← Chapters

မြို့စားအဆင့်၏ကိုယ်ပိုင်နယ်မြေ.....

Vol. 50 Ch. 696

မြို့စားအဆင့်၏ကိုယ်ပိုင်နယ်မြေ.....

Vol. 50 Ch. 696

စုရှင်း၏ တင်းမာသောအသံ ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်ကိုတုန်လှုပ်စေသော ပဲ့တင်ထပ်သံပညာရပ်များစွာကို လွှင့်တင်ခဲ့ပြီး တစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ်စွမ်းအားများ ပါရှိသည်။ သူမ၏နောက်ကွယ်ရှိ မြို့စားများအားလုံးသည် ကောလိပ်အနီးတစ်ဝိုက်သို့ ဝင်ရောက်လာချိန်တွင် ၎င်းတို့၏တိုက်ခိုက်မှုများကို စတင်ခဲ့ပြီး တိုက်ခိုက်မှုများက ထူးဆန်းသောလူငယ်ဆီ ဉီးတည်နေကြသည်။

မရေမတွက်နိုင်သော မြို့စားအဆင့်ပညာရပ် များသည် ထူးဆန်းသောလူငယ်ကို ပစ်မှတ်ထား၍ မိုးကောင်းကင်ကအပြစ်ပေးသကဲ့သို့ ဆင်းသက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် စုရှင်းသည် ပဲ့တင်ထပ်သော ရှန်းလိသစ်ပင်ဆီသို့ လွင့်မျောနေသည့် မီးတောက်ကြာပန်းကို ရုတ်တရက် သတိပြုမိလိုက်ပြီး သူမ၏ မျက်လုံးများတွင် ရှားရှားပါးပါး ဒေါသများ တောက်လောင်လာသည်။

“ရာရာစစ ရှန်းလိသစ်ပင်ကို မီးရှို့ဖို့ကြံစည်ရဲတယ်....."

ဧရာမအဆင့်မြင့်ရှန်စလိသစ်ပင်သည် ကောလိပ်၏အခြေခံအုတ်မြစ်ဖြစ်သည်။ ဖျက်ဆီးခံရပြီးသည်နှင့် အရိပ်လှိုဏ်ဂူကို ပိတ်လှောင်ထားသည့် စည်းတံဆိပ်ပျက်စီးသွားမည်ဖြစ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်သည်လည်း အဆင့်မြင့်ကောလိပ်ဂုဏ်ပုဒ်ကိုဆုံးရှုံးရလိမ့်မည်။

အထူးသဖြင့် ကျောင်းအုပ်ကြီး မရှိတော့သည့်ကာလတွင် ဒုကျောင်းအုပ်စုရှင်းသည် သူမ၏ ဘဝတစ်ခုလုံးကို ကောလိပ်အတွက် မြှုပ်နှံထားခဲ့သည်။ ကောလိပ်၏ အသေးဖွဲ ကိစ္စတိုင်းကအစ သူ့လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် ကောလိပ်၏တည်ရှိမှုသည် သူမအတွက် ကိုယ်ပိုင်ဘဝထက်ပင် ပိုအရေးကြီးပါသည်။

ဒီလိုအဖိုးတန်သည့်အရာကို လူယုတ်မာတစ်ယောက်က ဖျက်ဆီးဖို့ကြံရွယ်နေသည်ကို သူမ မည်သို့သည်းခံရမည်နည်း....

မြို့စားအဆင့်ပညာရပ်များက တစ်ခုပြီးတစ်ခု ကြယ်ကြွေသလို ကျဆင်းလာသည့်အတွက် ရှန်ကျင်းရှောင်သည် နောက်ပြန်ဆုတ်ကာ ပြေးပေါက်ရှာနေလေပြီ။

မရေမတွက်နိုင်သော မြို့စားအဆင့် များ၏ဒေါသသည် သူ ကိုင်တွယ်နိုင်သောအရာမဟုတ်ပေ။

တစ်ဖက်တွင်မူ လူငယ်သည် မယိမ်းယိုင်ဘဲ သူ့လက်ကို ရုတ်သိမ်းကာ ပေါ့ပေါ့ပါးပါး စည်းတံဆိပ်တစ်ခုဖန်တီးလိုက်သည်။

ဒါဇင်ပေါင်းများစွာသော ကျယ်ဝန်းနယ်မြေလွတ်တစ်ခု ချဲ့ထွင်၍ ဝိညာဉ်စွမ်းအားအလင်းတန်းများသည် လေထဲသို့ တဖြည်းဖြည်း လွင့်ပျံလာသည်။

ဝုန်းးးးးးး

ဤအခိုက်အတန့်တွင် တိုက်ခိုက်မှုများ ကျဆင်းလာပြီး လူငယ် ဖန်တီးထားသော နေရာလွတ်နှင့် တိုက်ရိုက်တိုက်မိသွားသည်။ ဒီတိုက်ခိုက်မှုက တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော်လည်း အကြောင်းတစ်ခုခုကြောင့် ကိုယ်ပိုင်နယ်မြေထဲကိုဝင်ရောက်လာတဲ့ တိုက်ခိုက်မှုတိုင်း ပျောက်ကွယ်သွားခဲ့သည်။

တိုက်ခိုက်မှုများက ထူးဆန်းသော လူငယ်ကို လုံးဝမထိခိုက်စေနိုင်ခဲ့ပေ။

ဒီမယုံနိုင်စရာမြင်ကွင်းက မြို့စားတွေကို အံ့အားသင့်သွားစေခဲ့သည်။

"မြို့စားအဆင့်ရဲ့ ကိုယ်ပိုင်ကမ္ဘာ?!"

စုရှင်း အံကြိတ်ကာ စကားလုံးတိုင်းကို ထုတ်ဖော်ပြောဆိုရင်း ဒေါသချောင်းချောင်းထွက်နေလေသည်။

"ဒါက နှောင်းပိုင်း မြို့စားအဆင့်ပဲ"

ယုဟုန်ရှီ၏ အမူအရာသည်လည်း လေးနက်တည်ကြည်လာသည်။

"နှောင်းပိုင်း မြို့စားအဆင့်?"

ကျန်တဲ့ မြို့စားအဆင့်တွေ မိုးကြိုးပစ်ခံရသလို ခံစားနေရသည်။

မြို့စားအဆင့်တွင် အဆင့်ကိုးဆင့်ရှိသည်။ ၎င်းတို့ကို အပိုင်းသုံးပိုင်းခွဲကာ အဆင့်ခုနှစ်နှင့်အထက်ကို နှောင်းပိုင်းမြို့စားအဆင့်ဟုခေါ်ဝေါ်ကြသည်။

ဤအတိုင်းသာဆို ထူးဆန်းသောလူငယ်သည် အနည်းဆုံး အဆင့်ခုနှစ်တွင်ရှိနေပေလိမ့်မည်။

ထိုအဆင့်ကို ရောက်သွားတဲ့ မြို့စားတွေဟာ မြို့စားအဆင့်ရဲ့ ကိုယ်ပိုင်ကမ္ဘာ ဟု ခေါ်သော လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်နိူင်ကြသည်။

ကျင့်ကြံရေးလောကမှမြို့စားအဆင့်ဟူသော အသုံးအနှုန်းသည် လောကီလောကမှ မြို့စားအဆင့်အတိုင်းပင်.... လောကီလောကတွင်၊ အဆင့်အမြင့်ဆုံးမြို့စားများသည် နယ်မြေအတော်များများကိုအပိုင်စားရရှိသူများဖြစ်ကြသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းတို့တွင် အုပ်ပိုင်အုပ်ချုပ်ခွင့်ရှိသော နယ်မြေများရှိကြခြင်းကိုဆိုလိုသည်။

ကျင့်ကြံရေးလောကတွင် နှောင်းပိုင်း မြို့စားအဆင့်သို့ရောက်သောအခါ မြို့စားအဆင့်'၏ကိုယ်ပိုင်ကမ္ဘာ ဟုသိကြသော ၎င်းတို့ပတ်ဝန်းကျင်ရှိ နေရာလွတ်နယ်မြေများကို ဖွင့်လှစ်နိုင်ကြသည်။

ခြားနားချက်မှာ ဤနယ်မြေသည် ရုပ်ပိုင်းဆိုင်ရာနယ်မြေမဟုတ်ဘဲ လူတစ်ဦး၏ကိုယ်တွင်းရှိ ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်သည်။ ဤကမ္ဘာသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို ထုတ်ပေးပြီး လူတစ်ဦး၏ခန္ဓာကိုယ်ကို ကာကွယ်နိုင်သည့် အံ့ဖွယ်ဂုဏ်သတ္တိများရှိသည်။ မြို့စားအဆင့်၏ ကိုယ်ပိုင်ကမ္ဘာသည် နှောင်းပိုင်း မြို့စားအဆင့်များ၏ အမှတ်အသားဖြစ်သည်။

ထို့ကြောင့် သူသည် မြို့စားအားလုံး၏ ဒေါသတကြီး တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့သည်။

စုရှင်းက ဒေါသတကြီးဖြင့်....

"မင်း ဘယ်သူလဲ? ဘာလို့ ငါ့ကောလိပ်ရဲ့ ရှန်းလိသစ်ပင်ကို ဖျက်ဆီးပစ်ချင်ရတာလဲ.... မင်းရဲ့လုပ်ရပ်တွေက ရှပြည်ထောင်စုတစ်ခုလုံးကို စစ်ကြေညာနေတာနဲ့အတူတူပဲ....ကမ္ဘာခြားသက်ရှိတွေကိုလွှတ်ပေးလိုက်တာက လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့လုပ်ရပ်ဆိုတာမမေ့နဲ့....."

ထိုလူငယ်က ခပ်အေးအေးအမူအရာဖြင့်...

"အလင်းနဲ့အမှောင်... အကောင်းနဲ့အဆိုး ဆိုတာ တစ်သားတည်းပဲ....."

ဤစကားများသည် စုရှင်းနှင့် ယုဟုန်ရှီတို့ကို မျက်မှောင်ကြုံ့စေခဲ့သည်။

"ဒါဆို နင်က ဖန်းကျွမ်အဖွဲ့အစည်းကပေါ့....!"

ကောလိပ်၏ လက်ထောက်ကျောင်းအုပ်နှင့် ရွှေနဂါးဘဏ်၏ ဥက္ကဋ္ဌအဖြစ်၊ ၎င်းတို့နှစ်ဦးစလုံးသည် အခြားသူများ မကြားခဲ့ဖူးသော လျှို့ဝှက်ချက်များကို သိထားကြသည်။

[ဖန်းကျွမ်....Origin Reversion Institute..]

ဒါဟာ ကမ္ဘာ့ မဟာအင်အားစုများထဲမှ တစ်ခုပင်.....

၎င်း၏လျှို့ဝှက်အခြေခံအုတ်မြစ်များသည် ပညာရေးအဖွဲ့ချုပ်နှင့် ရွှေနဂါးဘဏ်ရုံးချုပ်တို့ထက် မနိမ့်ကျပေ။

ဖန်းကျွမ်အဖွဲ့အစည်းသည် မရေမတွက်နိုင်သော ဘေးအန္တရာယ်များ ဖြစ်ပေါ်စေကြောင်းကိုလည်း ၎င်းတို့ သိရှိခဲ့ကြသည်။ ၎င်းတို့ယုံကြည်ပြီး လိုက်နာသော အမိန့်များသည် လူသားများနှင့် မကိုက်ညီသောကြောင့် ၎င်းတ်ို့ကို အလယ်ပိုင်းကုန်းမြေက ပညာရှင်များကပင် ရန်ငြိုးဖွဲ့ကာ သတိနှင့် စောင့်ကြည့်နေခဲ့သည်။

သို့သော် ဖန်းကျွမ်အဖွဲ့အစည်းသည် ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသောစွမ်းအားများကို ပြသခဲ့ပြီး အားလုံးကို အာခံခဲ့သည်။ နှစ်ပေါင်းများစွာ ပစ်မှတ်ထားခံရပြီးနောက်တွင်ပင် ၎င်းတို့သည် ဆက်လက်တည်ရှိနေပြီး လှုပ်ရှားမှုများကို မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။

သို့ရာတွင်၊ ၎င်းတို့၏လုပ်ဆောင်မှုများသည် အလယ်ပိုင်းနတ်ဘုရားတိုက်အတွင်း၌သာ ဖြစ်ပွားလေ့ရှိသည်။ ပြင်ပနတ်ဘုရားတိုက်များဟု သိကြသော ဝေးလံခေါင်သီသောအရပ်ကို အဘယ့်ကြောင့်ရောက်လာကြသနည်း.....

သို့တိုင် ဤလုပ်ရပ်သည် ၎င်းတို့၏ ရောက်ရှိလာခြင်းကို ထင်ရှားစေသည်။

ကြယ်တာယာခရီးရှည်ကောလိပ်သည် ပထမဆုံး မဟုတ်ခဲ့ပေ။

စုရှင်းသည် ရှန့်ပိန်းတွေ့ဆုံပွဲကအကြောင်းများကို ပြန်စဉ်းစားမိလိုက်သည်။ မဟူရာလေပြင်းအင်ပါယာ ပျက်သုဉ်းမှုတွင် ဖန်းကျွမ်အဖွဲ့အစည်း၏ ပါဝင်ပတ်သက်မှု အရိပ်အယောင်များ ရှိသည်။ ယခုတော့ မဟူရာလေပြင်း အင်ပါယာကို အနိုင်ယူပြီး ရှပြည်ထောင်စုဘက်သို့ လှည့်လာကြပြီ....

ရှပြည်ထောင်စုသည်လည်း မဟူရာလေပြင်း အင်ပါယာကဲ့သို့ ဖြစ်လာတော့မည်လား။

"ကမ္ဘာခြားသက်ရှိတွေဆိုတာ လူ့လောကရဲ့ မကောင်းတဲ့ အကြံအစည်ကနေ ပေါက်ဖွားလာကြတဲ့အရာတွေပါ...သူတို့က လူ့လောကရဲ့ အသွင်အပြင်တစ်ခုသက်သက်ပါပဲ.... သူတို့ကို မျက်စိစုံမှိတ်ပြီး သုတ်သင်သတ်ဖြတ်နေတာက ဖြေရှင်းချက်မဟုတ်ဘူး...သူတို့ကို လူသားတွေနဲ့ပေါင်းစည်းလိုက်မှသာ အမှန်တကယ် ပျောက်ကွယ်သွားလိမ့်မယ်...အဲ့အခါကျရင် လူသားမျိုးနွယ်တွေလည်း အသွင်ကူးပြောင်းမှုနဲ့ ဆင့်ကဲပြောင်းလဲခြင်းရဲ့ ခေတ်သစ်တစ်ခုဆီ ဦးတည်သွားလိမ့်မယ်....” ဟု ထူးဆန်းသောလူငယ်က ဖန်းကျွမ်အဖွဲ့အစည်း၏ စံနှုန်းများကို ရှင်းပြပေးနေသည်။

"ရူးနေတဲ့ကောင်!"

မြို့စားအချို့က တုန်လှုပ်ခြောက်ခြားကာ ဒေါသနှင့် အော်ပြောကြသည်။ ဤစကားများသည် လူသားတစ်ယောက်ထံနှ အမှန်တကယ် ထွက်ပေါ်လာခြင်းလော..... ကမ္ဘာခြားသက်ရှိများသည် အရာအားလုံးကို ချေမှုန်းရန် ကြိုးပမ်းသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများဖြစ်သည်။ ဒါတောင် ဒီမကောင်းဆိုးဝါးတွေကို လွှတ်ပေးဖို့ပြောရဲသေးတယ်....ဒီကောင် လူသားတွေကိုအမြစ်ဖြတ်သုတ်သင်ချင်နေတာလား.....

"ဒုကျောင်းအုပ်... သူတို့ကို ဦးဆောင်ခဲ့တဲ့သူက ရှန်ကျင်းရှောင်ပဲ၊ သူက ကောလိပ်ကို သစ္စာဖောက်ပြီး ယွီလဲ့ဘုရင်အတွက် ကြားခံအဖြစ် အလုပ်လုပ်ပေးနေတာ... သူက ကောလိပ်မှာ အမှောင်မျိုးစေ့တွေကို နှစ်နဲ့ချီအောင် တိတ်တဆိတ် စိုက်ပျိုးခဲ့ပြီး မရေမတွက်နိုင်တဲ့ ခရမ်းအဆင့်နည်းပြတွေကို ကူးစက်စေခဲ့တယ်...!"

ခရမ်းအဆင့်နည်းပြတစ်ယောက်က နာကျည်းစွာအော်ဟစ်လိုက်သည်။

စုရှင်း၏ အကြည့်များက ဓားသွားလို ထက်ရှလွန်းသည်။ သူမ၏ တစ်ကိုယ်လုံးသည် ဒေါသစိတ်ကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။

"ရှန်ကျင်းရှောင်! ကောလိပ်က နင့်ကိုဘယ်တူန်းကများ ဒုက္ခပေးခဲ့ဖူးလို့လဲ....ဘာလို့ ဒီလိုမျိုး လုပ်ခဲ့တာလဲ!"

ဒေါသထွက်နေသော စုရှင်းကို ရင်ဆိုင်ရင်း ရှန်ကျင်းရှောင် ကူကယ်ရာမဲ့စွာ ပြုံးမပြမီ တခဏ တိတ်ဆိတ်သွားသည်။

"ဒုကျောင်းအုပ်၊ ဒါက ငါ့ရဲ့ရွေးချယ်မှုမို့ မေးခွန်းထုတ်နေစရာမလိုဘူး....ငါ လိုချင်တဲ့အရာကို ကောလိပ်က မပေးနိုင်ဘူး.... ဒါကြောင့် ယွီလဲ့ဘုရင်ကို ရွေးခဲ့တာ....မင်းကြိုက်သလို ပြောလိုရြတာ်... ယွီလဲ့ဘုရင်က ငါ့နှလုံးသားထဲမှာရှိတဲ့ ဆန္ဒကို အသုံးချခဲ့တာမို့ ငါလည်းမလွန်ဆန်နိုင်ဘူး....."

“ဒုကျောင်းအုပ် စုရှင်း၊ ငါ့ကို စိတ်ပူနေမယ့်အစား ရှန်းလိသစ်ပင်ကို အာရုံစိုက်သင့်တယ်”

"နင် ငါ့ကိုသတိပေးနေစရာမလိုဘူး..."

ဒုကျောင်းအုပ်စုရှင်းသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်စွာ ဟစ်အော်လိုက်သည်။

ဝှစ်......

ဒုကျောင်းအုပ်စုရှင်း၏ကိုယ်ခန္ဓာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှန်းလိသစ်ပင်ထိပ်တွင် အစိမ်းရောင်ထီးငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောင် လျှို့ဝှက်ဆန်းကြယ်သော ပုံသဏ္ဍာန်ဖြင့် တောက်ပသော အစိမ်းရောင်အလင်းတန်းများ ထွက်လာပြီး ရှန်းလိသစ်ပင်ကို ကာကွယ်ပေးနေသည်။

မီးတောင်ကြာပန်းသည် စုရှင်း၏ အစိမ်းရောင်အလင်းတန်းကြောင့် လောင်ကျွမ်းမှုနှုန်းလျော့ကျသွားသည်။

"လူတိုင်း ကျွန်မကို ကူညီပြီး ဒီကောင်ကို သတ်ပစ်ကြ...."

ကာမအပြစ်မီးတောက်ကို ခေတ္တ ချုပ်နှောင်ထားသည်ကို တွေ့လိုက်ရသဖြင့် စုရှင်း သည် လူငယ်ကို ညွှန်ပြရင်း အမြန် အမိန့်ထုတ်လိုက်သည်။ အစိမ်းရင့်ရောင် ထီးသည် သူမ၏ ထိပ်တန်း ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ရတနာဖြစ်သော်လည်း ကြာပန်းကို လုံးလုံး မတားဆီးနိုင်ခဲ့ပေ။ထို့ကြောင့် ထူးဆန်းသောလူငယ်ကို အရင်ဆုံးရှင်းပစ်ရမည်။

ယုဟုန်ရှီနဲ့ ကျန်တဲ့ မြို့စားအဆင့်တွေက သဘောတူပြီး အစွမ်းကုန် တိုက်ခိုက်ဖို့ပြင်ဆင်နေကြသည်။

မြို့စားအဆင့်များ၏စုပေါင်းတိုက်ခိုက်မှုက

တစ်ကမ္ဘာလုံးကို ထိတ်လန့်စေခဲ့သည်။

လူအင်အားအရာတွင်အရေးသာနေသော်လည်း စုရှင်း၏ မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင်များ မြင်တွေ့နိုင်သည်။ ဖန်းကျွမ်အဖွဲ့အစည်းသည် မှေးမှိန်လာသော်လည်း ၎င်းတို့လှုပ်ရှားလိုက်သည်ဆိုကတည်းက အောင်မြင်မှုကို သေချာစေရန် လုံလောက်သော နည်းလမ်းများ သဘာဝအတိုင်း ရှိနေမည်ဖြစ်သည်။

ဤကပ်ဆိုးကြီးကို ရှောင်ရှားလိုလျှင် များပြားသောမြို့စားများ၏ ခွန်အားကို အားကိုးရုံမျှဖြင့် မလုံလောက်နိုင်ပေ။

မဟုတ်ရင်...

စုရှင်း ရှန်းလိသစ်ပင်ကို စိုက်ကြည့်နေရင်း....

"ကျောင်းအုပ်ကြီး! အဆုံးသတ်မှာ ဘာတွေဖြစ်လာမလဲ.... "

All Chapters