← Chapters

အလောင်းကောင်ဘုရင်...

Vol. 50 Ch. 698

အလောင်းကောင်ဘုရင်...

Vol. 50 Ch. 698

ဝိညာဉ်ခေါ်အလံကို ဆုပ်ကိုင်ထားသော အဖြူရောင်အရိုးလက်တစ်ဖက် ပေါ်လာသောအခါ ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင် ဖန်ချန်ယွမ်ပင်လျှင် သူ့နှလုံးသားထဲတွင် ထိတ်လန့်တကြား ခံစားလိုက်ရသည်။

ဒီမကောင်းဆိုးဝါးအကြောင်း ဘယ်သူမှ သူ့လောက်မသိနိုင်ကြပေ။

ယွီလဲ့ဘုရင်နှင့်အဆင့်တူသော အလောင်းကောင်ဘုရင်သည် ကပ်ဘေးဘုရင်လေးပါးထဲမှတစ်ပါးဖြစ်သည်။

ကြယ်တာယာခရီးရှည်ကောလိပ် အောက်ရှိ အရိပ်လှိုဏ်ဂူက ကမ္ဘာခြားသက်ရှိဘုရင်နှစ်ပါး၏ အာရုံကို မည်သို့ဆွဲဆောင်နိုင်မည်နည်း။

ဒါက လုံးဝ မူမမှန်ပေ။

ဘုရင်အဆင့်သို့ ရောက်ရှိလာသော ကမ္ဘာခြားသက်ရှိများတွင် နယ်မြေပိုင်နက်များ ကိုယ်စီရှိကြသည်။ ယွီလဲ့ဘုရင် ထိန်းချုပ်ထားသည့် မည်သည့်နယ်မြေကိုမဆို ကျန်ဘုရင်များက ၎င်းတို့ကြားတွင် ပဋိပက္ခမဖြစ်အောင် ကာကွယ်ရန် လုံးလုံးလျားလျား ရှောင်ရှားကြမည်ဖြစ်သည်။

အခုတော့ တစ်နေရာတည်းမှာ

ဒုတိယမြောက် ဘုရင်တစ်ပါး ပေါ်လာခဲ့ပြီ.....

ထို့အပြင် ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပဋိပက္ခဖြစ်ပုံမပေါ်ပေ။ ဆိုလိုသည်မှာ မပြောပြနိုင်သော သဘောတူညီချက်မျိုး ရှိပုံရသည်။ သူတို့ကြားက မကျေလည်မှုများကို စွန့်လွှတ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ဘာအကြောင်းကြောင့် ရွေးချယ်ခဲ့သနည်း။

ဤအရာသည် ပို၍ပင် အင်အားကြီးသော တည်ရှိမှု၏ အမိန့်တစ်ခုကြောင်းများပေလော.....

ယွီလဲ့ဘုရင်နှင့် အလောင်းကောင်ဘုရင် ကဲ့သို့သော ကမ္ဘခြားသက်ရှိ ဘုရင်အဆင့်များကို အရိပ်ကမ္ဘာတွင် အထွတ်အထိပ် တည်ရှိမှုဟု ယူဆနိုင်သည်။ သို့သော် ၎င်းတို့ထက်သာလွန်သော တည်ရှိမှုများရှိခဲ့သည်။ ဒါပေမယ့် ဒါက ပုံမှန်ပါပင်။ ဖန်ချန်းယွမ်သည် လူသားတွေရဲ့ အကြီးမြတ်ဆုံး ပညာရှင်တစ်ဦးလို့ သတ်မှတ်ခံရပေမဲ့ သူ့ထက် သန်မာတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါသေးသည်။

အရိပ်ကမ္ဘာကြီးတွင်လည်း အလားတူပင်....

ယွီလဲ့ဘုရင်နှင့်အလောင်းကောင်ဘုရင်တို့သည် ပို၍ပင် ကြောက်စရာကောင်းသော တည်ရှိမှု၏ လက်အောက်ငယ်သားဖြစ်ခဲ့သည်။

"ခေါင်းကိုးလုံးဧကရာဇ်..."

ဒီခေါင်းစဉ်က သူ့နှလုံးသားရဲ့ နက်နဲတဲ့ နေရာမှာ အချိန်အတော်ကြာ မေ့ပျောက်နေခဲ့တဲ့ အကြောက်တရားတွေကို တွန်းအားပေးနေချေပြီ။ ၎င်းသည် လူသားမျိုးနွယ်၏ အပြင်းထန်ဆုံးသော စစ်သည်တော်များ၏ အထက်ပိုင်းခေါင်းဆောင်များကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။

အဘယ်ကြောင့်ဆ်ိုသော်? ဤသည်မှာ ကောင်းကင်ဧကရာဇ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားသည့် ကမ္ဘာခြားသက်ရှိဖြစ်နေသောကြောင့်ပင်.... လွန်ခဲ့သောနှစ်တစ်ရာခန့်က ခေါင်းကိုးလုံဧကရာဇ်သည် လက်အောက်ငယ်သား ကပ်ဘေးဘုရင်လေးပါးနှင့်အတူ အလယ်ပိုင်းကုန်းမြေရှိ မြင့်မြတ်သောစစ်တလင်းဆီဆင်းသက်လာခဲ့သည်ဟု ဒဏ္ဍာရီတွင်ဖော်ပြထားသည်။ ထို့နောက် တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားစေသည့် ကောင်းကင်စစ်ပွဲကို စတင်ခဲ့သည်။ မြို့စားအဆင့်များ မည်မျှစတေးခံရသည်ကို မည်သူမျှမသိကြသော်လည်း နောက်ဆုံးတွင် လူသားမျိုးနွယ်၏ ကောင်းကင်ဧကရာဇ် ကျွမ်းကျင်သူများထဲမှ တစ်ဦးက ခေါင်းကိုးလုံးဧကရာဇ်ကို ချေမှုန်းနိုင်ခဲ့သည်။

အခြားဘုရင်များအဆင့်ထံမှ ကြားသိခဲ့ရသည့်သတင်းများအရ ခေါင်းကိုးလုံးဧကရာဇ်သည် အရိပ်ကမ္ဘာတွင် စိုးစံသော အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သိခဲ့ရသည်။

ယွီလဲ့ဘုရင်နှင့် အလောင်းကောင်ဘုရင်တို့ ၏ရုတ်တရက်ပူးပေါင်းဆောင်ရွက်မှုသည် အထက်မှအမိန့်ပေးမှုဖြစ်ရမည်။ ထိုအမိန့်တော်သည် ခေါင်းကိုးလုံးဧကရာဇ်ထံမှ ဖြစ်ပေလိမ့်မည်။

ထိုအတွေးများကြောင့် ဖန်ချန်းယွမ်၏နှလုံးသား စုန်းစုန်းနစ်မြှုပ်သွားသလိုပင်....

ဤကဲ့သို့ မြင့်မြတ်သောတည်ရှိမှုသည် ကောလိပ်တစ်ခုမှ ဖိနှိပ်ထားသော ရိုးရှင်းသော အက်ကြောင်းတစ်ခုကို အဘယ်ကြောင့် စိတ်ဝင်စားနေသည်ကို သူနားမလည်နိုင်ပေ။ သာမာန်အားဖြင့် ပြောရလျှင် ၎င်းတို့၏ အာရုံစူးစိုက်မှုသည် မြင့်မြတ်သောစစ်တလင်းတွင်သာ ရှိနေရမည်။ အရေးမပါသည်ဟုထင်ရသော ဤနေရာအတွက် စိုးရိမ်နေခြင်းသည် အားထုတ်မှုများကို ဖြုန်းတီးလုနီးပါးဖြစ်လိမ့်မည်။

"မင်းဘာတွေ ကြံစည်နေတာလဲ၊ မင်း လိုချင်တာတစ်ခုခုရှိလား"

ဖန်ချန်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။

ယွီလဲ့ဘုရင်သည် ဖန်ချန်းယွမ်ကို ခံစားချက်မဲ့စွာ ဆက်လက်စိုက်ကြည့်ရင်း ခေါင်းကို အနည်းငယ် စောင်းထားသည်။

"ဖန်ချန်းယွမ်၊ ဒီလိုမေးစရာတောင်မလိုတော့ဘူး.... ဒီအခြေနေထိရောက်နေပြီမို့ မင်းမှာ အသိဥာဏ်ရှိနေရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ရွေးချယ်ပြီး ရှပြည်ထောင်စုကနေ အမြန်ထွက်သွားရမယ်မဟုတ်လား... ရှပြည်ထောင်စုရဲ့တစ်ဆူတည်းသောဘုရင်အဆင့်ကျွမ်းကျင်သူ ကျဆုံးမှာကို ငါ တကယ်စိတ်ပူတယ်.... ဒီမြေပေါ်မှာ မကြာခင် ငါ့ရဲ့ မကောင်းဆိုးဝါးမြစ်ကြီး ဖုံးလွှမ်းသွားလိမ့်မယ်"

ဖန်ချန်းယွမ်သည် ယွီလဲ့ဘုရင်အောက်ရှိ မကောင်းဆိုးဝါးမြစ်ကို မှုန်မှိုင်းစွာ စိုက်ကြည့်နေသည်။

"မင်း ဒီမကောင်းဆိုးဝါးမြစ်ကို အပြင်လောကထဲကို ပို့မလို့လား...."

မကောင်းဆိုးဝါးမြစ်သည် ကမ္ဘာခြားသက်ရှိများကို မွေးဖွားခွင့်ပေးသော လူသားတို့၏ မကောင်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့၏ ပေါင်းစပ်မှုဖြစ်သည်။ အကယ်၍ ၎င်းကို ရှပြည်ထောင်စု တစ်လျှောက်လုံး အတားအဆီးမရှိ စီးဆင်းခွင့်ပြုပါက၊ မြေဆီလွှာ ပျက်စီးယိုယွင်းသွားမည်ဖြစ်ပြီး ပေါ်ပေါက်လာမည့် ကပ်ဘေးများက ပုံမှန်ထက်ပို၍ ကြောက်စရာကောင်းလာမည်ဖြစ်သည်။

အထူးသဖြင့် ဒုစရိုက်မြစ်သည် ဆက်လက် ချဲ့ထွင်နေမည်ဖြစ်ပြီး ရှပြည်ထောင်စုတွင် ရပ်တန့်နေမည်မဟုတ်ပေ။ပတ်ဝန်းကျင်နိုင်ငံများသည်လည်း တူညီသောကပ်ဘေးဒဏ်ကို ခံရမည်ဖြစ်သည်။

ယွီလဲ့ဘုရင်က သဘောကျစွာရယ်မောနေသည်။

"ယွီလဲ့ဘုရင်... မင်း စကားအရမ်းများတယ်..."

ထိုအချိန်တွင် အလောင်းကောင်ဘုရင်သည် ဖန်ချန်းယွမ်ကိုကြည့်ရန် အလံကို ဝှေ့ယမ်းလိုက်သည်။

"ငါ သူ့ကို ထိန်းထားမယ်.... မင်းရဲ့ မကောင်းဆိုးဝါးမြစ်ကို ထိန်းချုပ်ပြီး ရှပြည်ထောင်စုပေါ်ကို ဆင်းသက်ခွင့်ပေးလိုက်ပါ။"

အလောင်းကောင်ဘုရင်၏ ဝိဉာဉ်ခေါ်အလံနှင့်အတူ အဆုံးမရှိသော ဖြူဖွေးသော သေခြင်းတရားစွမ်းအင်များစွာ သူ့ထံမှ ထွက်လာသည်။ သေခြင်းတရားစွမ်းအင်၏ မြူခိုးများထဲတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် အော်ဟစ်နေသည့် အဆုံးမရှိသော ပုံရိပ်အများအပြားရှိပုံရသည်။ သူတို့သည် ပျက်စီးခြင်း၏ ကြောက်မက်ဖွယ် အော်ရာကို ဖြန့်ကျက်၍ ဘန်ရှီးများလို အော်ဟစ်နေကြသည်။

[ ဘန်ရှီး...ဂျပန်ရိုးရာမကောင်းဆိုးဝါးဖြစ်ပြီး အော်သံဖြင့် လူသတ်နိုင်သည်။]

အကယ်၍ ဤသေခြင်းတရားစွမ်းအင်များသာ လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပါက၊ သက်ရှိသတ္တဝါတစ်ဦးပင်လျှင် အလောင်းကောင်ဘုရင်၏ ကျေးကျွန် အလောင်းကောင်အဖြစ်သို့ မလွဲမသွေ ပြောင်းလဲသွားပေလိမ့်မည်။

ဒါကို ဖန်ချန်းယွမ် မြင်လိုက်တဲ့အခါ သူ့အမူအရာက အေးစက်သွားသည်။ အခြေအနေက သူ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီ။ ကမ္ဘာခြားသက်ရှိ ဘုရင်နှစ်ပါး၏ အသွင်အပြင်ကို အလယ်ပိုင်းကုန်းမြေတွင်ပင် ရှားရှားပါးပါး မြင်တွေ့နိုင်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်ကို လောလောဆယ် မသိသေးသော်လည်း မကောင်းဆိုးဝါးမြစ်ကြီး ပြင်ပကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် လည်ပတ်ရန် ခွင့်မပြုနိုင်ကြောင်း ဖန်ချန်ယွမ်ကောင်းကောင်းကြီးနားလည်နေသည်။

ဖန်ချန်ယွမ် အသက်ပြင်းပြင်းရှူပြီး ကောလိပ်ကို ကူညီဖို့ စိတ်ကူးကို ခဏဘေးဖယ်ထားလိုက်တော့သည်။ အကယ်၍ ယွီလဲ့ဘုရင်တစ်ဉီးတည်းသာဆို ၎င်းအား ယာယီဖိနှိပ်ချုပ်ချယ်ရန် လုံကူရှန့်ပိန်းကို အသုံးပြုနိုင်သည်။ ကံမကောင်းစွာဖြင့် အလောင်းကောင်ဘုရင်က အကူအညီပေးဖို့ ရောက်လာခဲ့ချေပြီ။ မကောင်းဆိုးဝါးမြစ်ကို ရှပြည်ထောင်စုတစ်လျှောက် ပျံ့နှံ့ခွင့်ပေးလိုက်ပါက၊ ရှန်းလိသစ်ပင်ကို ဖျက်ဆီးခြင်းမှ ကာကွယ်ခြင်းမှာ အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

သေချာတာကတော့ ဖန်ချန်းယွမ် ဖိအားပေးခံနေရပြီ......

ဘန်းးးးးး

ဖန်ချန်းယွမ်၏ ခန္ဓာကိုယ်မှ ဆူနာမီကဲ့သို့ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာကာ လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။ ထို့နောက် သူ့နောက်တွင် မီတာထောင်ပေါင်းများစွာ ရှည်လျားသော တောက်ပသည့် ရောက်ခြည်တော်ပေါ်လာပြီး ဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခု ဖြာထွက်နေသည်။

ဤသည်မှာ စစ်မှန်သော ပဲ့တင်ထပ်သံသုံးခုရောင်ခြည် ဖြစ်သည်။

နန်းတက်ပွဲ အခမ်းအနားမှာ လီလော့ပြသခဲ့သည့် ရောင်ခြည်နှင့် နှိုင်းယှဥ်လိုက်ရင် လက်ရှိမြင်နေရသည့်ရောင်ခြည်တော်သည် ပိုးစုန်းကြူးနှင့် တောက်ပသော လမင်းကို နှိုင်းယှဉ်လိုက်သလိုပင်.....

ဝုန်းးးးးးး

ပဲ့တင်ထပ်သံသုံးခုရောင်ခြည်သည် ကောင်းကင်မီးလျှံများကဲ့သို့ ကျဆင်းလာကာ အဆုံးမရှိသော အလင်းတန်းများနှင့်အတူ တောက်ပစွာ ထွန်းလင်းနေ၍ သေခြင်းတရားစွမ်းအင်များကို ဖြတ်တောက်ကာ ပျံ့လွင့်သွားစေသည်။

တစ်ချိန်တည်းမှာပင်၊ ဖန်ချန်းယွမ်သည် လက်သီးကို ဆုပ်ထားပြီး မီတာထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ထိုဓား ပေါ်လာသည့်အခိုက်တွင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားပုံရပြီး ၎င်းထံမှထုတ်လွှတ်လိုက်သော ဓါးစွမ်းအင်၏ အစွမ်းကြောင့် အရိပ်လှိုဏ်ဂူကြီးတစ်ခုလုံး တုန်လှုပ်သွားစေသည်။

ဖန်ချန်းယွမ်က အလောင်းကောင်ဘုရင်ကိုစတင်တိုက်ခိုက်ခဲ့သည်။

အလောင်းကောင်ဘုရင်သည် မျက်နှာအမူအရာ လေးနက်လာသည်။ သူသည် လက်ထဲတွင် ဝိညာဉ်ခေါ်သည့်အလံကို ဆက်လက်ဝှေ့ယမ်းကာ သေခြင်းတရားစွမ်းအင်ကို စုစည်းကာ မီတာထောင်ပေါင်းများစွာမြင့်သော ဧရာမရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ဤပုံသဏ္ဍာန်သည် သန်းရာနှင့်ချီသော လူသေကောင်များ တွဲချည်ထားပုံရသည်။ စုတ်ပြဲနေသော ဝတ်ရုံကို ၀တ်ဆင်ထားပြီး သေမင်း၏ ကြီးမားလှသော အော်ရာကို ပေးစွမ်းနေသည်။

စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်မှာ ဓား၏ထိုးနှက်မှုကို တိုက်ရိုက်ဟန့်တားရန်အတွက် သေမင်းလက်ဖဝါးကို မြင်သာထင်သာလောက်နီးပါးရှိသော ကြီးမားသောလက်ဖဝါးအဖြစ် ကြီးမားအောင်ဖန်တီးလိုက်သည်။

ဘန်းးးးးးးး

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု နေရာတိုင်းတွင် ပေါက်ကွဲထွက်ကာ လေဟာနယ်ကို ပြိုပျက်စေသည်။ အမှန်မှာ၊ စစ်မြေပြင်နှင့် နီးကပ်စွာ တည်ဆောက်ထားသည့် အမာခံစခန်းများနှင့် သန့်စင်ရေးမျှော်စင်အချို့ ငလျင်လှုပ်ခတ်မှုကြောင့် လုံးဝပျက်စီးသွားခဲ့သည်။

ဘုရင်အဆင့်စွမ်းအားရှင်နှစ်ယောက်သည် မဆိုင်းမတွပင် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီ........

ယွီလဲ့ဘုရင်သည် တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။၎င်းတို့နှစ်ဦးသည် ယခင်က မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ကြသောကြောင့် ဖန်ချန်းယွမ်၏ အင်အားကို သံသယဖြစ်ရန် မလိုအပ်ပေ။ ဒါဟာ သူ့ပြိုင်ဘက်ရဲ့ စွမ်းအားကို လေးစားခြင်းဖြစ်ပြီး သူ့ကို လျှော့တွက်မှာ မဟုတ်ပေ။ ကံမကောင်းစွာဖြင့် အလောင်းကောင်ဘုရင်သည် သံမဏိပြားကို ကန်လိုက်ရသည့် ခံစားချက်ကို ယခုလေးတင် ကြုံတွေ့ခဲ့ရသည်။

အလောင်းကောင်ဘုရင် အနည်းငယ် ဒုက္ခရောက်နေတာကို တွေ့ရတော့ ယွီလဲ့ဘုရင် ဝမ်းသာသွားသည်။ သူတို့ကြားတွင် လူသားများလို ကောင်းမွန်တဲ့ စည်းမျဉ်းမျိုးရှိမနေပေ။

"ဟီးဟီး.....ဖန်ချန်းယွမ်.... ဒီနှစ်တွေအတွင်းမှာ ငါတို့ အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဖူးပေမယ့် မင်းနောက်ဆုံးတော့ ကျရှုံးတော့မယ်ထင်တယ်....!"

ယွီလဲ့ဘုရင်၏ လူ့ခန္ဓာကိုယ် ကွယ်ပျောက်သွားပြီး အလွန်ကြီးမားသော အနက်ရောင်ငါးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် မကောင်းဆိုးဝါးမြစ်ကို စတင်တုန်လှုပ်စေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြစ်ရေများထဲတွင် ကူးခတ်ကာ အရိပ်လှိုဏ်ဂူထဲသို့ ဝင်သွားခဲ့သည်။

သူတို့၏အကြံအစည်သည် ဖန်ချန်းယွမ် တစ်ခါမျှမမျှော်လင့်နိုင်သောအရာဖြစ်သည်။ ယခုတော့ အရိပ်လှိုဏ်ဂူက ၎င်းတို့၏ ထိန်းချုပ်မှုထဲသို့ ကျရောက်သွားပြီး၊ ဘာမှမပြောင်းလဲနိုင်တော့ပေ။

ဘန်းးးးဘန်းးးးး

၎င်းတို့၏ တိုက်ပွဲအပြီးတွင် အရိပ်လှိုဏ်ဂူ ၏အနက်ရှိုင်းဆုံးနေရာတစ်ခုလုံး ဆက်လက် တောက်လောင်စေခဲ့သည်။

ဖန်ချန်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကြောင့် အလောင်းကောင်ဘုရင်၏ ဧရာမလက်ကြီးတစ်ဖက် ထပ်ခါတလဲလဲ ကြေမွနေသည်။ သူ၏ ပဲ့တင်ထပ်သံသုံးခုပေါင်းစပ်စွမ်းအားသည် အနှိုင်းမဲ့ရဲရင့်ပြီး အလောင်းကောင်ဘုရင်ကို အလွန်အမင်း ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့တိုင်၊ အလောင်းကောင်ဘုရင်သည် ကျောက်တုံးကဲ့သို့ မတုန်မလှုပ်ဖြစ်နေခဲ့သည်။ ဖန်ချန်းယွမ်သည် သူမျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေနိုင်သော်လည်း ၎င်း၏ပိတ်ဆို့ခြင်းကို ဖြတ်ကျော်ခြင်းသည် ရိုးရှင်းသောအလုပ်မဟုတ်ပေ။

သူသည် ဝိညာဉ်ခေါ်အလံကို ဆက်လက်ဝှေ့ယမ်းကာ သူ့ပတ်ဝန်းကျင်မှ သေခြင်းတရားစွမ်းအင်အားလုံးကို နိုးကြားစေခဲ့သည်။ ထို့နောက် ဖန်ချန်ယွမ်ကို ဆုပ်ကိုင်ရန် ကြိုးပမ်းသည့် ကြီးမားသော အရိုးစုလက်တစ်ဖက်ထဲသို့ ပေါင်းထည့်လိုက်သည်။

"ဖန်ချန်းယွမ်၊ မင်းစိတ်တွေ ရှုပ်နေတယ်" လို့ အလောင်းကောင်ဘုရင်က အော်ဟစ်လိုက်သည်ယ ဖန်ချန်းယွမ်သည် အနည်းငယ် အသာစီးရခဲ့သော်လည်း စိတ်တည်ငြိမ်မှုကို ပထမဆုံး ပြန်လည်ရယူနိုင်ခဲ့သူမှာ အမှန်တကယ်ပင် အလောင်းကောင်ဘုရင်ဖြစ်နေခဲ့သည်။

ထိုစဉ်အရိပ်လှိုဏ်ဂူ ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

လှိုဏ်ဂူရဲ့ တစ်ဖက်ခြမ်းမှာ ရှိနေပေမယ့် အပြင်ဘက်ကနေ အလင်းတန်းတွေ တောက်ပနေတာကို မြင်နေရသည်။

အရိပ်လှိုဏ်ဂူကြီး ပြိုကျသွားချေပြီ....

တစ်ချိန်တည်းမှာပင် ဂူအတွင်း၌ အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်။

ဖန်ချန်းယွမ် အနည်းငယ် ထိတ်လန့်သွားသော်လည်း ခါးသီးသော အသိတရားက သူ့ရင်ထဲတွင် အမြစ်တွယ်လာသည်။ သူ၏အကြည့်များသည် ကောလိပ်အတွင်းဖြစ်ပျက်နေသည့်အရာများကို ကြည့်ရှုရန် ကျောက်လွှာများမှတဆင့် ထိုးဖောက်သွားပုံရသည်။

ရှန်းလိသစ်ပင်ကြီးသည် သေးငယ်သော မီးတောက်ကြာပန်းကြောင့် လောင်ကျွမ်းနေချေပြီ.....

All Chapters