← Chapters

အရိပ်လှိုဏ်ဂူ၏ ကြိုမမြင်နိုင်သောဖြစ်ရပ်.........

Vol. 50 Ch. 697

အရိပ်လှိုဏ်ဂူ၏ ကြိုမမြင်နိုင်သောဖြစ်ရပ်.........

Vol. 50 Ch. 697

အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးတွင်....

ဖန်ချန်ယွမ်သည် ရွှေကြာပန်းပေါ်တွင်ထိုင်၍ မရေမတွက်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ရွှန်းလဲ့သောအလင်းရောင်ကြောင့် လေဟာနယ်အတွင်း စိတ်ချလက်ချရပ်နေနိုင်ပြီး သဘာဝစွမ်းအင်များ တုန်လှုပ်သွားအောင်ပင် သိမ်မွေ့သော စွမ်းအားကို ခံစားရစေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်မှမငြိမ်မသက်မှုကိုပင် လျစ်လျူရှူနိုင်ခဲ့သည်။

ကြယ်တာယာခရီးရှည်ကောလိပ် ယ၏ မရေမတွက်နိုင်သော မြို့စားအဆင့်များသည် ကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်သော်လည်း ဤနေရာ၌ လှည့်ဖြားမှုတိုင်းသည် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကို ရှင်းပစ်ရန် လုံလောက်သည်ထက်ပိုပါသည်။

ဖန်ချန်ယွမ်သည် သူ့ရှေ့မှ လေဟာနယ်အက်ကြောင်းရာကြီးကို မှုန်ကုပ်ကုပ်ဖြင့် စိုက်ကြည့်နေသည်။ အနက်ရောင်မြစ်ရေသည် အက်ကြောင်းအတွင်း၌ ဆက်လက်စီးဆင်းနေကာ ပြင်းထန်သော အေးခဲမှုကို ခံစားရစေသည်။

"ယွီလဲ့ဘုရင် ဒီနှစ်တွေထဲနှာ မင်း ငါ့ကိုအာရုံနောက်အောင် လုပ်ပြီး ငါ့ကောလိပ်မှာ ထောင်ချောက်တွေအများကြီးချနိုင်ခဲ့တာ ငါတကယ်ကို အံ့ဩမိပါတယ်"

ဖန်ချန်ယွမ် ၏အသံသည် လေဟာနယ်ကိုဖြတ်ကျော်၍အက်ကြောင်းမှတဆင့် အလွန်ကြီးမားသော အနက်ရောင်မြစ်ထဲသို့ ရောက်သွားလေသည်။

"ဟားးဟားး"

ရယ်သံနှင့်အတူ ဧရာမ အနက်ရောင်ငါးကြီးတစ်ကောင်ပေါ်လာသည်။ ၎င်း၏ဦးခေါင်းပေါ်တွင် သွေးနီရောင်အလင်းတန်းများဖြင့် ဝန်းရံထားသောအကြေးခွံတစ်ခုရှိနေပြီး လူတစ်ဦးတစ်ယောက်၏ အသွင်အပြင်ကို သွေးရောင်အတွင်းမှ မြင်နိုင်သည်။

ထိုလူသည် ပုံမှန်မဟုတ်သော ကြီးမားသော သွေးနီရောင် ၀တ်စုံ ၀တ်ဆင်ထားသည်။ ၀တ်ရုံပေါ်တွင် သက်ရှိ အနက်ရောင်ငါးတစ်ကောင် ကူးခတ်လှုပ်ရှားနေသည်။

ဝတ်ရုံနီဝတ်ဆင်ထားသူသည် ဣတ္ထိယဆန်သော အလှတစ်မျိုးနှင့်ချောမောသည့် လူငယ်တစ်ဦး၏ အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင်၊ သူ၏မျက်လုံးများသည် ငါးတစ်ကောင်၏ အဖြူရောင်မျက်လုံးများနှင့် ဆင်တူသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အကြည့်မလွှဲနိုင်အောင်စွဲလန်းသွားမည်ဖြစ်ပြီး ထိုမျက်လုံးများကို အာရုံစူးစိုက်ထားမည်ဆိုလျှင်၊ အသိစိတ် ဆုံးရှုံးစေမည့် ကြောက်မက်ဖွယ်ကောင်းသော ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ထိုလူငယ်၏မျက်ခုံးကြားတွင် ထူးဆန်းသောအလင်းရောင်ဖြင့် လင်းလက်နေသော သွေးနီရောင်အကြေးခွံတစ်ခုရှိသည်။ ဤသည်မှာ ယွီလဲ့ဘုရင်၏ လူသားပုံစံဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းသည် ကမ္ဘာခြားသက်ရှိများပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကိုယ်လုံးကိုယ်ထည်ကို ချန်ထားခဲ့ကာ အချို့သောနည်းလမ်းများဖြင့် လူသားတစ်ဦးနှင့် ခွဲခြား၍မရအောင်တူညီသော ရုပ်ခန္ဓာကိုတုပထားခြင်းဖြစ်သည်။

ယွီလဲ့ဘုရင်၏ ဖြူဖွေးသော ငါးမျက်လုံးများဖြင့် လေဟာနယ် အက်ကြောင်းမှ

တဆင့် ဖန်ချန်ယွမ်ကို အာရုံစိုက် ကြည့်ရှုနေသည်။

"ဖန်ချန်ယွမ်၊ အဖျက်အမှောင့်လုပ်တာက ငါတို့ရဲ့ အထူးကျွမ်းကျင်မှုပါ.... မင်းရဲ့ကောလိပ်ကလူတော်တော်များများ အရိပ်လှိုဏ်ဂူ ထဲကိုဝင်ခဲ့ကြတာမို့ အခွင့်အလမ်းတစ်ခုရှာရတာ မခက်ဘူး....မင်းရဲ့ကောလိပ်မှာရှိတဲ့ ခရမ်းအဆင့်နည်းပြ အချို့က ရည်မှန်းချက်ကြီးတဲ့ နှလုံးသားတွေရှိပြီး ကမ္ဘာခြားသက်ရှိတွေထက်တောင် သာလွန်နေတာလည်း ဖြစ်နိုင်တယ်။ ငါသူတို့ကို လှည့်စားခဲ့တာ မဟုတ်ပေမယ့် သူတို့ ငါ့ဆီ ကမ်းလှမ်းလာကြတာကို ဘယ်ငြင်းနိုင်ပါ့မလဲ...."

ဖန်ချန်ယွမ် ခံစားချက်မဲ့စွာငြိမ်သက်နေသည်။ ရှန်ကျင်းရှောင်၏ သစ္စာဖောက်မှုသည် မထင်မှတ်လောက်အောင် ဖြစ်ခဲ့ရသည်။ ယွီလဲ့ဘုရင်သည် ဘုရင်အဆင့် ဖြစ်သော်လည်း မြို့စားအဆင့်၏နှလုံးသားကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ရှန်ကျင်းရှောင်သည် သူ၏ အတွေးများကို အလွန်နက်နဲစွာ ဖုံးကွယ်ထားခဲ့သဖြင့် မဆင်မခြင် ရည်မှန်းချက်များကို ဘယ်သောအခါမှ မတွေ့ခဲ့ရပေ။

"ကုန်းယွမ်နဲ့လည်း အဆက်အသွယ်ရှိတယ်မလား.... ဒါ့ကြောင့်မို့ ဒီနန်းတက်ပွဲအခမ်းအနားမှာ မင်းတို့နှစ်ယောက်ကြား ချောမွေ့တဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ငါ့ကိုထွက်မရအောင် ပြသာနာရှာနေခဲ့တာမလား...."

ဖန်ချန်ယွမ်က ယွီလဲ့ဘုရင် ပြန်မဖြေခင်မှာတင်....

"မဟုတ်ဘူး၊ ကုန်းယွမ်က အဲဒါကို လုပ်နိုင်စွမ်းမရှိဘူး၊ သူ့နောက်ကလူပဲ ဖြစ်မယ်.... ဒီလို ကြီးမားတဲ့ လုပ်ကြံမှုကြီးကို ဖုံးကွယ်ထားနိုင်ပြီးတော့ ဒီအချက်အလက်တွေကို ငါ့တောင်မသိဘူးဆိုတော့...."

အခြေအနေများကိုကြည့်လျှင် အဆုံးပန်းတိုင်မှာ ကြယ်တာယာခရီးရှည်ကောလိပ် ပင်ဖြစ်ပုံရသည်။ အရိပ်လှိုဏ်ဂူကို ဖွင့်ဖို့ ရှန်းလိသစ်ပင်ကို ဖျက်ဆီးဖို့ ကြိုးစားနေသလား။ဤအတိုင်းသာဆို ဖန်းကျွမ်အဖွဲ့အစည်းမှ အရူးများ၏လက်ချက်ဖြစ်ပေလိမ့်မည်။

ဖန်ချန်ယွမ်၏ တစ်ကိုယ်တည်း စကားတစ်ခွန်းနှင့် ရင်ဆိုင်ရသောအခါ၊ ယွီလဲ့ဘုရင်သည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေခဲ့သည်။

ဖန်ချန်ယွမ် သက်ပြင်းချလိုက်သည်။ သူ့အမူအရာက ခံစားချက်မဲ့နေပေမယ့် ....

"ဖန်းကျွမ်အဖွဲ့အစည်း… အဲဒီအရူးအုပ်စုကတော့...…”

ဘုရင်အဆင့်ကျွမ်းကျင်သူအနေဖြင့်၊ သူသည် ဖန်းကျွမ်အဖွဲ့အစည်းအကြောင်း အများသူငါထက်ပို၍သိရှိထားသည်။

" ဖန်းကျွမ်အဖွဲ့အစည်းက မကြာသေးမီနှစ်တွေအတွင်း အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှ ခြေလှမ်းစိတ်နေကြတယ်...သူတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ..."

ဖန်ချန်ယွမ်သည် ဤမေးခွန်းကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း လောလောဆယ် အဖြေမပေါ်သေးပေ။

ကောလိပ်သည် ရှင်သန်ခြင်း၏ လမ်းဆုံလမ်းခွတွင်ရှိခဲ့သည်။ သူ ဒီမှာနေလို့ မဖြစ်တော့ပေ။

သူ၏ ဆင်နဂါး၀င်္ကပါ ဆက်လက်လုပ်ဆောင်နေမှုကို ဆက်လက်ကြည့်ရှုနေရင်း ဖန်ချန်ယွမ် အနည်းငယ်ဝမ်းနည်းသွားသည်။ လေဟာနယ်အက်ကြောင်းကို ပြုပြင်ရန် အရိပ်အယောင်များ ပြသနေပြီး၊ သူ့တွင် အချိန်ပိုနေပါက၊ အက်ကွဲကြောင်းကို အမှန်တကယ် ဖုံးကွယ်နိုင်ပြီဖြစ်သည်။ အကယ်၍ ၎င်းသည် အမှန်တကယ်ဖြစ်လာပါက အရိပ်လှိုဏ်ဂူဟုလူသိများသောပြဿနာတစ်ခု ပြေလည်သွားမည်ဖြစ်ပြီး ကျောင်းသားများ၏အသက်ကိုစတေးစရာမလိုတော့ပေ။

သူ့မှာ အချိန်မရှိသည်က ကံဆိုးမှုပင်....

ယွီလဲ့ဘုရင်ကို ရှေ့မတိုးနောက်မဆုတ်သာ ဆက်လက်ရင်ဆိုင်နေပါက ရှန်းလိသစ်ပင် ပျက်စီးသွားလိမ့်မည်။

ယခု ဆုတ်ခွာသွားခြင်းသည် ဤနှစ်များတစ်လျှောက်လုံး ချုပ်နှောင်ခံရပြီးနောက် ဘာမျှမရရှိခဲ့ဟု ဆိုလိုခြင်းဖြစ်ပေသည်။ သို့သော်၊ အခြားရွေးချယ်စရာမရှိခဲ့ပေ။

သူသည် ချက်ချင်းပင် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချရပေမည်။

စုရှင်း တစ်ယောက်တည်း ဖန်းကျွမ်အဖွဲ့အစည်းကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ထိုသို့သော အတွေးဖြင့် ဖန်ချန်ယွမ်သည် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး ဆင်နဂါး၀င်္ကပါ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ဖန်ချန်ယွမ် မင်းထွက်ဖို့စီစဉ်နေတာလား...." ဒ

ါကိုမြင်တဲ့အခါ ယွီလဲ့ဘုရင် ပြုံးနေသည်။

ကျောင်းအုပ်ကြီးသည် ယွီလဲ့ ဘုရင်အား လုံး၀ လျစ်လျူရှုထားကာ သူ့အောက်ရှိ ရွှေကြာပန်းသည် အံ့ဩဖွယ်အလင်းရောင်များ ဖြာထွက်နေတော့သည်။

"မင်း ငါ့ကိုထားခဲ့လို့မရဘူး...."

ယွီလဲ့ဘုရင်က ပြုံးပြီး ပါးစပ်ကို ဖွင့်လိုက်သည့်အခါ အနက်ရောင်အကျိအချွဲများ သူ့ပါးစပ်ထဲမှ ချောင်းရေကဲ့သို့ စီးကျလာသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော အနက်ရောင်ငါးအကြေးခွံများအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ဖန်ချန်ယွမ်ကို ဖမ်းဆုပ်ရန် ကြိုးပမ်းသည့် ဧရာမလက်ကြီးတစ်ခု ဖြစ်လာသည်။

ဖန်ချန်ယွမ် လက်ဝှေ့ယမ်းကာ လုံကူရှန့်ပိန်းကိုထုတ်ယူလိုက်သည်။လုံကူရှန့်ပိန်းမှ အလင်းတန်းများက အလွန်ကြီးမားသော လက်တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။

"ယွီလဲ့ဘုရင်၊ ငါ မင်းကို မသတ်နိုင်ပေမယ့် ငါ့ကို ချုပ်နှောင်ဖို့ ကြိုးစားတာက အရူးတစ်ယောက်ရဲ့အိမ်မက်လိုပဲ...."

ယွီလဲ့ဘုရင်က လက်ကို မြှောက်ပြီး ပြုံးပြနေပြန်သည်။ထိုအခါ သူ့အောက်က မကောင်းဆိုးဝါးမြစ်ရေဟာ ဧရာမနဂါးလှေကြီးလို ပြင်းပြင်းထန်ထန် တုန်လှုပ်နေတာကို မြင်နေရသည်။ထို့နောက် အက်ကြောင်းမှတဆင့် အရိပ်လှိုဏ်ဂူဆီသို့ တဟုန်ထိုး ဖြတ်သန်းသွားသည်။

ဒါကိုမြင်တာနဲ့ ဖန်ချန်ယွမ် လုံကူရှန့်ပိန်းကို ပစ်လွှတ်လိုက်သည်။လုံကူရှန့်ပိန်းသည် ဧရာမတောင်ကြီးတစ်ခုသဖွယ်ကြီးမားလာပြီး လေဟာနယ်အက်ကြောင်းကို တိုက်ရိုက်ပိတ်ဆို့ကာ မကောင်းဆိုးဝါးမြစ်ရေများ အရိပ်လှိုဏ်ဂူအတွင်းသို့ မပြန့်ပွားအောင် တားဆီးပေးနေသည်။

"အလျင်မလိုနဲ့.....အပြင်က ကိစ္စတွေ ကိုင်တွယ်ပြီးရင် ငါတို့ ဆက်ပြီး တိုက်ခိုက်ကြတာပေါ့.... "

လုံကူရှန့်ပိန်းသည် ယွီလဲ့ဘုရင်အား လူကိုယ်တိုင်မရှိသည့်တိုင် ချုပ်နှောင်ထားနိုင်ပြီး ထွက်ပြေးရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။

"ဟီးဟီး...."

ယွီလဲ့ဘုရင်က ခပ်သော့သော့ရယ်မောလိုက်ပြီး......

"ဖန်ချန်ယွမ်၊ တော်တော်ကြာအောင် ကြံစည်ခဲ့တဲ့ ငါတို့ရဲ့ အကြံအစည်တွေကို အနှောင့်အယှက်ပေးဖို့ မင်းကို လွယ်လွယ်နဲ့ လွှတ်လိုက်မယ်လို့ ထင်နေတာလား...."

ဖန်ချန်ယွမ်၏ မျက်လုံးများ မှေးမှိန်သွားပြီး သူ့နှလုံးသားထဲတွင် မငြိမ်မသက် ခံစားချက်တစ်ခု ပေါ်လာသည်။ထို့ကြောင့် အတတ်နိုင်ဆုံး အမြန်နောက်ပြန်ဆုတ်သွားခဲ့သည်။

သူဒီလိုလုပ်လိုက်တာနဲ့ ဖြူဖွေးတဲ့ စွမ်းအင်တစ်ခု အနက်ရောင်မြစ်ပေါ်မှာ ပေါ်လာပြီး ၎င်းနှင့်အတူ ပုပ်သိုးနေသော အနံ့အသက်ကို သယ်ဆောင်လာသည်။ နောက်ဆုံးတွင် မရေမတွက်နိုင်သော အလောင်းကောင်လက်များသည် မြစ်ထဲမှ ပေါ်လာပြီး လုံကူရှန့်ပိန်းကို ၎င်း၏တည်နေရာမှ အတင်းဖယ်ထုတ်ပစ်လိုက်သည်။

ယင်းကြောင့် ဖန်ချန်ယွမ်သည် သိသာထင်ရှားသော ထိတ်လန့်မှုနှင့် မငြိမ်မသက်မှုကို ခံစားလာရသည်။

ထို့နောက် သူ့နောက်တွင် လူသေကောင်များ နံရံတစ်ခုလို ရုတ်တရက်ပေါ်လာပြီး သူ၏ဆုတ်ခွာမည့်လမ်းကို ပိတ်ပစ်လိုက်သည်။

အလောင်းတွေကို လေ့လာကြည့်တော့ အသက်ပြင်းပြင်းရှူပြီး သူ့အသံက အနည်းငယ် အက်ကွဲနေသည်။

"ဒါက အလောင်းကောင်ဘုရင်လား..."

အဖြူရောင်စွမ်းအင်သည် ရုတ်တရက် ရပ်တန့်သွားပြီး တစ်နေရာတည်းတွင် စုပုံလာသည်။ထို့နောက် မီတာများစွာမြင့်မားသော ၀တ်ရုံဖြူအရိပ်တစ်ခု မကောင်းဆိုးဝါးမြစ်ထဲပေါ်တွင် ပေါ်လာသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အရိုးများဖြင့် ဖွဲ့စည်းထားပြီး ပျက်စီးနေသော ဝိညာဉ်ခေါ်အလံကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားသည်။ ဖြူဖွေးသော စွမ်းအင်များ သူ့နောက်ကွယ်က လေဟာနယ်ထဲတွင် ပြည့်လျှံနေပြီး မရေမတွက်နိုင်သော အလောင်းကောင်များ မြူခိုးများအတွင်းမှ ရုန်းကန်လျက် ညည်းတွားနေပုံရသည်။

ဖန်ချန်ယွမ်သည် ထိုရုပ်သွင်ကိုမြင်လိုက်သောအခါတွင် သူ့မျက်နှာပေါ်တွင် ဖော်မပြနိုင်အောင် ရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်လာပြီး စိုးရိမ်သောကများ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

"သေးငယ်တဲ့ ရှပြည်ထောင်စုက ခေါင်းကိုးလုံးဧကရာဇ်ရဲ့ လက်အောက်ခံ ကပ်ဘေး ဘုရင်လေးပါးထဲက နှစ်ပါးကို တကယ်ဆွဲဆောင်နိုင်ခဲ့တာလား..."

"မင်းတို့ဘာတွေကြံစည်နေကြတာလဲ"

All Chapters