ရှန်းလိသစ်ပင်ကို မီးရှို့ခြင်း....
Vol. 50 Ch. 699
ရှန်းလိသစ်ပင် မီးလောင်နေပြီ......
အရေးမပါသည်ဟုထင်ရသော အနက်ရောင်မီးလျှံကြာပန်းသည် ရှန်းလိသစ်ပင်ကို မီးလောင်ကျွမ်းစေခဲ့ပြီး ဆရာများနှင့် ကျောင်းသားများ၏ မျှော်လင့်ချက်များကိုပါ အလားတူ မီးလောင်တိုက်သွင်းခဲ့ချေပြီ။
ဧရာမသစ်ပင်ကြီး၏ အကိုင်းအခက်နှင့် အရွက်တိုင်း လောင်ကျွမ်းနေပြီး မီးတောက်များကို ရှမြို့တော်မှပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေသည်။
ကောင်းကင်တစ်ခုလုံး မီးတောက်နေသလိုပင်.....
ဒီမြင်ကွင်းက ကြည့်နေတဲ့သူတိုင်းရဲ့ မျက်လုံးများထဲတွင်ရောင်ပြန်ဟပ်နေသည်။
ထိုအချိန်တွင် ကောလိပ်တစ်ခုလုံး တိတ်ဆိတ်သွားပုံရသည်။ ဒုကျောင်းအုပစုရှင်း ဦးဆောင်သော ခရမ်းအဆင့်နည်းပြများ
သို့မဟုတ် မရေမတွက်နိုင်သော ဆုတ်ခွာသွားသော ကျောင်းသားများအားလု ဒီမြင်ကွင်းကြောင့် မိန်းမောတွေဝေနေခဲ့သည်။
ယခင်ခေါတ်အဆက်ဆက်ကတည်းက ရှန်းလိသစ်ပင်သည် ကြယ်တာယာခရီးရှည်ကောလိပ်၏ သမိုင်းကြောင်းကို အမှတ်အသားပြုခဲ့သည်။ မျိုးဆက်တစ်ခုပြီးတစ်ခု ကျောင်းသားများစွာ ၎င်း၏မြောက်မြားစွာသော အရွက်များပေါ်တွင် ကျင့်ကြံခဲ့ကြပြိး အစုလိုက်အသုတ်လိုက် ကျောင်းသားများသည် အရိပ်လှိုဏ်ဂူကို သန့်စင်ရန်အတွက် သုတ်သင်ရှင်းလင်းခြင်းများကို လုပ်ဆောင်ကြသည်။
၎င်းသည် ကြယ်တာယာခရီးရှည်ကောလိပ် ၏ နည်းပြများနှင့် ကျောင်းသားများ၏ အမှတ်တရများနှင့် စိတ်ခံစားမှုများ၏ ရုပ်ပိုင်းဆိုင်ရာ သင်္ကေတဖြစ်သည်။
ထို့ကြောင့် မီးလောင်နေသည့်မြင်ကွင်းကြောင့် ကျောင်းသားအချို့ ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးနေကြသည်။
တစ်ချိန်တည်းမှာပင်၊ ရှန်းလိသစ်ပင်၏ ကိုယ်ထည်သည် သိမ်မွေ့အေးဆေးသော ငိုကြွေးသံကို ထုတ်လွှတ်လိုက်သဖြင့် ဝမ်းနည်းပူဆွေးနေသော ကျောင်းသားအားလုံးကို ဖြေသိမ့်ပေးမည့်ဟန်ဖြင့် တုန်ယင်နေပုံရသည်။
ဒီမမျှော်လင့်ထားတဲ့ လုပ်ရပ်ကြောင့် ဆရာအချို့ရဲ့ မျက်လုံးတွေတောင် နီရဲပြီး မျက်ရည်စက်တွေ ကျဆင်းနေခဲ့သည်။
စစ်မြေပြင်၏အစွန်အဖျားတွင် .....
လီလော့နှင့်ကျန်းချင်းအာတို့သည်လည်း အသိမဲ့စွာ တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များပေါ်လာသည်။ ကြယ်တာယာခရီးရှည်ကောလိပ်သည် သူတို့အတွက် အမှတ်တရများစွာကို သိမ်းဆည်းထားရာ နေရာတစ်ခုဖြစ်သည်။ လော့လန်အိမ်တော် မငြိမ်မသက်ဖြစ်နေပြီး ကျန်းချင်းအာတစ်ယောက်တည်း ရုန်းကန်နေရချိန်တွင် သူမသည် သူမ၏ တုနှိုင်းမရတဲ့ အရည်အချင်းနှင့် အလားအလာကို ကမ္ဘာတစ်ခုလုံးကို ပြသခဲ့သည်။ ဒီအချက်ကြာင့် ဂျိယန်အိမ်တော်နဲ့အခြားသောရန်သူတွေ သူမကို အာရုံစိုက်ဖို့ လုံလောက်ခဲ့သည်။
ထိုအချိန်တွင် ကျန်းချင်းအာသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကြယ်တာယာခရီးရှည်ကောလိပ်၏ ဂုဏ်သတင်းကို ငှားရမ်းခဲ့ပြီး ဂျိယန်အိမ်တော်ကဲ့သို့ ရန်သူများက သူမကို လုပ်ကြံရန် တစ်စုံတစ်ဦးကို တိတ်တဆိတ် စေလွှတ်ခြင်းမှ ဟန့်တားခဲ့သည်။
ထို့နောက် လီလော့သည်လည်း ကောလိပ်သို့ ဝင်ရောက်ခဲ့ပြီး တစ်နှစ်တာအချိန်တိုအတွင်း သန်မာလာခဲ့သည်။ သူ့ရဲ့တိုးတက်မှုအများစုဟာ ကောလိပ်ရဲ့အကူအညီနဲ့ သက်ဆိုင်နေသည်။
အဆုံးတွင်၊ လော့လန်အိမ်တော်၏အိမ်တော်စုဝေးပွဲတွင် ကောလိပ်သည် ၎င်းတို့၏ကြားနေရေး ရပ်တည်ချက်ကို ထိန်းသိမ်းထားပုံရနသော်လည်း ၎င်းတို့အား ခိုးကြောင်ခိုးဝှက် အကူအညီပေးကာ အခြေအနေများ ဆိုးရွားလာပါက လွတ်မြောက်ရန် နည်းလမ်းတစ်ခုပင်ရှာဖွေပေးခဲ့သည်။
ထို့ကြောင့် ကြယ်တာယာခရီးရှည်ကောလိပ် သည် ၎င်းတို့နှစ်ဦးလုံးကို အထူးဂရုစိုက်ခဲ့သည်။
ဤသို့ဂရုစိုက်ခြင်းမှာ ၎င်းတို့၏ ခွန်အားနှင့် စွမ်းဆောင်နိုင်မှုတို့ကြောင့် ဖြစ်သော်ငြားလည်း ဤကျေးဇူးတရားသည် သူတို့နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း သတိရမိသော အရာတစ်ခုဖြစ်သည်။
ထို့ကြောင့် ရှန်းလိသစ်ပင်၏ လောင်ကျွမ်းနေသော မြင်ကွင်းကြောင့် သူတို့နှစ်ယောက်စလုံး ထိန်းမရအောင် ဒေါသထွက်နေကြသည်။
"ရှန်းကျင်းရှောင်!"
ဘေးနားက နည်းပြချီချန်းရဲ့ အေးစက်စက် အော်သံကို ကြားနေရသည်။ ထူးဆန်းသောလူငယ်နောက်ကွယ်မှာ ပုန်းနေသေးတဲ့ ရှန်းကျင်းရှောင်ကို စိုက်ကြည့်ရင်း သူမရဲ့အကြည့်တွေ ဓားသွားလိုထက်ရှလာသည်။ သူတို့နှစ်ယောက်ဟာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပေမယ့် ကောလိပ်ကျောင်းကို သစ္စာဖောက်ဖို့လောက်အထိတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ထူးဆန်းသောလူငယ်ကို ရှန်းကျင်းရှောင် ဦးဆောင်ခဲ့သည်မှာ အထင်အရှားပင်.......
ကူးစက်ခံထားရသော ခရမ်းအဆင့်နည်းပြများသည် ရှန်းကျင်းရှောင်၏လက်ချက်ဖြစ်သည်။ ယနေ့တိုက်ခိုက်မှုအတွက် အုတ်မြစ်ချရန် ဤနှစ်များတစ်လျှောက်လုံးတွင် သူသာလျှင် အချိန်နှင့်အခွင့်အရေးရှိသည်။ အမှောင်မျိုးစေ့များကို ချန်ထားခဲ့ဖို့ ၎င်းတို့၏နေ့စဥ်အပြန်အလှန်ဆက်ဆံမှုများကို အခွင့်ကောင်းယူခဲ့ပုံရသည်။
ဤသည်မှာ အစီအစဉ်ဆွဲရန် အလွန်များပြားသော အချိန်ကာလလိုအပ်မည့်အစီအစဉ်ဖြစ်သည်။ တစ်နည်းအားဖြင့် ရှန်းကျင်းရှောင်သည် ကောလိပ်ကို သစ္စာဖောက်ရန် အချိန်အတော်ကြာ စီစဉ်ခဲ့သည်။
နည်းပြချီချန်းသည် ပုဝါအောက်ရှိ သူမ၏ပါးပြင်ကို ဖျတ်ခနဲထိလိုက်ကာ သတ်ဖြတ်လိုစိတ်များ သူမအကြည့်ထဲတွင် ပြည့်လျှံသွားခဲ့သည်။ ယွီလဲ့ကျိန်စာကြောင့် သူမ ဒုက္ခရောက်ရခြင်း အကြောင်းအရင်းမှာ ရှန်းကျင်းရှောင်၏ ကြံစည်မှု တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု သံသယဖြစ်မိသည်။ ကံကောင်းထောက်မဖြင့် ပထမအကြိမ် ကျိန်စာကို လှုံ့ဆော်ခဲ့ချိန်တွင် သူမ ကောလိပ်တွင်ရှိနေခဲ့ပြီး ဒုတိယအကြိမ်တွင် လီလော့က ကျောင်းအုပ်ကြီး၏ စွမ်းအားကိုသုံး၍ဖိနှိပ်ပေးခဲ့သည်။ မဟုတ်ပါက သူမသည် အခြားသော ခရမ်းအဆင့်နည်းပြ များကဲ့သို့ ယိုယွင်းနေသော ရုပ်သေးရုပ်ဖြစ်လာနိုင်သည်။
“ဒီလူ သေကိုသေရမယ်....."
လီလော့ သက်ပြင်းချလိုက်မိသည်။ လူရေခြုံထားသော တရိစ္ဆာန်ကောင်ကို စောစောစီးစီး ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာရတော့မည်။
ကျန်းချင်းအာသည် တခဏမျှ တွေးတောပြီးနောက်....
"ကြယ်တာယာခရီးရှည်ကောလိပ်က မကြုံဖူးတဲ့ ကပ်ဆိုးတစ်ခုနှင့် ရင်ဆိုင်နေရပြီ...."
"ဒါက ကြယ်တာယာခရီးရှည်ကောလိပ်တစ်ခုတည်းတင် မဟုတ်ဘူး..."
လီလော့ ခေါင်းခါလိုက်ပြီး သူ့အသံက ပို၍ ထုံထိုင်းလာသည်။
"ရှန်းလိသစ်ပင်ကို ဖျက်ဆီးလိုက်တာကြောင့် အရိပ်လှိုဏ်ဂူကိုဖိနှိပ်ထားတဲ့စည်းတံဆိပ်ပျက်စီးသွားပြီ.... ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာစေလိမ့်မယ်...."
"မဖြစ်နိုင်ဘူး၊ ကျောင်းအုပ်ကြီး ဂူထဲမှာရှိနေတုန်းပဲ.... " ဟု နည်းပြချီချန်းက အော်ဟစ်လိုက်သည်။
လီလော့က ခါးသီးစွာ ပြုံးလိုက်ပြီး....
"ဆရာ၊ ရှန်းလိသစ်ပင်ကို တစ်စုံတစ်ယောက်က မီးရှို့နေတာတောင် ကျောင်းအုပ်ကြီး မပေါ်သေးပါဘူး... သူ ထွက်မလာချင်တာကြောင့် မဟုတ်ဘဲ ထွက်မလာနိုင်လို့ဆိုတာ ထင်ရှားနေပြီ.... အခြေအနေအရ ကျောင်းအုပ်က သူ့အသက်ကို ကာကွယ်ဖို့တောင် အခက်အခဲရှိနေနိုင်တယ်......"
ကျန်းချင်းအာ၏ နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိသော အမူအရာသည် ဒေါသကြောင့်ခက်ထန်နေချေပြီ။
"ဒီပူးပေါင်းကြံစည်မှုကြီးတစ်ခုလုံးက လူတိုင်းရဲ့စိတ်ကူးယဉ်ကန့်သတ်ချက်တွေကို ကျော်လွန်သွားခဲ့ပြီ....ဒါက ဖန်းကျွမ်အဖွဲ့အစည်းရဲ့လက်ထဲမှာ ရှပြည်ထောင်စုတစ်ခုလုံးကိုချုပ်ကိုင်ထားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ..... "
နည်းပြချီချန်း တိတ်ဆိတ်နေသည်။ ကျောင်းအုပ်ကြီး ရောက်မလာခြင်းမှာ ပြဿနာတစ်ခုဖြစ်ကြောင်း သူမသိထားပြီးဖြစ်သည်။ သို့သော်လည်း သူမသည် မျှော်လင့်ချက် အရိပ်အယောင်ကို ဆုပ်ကိုင်ထားချင်သည်။ ကျောင်းအုပ်သည် ရှပြည်ထောင်စု၏ တစ်ဦးတည်းသော ဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး အခြေအနေကို ဖြေရှင်းရန် အရာအားလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်သည့် စွမ်းအားရှိသည်။
လီလော့နှင့် ကျန်းချင်းအာတို့ နှစ်ယောက်လုံးအတော်လေး စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဆိုရိုးစကားအတိုင်း အသိုက်မရှိလျှင် အထဲမှာ ဥတွေ မကျန်နိုင်တော့ပေ။
အကယ်၍ ကြယ်တာယာခရီးရှည်ကောလိပ် ယနေ့တွင် ပြိုလဲသွားပါက ရှပြည်ထောင်စု သည်လည်း ငြိမ်းချမ်းနိုင်မည်မဟုတ်ပေ။ ရှန့်ပိန်းတွေ့ဆုံပွဲတွင် မဟူရာလေပြင်းအင်ပါယာ၏ ဖျက်ဆီးခံရမှုအတိုင်းအတာကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခံစားခဲ့ရသဖြင့် ရှပြည်ထောင်စုတစ်ခုလုံး အလားတူအခြေအနေမျိုးဖြင့် အဆုံးသတသွားမည်ကို မည်သူမျှ လက်ခံနိုင်မည်မဟုတ်ပေ။
ကံမကောင်းသည်က ထိုသို့သော အခြေနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ ခွန်အားသည် မည်သို့မျှ အကျိုးသက်ရောက်နိုင်စွမ်းမရှိပေ။
ဒီတိုက်ပွဲက သူတို့ပါဝင်နိုင်တဲ့ စစ်ပွဲတစ်ခု မဟုတ်ပေ။ တကယ်တော့၊ သာမန် မြို့စားအဆင့်တောင်မှ ဘာမှ မပြောင်းလဲနိုင်ခဲ့ပေ။
ဖန်းကျွမ်အဖွဲ့အစည်းသည် အလွန်ကြောက်စရာကောင်းလှသည်။
ထိုအချိန်တွင်၊ မဟူရာလေပြင်း အင်ပါယာတွင် တွေ့ဆုံခဲ့သော ကြက်သွေးရောင် သူရဲကောင်းဗိုလ်ချုပ်ကို လီလော့ သတိရမိသည်။ထိုသူတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေပြီး မဟူရာလေပြင်းအင်ပါယာကို ဖြိုဖျက်ခဲ့သူမှာ ရှပြည်ထောင်စုကို မက်မောသူနှင့် အတူတူပင်ဖြစ်နိုင်သလား။
ကောင်းကင်တွင် ကူညီပေးနေသော မြို့စားကြီးများကလည်း ပြောင်းလဲနေသော အခြေအနေများကို စောင့်ကြည့်နေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ များပြားလှသော ခွန်အားကို ခံနိုင်ရည်ရှိနေသော ထူးဆန်းသောလူငယ်ကို ထိတ်လန့်နေကြသည်။
ဖန်းကျွမ်အဖွဲ့အစည်း၏ ဂုဏ်သတင်းကို လူတိုင်း သိထားသဖြင့် ကြောက်ရွံ့ဖွယ်စွမ်းအားများကို လက်တွေ့ရင်ဆိုင်ရချိန်တွင် ပို၍ပင်ထိတ်လန့်နေကြသည်။
"ဒုကျောင်းအုပ်စုရှင်း?"
စုရှင်း၏ခန္ဓာကိုယ် ထိန်းမနိုင်သိမ်းမရဖြစ်နေပုံရပြီး ခေါင်းမှ ခြေဖျားအထိ တုန်လှုပ်နေသည်ကို ယုဟုန်ရှီ သတိပြုလိုက်မိသည်။
"ငါ နင့်ကို သတ်မယ်!"
လက်စားချေလိုစိတ်များ ပြည့်နှက်နေသော စုရှင်း၏ မျက်လုံးများသည် ထူးဆန်းသောလူငယ်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ ထို့နောက် ချက်ချင်းပင်၊ သူမ၏ မြို့စား ရဲတိုက်များ ဆင်းသက်လာပြီး သဘာဝစွမ်းအင် အများအပြားကို စုပ်ယူလိုက်သည်။ထို့နောက် ထိန်းမနိုင်သိမ်းမရဖြင့် ထူးဆန်းသောလူငယ်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
မြို့စားအဆင့် ရဲတိုက် လေးခုတွင် မရေမတွက်နိုင်သော မှော်စာလုံးများ ရေးထိုးထားကာ ၎င်းတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်ပြိုပျက်သွားလေသည်။
ထူးဆန်းသောလူငယ်က ခေါင်းယမ်းပြပြီး ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။ထိုအခါ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အလွန်ကြီးမားသော၊ ရွှေအိုရောင်ပေတံတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ပေတံကြီးသည် တောင်များကိုရွှေ့ရန် လုံလောက်သောအင်အားဖြင့် ဆင်းသက်လာသော မြို့စားအဆင့်ရဲတိုက်များကို နှိမ်နှင်းလိုက်သည်။ တစ်မှိတ်အတွင်းမှာပဲ စုရှင်း၏ မြို့စားအဆင့်ရဲတိုက်များကို ဖယ်ပစ်လိုက်လေသည်။
ဖူးးးးး
စုရှင်းသည် သွေးစိမ်းများကို ထွေးထုတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော်လည်း သူမသည် ထူးဆန်းသောလူငယ်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
"ဒုကျောင်းအုပ်စုရှင်း ခင်ဗျား စိတ်အေးအေးထားရမယ်လေ..." ထူးဆန်းသောလူငယ်က နွေးထွေးစွာ ပြုံးလိုက်ပြီး "ဒါက အစပဲရှိသေးတယ်... လုံးဝကို စိတ်ပျက်အားငယ်တဲ့အဆင့်ကို မရောက်သေးဘူး....."
တစ်ချိန်တည်းမှာပင် သူသည် တစ်စုံတစ်ခုကို နားစွင့်နေသကဲ့သို့ ပုံကြီးချဲ့ဟန်ဖြင့် နားရွက်တစ်ဖက်ကိုပင့်ကာ...
"ကြားလား?"
မြို့စားအားလုံး မျက်မှောင်ကြုတ်ကာ သူဘာကို ရည်ညွှန်းနေမှန်း မသိပေ။ ဒါပေမယ့် စက္ကန့်ပိုင်းလောက်ကြာတော့ သူတို့ရဲ့ အမူအရာတွေ ပြောင်းလဲသွားကြသည်။ လူတိုင်းသည် တောက်လောင်နေသော ရှန်းလိသစ်ပင်အောက်ရှိ ဧရိယာဆီသို့ အာရုံပြောင်းသွားကာ အအေးဓာတ်နှင့် အုံ့မှိုင်းနေသော စွမ်းအင်များ လွင့်ထွက်လာသည်ကို သတိပြုမိကြသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းတို့ထံမှ မရေမတွက်နိုင်သော တီးတိုးတီးတိုးသံများကို ကြားလိုက်ရသည်။
၎င်းတို့သည်အရိပ်လှိုဏ်ဂူအတွင် တံဆိပ်ခတ်ထားသော အမှောင်စွမ်းအင်များဖြစ်သည်။
ရှန်းလိသစ်ပင် လောင်ကျွမ်းခြင်းနှင့်အတူ အရိပ်လှိုဏ်ဂူအပေါ် ဖိနှိပ်နိုင်စွမ်း လျော့နည်းသွားကာ နောက်ဆုံးတွင် ထွက်ပေါ်တစ်ခုဖြစ်ပေါ်လာခဲ့ချေပြီ......