ယွီလဲ့ကျိန်စာကိုဖိနှိပ်ခြင်း...
Vol. 50 Ch. 693
ကိုယ်စားအုပ်ချုပ်သူ၏ ရက်စက်သော စကားလုံးများက လီလော့ကို ဓားသွားများသဖွယ်ထိုးနှက်နေသည်။
ချီချန်းနဲ့လီလော့တို့ကြားတွင် ရင်းနှီးပြီး ရှုပ်ထွေးသော ဆက်ဆံရေးတွေ ရှိခဲ့သည်။ လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲတွင် သူမသည် ၎င်းတို့ကို ကူညီရန် နည်းပြအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ၎င်းတို့ကြားက အထူးဆက်ဆံရေးကို သရုပ်ပြခဲ့ကြောင်း မှတ်သားထားရမည်ဖြစ်သည်။
ယခု ချီချန်းသည် ကူးစက်ခံထားရသော လက္ခဏာများ ပြသနေသောကြောင့် လော့လန်အိမ်တော်နှင့် ပတ်သက်မှု ရှိ မရှိကို လူတိုင်းသံသယဝင်နေကြပြီဖြစ်သည်။
ရုတ်တရက်ပြောင်းလဲမှုသည် ကုန်းယွမ်ကို သုတ်သင်ရန် လီလော့၏ တစ်ခုတည်းသော အာရုံစူးစိုက်မှုကိုလည်း ပျက်ပြားစေခဲ့သည်။ နည်းပြချီချန်း၏ အခြေအနေကို သေချာပေါက် အာရုံစိုက်ရမည်ဖြစ်သောကြောင့် လီလော့က လော့လန်အိမ်တော်သားများအတွက် နေရာပေးရာဆီသို့အမြန်ပြေးသွားခဲ့သည်။
သူသည် ကျန်းချင်းအာဆီသို့အရင်သွားခဲ့ပြီး နည်းပြချီချန်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ မျက်နှာဖုံးပုဝါစကျွတ်ကျနေသောကြောင့် လှပသော မျက်နှာသည် ယခုအခါ နာကျင်ခြင်းများဖြင့် ပြည့်နှက်နေသည်ကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ လက်တစ်ဖက်က သူ့မျက်နှာတစ်ဝက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ခန္ဓာကိုယ်က နာကျင်စွာ တုန်ရီနေသည်။
သူမဆုပ်ကိုင်ထားတဲ့ မျက်နှာတစ်ဝက်လောက်ဟာ ယွီလဲ့ကျိန်စာတည်ရှိရာနေရာဖြစ်ကြောင်း လီလော့ သိသည်။ အရိပ်လှိုဏ်ဂူရဲ့အောက်ခြေမှာ တံဆိပ်ခတ်ထားတဲ့ ယွီလဲ့ဘုရင်က သူ့အပေါ် ဒီအမှတ်အသားကို ချန်ထားခဲ့ခြင်းဖြစ်သည်။ လီလော့အတွက် ပဲ့တင်ထပ်သံတုပခြင်းလှည်းဘီးဖန်တီးရာတွင်ကူညီပေးခဲ့စဉ်ကလည်း ကျိန်စာထဖောက်ခဲ့ဖူးသည်။
သူမဆီမှ လွင့်ထွက်နေသော ထူထဲသော အမှောင်စွမ်းအင်မျာက ပတ်ဝန်းကျင်ရှိ လူများကို ထိတ်လန့်စေခဲ့သည်။
ကျန်းချင်းအာသည် လက်ဟန်အမူအရာအချို့ အဆက်မပြတ် ပြုလုပ်နေပြီး ၎င်းကို သန့်စင်ရန်အတွက် သူမ၏အလင်းစွမ်းအင်များကို ထုတ်လွှင့်နေသည်။ သူမ၏ အလငစွမ်းအင်များသည် တောက်ပသန့်စင်သော စွမ်းအားများပါ၀င်သည့် တောက်ပသောမှော်စာလုံးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ချီချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားကာ အမှောင်စွမ်းအင်ကူးစက်ခြင်း၏ အကျိုးသက်ရောက်မှုကို အနည်းငယ် သက်သာစေသည်။
ရှင်းနေသည်မှာ၊ ကျန်းချင်းအာ၏ အဆင့်ကိုးပဲ့တင်ထပ်သံတွက် အကျိုးသက်ရောက်စေရန် လုံလောက်သော သန့်စင်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
သူမ ကောင်းကင်ပုလဲအဆင့်တွင်ရှိသည့်အတွက် နှမြောစရာကောင်းသည်ဟုဆိုရမည်။ နည်းပြချီချန်းကဲ့သို့သောသူတစ်ယောက်ပင်လျှင် သူ့ကိုယ်သူအတွက် ကူးစက်ခံရခြင်း၏ဆိုးကျိုးများကို မနှိမ်နင်းနိုင်ခဲ့သောကြောင့် ကျန်းချင်းအာ၏ကြိုးစားအားထုတ်မှုသည် မီးလောင်နေသောလှည်းကို ရေတစ်ခွက်ဖြင့်ငြှိမ်းသတ်နေသလိုဖြစ်နေသည်။
ခဏအကြာတွင် ကျန်းချင်းအာက သက်ပြင်းချလိုက်ပြီး....
"ငါ တားလို့မရဘူး....."
" အခြားသူတွေကူးစက်ခံရပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် တားဆီးဖို့အတွက် ဒီဘေးအန္တရာယ်ကို အတူတကွနှိမ်နင်းဖို့ အကြံပြုချင်ပါတယ်.... "
ဇူချင်းဟောင်သည် ချီချန်းကို သားကောင်ကိုကြည့်နေသော ကျားတစ်ကောင်လို စိုက်ကြည့်နေပြီး အကြံပြုလိုက်သည်။
သေချာတာကတော့ သူ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိမနေခဲ့ပေ။ ယခု ချီချန်း သည် လော့လန်အိမ်တော်အဖွဲ့ဝင်ဖြစ်နေပြီး သူမကို ဖယ်ရှားလိုက်ခြင်းက လော့လန်အိမ်တော်၏ လွှမ်းမိုးမှုကို ပြင်းထန်စွာ ဟန့်တားနိုင်မည်ဖြစ်သည်။
ဤအကြံပြုချက်သည် လူအုပ်ကြီးထံမှ သဘောတူညီချက်များစွာကို လှုံ့ဆော်ပေးခဲ့သည်။
"ဒါက လော့လန်အိမ်တော် ကိစ္စပါ....ခင်ဗျား ပါဝင်ပတ်သက်စရယ မလိုအပ်ဘူး...."
လီလော့က ဇူချင်းဟောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
လီလော့၏ အံတုသော အကြည့်ကြောင့် ဇူချင်းဟောင် စိတ်ပျက်သွားခဲ့ရသည်။
"ဒီမိုက်မဲတဲ့ နတ်ဆိုးနန်းတော်အဆင့် ကောင်လေးက ဖန်ချန်ယွမ်ရဲ့ ခွန်အားကိုချေးငှားန်ိုင်တာနဲ့ အရာရာကိုသူပဲဆုံးဖြတ်နိုင်ပြီထင်နေတာလား....."
"ချီချန်းရဲ့ ကူးစက်ခံရမှာ ပေါက်ကြားခဲ့မယ်ဆိုရင် ဒါဟာ လော့လန်အိမ်တော်ရဲ့ ကိစ္စမဟုတ်တော့ဘူး။ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိရဲ့လား"
ဇူချင်းဟောင်က အေးစက်စွာ ပြုံးပြလိုက်သည်။
နှစ်ယောက်သာ ထိပ်တိုက်တွေ့ကြချိန်မှာေ ဒုကျောင်းအုပ် စုရှင်းက လေးနက်တဲ့ အမူအရာနဲ့ အလျင်စလို ရောက်လာပြီး....
“နည်းပြချီချန်းရဲ့ ကူးစက်ခံရမှုက အရိပ်လှိုဏ်ဂူအတွင်းက သုတ်သင်ရှင်းလင်းရေး မစ်ရှင်ရဲ့ နောက်ဆက်တွဲပြသာနာပါ.... ဒါကြောင့် ဒီအခြေအနေက လော့လန်အိမ်တော် နဲ့ ဘာမှ မဆိုင်ဘူး.... ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုင်းစိုင်းတဲ့ ယူဆချက်တွေကို မသုံးကြဖို့ လူတိုင်းကို အကြံပေးချင်ပါတယ်။ အရိပ် လှိုဏ်ဂူအတွင်းမှာ သုတ်သင်ရှင်းလင်းရေး မစ်ရှင်လုပ်ရတယ်ဆိုတာလဲ ရှပြည်တော်စုရဲ့ ငြိမ်းချမ်းရေးအတွက်ပဲလေ....ရှင်တို့အားလုံး ဒီကနေ အကျိုးခံစားခဲ့ရတယ်လို့ ယူဆနိုင်ပါတယ်။ဒါဟာ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ တာဝန်ဖြစ်ပေမယ့် ဒီကလူတွေကတော့ မစ်ရှင်ကြောင့်ဒဏ်ရာရသူတွေကို စာနာထောက်ထားနိုင်မယ်လို့မျှော်လင့်မိပါတယ်..... "
ဒုကျောင်းအုပ်စုရှင်း ၏ ပြတ်ပြတ်သားသား စကားများကို ကြားလိုက်ရသောအခါ ဇူချင်းဟောင်၏ အမူအရာသည် တင်းကျပ်လာသည်။ မည်သို့ပင်ဆိုစေ သူသည် ကြယ်တာယာခရီးရှည်ကောလိပ်နှင့် စုရှင်းကို ကြောက်နေသေးသဖြင့် ဘာမှပြန်မပြောဘဲ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
ကျန်ခေါင်းဆောင်များသည်လည်း အလားတူ ရှက်ရွံ့ကြသော်လည်း၊ "ဒီကိစ္စအတွက် ဒုကျောင်းအုပ်ကြီး စုရှင်းမှာ အဖြေရှိလား" ဟု စိုးရိမ်တကြီး မေးလိုက်ကြသည်။
စုရှင်းက ချီချန်းကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ချီချန်း၏ ကျိန်စာ အဘယ်ကြောင့် ရုတ်တရက် ထဖောက်လာသည်ကို သူမ နားမလည်ပေ။
အဖြေတစ်ခုကို အကျဉ်းချုံးစဉ်းစားပြီးနောက် စုရှင်းက .....
"လီလော့၊ ငါ မင်းကို အားကိုးရမယ်....မင်းကျောင်းအုပ်ကြီးရဲ့ စွမ်းအားကို ပိုင်ဆိုင်ရတာ ကံကောင်းတယ်... ယွီလဲ့ဘုရင် ကျိန်စာကို နှိမ်နှင်းဖို့ ဘုရင်အဆင့်ကျွမ်းကျင်သူရဲ့ခွန်အားကိုသုံးရမယ်....."
ထို့နောက် ခေတ္တရပ်လိုက်ပြီး သူမ၏ စကားများကို ဖြည့်စွက်ပြောလိုက်သည်။
"ဒါပေမယ့် မင်းဒီလိုလုပ်ရင် ကျောင်းအုပ် မင်းကိုပေးခဲ့တဲ့ ခွန်အားတွေ ကုန်သွားလိမ့်မယ်။"
ထို့နောက် သူမက ကုန်းယွမ်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ပြန်လည်ညှိနှိုင်း၍မရသော အခြေနေသို့ရောက်နေကြပြီဖြစ်သည်။ ဤလမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ပါက လီလော့သည် သူ၏ပန်းတိုင်ကို ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။ ကံမကောင်းစွာပဲ၊ ချီချန်း၏ပြဿနာကြောင့် လီလော့၏အစီအစဉ်များကိုရပ်တန့်သွားစေခဲ့သည်။
အကယ်၍ လီလော့သာ ယွီလဲ့ကျိန်စာကို နှိမ်နင်းရာတွင် ချီချန်းကို ကူညီပေးခဲ့ပါက ကိုယ်စားအုပ်ချုပ်သူအတွက် လွတ်လမ်းဖောက်ပေးလိုက်သလိုဖြစ်သွားပေလိမ့်မည်။
လီလော့က.... "အလျင်စလိုစရာမလိုဘူး...ကုန်းယွမ်ကို နှစ်ချက်လောက်နဲ့ရှင်းလို့ရတယ်.... ဒီပြဿနာကို ဖြေရှင်းပြီးတာနဲ့ သူ့ကို ရှင်းပစ်မယ်......"
ကိုယ်စားအုပ်ချုပ်သူကိုရှင်းပစ်ဖ်ို့က အရေးကြီးပေမယ့် ချီချန်းက လီလော့ကို အများကြီး ကူညီပေးခဲ့ဖူးသူဖြစ်သည်။ သူသည် သူမ၏ဘဝကို လျစ်လျူရှုပြီး ကုန်းယွမ်ကို အပြီးသတ်ရန် အာရုံစိုက်နေပါက၊ စိတ်ဖြောင့်နိုင်မည်မဟုတ်ပေ။
ဒုကျောင်းအုပ် စုရှင်းက ဘာအမူအရာမှမပြခဲ့ပေမယ့် လီလော့ရဲ့ ဆုံးဖြတ်ချက်ကို သူမရဲ့ နှလုံးသားထဲကနေအတည်ပြုခဲ့သည်။
ဤကလေးသည် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး ကျေးဇူးဆပ်နည်းကို သိသည်။ မဟုတ်ပါက ချီချန်းကို အကူအညီ ပေးခွင့်ပြုရန် သူမ၏ ဆုံးဖြတ်ချက်သည် အချည်းနှီးဖြစ်ပေလိမ့်မည်။
ကျေးဇူးတရားကို ဘယ်လိုဆပ်ရမှန်းမသိတဲ့ မျက်လုံးဖြူဝံပုလွေတစ်ကောင်တွင် အရည်အချင်းဘယ်လောက်ရှိရှိ ပြုစုပျိုးထောင်ဖို့၊ ကာကွယ်ဖို့ မထိုက်တန်ပေ။
ထို့နောက် ဒုကျောင်းအုပ်ကြီးစုရှင်းက ကိုယ်စားအုပ်ချုပ်သူ ဘက်သို့ လှည့်လိုက်ပြီူ.....
"ကိုယ်စားအုပ်ချုပ်သူ၊ ကျွန်မတို့ကောလိပ်က တော်ဝင်တရားရုံးကိစ္စတွေမှာ ဝင်မစွက်ဖက်ချင်ဘူး.....ဒါပေမယ့် အခြေအနေအရ ချီချန်းရဲ့ ကျိန်စာကိုနှိမ်နှင်းဖို့ လီလော့ ရဲ့အကူအညီလိုတယ်....ဒါကြောင့် ရှင် ခဏလောက်စောင့်ပေးပါ.....ကျိန်စာကိုနှိမ်နင်းပြီးရင် ရှင်တို့စိတ်ကြိုက်လုပ်လို့ရပြီ....."
ကိုယ်စားအုပ်ချုပ်သူက မျက်မှောင်ကြုတ်လိုက်ပြီး.....
"ဒုကျောင်းအုပ် စုရှင်း၊ ချီချန်းက ကောလိပ်က ထွက်သွားပြီးပြီ...မင်းမှာ သူ့ကို ကာကွယ်ဖို့ အကြောင်းပြချက် မရှိဘူး...."
လီလော့သာ ချီချန်းကို ကူညီနိုင်ခဲ့လျှင် ကိုယ်စားအုပ်ချုပ်သူကို တိုက်ခိုက်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မည်။ သို့သော်လည်း ဒုကျောင်းအုပ်ကြီးစုရှင်း ပြောခဲ့သည့်အတိုင်း ပြဿနာတစ်စုံတစ်ရာ ဖန်တီးရန် ၎င်းကို အခွင့်ကောင်းမယူရန် အကြံပြုခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ....ကူးစက်မှုက တစ်မြို့လုံးရဲ့ သာယာဝပြောမှုကို ထိခိုက်စေလိမ့်မယ်...ဒီပြသာနာက ရှင်တစ်ယောက်တည်းအတွက်တင်မကဘဲ မည်သူတစ်ဦးတစ်ယောက်အတွက်မှ အကျိုးရိမှာမဟုတ်ဘူး...ဒါ့ကြောင့် ပြသာနာဖြေရှင်းဖို့နှောင့်နှေးနေလို့မဖြစ်ဘူး.... ရှင့်မှာ ကျိန်စာကိုဖြေရှင်းဖို့နည်းလမ်းရှိလား...မရှိဘူးဆိုရင် လီလော့ဖြေရှင်းပြီးတဲ့အထိ အေးဆေးထိုင်စောင့်နေလိုက်..."
ရွှေနဂါးဘဏ်ဘက်မှ ယုဟုန်ရှီ၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
သူမ၏ ထင်မြင်ယူဆချက်ကြောင့် အားလုံး ပျာယာခတ်ကုန်ကြသည်။ ရွှေနဂါးဘဏ်သည် ကျောင်းတော် သို့မဟုတ် တော်ဝင်နန်းတော်ထက် မပျော့ညံ့သော ရှပြည်တော်စု ၏ မဟာအင်အားစုလည်းဖြစ်သည်။
ယုဟုန်ရှီပင်လျှင် ဒုကျောင်းအုပ်စုရှင်း၏ ရည်ရွယ်ချက်ကို သဘောတူလျှင် ကိုယ်စားအုပ်ချုပ်သူ ငြိမ်သက်စွာ ထိုင်နေရလိမ့်မည်။
"ရွှေနဂါးဘဏ်က ကြားနေရပ်တည်ချက်ကို အဆုံးသတ်လိုက်ပြီလား...."
ကိုယ်စားအုပ်ချုပ်သူက မှုန်ကုပ်ကုပ်နဲ့ မေးလိုက်သည်။
“ရွှေနဂါးဘဏ်ရဲ့ ကြားနေဝါဒက ဘယ်တော့မှ မပြောင်းလဲတဲ့ အရာပါ။ဒါပေမယ့် ကူးစက်မှု ပြန့်နှံ့သွားရင်တော့ ကျွန်မတို့ ဘယ်လို စီးပွားရေး လုပ်နိုင်မှာလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့က ဦးစားပေး ကိစ္စပဲလေ.... အကျိုးစီးပွားကို ထိပါးလာမယ့်ကိစ္စကို ဘယ်သူလက်ပိုက်ကြည့်နေနိုင်မှာလဲ...... “
သူမ၏စကားများသည် ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသည်။ ကုန်းယွမ်ပဲဖြစ်ဖြစ်မင်းသမီးပဲ ဖြစ်ဖြစ် ဘယ်သူ အာဏာရခဲ့လဲ သူတို့အတွက် သိပ်အရေးမကြီးပေ။ အဆုံးမှာတော့ သူတို့နဲ့ စီးပွားရေးလုပ်လို့ရသေးသည်။ကံဆိုးစွာဖြင့် ကူးစက်မှု ပြန့်ပွားပြီး ကမ္ဘာခြားသက်ရှိများကျူးကျော်လာလျှင် မည်သို့စီးပွားရှာနိုင်မည်နည်း....
ယုဟုန်ရှီ၏ ခိုင်လုံသောအကြောင်းပြချက်ကြောင့် ကိုယ်စားအုပ်ချုပ်သူ အေးစက်စွာ အော်ဟစ်ရုံသာတတ်နိုင်ခဲ့သည်။
တစ်ဖက်တွင် လီလော့သည် ကိုယ်စားအုပ်ချုပ်သူကို လုံးဝလျစ်လျူရှုခဲ့ပြီး ချီချန်း ၏ နံဘေးသို့ အလျင်အမြန် ပြေးသွားပြီး သူမ၏ နူးညံ့သော လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်မှာ ကျန်းစဲ့ယွီရှန်းဓားကို ဆုပ်ကိုင်ထားသည်။
ခဏအကြာတွင် ဓါးမှ ထုတ်လွှတ်သော ပြင်းထန်သော စွမ်းအင်ကို သူ နှိုးဆွလိုက်သည်။
ပဲ့တင်ထပ်သံသုံးခုရောင်ခြည်သည် ချီချန်း၏ခန္ဓာကိုယ်ထဲသို့ မရောက်မီ ဆန်းကြယ်သော တောက်ပမှုဖြင့် သူ၏ လက်ဖျံပေါ်တွင် ပေါ်လာသည်။
ပဲ့တင်ထပ်သံသုံးခုရောင်ခြည် ဆက်လက်လည်ပတ်နေပြီး ချီချန်း၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအင်ကိုများကို တိုက်ရိုက် စုပ်ယူလိုက်သည်။
တခဏအကြာတွင် အမှောင်စွမ်းအင်များ သဲလွန်စ မကျန်တော့ဘဲ တိုက်ရိုက် ပြိုကွဲသွားသည်။
စုရှင်းပြောခဲ့သည့်အတိုင်း အမှန်ပင်။ ပဲ့တင်ထပ်သံသုံးခုပေါင်းစပ်စွမ်းအားများက ယွီလဲ့ကျိန်စာကို နှိမ်နင်းနိုင်စွမ်းရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ ချီချန်း၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအင်များ လျော့နည်းလာသည်။ ပဲ့တင်ထပ်သံသုံးခုရောင်ခြည်ဖြင့် နောက်ဆုံးလက်ကျန်ကို သန့်စင်လိုက်သည်နှင့်၊ ရောင်ခြည်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချီချန်း၏မျက်လုံးတွင် ငါးအနက်ရောင်ငါးလေးတစ်ကောင်ကို ဝိုင်းရံထားသည့် သုံးရောင်ခြယ်စက်ဝိုင်းတစ်ခု ဖြစ်လာသည်။
နောက်ဆုံးတွင်၊ ငါးနက်သည် ရုန်းကန်ခြင်းကို ရပ်လိုက်ပြီး သူမ၏ပါးပြင်ပေါ်တွင် တက်တူးတစ်ခုအဖြစ် တဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည်။
ဒုကျောင်းအုပ်စုရှင်းနှင့် ကျန်သူများ အခုမှသာ သက်ပြင်းချနိုင်ကြသည်။
တစ်ဖက်တွင်မူ သူမ နိုးလာချိန်တွင် ချီချန်း၏မျက်လုံးများအတွင်း ကြည်လင်ပြတ်သားမှုအရိပ်အမြွက်ထွက်ပေါ်လာသည်။ သူမ ပထမဆုံးလုပ်ခဲ့တာက.....
"ဒုကျောင်းအုပ်ကြီး.... ကောလိပ်မှာ အနှောက်အယှက်တစ်ခုရှိနေပြီ.... တစ်ယောက်ယောက်က ယွီလဲ့ဘုရင် ကျိန်စာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အစပျိုးခဲ့ပြီး သူတို့ရဲ့ ရည်ရွယ်ချက်က ရှန်းလိသစ်ပင်ကို ဖျက်ဆီးပစ်ဖို့ပဲ"
သူမ ကျိန်စာဖောက်နေသည့် အခိုက်အတန့်တွင် ကောလိပ်အတွင်း ဖြစ်ပျက်နေသည့် မြင်ကွင်းများကို ထူးဆန်းသော ဆက်သွယ်မှုမှတစ်ဆင့် မြင်ခဲ့ရသည်။
သူမ၏ စိတ်ဆင်းရဲစရာ စကားများက လူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုလို မြည်ဟီးနေသည်။
လက်ထောက်ကျောင်းအုပ်စုရှင်း၊ ယုဟုန်ရှီနှင့် ကျန်သူများပင်လျှင် ထိုစကားကြောင့် သွေးမရှိတော့သလို ဖြူဖျော့သွားကြသည်။