← Chapters

အနက်ရောင်ကမ္မည်းပြား....

Vol. 51 Ch. 701

အနက်ရောင်ကမ္မည်းပြား....

Vol. 51 Ch. 701

"ကျောင်းအုပ်ကြီးဖန်? အကူအညီ?"

လီလော့ ထိုရင်းနှီးသောအသံကိုကြားလိုက်သောအခါတွင် ခါးသီးသောအပြုံးဖြင့် တိုးတိုးလေးပြန်မဖြေမီ နှစ်စက္ကန့်လောက် ငြိမ်သက်သွားခဲ့သည်။

"ကျောင်းအုပ်ကြီး....ကျွန်တော့်ကိုအရမ်းအထင်ကြီးလွန်းနေတာမဟုတ်လား..အရိပ်လှိုဏ်ဂူထဲမှာ ဘုရင်သုံးပါး ထိပ်တိုက်တွေ့နေကြတာလေ... ကျွန်တော့်ထက် အစွမ်းထက်တဲ့ မြို့စားအဆင့်တွေတောင် ဝင်ပါလို့မရတာကို ကျွန်တော် ဘယ်လိုကူညီနိုင်မလဲ... ကျွန်တော်သာ လှိုဏ်ဂူထဲရောက်လာရင် ဘုရင်အဆင့်တွေရဲ့အကြည့်တစ်ချက်နဲ့တင် သေသွားနိုင်တယ်...."

"မင်း လူကိုယ်တိုင်ကူညီပေးဖို့မလိုပါဘူး...တခုခုချေးငှားပေးရုံပါပဲ..."

ကျောင်းအုပ်က လီလော့၏ မှတ်ချက်များကို ရယ်မောနေပုံရသည်။

" တစ်ခုခု ချေးငှားပေးရမယ်..."

လီလော့ ခဏလောက် စဉ်းစားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"သွေးအဆီအနှစ်လိုချင်တာလား...ရတယ် ကိစ္စမရှိဘူး... !"

"ဒီတစ်ခါ မင်းရဲ့သွေးအဆီအနှစ်ကို မယူပါဘူး....အရင်ကလည်း တောင်းပြီးပြီဆိုတော့ ထပ်တောင်းရင် မင်းသေသွားလိမ့်မယ်..."

လီလော့က ဝမ်းနည်းပူဆွေးသော အရိပ်အမြွက်ဖြင့် သက်ပြင်းချလိုက်သည်။ အိမ်တော်တွေ့ဆုံပွဲနေ့မှစ၍ သူသည် ကောင်းကင်ဝံပုလွေ၏ စွမ်းအားအားလုံးကို နှိုးဆော်ပြီး ၎င်းကို သွေးအနှစ်သာရဆယ်စက်ဖြင့် ပေးဆပ်လိုက်သောကြောင့် အတော်လေး အင်အားယုတ်လျော့နေပြီဖြစ်သည်။ ။ ကျောင်းအုပ်ကြီးဖန် လည်း ဒါကို မြင်နိုင်တယ်ဆိုတာ ရှင်းနေသည်။

" ဒါဆို ဘာပေးရမလဲ"

ဒီအချိန်မှာ သူ နည်းနည်း စိတ်ဓာတ်ကျနေသလို ခံစားနေရသည်။ သူသည် သာမာန် နတ်ဆိုးနန်းတော်အဆင့်ကို ကျွမ်းကျင်သူသာဖြစ်ပြီး အတိတ်တွင် ကျောင်းအုပ်ကြီး ဖန်၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ၏ ကောင်းကင်ဧကရာဇ် သွေးအဆီအနှစ်ဖြစ်သည်။၎င်းအပြက် တခြားဘာတွေ ပေးနိုင်ဉီးမည်နည်း.....

“သိသာပါတယ်၊ ဒါဟာ ကောင်းကင်ဧကရာဇ် လီရဲ့ သွေးမျိုးဆက်နဲ့ သက်ဆိုင်နေတယ်...”

ထိုအခါမှသာ လီလော့ ရုတ်တရက် သဘောပေါက်သွားသည်။ထို့နောက် အိတ်ဆောင်စက်လုံးထဲကနေ ရှေးဟောင်း

ကမ္ပည်းပြားတစ်ခုထုတ်ယူလိုက်သည်။ ၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောရေးသားဟန်ဖြင့် "လီ" ဟူသောစာလုံးကို ရေးထိုးထားသည်။ အောက်တွင် ရက်စက်ကြမ်းကြုတ်ငေါ အော်ရာများ ဖြာထွက်နေဆဲဖြစ်သော နဂါးတစ်ကောင်၏ မှုန်ဝါးသော ပုံရိပ်တစ်ခု ရှိနေသည်။

"ဒါကို ရည်ညွှန်းနေတာလား....." ဤသည်မှာ ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆင်နှင့် ပတ်သက်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

" ငါရှာနေတာ အဲ့တာပဲ.... ခဏလောက် ငှားပေးလို့ရမလား...."

"ကျောင်းအုပ်ကြီးအဆင်ပြေရဲ့လား"

ကျောင်းအုပ်ကြီးသည် လက်ရှိအခြေအနေအရ နှစ်ဖက်စလုံးကို ထိခိုက်နစ်နာစေမည့် နည်းလမ်းကို အသုံးပြုရန် စီစဉ်နေပုံရသည်။ အောင်မြင်ခဲ့လျှင် အလွန်ကောင်းမွန်သော အောင်ပွဲတစ်ခု ဖြစ်နိုင်သည်။

"ငါက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကျောင်းအုပ်ကြီးပါ... ရှန်းလိသစ်ပင်ကို မကာကွယ်နိုင်ခဲ့ပေမဲ့ ကောလိပ်ကို ကာကွယ်

နိုင်ပါသေးတယ်.....ကမ္ဘာခြားသက်ရှိတွေက

ငါ့ကို ဒီနေရာကို စွန့်ခွာပြီး ထွက်ပြေးဖို့ ရွေးချယ်မယ်လို့ ထင်နေကြတာ.... သူတို့တွေ

ဖန်ချန်ယွမ်ကို လျှော့တွက်နေကြတာပဲ . ..ငါနဲ့အတူ သူတို့ကို ချိတ်ပိတ်ထားလို့ရ ပေမယ့် ဒါက နှစ်အနည်းငယ်လောက်ပဲ ကြာလိမ့်မယ်... ."

ဖန်ချန်ယွမ် ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ လီလော့ လက်ထဲက အနက်ရောင်ကမ္ပည်းပြားသည် အရိပ်လှိုဏ်ဂူ၏အနက်ပိုင်းသို့ ကျဆင်းသွားသည်။

ဖြည်းညှင်းစွာ လှုပ်ရှားနေသော ဖန်ချန်ယွမ် သည် အနက်ရောင် ကမ္ပည်းပြားကို ထုတ်ယူလိုက်ရာ အတွင်း၌ အင်အားကြီးသော အရိပ်အယောင်ကို ခံစားရသည်။

"ကောင်းကင်ဘုံဧကရာဇ်စွမ်းအင်က တကယ်ကို ထူးခြားသားပဲ .."

ထို့နောက် သူ၏ ပဲ့တင်ထပ်သံသုံးခုစွမ်းအားကို နှိုးဆွပြီး စွမ်းအင်အားလုံးကို အနက်ရောင်ကမ္ပည်းပြားထဲသို့ လောင်းထည့်လိုက်ပြီး လက်ဟန်အမူအရာအချို့ကို အစီအရီ လျင်မြန်စွာ ပြုလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ကမ္ပည်းပြားကို အသက်သွင်းလိုက်ပုံရပြီး ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ပေါက်ကွဲထွက်လာသည်။ ရွှေရောင်အလင်းတန်း လင်းလက်လာသည်နှင့်အမျှ ယွီလဲ့ဘုရင်နှင့် အလောင်းကောင်ဘုရင်တို့၏ အော်ရာများ အရောင်ဖျော့လာသည်။

"ကောင်းကင်ဘုံဧကရာဇ်စွမ်းအင်?!"

ယွီလဲ့ဘုရင်နှင့်အလောင်းကောင်ဘုရင်တို့ ပထမဆုံးအကြိမ် ကြောက်ရွံ့မှု ဖြစ်ပေါ်လာသည်။ သူတို့သည် ခေါင်းကိုးလုံးဧကရာဇ်ထံ၌သာ တွေ့ကြုံခံစားခဲ့ရသည့် ဖော်မပြနိုင်သော ဖိအားနှင့် ကြောက်ရွံ့မှုကိုပင် ခံစားခဲ့ရသည်။

"ဖန်ချန်ယွမ်၊ မင်းမှာ လှည့်ကွက်တွေရှိသေးတယ်ပေါ့."

ယွီလဲ့ ဘုရင်၏ ဖြူဖွေးသော ငါးမျက်လုံးများအတွင်း၌ ဒေါသအရိပ်အယောင် ပေါ်လာသည်။ တစ်ဖက်တွင်၊ ဖန်ချန်ယွမ် သည် လုံကူရှန့်ပိန်း၏စည်းတံဆိပ်အလင်းနှင့် ကမ္မည်းပြားမှ ထုတ်လွှတ်သော ရွှေရောင်အလင်းကို ပေါင်းစပ်နေပြီး ယွီလဲ့ဘုရင်တို့ကို လုံးဝလျစ်လျူရှုခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ အဖြူရောင်မီးခိုးများ အားကောင်းလာပြီး သုံးယောက်စလုံးကို အရိုးစုအဖြစ် ပြောင်းလဲသွားသည့်နှုန်းလည်း အရှိန်မြှင့်လာခဲ့သည်။

ဆိုးရွားလှသော မြစ်ရေသည်ပင်လျှင် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ရှေ့သို့ မစီးဆင်းတော့ပေ။

ထိုလုပ်ငန်းစဉ် အရှိန်မြှင့်လာသောအခါတွင် အဖြူစက်များ လျင်မြန်စွာ ပေါ်လာသည်။

"ဖန်ချန်ယွမ်၊ မင်းရဲ့လှည့်ကွက်လေးတွေက အသုံးမဝင်ဘူး၊ တန်ဖိုးမရှိတော့ဘူး။ မင်း ငါတို့နဲ့ မကောင်းဆိုးဝါးမြစ်ကို စည်းတံဆိပ်ခတ်ဖို့ ကောင်းကင်ဧကရာဇ်စွမ်းအင်ကို တကယ်သုံးခဲ့တယ်၊ ဒါတောင် နှစ်အနည်းငယ်ကြာအောင်သာ ထိန်းထားလိုက်ပြီး တံဆိပ်က သဘာဝအတိုင်း ပျက်စီးသွားမှာပဲ....အဲ့အခါကျရင် အရာအားလုံး အစီအစဉ်အတိုင်း ဆက်သွားလိမ့်မယ်! မင်းရဲ့ ရှန်းလိသစ်ပင် ပြိုပျက်သွားခဲ့ပြီမို့ မကောင်းဆိုးမြစ်ကို စည်းတံဆိပ်ခတ်ထားရင်တောင် သူ့ရဲ့ အမှောင်စွမ်းအင်တေဃ စိမ့်ထွက်နေမှာပဲ! ဖန်ချန်ယွမ်! ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ ရှပြည်ထောင်စုက ကယ်တင်ဖို့မလွယ်တော့ဘူး... !"

ယွီလဲ့ဘုရင်က အုံ့မှိုင်းစွာ ကြေငြာလိုက်သည်။

ဤကြမ်းတမ်းသောစကားများနှင့် ရင်ဆိုင်ရသည့်အခါတွင် ဖန်ချန်ယွမ်သည် စည်းတံဆိပ်ခတ်နေရင်း အမူအရာမှိန်ဖျော့သွားလေသည်။

"နှစ်အနည်းငယ်ကြာရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ ငါ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အခါ၊ စစ်ကူတွေ ရောက်နေပြီးသားဖြစ်နေမှာပါ...."

"နုံအလိုက်တာ.....ဗဟိုကျောင်းသားသမဂ္ဂက သူတို့ကိုယ်ပိုင် ပြဿနာတွေကိုတောင် ဂရုမစိုက်နိုင်သေးဘူး.... သူတို့မှာ တစ်ယောက်ယောက်ကို အပြင်ပိုင်းနတ်ဘုရားကုန်းမြေဆီပို့ ဖို့ အချိန် ဒါမှမဟုတ် အရင်းအမြစ်တွေ မရှိဘူး...."

ယွီလဲ့ဘုရင်က အေးစက်စွာ ပြုံးလိုက်သည်။

ဖန်ချန်ယွမ်လည်း အလားတူ ပြုံးပြပြန်သည်။ မကြာမီ သူသည် အရိုး ရုပ်တုအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်ထဲတွင် ငြိမ်သက်စွာ အနားယူနေပါသည်။

ယွီလဲ့ဘုရင်နှင့် အလောင်းကောင်ဘုရင်တို့သည်လည်း အပြည့်အဝ စည်းတံဆိပ်ခတ်ခြင်း မခံရသေးသော်လည်း ၎င်းတို့၏ အကြည့်များတွင် စိတ်ပျက်ခြင်း၊ ဒေါသနှင့် ငြိုငြင်မှုတို့ ပြည့်နှက်နေပါသည်။ထို့နောက် တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး မည်သူမျှမသိနိုင်အောင် စကားစမြည်ပြောနေကြသည်။

"မဖြစ်နိုင်ဘူး.... ဖန်ချန်ယွမ်က ဒီယုတ်ညံ့တဲ့ စည်းတံဆိပ်နဲ့ ငါတို့ကို တားဆီးခဲ့တယ်!"

"မကောင်းဆိုးဝါးမြစ် မပြန့်ပွားနိုင်တော့ဘူး.... ငါတို့ အစီအစဉ်ကို ဆက်မလုပ်နိုင်တော့ဘူး......."

"ကမ္ဘာဦးမူလမျိုးနွယ်ကိုရှာဖွေဖို့ မကောင်းဆိုးဝါးမြစ်ကို လိုအပ်တယ်...ဒါ ငါတို့ကိုပေးထားတဲ့အမိန့်ပဲ. ..!"

"ကြည့်ရတာခေါင်းဆောင်ကို လှုပ်ရှားခိုင်းရတော့မယ်ထင်တယ်...."

"မဟုတ်ဘူး.... ခေါင်းဆောင်က ပေါ့ပေါ့တန်တန် လှုပ်ရှားလို့မဖြစ်ဘူးလို့ ပြောထားပြီးသား.... မဟုတ်ရင် ကမ္ဘာဦးမူလမျိုးနွယ်ရဲ့ သတင်းကို တခြားဖြစ်တည်မှုတွေ အာရုံခံမိသွားလိမ့်မယ်....."

"ဒါဆို ငါတို့ စောင့်နေရုံပဲပေါ့... ဖန်ချန်ယွမ်ရဲ့ စည်းတံဆိပ်က ငါတို့ကို နှစ်နှစ်၊သုံးနှစ်လောက်ပဲ ထိန်းထားနိုင်တယ်.... တစ်ဖက်မှာလည်း ငါတို့ကို ကူညီနိုင်တဲ့ ပြင်ပမဟာမိတ်တစ်ယောက်ရှိသေးတယ်......"

စကားအချို့ပြောဆိုပြီးနောက် ၎င်းတို့နှစ်ဦး အဖြူရောင် အရိုးရုပ်တုအဖြစ် တိတ်တဆိတ် ပြောင်းလဲသွားခဲ့သည်။

ထိုအခါ အရိပ်လှိုဏ်ဂူ၏အနက်ရှိုင်းဆုံးနေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေတော့သည်။

သို့သော်လည်း အမှောင်စွမ်းအင်လှိုင်းလုံးကြီးများသည် အတောမသတ်ထွက်ပေါ်နေဆဲပင်.....

ကောလိပ်အတွင်း၌ ဘုရင်သုံးပါးစလုံး အရိုးရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားသည်ကို လူတိုင်းတွေ့မြင်နိုင်ပြီး လုံးဝကိုတိတ်ဆိတ်သွားစေသည်။ တစ်ချိန်တည်းမှာပင် အခြားဘုရင်နှစ်ပါးသည် အလွန်ကြောက်စရာကောင်းသောကြောင့် လူတိုင်း တိတ်တဆိတ် အသက်ရှူချောင်သွားသလိုခံစားကြရသည်။ထိုဘုရင်နှစ်ပါးသာ အရိပ်လှိုဏ်ဂူမှ လွတ်လွတ်လပ်လပ် လွတ်မြောက်နိုင်ခဲ့ပါက၊ ၎င်းတို့သည် ကပ်ဆိုးနိမိတ်လက္ခဏာများ ဖြစ်ကြမည်မှာ သေချာပါသည်။

ကျောင်းအုပ်ကြီးဖန် တံဆိပ်ခတ်ခံထားရတာတော့ သနားစရာပင်......

"ကျောင်းအုပ်..."

ဒုကျောင်းအုပ် စုရှင်းက ကျောင်းအုပ်ကြီးကို နာကျင်နေသည့် အကြည့်ဖြင့် ကြည့်နေသည်။

"ကျောင်းအုပ်!" မရေမတွက်နိုင်သော ကျောင်းသားများသည်လည်း ဝမ်းနည်းမှုကြောင့် သူတို့၏ မျက်လုံးများ နီရဲလာကြသည်။ ဖန်ချန်ယွမ်သည် မကြာခဏ လူလုံးထွက်မပြတတ်သော်လည်း ကျောင်းသားများ၏ နှလုံးသားအတွင်း၌ တည်ရှိနေသည်မှာ ငြင်းလို့မရပေ။ ကောလိပ်ကျောင်းကို ကာကွယ်ဖို့အရိပ်လှိုဏ်ဂူထဲတွင် သူ့ကိုယ်သူ စတေးခဲ့တာက သူတို့ရဲ့ လေးစားမှုကို ရရှိဖို့ လုံလောက်ပေသည်။

ယခု ကျောင်းအုပ်ကြီး စည်းတံဆိပ်ခတ်ခံထားရသော ကြယ်တာယာခရီးရှည်ကောလိပ်၏ ခွန်အားမှာလည်း လျော့ပါးသွားခဲ့ချေပြီ။

ယုဟုန်ရှီ၊ဒူဇီယန်နှင့် အခြားသူများလည်း စိတ်မကောင်းဖြစ်နေကြသည်. ဖန်ချန်ယွမ် သည် ရှပြည်ထောင်စုတော်၏ တစ်ဦးတည်းသောဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်သောကြောင့် သူ၏ပျောက်ဆုံးမှုသည် နိုင်ငံအတွင်းပိုင်းဖွဲ့စည်းပုံအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။

တစ်ဖက်တွင်၊ ကိုယ်စားအုပ်ချူပ်သူသည် ဖန်ချန်ယွမ် ၏ အရိုးရုပ်တုကို စိုက်ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေလေ၏။

သူ့ကိုစဉ်ဆက်မပြတ်ဖိအားပေးနေသူက သူ့ကိုယ်သူ စည်းတံဆိပ်ခတ်ဖို့ ရွေးချယ်ခဲ့ပြီ။

အခု ကုန်းယွမ်ဆိုသော သူ့ကို နောက်ထပ် ဘယ်သူ တားနိုင်မလဲ.....

ထူးဆန်းသောလူငယ်ကပြုံးကာ "အင်း....ကမ္ဘာခြားသက်ရှိဘုရင်နှစ်ပါးက သိပ်မတောက်ပဘူး"

"အရှင်.... ဖန်ချန်ယွမ်နဲ့ကမ္ဘာခြားသက်ရှိ ဘုရင်နှစ်ပါးအတူ စည်းတံဆိပ်ခတ်ခံလိုက်ရပြီဆိုတော့ အခု အရှင်ကသာ အသန်မာဆုံးသူဖြစ်သွားပြီ....."

ရှန်ကျင်းရှောင် ပြုံးရင်းမှတ်ချက်ပြုလိုက်သည်။

လူငယ်က စကားစလုဆဲဆဲတွင် သူ့အမူအရာ ပျက်ပြယ်သွားခဲ့သည်။ အရိပ်လှိုဏ်ဂူ၏အနက်ရှိုင်းဆုံးနေရာကထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းတစ်ခုကို လူတိုင်းမြင်လိုက်ရသည်။ထိုအရာသည် ဖန်ချန်ယွမ်က လီလော့ထံမှ ချေးယူခဲ့သော အနက်ရောင်ကမ္ပည်းပြားဖြစ်သည်။

အနက်ရောင် ကမ္ပည်းပြား လွင့်စင်လာသည်နှင့်အမျှ ၎င်းသည် လေဟာနယ်ထဲတွင် တစ်ကြိမ် လှည့်ပတ်ကာ ကြောက်မက်ဖွယ်ကောင်းသော ဓါးအလင်းရောင်ကို ထုတ်လွှတ်နေသည်။ ၎င်းကို ပဲ့တင်ထပ်သံသုံးခုပေါင်းစပ် စွမ်းအင်ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။

ပစ်မှတ်ကတော့ ထူးဆန်းသောမျက်စံပိုင်ရှင်လူငယ်ပင်.....

ထိုလူငယ်၏မျက်နှာပေါ်တွင် အပြုံးများအစား မကျေနပ်သည့် အမူအရာဖြင့် အစားထိုးလိုက်သည်။

"ဖန်ချန်ယွမ်!"

ရှင်းနေသည်မှာ၊ ဖန်ချန်ယွမ် သည် စည်းတံဆိပ်ခတ်ခြင်းမခံရမီ နောက်ဆုံးလှုပ်ရှားမှုတစ်ခုကို ချန်ထားခဲ့ပြီး လူငယ်ဆီသို့ ဦးတည်သွားနေသည်။

လက်နှစ်ဖက်ကိုလှုပ်ရှားပြီး အကာအကွယ် စည်းတံဆိပ်များ အစီအရီ အမြန်ဖွဲ့စည်းလိုက်ရတော့သည်။

ထိုအခါ မြို့စားအဆင့်၏ကိုယ်ပိုင်ကမ္ဘာပေါ်ထွက်လာပြီး အကာအကွယ်နယ်ပယ်တစ်ခုကဲ့သို့ လမ်းကြောင်းအားလုံးကို ပျံ့နှံ့သွားခဲ့သည်။

သို့သော်၊ ဒုကျောင်းအုပ်စုရှင်း နှင့် အခြားသူများ၏ တိုက်ခိုက်မှုများကြောင့်ပင် မတုန်လှုပ်နိုင်သော ကိုယ်ပိုင်ကမ္ဘာသည် ကြောက်မက်ဖွယ်ရာ ဓါးအလင်းကြောင့် တိုဟူးတစ်ပိုင်းကဲ့သို့ လှီးဖြတ်ခံလိုက်ရလေသည်။

ထိုအချိန်တွင် စူးစူးရှရှအော်သံ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ဓားအလင်းက ထူးဆန်းသောလူငယ်ကို ခေါင်းကနေ ခြေဖျားထိ ပိုင်းဖြတ်သွားလေတော့သည်။

All Chapters