြီးရင် ကြယ်တာယာခရီးရှည်ကောလိပ် တည်ရှိတော့မှာ မဟုတ်လို့ သူတို့ရဲ့ နာကြည်းမှုနဲ့ ဒေါသတွေအားလုံး အလကားဖြစ်ကုန်လိမ့်မယ်...."
ထို့နောက် ထူးဆန်းသောလူငယ်သည် လက်ဝှေ့ယမ်းကာ ကူးစက်ခံထားရသော ခရမ်းအဆင့်နည်းပြများကို အချင်းချင်း သတ်ဖြတ်ရန် အော်ဟစ်သံများကို ထုတ်ပြန်ခဲ့သည်။ထိုအခါ ကူးစက်ခံထားရသည့် ခရမ်းအဆင့်နည်းပြများက မြို့စားရဲတိုက်များကိုဆင့်ခေါ်လိုက်ကြလေသည်။
"ကောလိပ်ရဲ့ ခရမ်းအဆင့်နည်းပြတွေအကုန်လုံး လုပ်လက်စတွေကို ရပ်ထားပြီး ကောလိပ်ကို ကာကွယ်ဖို့ အမြန်ပြင်ဆင်ကြပါ....."
"ရွှေအဆင့်နဲ့ငွေအဆင့် နည်းပြဆရာတွေက ကျောင်းသားတွေကို အမြန်ခေါ်ထုတ်သွားပါ!"
"ဒုကျောင်းအုပ်ကို ချက်ချင်းအကြောင်းကြား!"
အခြေအနေတွေ ဖရိုဖရဲဖြစ်နေတာကို မြင်လိုက်ရတော့ နည်းပြဟောင်ရှုက အမိန့်များကို တလစပ်ထုတ်ပြန်လိုက်သည်။
ကြယ်တာယာခရီးရှည်ကောလိပ်သည် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရနိုင်ချေရှိပြီး ထိုအရာကလည်း ယခင်က တစ်ခါမှ မမြင်ဖူးသော အရာများဖြစ်သည်။
.................
ဝုန်းးးးးးး
အဖြူရောင် ကျောက်စိမ်းရင်ပြင်တွင် ပဲ့တင်ထပ်သံသုံးခုရောင်ခြည်ဖြင့်ဖုံးအုပ်ထားသော ဓါးတစ်လက်က ကိုယ်စားအုပ်ချုပ်သူကို လွှမ်းခြုံထားသော ငါးထပ်ရွှေသရဖူအကာအကွယ်ပေါ်သို့ တိုက်ရိုက်ထိမှန်သွားသည်။
ကောင်းကင်ယံရှိ တိမ်ထူထပ်သော တိမ်တိုက်များကို အင်အားပြင်းထန်စွာ ဖြိုခွဲလိုက်ခြင်းကြောင့် မထင်မှတ်လောက်အောင် မဟာစွမ်းအင် မုန်တိုင်းတစ်ခု အပြင်ဘက်သို့ ပေါက်ကွဲသွားသည်။ ဤစွမ်းအင် မုန်တိုင်းသည် ရှမြို့တော်၏ ကောင်းကင်တစ်ခုလုံး အနှံ့နီးပါး ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ လီလော့ နှင့် ကိုယ်စားအုပ်ချုပ်သူတို့သည် မြို့ပြင်ဧရိယာတွင် ၎င်းတို့၏ ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းပါက၊ ဤထိပ်တိုက်တွေ့မှုကြောင့် ရှမြို့တော် တစ်ခုလုံး ပျက်စီးစေသွားပေလိမ့်မည်။
ရွှေသရဖူပေါ်တွင် အက်ကွဲကြောင်းများ လျင်မြန်စွာ ပေါ်မလာမီတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ပဲ့တင်ထပ်သံသုံးခုပေါင်းစပ်စွမ်းအားက ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး စွမ်းအင်ပုံစံဖြစ်ပုံရသည်။
ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းများကို စွန့်လွှတ်အနစ်နာခံထားရသည့် ကိုယ်စားအုပ်ချုပ်သူသည်ပင်လျှင် ဤတိုက်ခိုက်မှုကို ရပ်တန့်ရန် မလုံလောက်ပေ။
အဆုံးတွင် ဓါးအလင်း၏ ပြင်းထန်သော ရိုက်ချက်ကြောင့် ရွှေသရဖူ လုံးဝ ပျက်စီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကိုယ်စားအုပ်ချုပ်သူ သည် ပုံရိပ်ယောင်များဖန်တီး၍ ဦးတည်ရာအရပ်ရပ်သို့ လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ကံမကောင်းစွာပဲ ဓါးအလင်းတန်းများ ဆက်လက်ကျဆင်းလာသည်နှင့်အမျှ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ကြေမွသွားခဲ့ပြီး မကြာမီတွင် ကိုယ်စားအုပ်ချုပ်သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် မီတာရာနှင့်ချီအကွာမှ လေထုအလယ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
လက်ရှိ အတော်လေးစုတ်ပြတ်သတ်နေပြီး သူ၏ ရင်ဘတ်တွင် သွေးနေသောဒဏ်ရာတသစ်ခုရှိနေသည်ရို တွေ့နိုင်သည်။ ငါးထပ်ရွှေသရဖူသည် ပဲ့တင်ထပ်သံစွမ်းအား၏ ထင်ရှားသော အစိတ်အပိုင်းကို ပိတ်ဆို့ထားနိုင်သော်လည်း အကြွင်းအကျန်များကြောင့် ဒဏ်ရာရခဲ့သည်။
"ပဲ့တင်ထပ်သံသုံးခုပေါင်းစပ်ထားတဲ့စွမ်းအားက ဂုဏ်သတင်းနဲ့ ထိုက်တန်အောင် အားကောင်းတယ်......" ဟုကိုယ်စားအုပ်ချုပ်သူက ဝမ်းနည်းစွာ မှတ်ချက်ပေးခဲ့သည်။ ဖန်ချန်ယွမ်၏အကူအညီဖြင့် လီလော့ ထိန်းချုပ်နိုင်ခဲ့သော သုံးဆပဲ့တင်ထပ်သံစွမ်းအားသည် အခြေခံလောက်သာရှိသေးသော်လည်း သူ့ကိုကောင်းကောင်းကြီးအထိနာစေခဲ့သည်။
၎င်းတို့သည် အခြေခံအားဖြင့် မတူညီသော အဆင့်တွင်ရှိခဲ့သည်။
မြို့စားအဆင့်သည် ဘုရင်အဆင့်နှင့် ရင်ဆိုင်ရသောအခါတွင် မြို့စားအဆင့်ကို စိန်ခေါ်သည့် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်နှင့် မတူပေ။
"ဝိုးးး ခင်ဗျားက အကြောတင်းသားပဲ..."
ကိုယ်စားအုပ်ချုပ်သူသည် သူ၏ ထိုးနှက်ချက်ကြောင့် မသေသေးသည်မှာ အထင်ကြီးလောက်စရာပင်.... နောက်ဆုံးတွင် သူသည် ပဉ္စမအဆင့်မြို့စားတစ်ဦးဖြစ်ခဲ့သော်လည်း ပြင်းထန်သောစွမ်းအားနှင့်ရင်ဆိုင်ရာတွင် ပေါ့ပါးသောဒဏ်ရာကိုသာ ခံစားခဲ့ရပြီး ၎င်းသည် သူ၏စွမ်းရည်အတွက် သက်သေဖြစ်သည်။
"ဓါးချက်တစ်ချက်က ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုကို ဖျက်စိးနိုင်တယ်ဆိုတော့....ဓားချက်နှစ်ချက်ဆိုရင်ဘယ်လိုနေမလဲ....."
လီလော့၏ အပြုံးများ အေးစက်လာသည်။ သူသည် တစ်စုံတစ်ဦးကို ခြိမ်းခြောက်ရန် ကျောင်းအုပ်ကြီး၏ခွန်အားကို အသုံးပြုနေသော်လည်း မြို့စားတစ်ဦးကို ညှဉ်းဆဲနိုင်ခြင်းကြောင့် သူ့အား ကျေနပ်မှုအတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ခဲ့သည်။
သူသည် ကျန်းစဲ့ယွီရှန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ၏ ပဲ့တင်ထပ်သံသုံးခုကို စတင်အသက်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ သူ့ဓားမှ ထွက်ပေါ်လာသည်။
သို့သော်လည်း လီလော့သည် လက်ရည်ကျနေပြီဖြစ်သော ကိုယ်စားအုပ်ချူပ်သူကို ဆက်လက်မတိုက်ခိုက်မီတွင်၊ မှောင်စွမ်းအင်ကူးစက်ခြင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြသ်နေသည်ကိုအာရုံခံမိလိုက်သည်။
"ကမ္ဘာခြားသက်ရှိ....?!"
ကူးစက်ခံရသူသည် လီလော့နှင့် ရင်းနှီးနေသူဖြစ်နေသည်။ အလျင်အမြန် လှည့်ကြည့်လိုက်တော့ သူ့နှလုံးသား တုန်လှုပ်သွားသည်။ ဆရာချီချန်းက သူမ ပါးကို တင်းတင်းဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထိတ်သွားခဲ့သည်။ ထူထပ်သော မြူခိုးများကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအင်များ မြင့်တက်လာသည်။
ဤပြောင်းလဲမှုသည် လူတိုင်းကို အံသြစေခဲ့သည်။
ဆရာချီချန်းကို လှမ်းကြည့်လိုက်တော့ သူတို့ အားလုံး ထိတ်လန့်သွားပြီး....
"ကမ္ဘာခြားသက်ရှိတွေရဲ့အမှောင်စွမ်းအင်ကူစက်ခံထားရတာလား....?"
အခြားတစ်ဖက်တွင်မူ ကိုယ်စားအုပ်ချုပ်သူက အခြေနေကိုအခွင့်ကောင်းယူပြီး.....
"လီလော့! ဒါဆို မင်းက ကမ္ဘာခြားသက်ရှိတွေနဲ့ ပူးပေါင်းထားတယ်ပေါ့.... ချီချန်းက လော့လန်အိမ်တော်ရဲ့ လူပဲ..... အခု သူက ကူးစက်ခံထားရတယ်ဆိုတော့ အိမ်ရှင်ကိုယ်တိုင်လည်း အပြစ် ခံယူရလိမ့်မယ်!"
မြင်ကွင်းကြောင့် လူတစ်ဦးချင်းစီသုံးသပ်ချက်များ ပိုမို လေးနက်လာသည်။
ချီချန်းသာ ကူးစက်ခံထားရပါက ဤပြသာနာကို ယနေ့တွင် သေချာပေါက် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ အကယ်၍ လော့လန်အိမ်တော်သည် ၎င်းတို့နှင့် ပူးပေါင်းခဲ့ကြောင်း တွေ့ရှိပါက၊ လူအများ၏ ဝေဖန်မှုကို ခံရမည်မှာ သေချာပါသည်။ ကမ္ဘာခြားသက်ရှိများကို လူသားမျိုးနွယ်၏ အကြီးကျယ်ဆုံးရန်သူအဖြစ် သိရှိကြပြီး ၎င်းတို့နှင့် ခင်မင်ရင်းနှီးသော မည်သည့်လူသားမဆို ကြီးမားသော ကျူးလွန်မှုဟု ယူဆခံရမည်ဖြစ်သည်။