← Chapters

အင်အားစုဆောင်းခြင်း.....

Vol. 50 Ch. 694

အင်အားစုဆောင်းခြင်း.....

Vol. 50 Ch. 694

သူမ၏ စကားများက လူတိုင်းကို အမူအရာ ပြောင်းလဲသွားစေသည်။

ကြယ်တာယာခရီးရှည်ကောလိပ်၏ ရှန်းလိသစ်ပင်ကို ဖျက်ဆီးခြင်းကဲ့သို့သော ရူးသွပ်သောလုပ်ရပ်ကို လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ဘယ်သူက ဒီလောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းမှာလဲ.......

"ကောလိပ်ရဲ့ ရှန်းလိသစ်ပင်က အရိပ်လှိုဏ်ဂူကို နှိမ်နှင်းပေးထားတယ်....သစ်ပင်ပျက်စီးပြီးတာနဲ့ အရိပ်လှိိုဏ်ဂူ ပွင့်လာလိမ့်မယ်.... ကျောင်းအုပ်ကြီးက အရိပ်လှိိုဏ်ဂူထဲမှာ ယွီလဲ့ဘုရင် ထိန်းသိမ်းထားတယ်....ကျောင်းအုပ်ကြီးရှိမနေတာကိုခွင့်ကောင်းယူကြီး တစ်ယောက်ယောက်က ပိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုကို ကြံစည်နေတာ သေချာတယ်....."

ဒုကျောင်းအုပ်စုရှင်း၏ အမူအရာက အေးစက်နေပြီး သူမ၏ လိမ္မာပါးနပ်သော အကြည့်ထဲတွင် ဒေါသအငွေ့အသက်ကို မြင်နိုင်သည်။

"ဒီလိုကြံစည်မှုမျိုးကို အကောင်အထည်ဖော်ဝံ့သူဟာ ရှပြည်တော်စုကို ပစ်မှတ်ထားနေတဲဲ့ အားအင်စုတစ်ခုဖြစ်နေမှာသေချာတယ်.... အရိပ်လှိိုဏ်ဂူ ပွင့်သွားတာနဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်....အဲ့အခါကျရင် ရှပြည်ထောင်စုအတွက် ငြိမ်းချမ်းတဲ့နေ့ဆိုတာ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး!"

ဤပြင်းထန်သောသတိပေးချက်ကြောင့် အားလုံး၏ အမူအရာများ လေးနက်လာကြသည်။ကမ္ဘာခြားသက်ရှိများ၏ ဖိအားများသည် အင်မတန် ကြောက်စရာကောင်းပြီး အကျိုးဆက်များကို ရှင်းရှင်းလင်းလင်း သိကြသည်။ အခြားသော သဘာဝဘေးများသည် ရံဖန်ရံခါ အရှေ့ကောင်းကင်တိုက်ကြီးတွင် ဖြစ်ပွားခဲ့ပြီး ဖွံ့ဖြိုးပြီး တန်ခိုးကြီးသောနိုင်ငံကိုပင် အချိန်တိုတိုအတွင်း ဖုန်းဆိုးမြေအဖြစ်သို့ပြောင်းလဲသွားစေနိုင်သည်။

ဤသည်မှာ သဘာဝကပ်ဘေးထက် ပိုမို၍ ကြောက်စရာအကောင်းဆုံး ဘေးဆိုးကြီးဖြစ်သည်။

လီလော့နှင့် ကျန်းချင်းအာတို့ တစ်ယောက်ကိုတစ်ယောက် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။ ရှန့်ပိန်းတွေ့ဆုံပွဲအတွင်း မဟူရာလေပြင်းအင်ပါယာကို ရောက်ခဲ့ကြသဖြင့် ကြောက်စရာကောင်းသော မြင်ကွင်းများသည် ၎င်းတို့၏ စိတ်ထဲတွင် ဆန်းသစ်နေသေးပြီး ရှပြည်ထောင်စုတွင် အလားတူဖြစ်ရပ်မျိုးဖြစ်လာမည်ဆိုလျှင် အကျိုးဆက်များကို မတွေးဝံ့တော့ပေ။

ရှပြည်ထောင်စုသည် ၎င်းတို့၏ မွေးရပ်မြေဖြစ်ပြီး နက်နဲသော ခံစားချက်များနှင့် အမှတ်တရများကို သိမ်းဆည်းထားကြသည်။ ထို့ကြောင့်၊ သူတို့သည် စည်ကားပြီး ရှင်သန်နေသော ရှပြည်တော်စုကို ငရဲအဖြစ်သို့ ပြောင်းလဲသွားသည်ကို မမြင်လိုကြပေ။

"လူတိုင်း လက်ရှိအာဃာဓတွေကိုခဏဘေးဖယ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်ကို ကူညီဖို့ မျှော်လင့်ပါတယ်...."

ဒုကျောင်းအုပ်စုရှင်းသည် လူအုပ်ကြားတွင် သူမ၏အကြည့်များကို လွှမ်းခြုံကာ ကိုယ်စားအုပ်ချုပ်သူနှင့် မင်းသမီးကို အချိန်ကြာကြာပို၍စိုက်ကြည့်နေသည်။

"ဒီနေ့ နန်းတက်ပွဲကို ရက်ရွှေ့ဖို့ အကြံပြုချင်ပါတယ်...."

ကြယ်တာယာခရီးရှည်ကောလိပ်ကို ဆန့်ကျင်ဖို့ မကြောက်တဲ့ စွမ်းအားက ရှပြည်တော်စုထဲကမဟုတ်နိုင်ပေ။ကြယ်တာယာခရီးရှည်ကောလိပ်နှင့်နှိုင်းယှဉ်နိုင်သော တော်ဝင်နန်းတွင်းနှင့် ရွှေနဂါးဘဏ်တိုက်တွင် ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားများ မရှိသည့်အပြင် အရိပ်လှိုဏ်ဂူကို ဖိနှိပ်ပေးခါးသည့် ရှန်းလိသစ်ပင် ဖျက်ဆီးရန် အကြောင်းမရှိပေ။

ကမ္ဘာခြားသက်ရှိများ ကျူးကျော်လာပါက ရှပြည်တော်စုအတွင်းရှိ အင်အားစုတိုင်း ထိခိုက်သွားမည်ဖြစ်သည်။

ရလဒ်အနေဖြင့် ဖြစ်နိုင်ချေတစ်ခုသာရှိခဲ့သည်၊ ၎င်းမှာ ရှပြည်ထောင်စုအပြင်ဘက်မှ အင်အားစုများ၏လက်ချက်ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဤအင်အားစု ပိုင်ဆိုင်ထားသော ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ရုတ်တရက်ဖြစ်ရပ်များ၏ ကွင်းဆက်များသည် အချိန်အတော်ကြာအောင် သေချာစီစဉ်ထားပြီး ဖြစ်ရမည်။အရေးကြီးသောအချိန်၌ပင် အချက်အလက်များကို ဖုံးကွယ်ထားနိုင်သည့် ၎င်းတို့၏ အင်အားက လုံးဝကိုပေါ့သေးသေးမဟုတ်နိုင်ပေ။

ဒုကျောင်းအုပ်စုရှင်းသည် ကြီးမားသောလက်မည်းကြီးတစ်ခုက ကောလိပ်တစ်ခုလုံးကို ဆုပ်ကိုင်ထားပြီးသားဖြစ်သည်ကို စိတ်ကူးကြည့်နိုင်နေပြီဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမတစ်ယောက်တည်း အရိပ်ထဲမှကြိုးကိုင်သူကို တွန်းလှန်ဖို့ ယုံကြည်မှု သိပ်မရှိခဲ့ပေ။ ကြယ်တာယာခရီးရှည်ကောလိပ်သည် နိုင်ငံတော်၏ အင်အားအရှိဆုံးအဖွဲ့များထဲမှ တစ်ခုဖြစ်ပြီး လက်ရှိပြသာနာက တစ်နိုင်ငံလုံးနှင့်သက်ဆိုင်နေသည်။ ထို့ကြောင့် အခြားသော အင်အားကြီးများ၏ အကူအညီကို မှီခိုအားထားရတော့မည်။

မင်းသမီးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး....

"ရှန်းလိသစ်ပင်ရဲ့ အကာအကွယ်က အရေးအကြီးဆုံးပါ.....ဒုတိယကျောင်းအုပ်ရဲ့ အကြံပြုချက်ကို ကျွန်မ ကျေကျေနပ်နပ် အသိအမှတ်ပြုပါတယ်....."

နန်းတက်ပွဲက အရေးကြီးပေမယ့် အရိပ်လှိိုဏ်ဂူက ပိုလို့တောင် အရေးကြီးသည်ကို သူမ နားလည်သည်။

သူမနှင့် ကုန်းယွမ်တို့၏ ရန်စ မည်မျှ ပြင်းထန်နေပါစေ တော်ဝင်နန်းတော်သည် ကုန်းမိသားစုနှင့်သာသက်ဆိုင်သည်။ အကယ်၍ ကမ္ဘာခြားသက်ရှိများ ကျူးကျော်လာ၍ ရှပြည်ထောင်စုကို ဘေးဒုက္ခတစ်ခု ကျရောက်စေခဲ့ပါက၊ ကုန်းမိသားစုနှင့် နိုင်ငံတော်နှစ်ခုစလုံးသည် ပြာပုံထဲတွင် ကျန်ရစ်လိမ့်မည်။ ထိုအချိန်တွင် သူမသေဆုံးသွားပါက တမလွန်တွင် ဘိုးဘေးများကို ရင်ဆိုင်ဝံ့မည်မဟုတ်ပေ။

ကိုယ်စားအုပ်ချုပ်သူ၏ အမူအရာမှာ မပြောင်းလဲသေးသော်လည်း သူ့စိတ်နှလုံးမှာ ငြိမ်သက်ခြင်းမရှိပေ။ အခြားသူတွေ တရားခံဘယ်သူလဲဆိုတာ မသိနိုင်ပေမယ့် သူကတော့ သေချာသိနေသည်။

သူ့မဟာမိတ်တွေ ပြတ်ပြတ်သားသား လှုပ်ရှားနေခဲ့ပြီ......

သို့သော်၊ ရှန်းလိသစ်ပင်ကို ဖျက်စီးပစ်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ကိုယ်စားအုပ်ချုပ်သူ တုန်လှုပ်သွားခဲ့သည်။ထူးဆန်းသောလူငယ်ကို မထင်မှတ်လောက်အောင် အစွမ်းထက်သော အုပ်စုတစ်ခုက ကျောထောက်နောက်ခံပြုထားသည်ကို သူသိသည်။ တစ်ချိန်တည်းမှာပင် လူငယ်က ဖန်ချန်ယွမ် နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် ဖန်ချန်းယွမ် တခြားနည်းနဲ့ ဝင်စွက်ဖက်မယ်ဆိုရင်တောင် သူ့ကို ရပ်တန့်ပစ်မှာ သေချာသည်ဟု အာမခံခဲ့သည်။

ဖန်ချန်ယွမ်ကို ချုပ်နှောင်ဖို့ ရှန်းလိသစ်ပင်ကိုဖျက်စီးလိုက်လျှင် အရိပ်လှိုဏ်ဂူ မည်သို့ဖြစ်သွားမည်နည်း.....

ကမ္ဘာခြားသက်ရှိတွေ အရိပ်လှိုဏ်ဂူထဲကထွက်လာပါက ဖြစ်ပေါ်လာမည့် ဘေးဆိုးက မှန်းဆရခက်လိမ့်မည်။ မကြာသေးမီနှစ်များအတွင်း အရှေ့ပိုင်းတစ်ခွင်ရှိ မရေမတွက်နိုင်သော သာယာဝပြောသောနိုင်ငံတော်များသည် ကမ္ဘာခြားသက်ရှိများ၏ ဖျက်ဆီးခြင်းခံခဲ့ရကာ ဖုန်းဆိုးမြေများဖြစ်ကုန်ချေပြီ။

"သူတို့ ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ"

လက်ရှိအခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေပုံရသော်လည်း ဒီအကြောင်းကို ဒုကျောင်းအုပ်စုရှင်းကို ပြောလိုက်လို့မဖြစ်သေးချေ။ သူတို့သာ တစ်ဖွဲ့တည်းဖြစ်သည်ကို သိသည်နှင့်တပြိုင်နက် အားလုံးက သူ့ကို ဆန့်ကျင်ကြလိမ့်မည်။

"ဒုကျောင်းအုပ်စုရှင်း ပြောတာမှန်ပါတယ်.... ရှပြည်တော်စုရဲ့တည်ရှိမှုက အရိပ်လှိိုဏ်ဂူ ရဲ့တည်ငြိမ်မှုနဲ့ဆက်စပ်နေတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူရှိနေပါစေ ရှပြည်တော်စုရဲ့ရန်သူပဲ... !"

စုရှင်းက သူ့ကို စိုက်ကြည့်နေသည်။

ဤအချက်ကို ကုန်းယွမ် သဘောမတူပါက သဘာဝအတိုင်း သံသယပွားမိလိမ့်မည်။

ယုဟုန်ရှီက ဒုကျောင်းအုပ်စုရှင်း ကိုကြည့်ရင်း.... "ကျွန်မတို့ ရွှေနဂါးဘဏ်ကလည်း အစွမ်းကုန်ကူညီပါ့မယ်"

"ကျေးဇူးတင်ပါတယ် ဉက္ကဌယု...."

ရွှေနဂါးဘဏ်တိုက်သည် ထပ်တူထပ်မျှ အင်အားကြီးမားပြီး ၎င်းတို့၏ အကူအညီက များစွာ ထိရောက်ပေလိမ့်မည်။

ကျန်တဲ့ စွမ်းအားရှင်တွေကလည်း ကူညီဖို့ ရည်ရွယ်ချက်နဲ့ အလားတူ ခေါင်းညိတ်လိုက်ကြသည်။

"လီလော့၊ မင်းက ကျောင်းအုပ်ကြီးနဲ့ လောလောဆယ် အဆက်အသွယ် ရှိတယ်။ လက်ရှိ အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူ့ဆီ သတင်းပို့ပေးပါ...." ဟု ဒုကျောင်းအုပ်စုရှင်းက လီလော့ကို အမိန့်ပေးလိုက်သည်။

လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းက ယခင်ကနှင့်မတူတော့ပေ။ ရန်သူဘက်က ကောင်းစွာပြင်ဆင်ထားပြီး၊ သူမ အနေဖြင့် ရှပြည်တော်စု၏ အပြင်းထန်ဆုံးသော အင်အားတစ်ဝက်ကို စုဆောင်းထားသော်လည်း အောင်မြင်မည်ဟု မယုံကြည်ရဲသေးပေ။ ထို့ကြောင့် ကျောင်းအုပ်ကြီးထံ သေချာပေါက် သတင်းပို့ရမည်။

"အဲ့လိုလုပ်စရာလိုမယ်မထင်ဘူး"

လီလော့က သူ့လက်ထဲက ကျန်းစဲ့ယွီရှန်းဓား ကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။ ပဲ့တင်ထပ်သံသုံးခုရောင်ခြည် တိတ်တဆိတ် ကွယ်ပျောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ဆုတ်ယုတ်သွားသည်ကို လူတိုင်း မြင်နိုင်သည်။

ကျောင်းအုပ်ကြီးက သူ့အာဏာကို သူ့ဘာသာသူ ပြန်ရုပ်သိမ်းခဲ့ပြီ......

အခြေအနေကိုကြည့်လိုက်တော့ ပြင်ပကမ္ဘာမှာ တစ်ခုခုဖြစ်ခဲ့တာကို သူသိပြီး ပြဿနာကို အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရသည်။

ဒါကိုမြင်တော့ ဒုကျောင်းအုပ်စုရှင်း၏ နှလုံးသားထဲတွင် လေးနက်သော ခံစားချက်ကို ခံစားလိုက်ရသည်။ လက်ရှိ အဖြစ်အပျက်များသည် ရိုးရှင်းလွန်းလှပြီး သူမလို ခံနိုင်ရည်ရှိသူပင်လျှင် စိတ်လေးနေမိသည်။

ကြယ်တာယာခရီးရှည်ကောလိပ်သည် ယခုအခါ ကြီးမားသော အကျပ်အတည်းနှင့်ကြုံတွေ့နေရပြီဖြစ်သည်။

"သွားကြစို့....ဘယ်သူပဲဖြစ်ဖြစ် အရိပ်လှိိုဏ်ဂူ ကိုဖွင့်ချင်ရင် ငါတို့ရဲ့ အမျက်ဒေါသကို ရင်ဆိုင်ရလိမ့်မယ်....."

သူမ၏အသံ လူအုပ်ကြားတွင် ပဲ့တင်ထပ်နေချိန်တွင် သူမ၏ခန္ဓာကိုယ်မှပြင်းထန်သောစွမ်းအားများ ထွက်လာပြီး ကြယ်တာယာခရီးရှည်ကောလိပ် ဆီသို့ အလင်းတန်းတစ်ခု သဖွယ် လျင်မြန်စွာ ခရီးနှင်သွားချေပြီ။

ကျန်မြို့စားအဆင့်များသည်လည်း အလားတူလုပ်ဆောင်ကြပြီး ကောင်းကင်ကိုဖြတ်ကာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

"လီလော့၊ ငါ့ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်"

နည်းပြချီချန်းသည် ထွက်ခွါသွားခါနီးတွင် လီလော့အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

"ဆရာ၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး... အခက်အခဲတွေ အများကြီးထဲကမှ ဆရာ ကျွန်တော့်ကို ကူညီခဲ့ပြီးပြီ၊ ..ကျွန်တော်က ကျောင်းအုပ်ကြီးရဲ့ အာဏာကို ချေးငှားခဲ့ရုံပါ....."

သူမ၏ အဖြူရောင်ပါးပြင်ကို ဖျတ်ခနဲထိလိုက်ကာ၊ ယခုအခါ သုံးရောင်ရောင်အလင်းတန်းဖြင့် ဝန်းရံထားသည့် ယွီလဲ့ ကျိန်စာအမှတ်အသားကိုကြောင့် အနည်းငယ် တုန်လှုပ်သွားလေသည်။ ယွီလဲ့ဘုရင်ကျိန်စာက ကြောက်စရာကောင်းလွန်းလှသည် သူမ ကျိန်စာမိပြီးကတည်းက အဆုံးမရှိ နှိပ်စက်ညှဉ်းပန်းမှုတွေကို ဆက်တိုက်ခံစားခဲ့ရသည်။

လီလော့သ. ပဲ့တင်ထပ်သံသုံးခုပေါင်းစပ် စွမ်းအားကို ကိုင်စွဲထားနိုင်ခြင်းမရှိပါက၊ ယွီလဲ့ကျိန်စာကို နှိမ်နင်းရန် အလွန်ခက်ခဲပေလိမ့်မည်။ ဖြစ်နိုင်ခြေရလဒ်မှာ ကူးစက်ခံရမှု ထပ်မံမပေါက်ကြားစေရန်အတွက် ဒုကျောင်းအုပ်စုရှင်း၏လက်ချက်ဖြင့် သူမသေဆုံးရလိမ့်မည်။

"ဆရာ...ဒီကျိန်စာကို အမြစ်ဖြတ်သုတ်သင်လို့မရဘူးလား...."

ယွီလဲ့ကျိန်စာသည် သူမအတွက် ချောက်ချားစရာဖြစ်လာကြောင်း သူသိသည်။

"ဒါက ယွီလဲ့ဘုရင်ရဲ့ မူလကံကြမ္မာကျိန်စာပဲ။ အဲဒါကို ရှင်းပစ်ဖို့ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီလိုလိမ့်မယ်...ကျောင်းအုပ်ကြီးတစ်ယောက်ပဲ ကူညီနိုင်မယ်ဆိုပေမယ့် ကျောင်းအုပ်ကြီးက ဒီနှစ်တွေအတွင်း အရိပ်လှိုဏ်ဂူထဲက ထွက်လာဖို့ အခွင့်အရေး မရှိခဲ့ဘူး...."

လီလော့ သူမကို ဘယ်လိုဖြေသိမ့်ရမှန်းမသိတော့သဖြင့် သက်ပြင်းချလိုက်မိသည်။

"မင်း ကောလိပ်ကို သွားကြည့်ချင်တာလား....."

နည်းပြချီချန်းသည် ထိုအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။

လီလော့နှင့် ကျန်းချင်းအာသည် ခဏတာ မျက်နှာချင်းဆိုင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ အရိပ်လှိုဏ်ဂူ၏အခြေအနေသည် အလွန်စိုးရိမ်ရပြီး ရှပြည်တော်စု၏ရှင်သန်မှုကို ဆုံးဖြတ်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် များစွာအထောက်အကူဖြစ်မည်မဟုတ်ကြောင်း သိသော်လည်း ကူညီနိူင်သည့်အပိုင်းတွင် ကူညီပေးရန် ကောလိပ်

ကိုသွားဖို့ဆုံးဖြတ်လိုက်ကြသည်။

"ဒါဆို မင်းတိူ့ကို ငါလိုက်ပို့ပေးမယ်..."

ချီချန်းသည် သူမ၏လက်များကို ဆန့်တန်းကာ လီလောနှင့်ကျန်းချင်းအာတို့၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

ကောင်းကင်ယံကို ဖြတ်ကျော်သွားချိန်မှာ လီလော့တစ်ယောက် ရှုပ်ထွေးသော အတွေးများဖြင့် ယခုမြင်နေရသော ရှမြို့တော်ကို ငုံ့ကြည့်နေသည်။ အလားတူပင် ရှမြို့တော် မှလူကလည်ယ ကောင်းကင်သို့ မျှော်ကြည့်နေကြသည်။ မြို့တော်တစ်ခုလုံး ဘာမှမဖြစ်သလို လှုပ်ရှားမှုများဖြင့် စည်ကားနေဆဲပင်....

ဤအံ့ဖွယ်ကောင်းသော အမှတ်ရစရာများအတိုင်း အေးချမ်းသာယာဝပြောသောမြို့အဖြစ် ဆက်လက်တည်ရှိနေမည်လား မည်သူမျှ တပ်အပ်မပြောနိုင်ခဲ့ပေ။

ဖြစ်ပျက်ခဲ့သမျှသည် အပြင်းထန်ဆုံးမျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့ချေပြီ။

All Chapters