ကောလိပ်၏ဘေးအန္တရာယ်....
Vol. 50 Ch. 695
ကြယ်တာယာခရီးရှည်ကောလိပ်တွင်.....
ယခင်က သာယာပြီး လိုက်လျောညီထွေရှိသော လေထုသည် ယခုအခါ ဖရိုဖရဲဖြစ်ပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
ရွှေအဆင့်နှင့်ငွေအဆင့်နည်းပြများသည် ကျောင်းသားများအား ကောလိပ်မှ ထွက်ခွာရန် အဆက်မပြတ် ညွှန်ကြားပြီး စိုးရိမ်ထိတ်လန့်နေကြသည်။ ကျွမ်းကျင်သူများ ထိပ်တိုက်တွေ့ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျများကို အဝေးမှပင် ခံစားနိုင်သည်။ ဤတိုက်ပွဲများသည် ဘေးဆိုးကြီးအသက်ဝင်လာသလိုပင်။ သူတို့သည် ဝေးကွာနေသော်လည်း၊ ဖိနှိပ်မှုဒဏ်ကို ခံစားနိုင်ကြသည်။
ကြယ်တာယာခရီးရှည်ကောလိပ်၏ ကျောင်းသားများသည် ရှပြည်ထောင်စု ၏ အစွမ်းထက်ဆုံး ပါရမီရှင်များဖြစ်ကြသည်။ ရှပြည်ထောင်စုတွင် အကောင်းဆုံးကောလိပ်သို့ မဝင်ရောက်မီ ပြင်းထန်သောရွေးချယ်မှုများနှင့် အကဲဖြတ်မှုများမှတစ်ဆင့် ၎င်းတို့အား ရွေးချယ်ခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက်၊ ဤလူငယ်များသည် ၎င်းတို့၏ မရင့်ကျက်မှုကို စွန့်ပစ်ပြီး လောကတခွင်ကျင်လည်မည့် အထက်တန်းစားကျွမ်းကျင်သူများ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် အဖိုးတန် ကျောင်းသားများကို နည်းနည်းမျှ မထိခိုက်စေလိုပေ။
ရွှေအဆင့်နည်းပြများက စည်းစနစ်ကျနစေရန်အတွက် တိုက်ပွဲနှင့်ဝေးရာဆီ ကျောင်းသားများကို ပြောင်းရွှေ့ပေးခဲ့ကြသည်။
ကောလိပ်၏အစွန်အဖျားတွင်၊ ယုလန်၊ ပိုင်မျန်မျန်၊ပိုင်တုတု၊ကျောက်ခွော်နှင့်အခြားသော ကြယ်တစ်ပွင့် ကျောင်းသားများက ပြောင်းလဲလာသော အခြေအနေများကို စောင့်ကြည့်ရင်း စုရုံးခဲ့ကြသည်။ များသောအားဖြင့် အရေထူသော ယုလန်ပင်လျှင် အနည်းငယ် ထိတ်လန့်သွားပုံရသည်။
"ဆရာ၊ ကြယ်တာယာခရီးရှည်ကောလိပ်ကို ဘယ်သူက သတ္တိကောင်းပြီး တိုက်ခိုက်ရဲတာလဲ....."
ပိုင်တုတုက မေးခွန်းထုတ်ရင်း လက်စွဲတော်
လှံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
ယခုအချိန်အထိ သူမသည် လုံးဝ မယုံကြည်နိုင်သေးပေ။ ကြယ်တာယာခရီးရှည်ကောလိပ်အတွင်းမှာ ပရမ်းပတာဖြစ်အောင် လုပ်ဝံသူရှိသေးသလား.... ဒီနေရာဟာ နိုင်ငံရဲ့ မြို့စားအဆင့်ပညာရှင် အရေအတွက် အများဆုံးရှိတဲ့ နေရာဖြစ်ပြီး ရှပြည်ထောင်စုတွင်းရှိ အင်အားစုများပင်လျှင် လွတ်လွတ်လပ်လပ် ခြေချဝံ့မည်မဟုတ်ပေ။ သူမသည် အခြေခံနက်ရှိုင်းသော ပိုင်မိသားစုမှဆင်းသက်လာသူဖြစ်သောကြောင့် ကြယ်တာယာခရီးရှည်ကောလိပ်ဟု လူသိများသော မဟာအင်အားစုအကြောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ထားသည်။
"ငါလည်း သေချာမသိဘူး...ခရမ်းအဆင့် နည်းပြတွေအားလုံး တိုက်ခိုက်နေကြတယ်... ဒုကျောင်းအုပ်စုရှင်းနဲ့ ကျန်တဲ့သူတွေက တော်ဝင်နန်းတက်ပွဲ အခမ်းအနားကိုရောက်နေကြတယ်.... သတင်းရတာနဲ့ ချက်ချင်းပြန်လာကြမှာပါ.... ရန်သူဘက်က အင်အားကြီးတဲ့အပြင် အသေသတ်ဖို့ရည်ရွယ်ချက်ရှိနေတာကြောင့် မင်းတို့ကို ဝေးရာခေါ်လာခဲ့ရတာ...."ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်ပေးသည့် ရွှေအဆင့်နည်းပြတစ်ဦးက စိုးရိမ်တကြီး ရှင်းပြခဲ့သည်။
သူကိုယ်တိုင် တုန်လှုပ်နေသော်လည်း ကျောင်းသားများကို နှစ်သိမ့်ရန်အလို့ငှာ စစ်မှန်သော စိတ်ခံစားချက်များကို ဖိနှိပ်ထားခဲ့ရသည်။
သူလည်း အခြေအနေက ရယ်စရာကောင်းတယ်လို့ ခံစားနေရသည်။
ကြယ်တာယာခရီးရှည်ကောလိပ် ၏ သမိုင်းတွင် ဤကဲ့သို့ အဖြစ်အပျက်မျိုးကို အခုမှသာကြုံဖူးခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤကျူးကျော်မှုကို ဦးဆောင်သည့်အဖွဲ့သည် နားမလည်နိုင်အောင် အားကောင်းနေရမည်ကို နားလည်ခါးသည်။ ဒီလိုမှမဟုတ်ရင်၊ မရေမတွက်နိုင်တဲ့ ခရမ်းအဆင့်နည်းပြတွေကြောင့် အရာအားလုံး လွယ်ကူစွာပြီးဆုံးသွားပေလိမ့်မည်။
မရေမတွက်နိုင်သော ခရမ်းအဆင့်နည်းပြများပင် မတွန်းလှန်နိုင်သော အရာသည် မည်သို့သောတည်ရှိမှုမျိုးဖြစ်နိုင်မည်နည်း....
ရွှေအဆင့်နည်းပြ၏ အကြည့်များ အနည်းငယ် မှုန်မှိုင်းနေပုံရသည်။ ကောလိပ်ကို လုပ်ကြံဝံ့သူသည် လူတစ်ဦးတစ်ယောက်မျှသာမဟုတ်၊ သူ့ကို ပံ့ပိုးပေးမည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ရှိရမည်...
"ဒါပေမယ့်၊ ငါတို့မှာ ကျောင်းအုပ်ကြီးရှိသေးတယ်၊ သူရောက်လာရင် ဒီရန်သူတွေအားလုံး ကျိန်းသေပေါက် ပျက်စီးသွားလိမ့်မယ်... !"
ထိုအတွေးကြောင့် မျှော်လင့်ချက်အချို့သည် သူ့နှလုံးသားအတွင်း ပြန်လည်ရှင်သန်လာခဲ့သည်။
……...................
ရှန်းလိသစ်ပင်အနီးတွင်.......
အရောင်မတူသောမျက်ဆံပိုင်ရှင် လူငယ်က ပတ်ဝန်းကျင်ကို သေချာအကဲခတ်နေသည်။ အလင်းတန်းများ ကောင်းကင်မှ ဆင်းသက်လာပြီး သူ့ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းသော်လည်း ကူးစက်ခံခါးရသော ခရမ်းအဆင့်နည်းပြများက ၎င်းတို့ကို လျင်မြန်စွာ တွန်းလှန်နိုင်ခဲ့သည်။
နှစ်ဖက် တိုက်ပွဲတွေ အချိန်နှင့်အမျှ ပြင်းထန်လာသည်။
"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက မရေမတွက်နိုင်တဲ့ ကောလိပ်တွေနဲ့ယှဉ်ရင် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အခြေခံအုတ်မြစ်က မဆိုးဘူးပဲ...အမှောင်မျိုးစေ့တွေကို ဖုံးကွယ်ထားဖို့ မင်းသာမကူညီရင် အဆင်ပြေနိုင်မှာမဟုတ်ဘူး...."
လူငယ်က ရှန်ကျင်းရှောင်ကို ချီးကျူးရင်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ရှန်ကျင်းရှောင် အနည်းငယ်ပြုံးပြလိုက်ပြီး....
"အရှင်က အရမ်းနှိမ့်ချလွန်းတယ်...
ဖန်းကျွမ်အဖွဲ့အစည်းရဲ့ ခွန်အားနဲ့သာဆို ကောလိပ်ကို ဖျက်စီးဖို့ လက်တစ်ဖက်လှုပ်လိုက်ရုံပါပဲ..... "
လူငယ်က သက်ပြင်းချလိုက်ပြီး....
" လျှို့ဝှက်ဖျက်စီးတာဟာ ငါတို့လုပ်တဲ့နည်းလမ်းပဲလေ။ တိုက်ရိုက်နဲ့ ပြောင်ပြောင်တင်းတင်း လုပ်တာက ရိုးရှင်းတယ်ဆိုပေမယ့် အသိဥာဏ်ကင်းမဲ့လွန်းရာကျတယ်....."
ရှန်ကျင်းရှောင်က သဘောကျစွာ ခေါင်းညိတ်ပြရင်း ပြုံးလိုက်သည်။
"ဒါပေမယ့်၊ ဒုကျောင်းအုပ်ကြီးစုရှင်း ပြန်လာတော့မယ်ထင်တယ်....ပြီးတော့ မဟာမိတ်တွေလည်း စုစည်းထားမှာ သေချာပါတယ်" ဟု ရှန်ကျင်းရှောင်က သူ့ကို သတိပေးခဲ့သည်။
လူငယ်က တုန်လှုပ်သွားဟန်ဖြင့်....
"ရူးမိုက်လိုက်ကြတာ.... ငါတို့က နှစ်ပေါင်းများစွာ ကြံစည်နေခဲ့တာဆိုတော့ ဘယ်လို လွယ်လွယ်နဲ့ ခုခံနိုင်မှာလဲ၊ ကြယ်တာယာခရီးရှည်ကောလိပ် ဒီနေ့မှာ ကျိန်းသေပေါက် ဆုံးခန်းတိုင်သွားစေရမယ်....."
"ဖန်ချန်ယွမ်ကရော ဘယ်လိုလဲ..."ဟု ရှန်ကျင်းရှောင်က စိတ်ဝင်တစား မေးလိုက်သည်။
အကြွင်းမဲ့ အင်အားပြည့်လာသောအခါတွင် ကျောင်းအုပ်ကြီးမှလွဲ၍ မည်သူမျှ စိုးရိမ်စရာမရှိပေ။ ဒီလူက အခြေနေကိုပြောင်းပြန်လှန်ဖို့ လုံလောက်တဲ့ စွမ်းအားရှိသူပင်......
လူငယ်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက်.....
" ရှပြည်ထောင်စုက ငါတို့ အစီအစဉ်ရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်... ဖန်ချန်ယွမ်တောင် ဒီလိုထင်ထားမှာမဟုတ်ဘူး.....သူလည်း ခံနိုင်ရည်ရှိမယ်မထင်ဘူး..."
သူသည် ရှန်ကျင်းရှောင်အား နောက်ထပ်အသေးစိတ်အချက်အလက်များကို မရှင်းပြတော့ဘဲ ကြီးကျယ်ခမ်းနားသော ရှန်းလိသစ်ပင်ဆီသို့ ဆက်လက်လျှောက်လှမ်းနေခဲ့သည်။
သူခြေလှမ်း လှမ်းလိုက်သည်နှင့်အမျှ ရှန်းလိသစ်ပင်က ပို၍အသက်ဝင်လာပုံရပြီး အန္တရာယ်၏ကြိုတင်သတိပေးချက်ကို ခံစားနေရစလိုပင်.... ခဏအကြာတွင် သစ်ပင်ထံမှ တောက်ပသော၊ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မီတာတစ်ရာနီးပါး မြင့်သော စိမ်းညိုရောင် သင်္ကေတတစ်ခုက ပင်စည်ကိုဖုံးအုပ်သွားလေသည်။
ရှေးဟောင်းဆန်ပြီးလျှို့ဝှက်ဆန်းကြယ်သော ဤသင်္ကေတသည် ထိုအချိန်တွင် အဆုံးမရှိသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး တစ်ချိန်တည်းမှာပင်၊ ၎င်းပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို အဆုံးမရှိစုပ်ယူနိုင်လာသည်။
ရှန်ကျင်းရှောင်သည် လေးနက်သောအမူအရာဖြင့် ရှန်းလိသစ်ပင်ကိုစိုက်ကြည့်နေပြီး......
"ရှန်းလိသစ်ပင်မှာ ဗဟိုကျောင်းသားသမ္မဂ္ဂက ဆင်းသက်လာတဲ့ အကာအကွယ် စည်းတံဆိပ်တစ်ခု ရှိတယ်လို့ ကြားခဲ့ဖူးတယ်..အခု ကိုယ်တိုင်မြင်ရမှပဲ ယုံနိုင်တော့တယ်....."
သူသည် စည်းတံဆိပ်မှ ထွက်လာသော အန္တရာယ်ကို ခံစားနေရသည်ယ
"ဒါက ဗဟိုကျောင်းသားသမ္မဂ္ဂက ဒီလိုအဆင့်မြင့် ရှန်းလိသစ်ပင်အတွက် ပြင်ဆင်ပေးထားတဲ့နောက်ဆုံး အကာအကွယ်ပဲ.... သူ့ရဲ့ စွမ်းအားက အရမ်းထူးခြားတဲ့အတွက် ငါတောင် မဆင်မခြင်မထိဝံ့ဘူး" ဟု လူငယ်က ခေါင်းညိတ်ကာ သဘောတူကြောင်း ပြောကြားခဲ့သည်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူလက်ဖဝါးကို မြှောက်လိုက်ပြီး သူ့လက်ကောက်ဝတ်ပေါ်ရှိ အိတ်ဆောင်စက်လုံး လင်းလက်သွားကာ သူ့လက်ဖဝါးပေါ်တွင် အနက်ရောင် ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာသည်။
ပုလင်း၏မျက်နှာပြင်ပေါ်တွင် အတွင်းတွင်ရှိသော တစ်စုံတစ်ရာကို တံဆိပ်ခတ်ထားသကဲ့သို့ အဆုံးမရှိရှုပ်ထွေးသော မှော်စာလုံးများ ထွင်းထုထားသည်။ ရှန်ကျင်းရှောင် သည် ဤအခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်မှ အပူချိန်များ မြင့်တက်လာသည်ကို ခံစားနိုင်သည်။
လူငယ်က လက်ဟန်အချို့ပြုလုပ်လိုက်သည့်အခါ ပုလင်း၏ မျက်နှာပြင်ပေါ်ရှိ မှော်စာလုံးများ ရုတ်တရက်တောက်ပလာသည်။
အဆုံးတွင် ပုလင်းကို အလုံပိတ်ထားသော အနက်ရောင်အလင်းလွှာသည်လည်း တဖြည်းဖြည်း ပါးလျလာသည်ယ
ပုလင်းကို ဖွင့်လိုက်သည့်အခါ အနက်ရောင်မီးတောက်တစ်ခု လေထဲသို့ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။
လေနှင့်အတူ လွင့်ပျံနေသော အနက်ရောင်မီးတောက်သည် တဖြည်းဖြည်းနှင့် ကြာပန်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ၎င်းသည် ညစ်ညမ်းသောလေကို ထုတ်လွှတ်ကာ မီးတောက်နေသော ပွင့်ချပ်တိုင်းအပေါ်၌ ပုံသဏ္ဍာန်အချို့ကိုဝိုးတဝါး မြင်နိုင်သည်။ ပိုပြီး နီးနီးကပ်ကပ် ကြည့်လိုက်လျှင် ထိုအရာများသည် အဆုံးမရှိ နာကျင်စွာ အော်ဟစ်နေသော လူသားမျက်နှာများပင်.....
ရှန်ကျင်းရှောင်၏ အမှတ်တမဲ့ ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့သည်။ အနက်ရောင်ကြာပန်းသည် အလွန်ထူးဆန်းပြီး ကြည့်နေရုံဖြင့်ပင် မသက်မသာခံစားရသည်။ မြို့စားအဆင့်သည်ပင် ပေါ့ပေါ့ဆဆ မဆက်ဆံဝံ့သောအသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။
“ဒါက ကာမအပြစ်မီးတောက်ကြာပန်းပဲ၊ အဲဒါက လောကရဲ့ မကောင်းမှု အကြံအစည်တွေ စုစည်းနေတာမို့ ခဏလောက် ထိတွေ့လိုက်ရုံနဲ့ ဆိုးညစ်မှုတွေ အရိုးထိအောင်စွဲမြဲသွားလိမ့်မယ်...ရုပ်ခန္ဓာမချူပ်ငြိမ်းသ၍ ဒီမီးတောက်တွေကို ဖယ်ရှားဖို့ ခက်လိမ့်မယ်၊ ငါဒီနေ့အတွက် အများကြီး မြှုပ်နှံထားတာ...."
လူငယ်သည် သူ့လက်ကို အနည်းငယ်ဝှေ့ယမ်းကာ မီးတောက်ကြာပန်း လွင့်တက်လာပြီး စိမ်းညိုရောင် အကာအကွယ်ကို တိုက်ရိုက်ထိသွားစေသည်။
ထိတွေ့ချိန်၌ လေဟာနယ်ပင် အရည်ပျော်သွားပုံရသည်။ ရှန်းလိသစ်ပင်၏အကာကွယ်သည် အကန့်အသတ်မရှိသော စွမ်းအားကို အသုံးချခဲ့သော်လည်း ၎င်း၏ စွမ်းအင်အားလုံးကို ကြာပန်းက ထိန်းချုပ်ထားသည်။ လေထဲတွင် မီးတောက်များ လျှံကျနေသကဲ့သို့ အရာအားလုံး ပြာဖြစ်ကုန်၏။ မိနစ်အနည်းငယ်အတွင်းမှာပဲ ရှန်ကျင်းရှောင်ကို ထိတ်လန့်သွားစေခဲ့တဲ့ စိမ်းညိုရောင်အကာအကွယ်ပျက်စီးသွားလေတော့သည်။
သို့သော်လည်း ကြာပန်းကတော့ ဆက်လက်တည်ရှိနေဆဲပင်... ထို့နောက် ကြယ်တာယာခရီးရှည်ကောလိပ်၏ မရေမတွက်နိုင်သော ကျောင်းသားများနှင့် နည်းပြများကို အကျိုးပြုခဲ့သော ဧရာမသစ်ပင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ရှန်ကျင်းရှောင်သည် ရှန်းလိသစ်ပင်ကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ တကယ့်ကို ဝမ်းနည်းစရာပင်.... ဤသည်မှာ ကြယ်တာယာခရီးရှည်ကောလိပ်၏ ခွန်အားနှင့် အခြေခံအုတ်မြစ်ဖြစ်သည်။ အရိပ် လှိုဏ်ဂူထဲသို့ မဝင်မီ နှစ်များတစ်လျှောက် ကျောင်းသားများနှင့် နည်းပြများ ဤနေရာတွင် စွမ်းအင်စုဆောင်းရန် အချိန်ကုန်ခဲ့သည်ကို မည်သူသိသနည်း။
ဒါဟာလည်းအကောင်းဆုံးဖြစ်နိုင်ပေသည်။ရှန်းလိသစ်ပင်မရှိတော့လျှင် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကျောင်းသားတွေ အရိပ်လှိုဏ်ဂူထဲမှာ သူတို့ကိုယ်သူတို့ စတေးဖို့ မလိုအပ်တော့ပေ။
နောက်ဆုံးတော့ ကောလိပ်ဟာ သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ကာမအပြစ်မီးတောက်ကြာပန်းနှင့် ရှန်းလိသစ်ပင်နှင့် ထိသွားအခိုက်အတန့်တွင် ဒေါသတကြီး ကျယ်လောင်သောအော်သံ ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်းးးး!"
ရှန်ကျင်းရှောင်သည် သူတို့ဆီသို့ ဦးတည်နေသော အလင်းတန်းများကို လှည့်ကြည့်လိုက်သည်။
ဒုကျောင်းအုပ်စုရှင်းနှင့် သူမ၏ စစ်ကူများ ရောက်လာချေပြီ.......