စည်းတံဆိပ်......
Vol. 50 Ch. 700
ဘန်းးးးးးး
တောက်လောင်နေသော ရှန်းလိသစ်ပင်အောက်မှ အမှောင်စွမ်းအင် စတင်ပေါက်ကြားလာသည်နှင့်အမျှ မြေသားပြိုကျကာ တွင်းနက်ကြီးတစ်ခု သူ့အလိုလိုပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရင် အတွင်းက လေဟာနယ် ပုံပျက်နေပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတာကို တွေ့ရပါလိမ့်မည်။
အမှောင်စွမ်းအင်များသည် ဤ သီးခြားနေရာမှ ပေါက်ထွက်လာခြင်းဖြစ်သည်ါ
အရိပ်လှိုဏ်ဂူသည် ရှန်းလိသစ်ပင်အောက်တွင် အမြဲတမ်း ဖိနှိပ်ခံခဲ့ရပြီး လက်တွေ့ကမ္ဘာနှင့် အရိပ်ကမ္ဘာကို ချိတ်ဆက်ပေးသည့် သီးခြားနေရာလွတ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
အရိပ်လှိုဏ်ဂူအတွင်းမှနေရာလွတ်
ပေါ်ထွက်လာသောအခါ ချက်ခြင်းဆိုသလိုပင် အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းလုံးများ ပြည့်လျှံသွားကာ မြို့စားအဆင့်များပင်လျှင် အမူအရာပြောင်းသွားခဲ့သည်။ တစ်ခုတည်းသော လှိုင်းလုံးဖြင့် ၎င်းတို့အား လုံးလုံးလျားလျား ရှင်းပစ်ရန် လုံလောက်ပါသည်။
လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးသို့ စူးစမ်းကြည့်သောအခါ စွမ်းအင်လှိုင်းများ၏ အရင်းအမြစ်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူနှစ်ယောက် အပြန်အလှန် တိုက်ခိုက်မှုမှ ထုတ်လွှတ်သော နောက်ဆက်တွဲ နောက်ဆက်တွဲစွမ်းအင်များဖြစ်ကြောင်း သိလိုက်ရသည်။
"ဒါက ကျောင်းအုပ်ကြီးပဲ!"
မြို့စားတစ်ယောက်က အံ့သြစွာ အော်လိုက်သည်။
အမှန်မှာ၊ ၎င်းတို့ထဲမှ တစ်ယောက်က ဖန်ချန်းယွမ် ဖြစ်ပြီး ကျန်တစ်ဦးမှာ ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်များကို ထုတ်လွှတ်နေပါသည်။ သူ့လက်မှ ရိုးရှင်းသော လှိုင်းလုံးကြီးတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားကို ဖြစ်ပေါ်စေပြီး လေဟာနယ်ကိုပင်ပျက်ယွင်းစေခဲ့သည်။
"ကျောင်းအုပ်ကြီက ယွီလဲ့ဘုရင်နဲ့ရင်ဆိုင်နေရတာမဟုတ်ဘူးလား..."
ခရမ်းအဆင့်နည်းပြတစ်ဦးက မေးခွန်းထုတ်လိုက်သည်။
"နေဉီး.... အဲဒါ ယွီလဲ့ဘုရင်မဟုတ်ဘူး!"
ပိုလိမ္မာပါးနပ်သော ခရမ်းအဆင့်နည်းပြတစ်ဦးက အော်ဟစ်လိုက်သည်။
"အဲ့တာ ကမ္ဘာခြားသက်ရှိဘုရင်နောက်တစ်ကောင်ပဲ.....!"
ဤဖွင့်ဆိုချက်သည် လူတိုင်းကို အလွန်ထိတ်လန့်စေသည့် ခံစားချက်ကို ခံစားစေခဲ့သည်။စုရှင်းနှင့်ယုဟုန်ရှီတို့ပင် ထိတ်လန့်သွားကြသည်။
နောက်ထပ် ဘုရင်အဆင့်ကမ္ဘာခြားသက်ရှိတစ်ကောင် အရိပ်လှိုဏ်ဂူထဲမှာ ပေါ်လာခဲ့တာလား......
သူတို့၏ ထိတ်လန့်သော အကြည့်များအားလုံးက တိုက်ခိုက်နေသူ နှစ်ယောက်ဆီသို့ ဦးတည်သွားကြသည်။ ဖန်ချန်းယွမ်ကို စိန်ခေါ်သော ကမ္ဘာခြားသက်ရှိသည် လူသေကောင်လိုအသားရေဖြူဖျော့နေသည်။ သူသည် ယွီလဲ့ဘုရင်၏ တိုက်ခိုက်ပုံနှင့် လုံးဝမတူဘဲ သူ့ပတ်ဝန်းကျင်တွင် အမှောင်စွမ်းအင်စွာကိုဆင့်ခေါ်နိုင်သည့် စုတ်ပြဲနေသော ဝိညာဉ်ခေါ်အလံကို ကိုင်ဆောင်ထားသည်။
လူတိုင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ လှိုင်းထန်လာသည်။ ကျောင်းအုပ်ကြီး စောစောက ဘာကြောင့် ရောက်မလာခဲ့သလဲ နားလည်ခဲ့ချေပြီ။
တကယ်တော့ သူ့ကို အရိပ်လှိုဏ်ဂူ ရဲ့ အနက်ရှိုင်းဆုံးမှာ ဘုရင်အဆင့်ကမ္ဘာခြားသက်ရှိနှစ်ကောင်က ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းပင်......
ထိုအချိန်တွင် လှိုဏ်ဂူထဲမှ စူးစူးဝါးဝါးရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟားးးဟားး ဖန်ချန်းယွမ်၊ မင်းရဲ့ ရှန်းလိသစ်ပင် ပြာကျသွားပြီမို့ အရိပ်လှိုဏ်ဂူပွင့်သွားပြီ.... မင်းရဲ့ နှစ်ရှည်လများ ကြိုးစားအားထုတ်မှုတွေ အချည်းနှီးဖြစ်ကုန်ပြီ.... "
ကောလိပ်၏ ခရမ်းအဆင့်နည်းပြများအားလုံး ထိုအသံကိုကြားလိုက်ရသောအခါ သူတို့၏မျက်လုံးများ မှိတ်ကျသွားသည်။
ဤသည်မှာ သူတို့ ရင်းနှီးသော အသံဖြစ်သည်။ သုတ်သင်ရှင်းလင်းရေးမစ်ရှင်ပြူလုပ်ရန် အရိပ်လှိုဏ်ဂူ၏နက်နဲရာသို့ ရောက်သွားတိုင်း၊ ကျောင်းအုပ်ကြီး၏ ရန်သူတော်ကို တွေ့နိုင်သည်။
ယွီလဲ့ ဘုရင်..........
အရိပ်လှိုဏ်ဂူကနေ စီးဆင်းနေတဲ့ မြစ်ရေရဲ့ တဟုန်းဟုန်းမြည်သံကို ကြားနေရသည်။ မရေမတွက်နိုင်သော အော်ဟစ်သံများနှင့် တီးတိုးသံများက ကျောရိုးစိမ့်တက်သွားသည့်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။
ခဏကြာတော့ အနက်ရောင်ရေတွေ သူတို့ရှေ့မှာ ပေါ်လာသည်။အနက်ရောင်မြစ်ရေများက အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးကနေ တိုက်တန်းနစ် မြွေနက်တစ်ကောင်လို ခုန်ထွက်လာပြီး အရာအားလုံးကို ဝါးမျိုလိုက်သည်။
"မကောင်းဆိုးဝါးမြစ်?"
အားလုံး၏ အမူအရာများ လုံးဝကြောက်လန့်ခြင်းသို့ ကူးပြောင်းသွားသည် ။ မကောင်းဆိုးဝါးမြစ်သည် လူသားတို့၏ ယုတ်ညံ့မှုနှင့် အပြစ်များ ပေါင်းစည်းခြင်း ဖြစ်သည်။ ထိုမြစ်ထဲမှ ကမ္ဘာခြားသက်ရှိများ မွေးဖွားလာသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ ယွီလဲ့ ဘုရင်က သူ့ရဲ့ကျိန်စာရေတွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ဖို့ စီစဉ်နေသလား.....
မကောင်းဆိုးဝါးမြစ်ရေများ လူ့လောကထဲပျံ့နှံ့လာပါက မထင်မှတ်ထားလောက်အောင် အမှောင်စွမ်းအင်များ ပလိပ်ရောဂါကဲ့သို့ ပျံ့နှံ့သွားပေလိမ့်မည်။
တစ်နည်းဆိုရသော်၊ လက်တွေ့ကမ္ဘာတွင် မကောင်းဆိုးဝါးမြစ်၏ အသွင်အပြင်သည် ပတ်ဝန်းကျင်ကို ကမ္ဘာခြားသက်ရှိများအတွက် အသိုက်တစ်ခုအဖြစ် ပြောင်းလဲစေမည်ဖြစ်သည်။
ထိုအချိန်တွင်၊ ရှပြည်ထောင်စု ပျက်သုဉ်းသွားရုံသာမက ထောင်သောင်းချီသောနယ်မြေအတွင်း မည်သည့်အရာမျှ အသက်ရှင်ကျန်ရစ်မည်မဟုတ်ပေ။
လေထုအလယ်တွင်......
ကိုယ်စားအုပ်ချူပ်သူသည် အရာရာကို တုန်လှုပ်သောအကြည့်ဖြင့် ငေးမောနေသည်။ ထူးဆန်းသောလူငယ်ဘက်သို့ အာရုံမစိုက်နိုင်ဘဲလည်း မနေနိုင်ပေ။
ဒီအကြောင်းတွေ သူ့ကိုလုံးဝအသိမပေးခဲ့ဘူး! ဖန်ချန်းယွမ်ကို အရိပ်လှိုဏ်ဂူမှာ ကန့်သတ်ထားပြီး အရိပ်လှိုဏ်ဂူထဲက မထွက်နိုင်ဘူးလို့သာ ပြောခဲ့ပေမယ့် ရှပြည်ထောင်စုကို ပျက်စီးစေမယ့် မကောင်းဆိုးဝါးမြစ်အကြောင်းတစ်ခွန်းမှပြောမပြခဲ့ဘူး........
သူ့စိတ်တွေ တုန်လှုပ်သွားပေမယ့် အကြွင်းအကျန် ခံစားချက်တွေအားလုံးကို အမြန်ချေမှုန်းပစ်လိုက်သည်။ အခြေအနေက နောက်ပြန်လှည့်လို့မရလောက်အောင် ခြေလွန်လက်လွန်ဖြစ်ကုန်ပြီမို့ မဖြစ်မနေ
ဖန်းကျွမ်အဖွဲ့အစည်းဘက်သို့ကူးပြောင်းရတော့မည်။ဒီလိုသာဆို အခြေအနေတွေ ပိုဆိုးလာရင်တောင် သူ့အတွက် စိုးရိမ်စရာမရှိတော့ပေ။ ထူးဆန်းသောလူငယ်သည် ပူးပေါင်းကြံစည်သူဖြစ်ကြောင်း ထုတ်ဖော်လိုက်သည်နှင့် ကြယ်တာယာခရီးရှည်ကောလိပ်၊ ရွှေနဂါးဘဏ်တိုက်နှင့် ကျန်အဖွဲ့များ၏ ဒေါသများသူ့အပေါ်ပုံကျလာလိမ့်မည်။ယခင်က သူ့ကို ထောက်ခံသူများပင်လျှင် ရန်သူအဖြစ်သတ်မှတ်ကြလိမ့်မည်။
ဖန်းကျွမ်အဖွဲ့အစည်း၏လုပ်ဆောင်ချက်များသည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်နေပြီဖြစ်သောကြောင့် အခုနေ သူ့ဘက်က အမှားလုပ်မိရင် အရာအားလုံး ဆုံးရှုံးရလိမ့်မည်။
ကိုယ်စားအုပ်ချုပ်သူသည် ရက်စက်ကြမ်းကြုတ်ပြီး ရည်မှန်းချက်ကြီးသူဖြစ်သည်။ ဆုံးဖြတ်ချက်တွေ မြန်မြန်ချရမယ်ဆိုတာ သိသောကြောင့် တိုတောင်းတဲ့ အတွင်းရေးတိုက်ပွဲအပြီးမှာ သူနေရမည့် ဘက်ကိုရွေးချယ်နိုင်ခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ဖန်းကျွမ်အဖွဲ့အစည်းသည် ကြီးမားသောကျောထောက်နောက်ခံဖြစ်သည်။ သူတို့ကို မှီခိုအားထားခြင်းဖြင့် အကျိုးမြတ်များများ ရနိုင်ပေလိမ့်မည်။ သူ၏ကြိုးစားအားထုတ်မှုများသာထိုက်တန်ပါက ၎င်းတို့၏အကူအညီဖြင့် ဘုရင်အဆင့်သို့ရောက်ရန်မှာ မဖြစ်နိုင်စရာမရှိပေ။
"ဖန်ချန်းယွမ်..... ထွက်သွားလိုက်ပါ။ ရှပြည်ထောင်စုကို စွန့်လွှတ်လိုက်ပါတော့.. မင်းရဲ့အဖြစ်က တန်ခိုးကြီးတဲ့ နဂါးတစ်ကောင် ခြေချုပ်မိနေသလိုပဲ.... ငါ မင်းအတွက် ဒီခြေချူပ်တွေကို ချိုးဖျက်ပေးဖို့ ကူညီပေးနေတယ်.....ဘာလို့ ဒီအခွင့်အရေးကို လက်လွတ်ခံမှာလဲ...."
ယွီလဲ့ဘုရင်သည် မကောင်းဆိုးဝါးမြစ်အထက်တွင် လွင့်မျောနေပြီး ပြင်းထန်သောအသံဖြင့် အော်ဟစ်လိုက်သည်။
သူ၏နောက်ကွယ်မှ ကြီးမားသော ပဲ့တင်ထပ်သံသုံးခုရောင်ခြည်ဖြင့် အလောင်းကောင်ဘုရင်ကို တိုက်ခိုက်နေစဉ် ဖန်ချန်းယွမ်၏ အမူအရာ အေးစက်နေခဲ့သည်။
အလောင်းကောင်ဘုရင်သည် ဓါးအလင်း၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုတ်ပေးနေရသော်လည်း ဖန်ချန်ယွမ် အပြီးသတ်အနိုင်မရသေးပေ။
သူ့တွင် အလောင်းကောင်ဘုရင်ကို အမှန်တကယ် အနိုင်ယူရန် နည်းလမ်းမရှိတော့ဘဲ၊ ယွီလဲ့ဘုရင်သည် မကောင်းဆိုးဝါးမြစ်ကို လက်တွေ့ကမ္ဘာဆီသို့ လမ်းညွှန်ရန် ဤအခွင့်အရေးကို အခွင့်ကောင်းယူနေပါသည်။
ရှန်းလိသစ်ပင် မီးတောက်လောင်ခဲ့ကာ အရိပ်လှိုဏ်ဂူကို ဖိနှိပ်နိုင်စွမ်း ဆုံးရှုံးခဲ့ပြီး မကောင်းဆိုးဝါးမြစ်ကို အတားအဆီးမဲ့ စီးဆင်းစေခဲ့သည်။
အခြေအနေက ထင်ထားသည်ထက်ပင်ပိုမိဆိုးရွှားနေသည်။
ဖန်ချန်းယွမ်က အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။
"ယွီလဲ့ဘုရင်.... ဒီလို လွန်ကဲတဲ့ စကားလုံးတွေက ငါ့အတွက် အကျိုးရှိမယ်လို့ မင်းတကယ်ထင်နေတာလား.....ဘုရင်အဆင့် နယ်ပယ်ထဲကို လျှောက်လှမ်းနိုင်တဲ့သူတစ်ယောက်ဖြစ်တဲ့ငါ့ကို မင်း အထင်သေးလွန်းနေပြီ....."
"ဟမ့် ငါ မင်းကို ဆွဲဆောင်ဖို့ ကြိုးစားနေတာမဟုတ်ဘူး...ဒါက ခါးသီးတဲ့ အမှန်တရားတစ်ခုပဲ..... အခြေအနေကို အမှန်တကယ် ပြောင်းပြန်လှန်နိုင်မယ်လို့ မင်းထင်သလား...
ပွဲစစချင်းမှာပဲ မင်း ရှုံးသွားပြီး" ဟု ယွီလဲ့ ဘုရင်က လှောင်ပြောင်ခဲ့သည်။
"မင်းတို့ကို ဗဟိုကျောင်းသားသမဂ္ဂက ဒီအတိုင်းထိုင်ကြည့်နေမှာတဲ့လား.... "
"ဗဟိုကျောင်းသားသမ္မဂ္ဂမှာ ဒီလိုဝေးလံခေါင်သီတဲ့မြေကို ကူညီပေးဖို့ အချိန်မရှိဘူး....."
"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါမသိပေမယ့်၊ မကောင်းဆိုးဝါးမြစ်ကို လူ့လောကထဲ စီးဆင်းအောင်မကြိုးစားဖို့ အရေးကြီးတယ်လို့ အကြံပေးချင်တယ်.... ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကိုရအောင်တားမယ်.....“
ဖန်ချန်းယွမ်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။
"အိုး... မင်း ငါတို့ကို တားနိုင်မယ်လို့ တကယ်ထင်လား...ဘယ်လိုအင်အားမျိုးနဲ့လဲ....."
ယွီလဲ့ဘုရင်က ခပ်ရွဲ့ရွဲ့ ထောက်ပြလိုက်သည်။
ဖန်ချန်းယွမ်သည် လက်ဖဝါးကို မြှောက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ လုံကူရှန့်ပိန်း သူ့လက်ထဲတွင် ပြန်ပေါ်လာပြီး အချိန်ကာလ၏တိုက်စားမှုအရိပ်အယောင်များ ၎င်း၏မျက်နှာပြင်တွင် ထင်ရှားပေါ်လွင်လာသည်။
"လုံကူရှန့်ပိန်း?"
ယွီလဲ့ဘုရင်၏ ရယ်သံ နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည်။
"ဒါက
ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကနေ တဆင့် လွှဲအပ်ထားတဲ့ ရတနာမို့ ကြောက်စရာကောင်းပေမယ့် အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိမှာမဟုတ်ဘူး....."
ဖန်ချန်းယွမ်သည် ကဲ့ရဲ့ခြင်းကို လျစ်လျူရှုပြီး လက်နှစ်ဖက်ဖြင့်သာ စည်းတံဆိပ်တစ်ခုဖန်တီးနေသည်။ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားအားလုံးကို လုံကူရှန့်ပိန်းထဲသို့ အဆုံးမဲ့ သွန်းလောင်းနေသည်။ ခဏအကြာတွင် လုံကူရှန့်ပိန်းသည် တောက်ပသော အလင်းတန်းများနှင့်အတူ ပွင့်လာပြီး ၎င်းထံမှ ရှေးကျသော ပြင်းထန်သည့် ဟိန်းဟောက်သံကို ကြားရသည်။
ဧရာမ နဂါးကြီး၏အရိပ် ကောင်းကင်မှ ဆင်းသက်လာသည်။
ထိုအရိပ်သည် အလောင်းကောင်ဘုရင်နှင့် ယွီလဲ့ဘုရင်၏ မကောင်းဆိုးဝါးမြစ်တစ်ခုလုံး အပါဝင်အရာအားလုံးကို ဖုံးအုပ်ထားသည်။
"လုံကူရှန့်ပိန်းရဲ့ လုံကူကမ္ဘာစည်းတံဆိပ်"
ဖန်ချန်းယွမ်၏ အေးစက်သောအော်ဟစ်သံ ဂူထဲသို့ ပဲ့တင်ထပ်သွားသည်။
အလောင်းကောင်ဘုရင်နှင့် ယွီလဲ့ ဘုရင် တို့သည် နဂါး၏အရိပ်ကို မြင်လိုက်သောအခါတွင် သူတို့ နှစ်ယောက်လုံး ခေါင်းမော့လာကြသည်။ အတင်းအကြပ် ဖိအားပေးနေသည့်စွမ်းအားများ သူတို့ကို ဖုံးလွှမ်းသွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပုံရသည်။
တစ်ချိန်တည်းမှာပင် စီးဆင်းနေသော မကောင်းဆိုးဝါးမြစ် ရပ်တန့်၍ ရွေ့လျားခြင်းမရှိတော့ပေ။
ထို့နောက်တွင် အဖြူရောင်အခိုးအငွေ့များ တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားပြီး ၎င်းသည် မည်သည့်အရာမဆို ရောထွေးစေသည့် အထူးကျိန်စာတစ်မျိုးကို ပိုင်ဆိုင်ထားသည်။
၎င်းတို့ထဲတွင် ဖန်ချန်းယွမ်၊ ယွီလဲ့ဘုရင် ၊အလောင်းကောင်ဘုရင်နှင့် မကောင်းဆိုးဝါးမြစ်တို့ ပါဝင်သည်။
ဖြူမှိုင်းမှိုင်းအရောင်သည် ဖန်ချန်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အရိုးနှင့်ပြုလုပ်ထားသည့် ပန်းပုရုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသလိုမျိုး ပျံ့နှံ့လာသည်။
ဤသည်မှာ တံဆိပ်ခတ်ခြင်းပညာရပ်တစ်ခုဖြစ်သည်။
"ဖန်ချန်းယွမ်၊ မင်း အတော်သတ္တိရှိသားပဲ.... မင်းကိုယ်မင်း ငါတို့နဲ့အတူ ချိတ်ပိတ်ဖို့ ရွေးချယ်ခဲ့တာ တကယ်ပဲ ထိုက်တန်ရဲ့လား"
ယွီလဲ့ဘုရင်၏ လေသံ နောက်ဆုံးတွင် မှုန်ဝါးသွားခဲ့သည်။
"ရူးမိုက်လိုက်တာ... လုံကူရှန့်ပိန်းက အတုမရှိ အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်ပေမယ့်၊ မကောင်းဆိုးဝါးမြစ်ကို တံဆိပ်ခတ်လို့ မရပါဘူး" ဟု အလောင်းကောင်ဘုရင်က မှတ်ချက်ပြုလိုက်သည်။
ဖန်ချန်းယွမ်သည် သူ၏ အရိုးကျနေသော ခန္ဓာကိုယ်ကို ခေါင်းငုံ့ကြည့်ရင်း သူ့အမူအရာမှာ လုံးဝ မှေးမှိန်သွားသည် ။
"တကယ်တော့ ဒီတစ်ခုတည်းနဲ့ မလုံလောက်ဘူး...."
ထို့နောက် သူသည် ခေါင်းကို လှည့်ကာ သူ့အကြည့်သည် အရိပ်လှိုဏ်ဂူ အပြင်ဘက်သို့ ထိုးဖောက်ကာ လူအချို့ကို အာရုံစိုက်နေသည်။
တစ်ချိန်တည်းမှာပင် လီလော့သည် သူတစ်ယောက်တည်းသာကြားနိုင်သော အသံကို သတိပြုမိလိုက်သည်။
"လီလော့၊ ငါ မင်းရဲ့အကူအညီလိုနေပြီ....."