ရှပြည်ထောင်စု၏မဟာအပြောင်းအလဲ.......
Vol. 51 Ch. 702
ထူးဆန်းသောလူငယ် ခုတ်ပိုင်းခံရသည်ကို မြင်ရတော့ ပတ်ဝန်းကျင်က လူတွေ အင်မတန်ပျော်ရွှင်နေကြသည်။ အရိပ်လှိုဏ်ဂူ လှိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အနှောင့်အယှက် ဖြစ်စေခြင်းသည် ဤလူယုတ်မာ၏လက်ချက်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ထိုလူငယ်သည် ယနေ့ အရှုပ်အရှင်းတစ်ခုလုံးအတွက် တရားခံအစစ်ဖြစ်သည်။
သို့သော် လူငယ်၏ ခန္ဓာကိုယ်နှစ်ပိုင်း လျင်မြန်စွာ အရည်ပျော်သွားပြီး အသွေးအသား ရေအိုင်ငယ်အဖြစ် ပြောင်းလဲသွားသဖြင့် သူတို့၏ ပျော်ရွှင်မှုကြာရှည်မခံခဲ့ပေ။
"ဟီးဟီး...ကျောင်းအုပ်ကြီးဖန်က အင်မတန် ရန်လိုတဲ့လူပဲ.... သူက ကျုပ်ကို ရက်ရက်စက်စက်ခုတ်ပိုင်းခဲ့သေးတယ်...."
လူငယ်၏ ရယ်မောသံသည် အသားရေကန်ထဲမှ ထွက်ပေါ်လာသည်။ ကျောင်းအုပ်ကြီး ဖန်၏နောက်ဆုံးတိုက်ခိုက်မှုသည် ထိုလူငယ်အား အပြီးတိုင်မသုတ်သင်နိုင်ခဲ့သော်လည်း ယခင်ကထက် အားနည်းသွားစေခဲ့သည်။
" ဒဏ်ရာကြီးကြီးမားမားရနေချိန်မှာညသူ့ကိုသတ်ကြ !"
ဒုကျောင်းအုပ်စုရှင်းက သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်တွန်းခဲ့သည်။ မရေမတွက်နိုင်သော မြို့စားများသည် ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကို ချက်ချင်း နှိုးဆော်ပြီး ထိုအသားရေကန်ထဲသို့ ပစ်ချရန် ဆုံးဖြတ်လိုက်ကြသည်။
ဘန်းးးးးး
သို့သော် မြို့စားအဆင့်အုပ်စု လှုပ်ရှားလိုက်သည်နှင့် ကူးစက်ခံထားရသော ခရမ်းအဆင့်နည်းပြ နှစ်ဦးသည် ထိုခဏ၌ မိမိကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်ခဲ့ကြသည်။
ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်ပမာဏများစွာ ထွက်ပေါ်လာပြီး ကောလိပ်၏ အစိတ်အပိုင်းများကို ဖျက်ဆီးပစ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့်
မြို့စားအဆင့်များက ထိခိုက်ပျက်စီးမှုကို လျှော့ချရန်နှင့် ကောလိပ်ကို ဖျက်ဆီးမှုလှိုင်းလုံးကြီးထဲ ကျရောက်ခြင်းမှ ကာကွယ်ရန် ချက်ချင်းလုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီးဖြစ်သည်။
"ရန်သူ!"
ဒုကျောင်းအုပ်စုရှင်း၏ မျက်လုံးများ နီရဲလာသည်။ ခရမ်းအဆင့်နည်းပြများသည် အတွေ့အကြုံရင့်သန်သောဆရာများနှင့် သင်ကြားရေးအတွက်များစွာ အထောက်အကူ ပြုသော သူငယ်ချင်းများ ဖြစ်ကြပြီး သူမ မျက်စိရှေ့ တွင် ပေါက်ကွဲ နေသည်ကို ဒီအတိုင်းကြည့်နေရသည်မှာ အလွန်ပင် ကြေကွဲစရာကောင်းလှသည်။
စွမ်းအင်လှိုင်းလုံးများ ပြန့်ကျဲလာသည်နှင့်အမျှ၊ လူငယ်၏အသားရေအိုင် ပြန့်ကျဲသွားပြီး ရှန်ကျင်းရှောင်ကို သံချပ်ကာဝတ်စုံကဲ့သို့ လုံးလုံးလျားလျား ဖုံးအုပ်လိုက်တော့သည်။ လှောင်ပြောင်သောမျက်လုံးတစ်စုံသည် ရှန်ကျင်းရှောင်၏အသွေးအသားထဲမှ မြို့စားကြီးများကို စောင့်ကြည့်နေသည်။
"အားလုံးပဲ၊ ဒီနေ့ ပွဲလေးကို ဇာတ်သိမ်းဖို့အချိန်တန်ပြီ.... ရှပြည်ထောင်စုမှာကြယ်တာယာခရီးရှည်ကောလိပ် မရှိတော့ဘူးဆိုတော့ ၀မ်းနည်းသလို ခံစားရတယ်...အော်ဒါနဲ့ အားလုံးကို သတင်းကောင်းလေးတစ်ခုပြောပြပေးမယ်.... အရိပ်လှိုဏ်ဂူကိုဖိနှိပ်ထားတဲ့စည်းတံဆိပ်ကျိုးပေါက်သွားပြီမို့ အမှောင်စွမ်းအင်တွေ အဆက်မပြတ် စီးဆင်းနေတော့မှာ....ဒါ့ကြောင့် ဒီမြေဟာ ကမ္ဘာခြားသက်ရှိတွေရဲ့ နိဗ္ဗာန်ဘုံဖြစ်လာတော့မှာသေချာတယ်...."
ထိုစကားဆုံးသည်နှင့် ရှန်ကျင်းရှောင်သည် မြေကြီးထဲသို့ နစ်မြုပ်သွားပြီး လုံးဝကွယ်ပျောက်သွားသည်။
"သေစမ်းး!"
ပျောက်ကွယ်သွားသော သူတို့နှစ်ဦးကို မြင်လိုက်ရချိန်တွင် ခရမ်းအဆင့်နည်းပြများ ဒေါသဖြစ်ခဲ့ရသည်။
စုရှင်းသည် အံတင်းတင်းကြိတ်ကာ "ကူးစက်ခံထားရသူတွေအားလုံးကို မြန်မြန် ချုပ်နှောင်လိုက်...!"ဟု အမိန့်ပေးလိုက်သည်။
ဤနေရာတွင် အခြေအနေက ရှုပ်ထွေးနေသဖြင့် ရှန်ကျင်းရှောင်တို့ကိုလိုက်ဖမ်းဖို့ ခွန်အားမရှိပေ။ ကျောင်းအုပ်ကြီး၏ နောက်ဆုံး တိုက်ခိုက်မှုကြောင့် ထူးဆန်းသောလူငယ် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ဒီလိုမှမဟုတ်ရင်၊ ထိုလူငယ်ကြောင့် အဖတ်ဆယ်မရတဲ့ရလဒ်တွေ ဖြစ်ပေါ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီး ၏အသံနှင့်အတူ လွင့်မျောနေသည့် အနက်ရောင်ကမ္ပည်းပြားတစ်ခု လီလော့ဆီသို့ရောက်ရှိလာသည်။
"မင်္ဂလာပါ... ဖန်ချန်ယွမ်ဆိုတဲ့ ကျုပ်ရဲ့အသုံးမကျမှုကြောင့် ဒီနေ့လို အခြေအနေတွေကို ဖြစ်ပေါ်လာစေခဲ့တဲ့အတွက် တောင်းပန်ချင်ပါတယ်..... အရိပ်လှိုဏ်ဂူကို ကျွန်တော် မထိန်းနိုင်တော့ပါဘူး....အမှောင်စွမ်းအင်တွေရဲ့ပျံ့နှံ့မှုအရှိန်နဲ့အတိုင်းအတာကို ယာယီသာထိန်းထားနိုင်တော့မှာမို့ သိပ်မကြာခင် အမှောင်စွမ်းအင်တွေပျံ့နှံ့လာမှာဖြစ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်အနီးတစ်ဝိုက် ကီလိုမီတာငါးထောင်အတွင်းကနယ်မြေတွေအားလုံးက လူသားတွေနေထိုင်လို့မရတော့ဘူး....."
ထိုစကားများကိုကြားလိုက်ရတော့ ဒုကျောင်းအုပ်စုရှင်းနှင့် ကျန်သူများမှာ အမူအရာပြောင်းသွားကြသည်။ ဤအခြေအနေတွင်၊ ကောလိပ်ကို အကာအကွယ် မပေးနိုင်တော့ဘဲ ရှမြို့တော် ကိုလည်း ထိခိုက်နိုင်သည်။ ဒါက ရှပြည်ထောင်စု ရဲ့ နှလုံးသားပင်.... ဤနေရာသည် လူသန်းပေါင်းများစွာ၏ နေထိုင်ရာနေရာဖြစ်သည်။
"စုရှင်း....ရှန်းလိသစ်ပင်ပျက်စီးသွားပြီမို့ ကြယ်တာယာခရီးရှည်ကောလိပ်က စည်းမျဉ်းစည်းကမ်းတွေအရ ကောလိပ်အဖြစ်ရိပ်တည်နိုင်မှာမဟုတ်တော့ဘူး....... ဒါပေမယ့် ဒါက အသေးအမွှားကိစ္စပဲ၊ ရှင်သန်ဖို့က အရေးကြီးဆုံးပဲ! နောင်တချိန်မှာ ကောလိပ် ပြန်လည်တည်ဆောက်ဖို့ တည်နေရာအသစ်ရှာဖွေဖို့အတွက် ကောလိပ်အဖွဲ့အဝင်တွေကို ဦးဆောင်လမ်းပြပေးပါ.... အခြေခံအုတ်မြစ်တွေချမှတ်ပြီးတာနဲ့ ကောလိပ်ဘွဲ့ကို ပြန်လည်ရရှိဖို့ အခွင့်အလမ်းရှိလာမှာပါ.....အတတ်နိုင်ဆုံး ရှပြည်ထောင်စုနဲ့နီးနီးကပ်ကပ်နေပြီ သူတို့တွေကိုကာကွယ်ပေးပါ....."
ကျောင်းအုပ်ကြီး၏ နောက်ဆုံး တိုက်တွန်းချက်ကို လူတိုင်း တိတ်တဆိတ် နားထောင်ကြသည်။ ယနေ့ ဖြစ်ပျက်ခဲ့သော ကြီးမားသောပြောင်းလဲမှုများကြောင့် ရှပြည်ထောင်စု၏ ထာဝရငြိမ်းချမ်းရေး ပျက်စီးသွားပြီဖြစ်ကြောင်း နားလည်ထားသောကြောင့် မြို့စားအဆင့်များ ညှိုးငယ်စွာခေါင်းငိုက်စိုက်ကြကုန်ကြသည်။
မကြာမီ ဤမြေပေါ်တွင် ကမ္ဘာခြားသက်ရှိများ ပေါက်ဖွားလာလိမ့်မည်။ အကယ်၍ သတိမမူပါက ရှပြည်ထောင်စုသည် ကမ္ဘာခြားသက်ရှိများ လွှမ်းမိုးထားသော မဟူရာလေပြင်းအင်ပါယာကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်သည်။ ရှပြည်ထောင်စုမှ မရေမတွက်နိုင်သော လူသားများသည် အလောင်းတစ်လောင်းမျှပင် မကျန်ရစ်ဘဲ ယဇ်ပူဇော်ခံရပေမည်။
မနေ့က ရှပြည်ထောင်စုရဲ့လေထုဟာ နူးညံ့သိမ်မွေ့ပြီး နွေးထွေးမှုခဲ့မယ်ဆိုရင် ဒီနေ့ကစပြီး အအေးဆုံးနဲ့ အပြင်းထန်ဆုံး ဆောင်းရာသီတစ်ခုလို ဖြစ်သွားပါလိမ့်မည်။
ဆောင်းရာသီရောက်လာခဲ့ချေပြီ...
လီလော့နှင့်ကျန်းချင်းအာတို့ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး သူတို့၏နှလုံးသားထဲက လေးလံမှုကို အလားတူမြင်လိုက်ရသည်။ ကမ္ဘာခြားသက်ရှိဘုရင်များနှင့် မကောင်းဆိုးဝါးမြစ်ကို ကျောင်းအုပ်ကြီးက စည်းတံဆိပ်ခတ်ထားသော်လည်း အရိပ်လှိုဏ်ဂူကို ဖိနှိပ်ပေးနိုင်မည့် ရှန်းလိသစ်ပင်မရှိတော့ပေ။
မြို့တော်၏ အလယ်ဗဟိုရှိ ကြယ်တာယာခရီးရှည်ကောလိပ်နှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာသည် ယခုအခါ လူသူကင်းမဲ့သောနယ်မြေ ဖြစ်လာတော့မည် ဖြစ်သည်။
"ကပ်ဘေးတွေစတင်ပြီပဲ...."
လီလော့ သက်ပြင်းချလိုက်မိသည်။
လော့လန်အိမ်တော်၏ဌာနချုပ်သည် ရှမြို့တော်တွင်တည်ရှိပြီး အကယ်၍ မြို့တော်ကို အမှောင်စွမ်းအင်များ ဖုံးလွှမ်းသွားပါက ၎င်းတို့အနေဖြင့် အစီအစဉ်အသစ်တစ်ခုကို စဉ်းစားရမည်ဖြစ်သည်။
ဤသည်မှာ သူတို့ မရှောင်လွှဲနိုင်သော အရာဖြစ်သည်။ မြို့စားအဆင့်တစ်ယောက်တောင် ဒီအခြေအနေမှာ ဆုတ်ခွာဖို့ကြိုးစားမည်သာ....
ခြွင်းချက်အနေနဲ့ အရိပ်လှိုဏ်ဂူကို နှိမ်နင်းဖို့ ဘုရင်တစ်ပါးကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် အဆင်ပြေနိုင်လိမ့်မည်။
"ဗဟိုကျောင်းသားသမဂ္ဂက အဆင့််မြင့်ကောလိပ်တစ်ခု ပျက်စီးသွားတာကို ဒီအတိုင်းထိုင်ကြည့်နေကြမှာလား.... အခုပဲ ရှန်းလိသစ်ပင်ကြီး ပျက်စီးသွားပြီ၊ ကောလိပ်ဘွဲ့တံဆိပ် ဆုံးရှုံးသွားတာက ဘာကိုဆိုလိုတာလဲ..."
လီလော့က နည်းပြချီချန်းကို မေးလိုက်သည်။
"ဗဟိုကျောင်းသားသမဂ္ဂရဲ့အဖွဲ့ချုပ်က အတွင်းပိုင်းနတ်ဘုရားကုန်းမြေမှာတည်ရှိတာမို့ ပြင်ပကုန်းမြေနဲ့ အလှမ်းဝေးလွန်းလှတယ်......ရှန်းလိသစ်ပင်တစ်ပင်ကို ပြုစုပျိုးထောင်ရခြင်းနိုင်လို့သာ အဆင့်မြင့်ကောလိပ်ဆိုတဲ့ဂုဏ်ပုဒ်ရရှိနိုင်တာ....ရှန်းလိသစ်ပင်တစ်ပင်ကိုပြုစုပျိုးထောင်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေက စိတ်ကူးယဉ်ထားတာထက်တောင် ကျော်လွန်နေတာမို့ ဗဟိုကျောင်းသားသမဂ္ဂက တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ထားတယ်.. "
နည်းပြချီချန်း ၏လှပသောမျက်နှာသည် အနည်းငယ် စိတ်ပျက်စရာကောင်းနေပုံရသော်လည်း လီလော့၏မေးခွန်းကို သေချာဖြေပေးခဲ့သည်။
"ဒါဆို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက တခြားကောလိပ်တွေဆီက အကူအညီတောင်းလို့ရမလား?"
"မဟူရာလေပြင်းအင်ပါယာရဲ့ ကောလိပ်က အကူအညီမတောင်းခဲ့ဖူးများထင်နေသလား... အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာရှိတဲ့ နိုင်ငံတိုင်းက သူတို့ကိုယ်ပိုင် ပိုင်နက်တေံအတွက် ထည့်သွင်းစဉ်းစားမှုလုပ်ရမှာမို့ သူတို့ကို စုစည်းဖို့ ခဲယဉ်းတယ်.... သူတို့ရဲ့ကောလိပ်တွေကလည်း အလားတူ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားနိုင်တာမို့ ဘယ်လိုကူညီနိုင်မလဲ... တခြားသူတွေကို ကူညီဖို့ သူတို့ဆီက ကျွမ်းကျင်သူတွေကို ရှောင်တခင် စေလွှတ်နိုင်ပါ့မလား... ဒါ့အပြင်၊ ယွီလဲ့ ဘုရင်နဲ့ အလောင်းကောင်ဘုရင်တို့ရဲ့ သတင်းတွေ ပြန့်နှံ့သွားတာနဲ့ အခြားကောလိပ်တွေလဲ ကူညီချင်ရင်တောင် ကူညီရဲမှာမဟူတ်ဘူး...."
နည်းပြချီချန်း သက်ပြင်းချလိုက်သည်။ လီလော့ လေးလေးနက်နက် တွေးတောရင်း နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလိုပင်.....
ထို့နောက် အနက်ရောင်ကမ္ပည်းပြားကို အိတ်ကပ်ထဲ ထည့်သိမ်းလိုက်ကာ ခေါင်းကို မော့ပြီး တစ်နှစ်ကြာ နေထိုင်ခဲ့တဲ့ ရှေးဟောင်းကောလိပ်ကို လွမ်းဆွေးမှုဖြင့်ကြည့်နေခဲ့သည်။
ကောလိပ်တစ်ခုလုံး ပျက်စီးသွားခဲ့ချေပြီ။ ကြီးကျယ်ခမ်းနားသော ရှန်းလိသစ်ပင်သည် တောက်လောင်နေဆဲဖြစ်ပြီး မရေမတွက်နိုင်သော အကိုင်းအခက်များ ဆက်လက်ညှိုးနွမ်းကာ အချို့သော အဆောက်အဦများပေါ်သို့ ပြိုကျသွားသည်။
အရာရာပြီးဆုံးသွားပြီဆိုတာ သိပြီးသားမို့ ဘယ်သူမှ မတားဆီးကြတော့ပေါ ကောလိပ်ကျောင်းကို စွန့်လွှတ်ရပေတော့မည်။
ကောလိပ်အနီးတစ်ဝိုက်တွင် မရေမတွက်နိုင်သော ကျောင်းသားများ ဝမ်းနည်းထိတ်လန့်ကာ ရပ်နေကြဆဲပင်... ကျောင်းအုပ်ကြီးဖန် ၏ စကားများမှာလည်း တဦးစီတိုင်းထံ ရောက်ရှိသွားခဲ့ချေပြီတကား....
ဤနေရာတွင် ကျင့်ကြံနိုင်ခဲ့သည့်အတွက် အမြဲဂုဏ်ယူမိပါသည်။ သို့သော် သူတို့၏ ဂုဏ်ယူဝံ့ကြွားမှုများ ပြိုပျက်သွားခဲ့ချေပြီ။
သူတို့အားလုံးသည် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး ကြောင်စီစီ ဖြစ်နေကြသည်။ ကောလိပ်၏ အနာဂတ် မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ကြပေ။
လီလော့သည် ရင်းနှီးသော မျက်နှာအချို့ကိုမြင်လိုက်သဖြင့် ၎င်းတို့ဆီသို့ ပြေးသွားခဲ့သည်။
"ခေါင်းဆောင်!"
ပိုင်မျန်မျန်သည် သူ ပြေးလာသည်ကို သူမ သတိပြုမိသောအခါ လက်ဝှေ့ယမ်းလိုက်သည်။ ခါတိုင်းလို ချိုသာသော အပြုံးကိုပင် မပန်ဆင်နိုင်တော့ပေ။
လီလော့ သည် ပိုင်မျန်မျန် ၊ ပိုင်တုတု ၊ ယုလန်၊ကျောက်ခွော်နှင့် အခြားသူများကိုကြည့်လိုက်ပြီး... "မင်းတို့ အဆင်ပြေရဲ့လား?"
လူတိုင်းက ခေါင်းညိတ်ပြသော်လည်း စိတ်မကောင်းဖြစ်နေကြောင်း ထင်ရှားနေသည်။အမြဲတစေ ပျောင်ချော်ချော်နေတတ်သူ ယုလန်သည်ပင် နေမထိထိုင်မသာဖြစ်နေပုံရသည်။
"ခေါင်းဆောင်၊ ကြယ်တာယာခရီးရှည်ကောလိပ်ပျက်စီးသွားပြီးလား..."
ပိုင်မျန်မျန်က တိုးတိုးလေးမေးလိုက်သည်။
လီလော့က မချိပြုံး ပြုံးပြလိုက်ပြီး...
"စိုးရိမ်နေစရာမလိုဘူး... ရှန်းလိသစ်ပင် ပျက်စီးသွားပေမယ့် ကောလိပ်ကြီးပျက်စီးသွားတာမှမဟုတ်တာ. . ဒုကျောင်းအုပ်စုရှင်း က ကောလိပ်ကို ပြန်လည်တည်ဆောက်မှာမို့ သိပ်မကြာခင် နကောလိပ်ဘွဲ့ကို ပြန်လည်ရရှိနိုင်တယ်... ကောလိပ်မှာ ရှုပ်ပွနေလို့ သွားစရာနေရာမရှိရင် လော့လန်အိမ်တော်မှာ ရက်အနည်းငယ်လောက်နေနိုင်တယ်....ရှပြည်ထောင်စုတစ်ခုလုံး သိပ်မကြာခင် ပရမ်းပတာဖြစ်တော့မှာသေချာတယ်... "
ပိုင်မျန်မျန် နဲ့ ကျန်တဲ့သူတွေ အလျင်အမြန် အကြည့်ချင်းဖလှယ်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
လီလော့ သက်ပြင်းချလိုက်မိပြန်သည်။ယနေ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များက စိတ်ကူးထားသည်ထင်ပင်ကျော်လွန်နေသည်။ ရှပြည်ထောင်စု၏ အနန္တတန်ခိုးရှင် ကြယ်တာယာခရီးရှည်ကောလိပ်တွက် ကျောင်းသားများမှစ၍ ဆရာများအထိ အကျိုးသက်ရောက်စေမည့် ကံကြမ္မာ ကသောင်းကနင်းဖြစ်မည်ဟု မည်သူမျှ မထင်ထားမိပေ။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြောင်းအလဲတွေ ပြည့်နှက်နေမှာ သေချာပြီး အစွန်းရောက်သည့် အကြမ်းဖက်မှုတွေတောင် ဖြစ်လာနိုင်သည်။
သူသည်လည်း လက်ရှိအခြေအနေကနေ လွတ်မြောက်ဖို့ လော့လန်အိမ်တော်အတွက် အဖြေရှာဖို့ လိုအပ်နေပြီ......