စွန့်ခွာခြင်း.....
Vol. 51 Ch. 703
တိုက်ပွဲအပြီးတွင် အဖြစ်အပျက်များ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
နောက်ဆုံးတွင် ကူးစက်ခံထားရသောခရမ်းအဆင့်နည်းပြများကိုကို ဖမ်းချုပ်ပြီးနောက်၊ ဒုကျောင်းအုပ်စုရှင်း ယသည် အရိပ်လှိုဏ်ဂူကို တံဆိပ်ခတ်ရန် မြို့စားအဆင့်အဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်ခဲ့သည်။ ကံဆိုးစွာဖြင့် ရလဒ်များက အားရစရာမဟုတ်ခဲ့ပေ။အမှောင်စွမ်းအင်များ ဆက်လက်ပေါက်ကြားလာကာ မြို့စားများ၏ ပေါင်းစပ်ကြိုးပမ်းမှုများပင်လျှင် ပြဿနာကို အနည်းငယ်သာ သက်သာစေနိုင်ခဲ့သည်။
နေ့တစ်ဝက်လောက် ကြိုးစားပြီးနောက် ဒုကျောင်းအုပ်စုရှင်း မကျေမနပ်ဖြစ်နေသော်လည်း ကံကြမ္မာကို လက်ခံခဲ့ရသည်။
အဆုံးတွင်၊ ကောလိပ်၏ အရင်းအမြစ်များဖြစ်သော ပဲ့တင်ထပ်သံစေတီ၊ ဘဏ္ဍာတိုက်နှင့် အခြားစာကြည့်တိုက်များအားလုံးကို ပြန်လည်ရယူရန် နည်းပြအားလုံးကို အသိပေးခဲ့သည်။ ဤသည်မှာ ကောလိပ်၏ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော သွေး၊ချွေးတို့၏ပြယုဂပ်များဖြစ်သည်။ ကောလိပ်တစ်ခုပြန်လည် ပြန်ဆောက်ချင်လျှင် ထိုအရာများကိုမရှိမဖြစ်လိုအပ်သည်။
ရှန်းလိသစ်ပင် မီးလောင်မှုကြောင့် ကောလိပ်၏ အခြေခံအုတ်မြစ်ကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေခဲ့သည်။ အခြားသော အရင်းမြစ်များသာ ထပ်မံ ဆုံးရှုံးသွားရင် ကောလိပ်ကို အကြီးအကျယ် နစ်နာစေလိမ့်မည်။
ထို့အပြင် အရေးကြီးသော ကျောင်းသားများကို လုံခြုံအောင် စောင့်ရှောက်ပေးရဉီးမည်။
ထို့ကြောင့် ကောလိပ်သည် အချိန်အတိုင်းအတာတစ်ခုအထိ ရှုပ်ယှက်ခတ်နေပေလိမ့်မည်။
နောက်ဆုံးတော့ အခြေနေတွေ ငြိမ်သက်သွားတဲ့အခါ၊ များပြားလှတဲ့ စွမ်းအားတွေ လွင့်ပျံလာပြီး ကောလိပ်ကနေ လူပေါင်းများစွာ သိမ်ငယ်တဲ့ အမူအရာတွေနဲ့ ထွက်ခွာသွားပါတော့သည်။ယနေ့အပြောင်းအလဲများသည် ရှပြည်ထောင်စုတစ်ခုလုံးနှင့်သက်ဆိုင်ပြီး ၎င်းတို့ထဲမှ မည်သူမျှ ဂယက်ရိုက်ခတ်မှုကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
အထူးသဖြင့် အရိပ်လှိုဏ်ဂူ၏ စည်းတံဆိပ်ကျိုးပေါက်သွားခြင်းကြောင့် ရှပြည်ထောင်စုတော်၏ အချမ်းသာဆုံးမြို့တော်တွင် အဆုံးမဲ့သော အမှောင်စွမ်းအင်များ ဆက်လက်ထွက်ပေါ်နေတော့မည်။
ဤသည်မှာ ရှမြို့တော်တွင်နေထိုင်သူတွေကို အများဆုံးထိခိုက်စေပါလိမ့်မည်။ရှမြို့တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး အကြီးဆုံးဂိုဏ်းခွဲများ၏ ဌာနချုပ်အားလုံးသည်လည်း ဤနေရာတွင် တည်ရှိနေပါသည်။ ဒီအပြောင်းအလဲတွေနဲ့အတူ သူတို့တွေ ရှင်သန်ဖို့အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရတော့မည်။
လီလော့နှင့်ကျန်းချင်းအာတို့သည် ယခုအချိန်တွင် ဒုကျောင်းအုပ်စုရှင်းကို မချဉ်းကပ်ခဲ့ပေ။ သူမ စိတ်ရှုပ်နေမှန်း သူတို့သိသည်။ ထို့ကြောင့် ယုလန်၊ ပိုင်မျန်မျန်နှင့် ပိုင်တုတုတို့ကို ကောလိပ်မှ ခေါ်ထုတ်ပြီး မြို့သို့ ပြန်သွားခဲ့ကြသည်။
ရှမြို့တော်သို့ဝင်ရောက်ခြင်းသည် မတူညီသောကမ္ဘာလောကတစ်ခုကို ကြုံတွေ့ရသလိုပင်။မြို့တော်၏ လေထုသည် စည်ကားနေဆဲဖြစ်ပြီး လမ်းများပေါ်တွင် လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေသဖြင့် ငြိမ်းချမ်းသာယာမှုအရှိဆုံးမြင်ကွင်းကို ဖန်တီးပေးထားသည်။
ကောလိပ်အတွင်း အပြောင်းအလဲများကို သာမန်လူများ မသိကြရှာပေ။
ကံမကောင်း အကြောင်းမလှစွာဖြင့် ဤလှပသက်ဝင်မှုမျိုးသည် တစ်နေ့တာ၏ အဆုံးအထိသာ တည်တံ့နေပေလိမ့်မည်။ သတင်းတွေ ပျံ့နှံ့ပြီးတာနဲ့ ရှပြည်ထောင်စုရဲ့ အခမ်းနားဆုံးမြို့တော်သည် တစ္ဆေမြို့အဖြစ် ပြောင်းလဲသွားလိမ့်မည်။
လီလော့တို့အားလုံး လေးလံသော နှလုံးသားများဖြင့် ဆက်လက် ခရီးနှင်ခဲ့ကြသည်။
သူတို့ လော့လန်အိမ်တော်သို့ အမြန်ပြန်သွားခဲ့ကြပြီး ဧည့်သည်များကို နေရာထိုင်ခင်းစီစဉ်ပေးပြီးနောက် လီလော့နှင့်ကျန်းချင်းအာတို့ နှစ်ယောက်က နွားသိုးကြီးပေါင်ပေါင် နှင့် ချိုင်ဝေတို့အား ဖြစ်ပျက်ခဲ့သည်များကို အသိပေးရန် စုရုံးခဲ့ကြသည်။
"ဘယ်လို....ရှန်းလိသစ်ပင် မီးလောင်ပြီး အရိပ်လှိုဏ်ဂူကိုဖိနှိပ်ထားတဲ့စည်းတံဆိပ်ကျိုးပျက်သွားပြီ....."
ထိုသတင်းကြားတော့ နွားသိုးကြီးပေါင်ပေါင် ပင်လျှင် လုံးဝ အံ့ဩသွားသည်။ ချိုင်ဝေ လည်း ထိတ်လန့်စွာ ပါးစပ်ကို အုပ်လိုက်လျှက် သူမ၏ အမူအရာ ဖျော့တော့သွားသည်။
"ဖန်းကျွမ်အဖွဲ့အစည်းရဲ့လက်ချက်ပဲ.... သူတို့ရဲ့အယူဝါဒတွေကို ပြင်ပနတ်ဘုရားကုန်းမြေအထိ ချဲ့ထွင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး....သူတို့က တကယ့်ကို အရူးတွေပဲ...."
နွားသိုးကြီးပေါင်ပေါင်တွင်လည်း အလားတူ လေးနက်သော အမူအရာရှိသည်။ သူသည် အတွင်းပိုင်းနတ်ဘုရားကုန်းမြေမှ ရောက်ရှိလာသူဖြစ်သောကြောင့် ၎င်းတို့အကြောင်းကို ကြားသိနေခဲ့သည်။
"ဦးလေးပေါင်... အရိပ်လှိုဏ်ဂူရဲ့စည်းတံဆိပ်ကျိုးပေါက်သွားပြီဆိုတော့ အမှောင်စွမ်းအင်တွေ အတောမသတ် စီးဆင်းနေလိမ့်မယ်....တွက်ကြည့်ရသလောက်ဆို တစ်လမပြည့်ခင် မြို့ကို ဖုံးလွှမ်းသွားမှာကို စိုးရိမ်ရတယ်... အဲ့တော့ ဌာနချုပ်ကိုရွှေ့ဖို့ စဉ်းစားရမယ်” ဟု လီလော့က အကြံပြုခဲ့သည်။
ပြဿနာမှာ လော့လန်အိမ်တော်တွင် ခံစစ်အစီအရင် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ အကယ်၍ ရွှေ့ပြောင်းရန် ရွေးချယ်ပါက ၎င်းတို့၏ အစီအရင်ကို ခွဲထုတ်မည်ဖြစ်ပြီး၊ သူတို့အတွက် ကြီးမားသော အန္တရာယ် ဖြစ်လာစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လော့လန်အိမ်တော် ဆက်လက်ရှင်သန်နေနိုင်ခဲ့သည့် အကြောင်းရင်းက ခံစစ်အစီအရင်ကြောင့်ပင်....
"နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်....ဌာနချုပ်ပြောင်းမယ်ဆိုရင် ဦးလေးပေါင်ကို ထိခိုက်လိမ့်မယ်" ဟု ကျန်းချင်းအာ က သူ့ကို သတိပေးသည်။
နွားသိုးကြီးပေါင်ပေါင်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး လော့လန်အိမ်တော်၏ဌာနချုပ်အတွင်းရှိနေမှသာ စတုတ္ထအဆင့်မြို့စား၏စွမ်းအားကိုသာ ပိုင်ဆိုင်နိုင်ခဲ့သည်။ သူထွက်သွားပြီးတာနဲ့ သူ့ရဲ့ ခွန်အားတွေ သိသိသာသာ ကျဆင်းလာပါလိမ့်မည်။
နွားသိုးကြီးပေါင်ပေါင်သည် ဆေးတံကိုခပ်ပြင်းပြင်းဖွာရှိုက်လိုက်ပြီး ....
"ခံစစ်အစီအရင်က အိမ်တော်အတွင်းပိုင်းကို ကာကွယ်ဖို့ တစ်ခုတည်းသောရည်ရွယ်ချက်နဲ့ မင်းအဖေ ဆောက်လုပ်ထားတာမို့ ရွှေ့ပြောင်းမယ်ဆို သေချာပေါက် ပျက်စီးသွားလိမ့်မယ်......"
လီလော့က.... " ရှမြို့တော်မှာ ဆက်နေလို့မရတော့ဘူး...အမှောင်စွမ်းအင်တွေ ပျံ့နှံ့သွားတဲ့အခါ ခံစစ်အစီအရင်ကလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး....."
ထို့နောက် သက်ပြင်းချလိုက်ပြီး....
"ကျွန်တော်တို့ ရှမြို့တော်ကနေ စွန့်ခွာရတော့မယ်..."
ရှမြို့တော်သည် ရှပြည်ထောင်စု၏ အစည်ကားဆုံးအချက်အချာဖြစ်သော်လည်း အရိပ်လှိုဏ်ဂူ၏ကျိုးပေါက်သွားပြီဖြစ်သောကြောင့် မည်မျှပင် ဆန္ဒမရှိစေကာမူ ၎င်းအား စွန့်လွှတ်ရမည်ဖြစ်သည်။
ကျန်းချင်းအာ ခေါင်းညိတ်လိုက်ပြီး....
"တကယ်တော့၊ ခံစစ်အစီအရင်က အိမ်တော်စုဝေးပွဲ မတိုင်ခင်ကလော့အရေးမကြီးတော့ဘူး....ဆရာနဲ့ဆရာကတော်က ငါတို့အတွက် ရန်သူတွေကိုဟန့်တားပေးပြီးပြီပဲ ....ငါတို့ရဲ့ပစ္စည်းတွေကို လိုချင်တပ်မက်ချင်ရင် သူတို့တွေနှစ်ခါ ပြန်စဉ်းစားရလိမ့်မယ်....လုပ်ဝံ့ရင်တော့ ဆရာနဲ့ဆရာကတော်ရဲ့ လက်စားချေခြင်းနဲ့ကြုံရလိမ့်မယ်....ဒါကြောင့် ခံစစ်အစီအရင်မရှိတော့ရင်တောင် အိမ်တော်စုဝေးပွဲ မတိုင်ခင်ကလောက် အန္တရာယ်ရှိမှာ မဟုတ်ဘူး....”
"ဦးလေးပေါင် ဌာနချုပ်မှာ စတုတ္ထအဆင့်မြို့စား ခွန်အားကို ပြသနိုင်ရခြင်းရဲ့ အကြောင်းအရင်းက ခံစစ်ရပ်ကွက်နဲ့ သက်ဆိုင်တယ် မဟုတ်လား၊ အတိအကျပြောရရင် ခံစစ်အစီအရင်နဲ့ကာကွယ်ပေးထားတဲ့ နတ်ဘုရားအရာကြောင့်ပဲဖြစ်ရမယ်.... "
လီလော့က ပေါင်ပေါင်ကိုမေးလိုက်သည်။
နွားသိုးကြီးပေါင်ပေါင်က သူ့ကို ချီးမွမ်းဟန်ဖြင့် ပြုံးလိုက်ပြီး....
"သခင်လေးက ပါးနပ်သားပဲ...ဟုတ်တယ် မင်းရဲ့ ခန့်မှန်းချက် မှန်တယ်....နတ်ဘုရားအရာက ငါဌာနချုပ်မှာ စတုတ္ထအဆင့် မြို့စားအင်အားကို အသုံးချနိုင်ရတဲ့ အကြောင်းရင်းပဲ"
"ဒါဆိုရင် ရှင်းသွားပြီး ခံစစ်အစီအရင် မရှိရင်တောင်မှ နတ်ဘုရားအရာကို ကျွန်တော်တို့နဲ့အတူ ယူဆောင်လာပြီး ဉီးလေး
လက်ဝယ်မှာ ထားထားသရွေ့ အရည်အချင်းပြည့်မီတဲ့ စတုတ္ထအဆင့်မြို့စားခွန်အားကိုသုံးနိုင်ပြီပေါ့...."
လီလော့ က ပြုံးပြီး လက်ခုပ်တီးလိုက်သည်။
"အင်း၊ဒါက တစ်ခုတည်းသော အဖြေပဲ။ ဒါပေမယ့်၊ နတ်ဘုရားအရာက မင်းကို ဘုရင်အဆင့် တက်လှမ်းဖို့ အခွင့်အရေး ပေးစွမ်းနိုင်လို့ မြို့စားတိုင်း အသည်းအသန်လိုချင်နေကြတာ.... အဒီလို အရေးကြီးတဲ့ အရာတစ်ခုကို ငါ့လက်ထဲ ထားခဲ့ဖို့ အစီအစဉ်ရှိသေးလား...ငါ အပိုင်စီးသွားမှာမစိုးရိမ်ဘူးလား?"
နွားသိုးကြီးပေါင်ပေါင်က သွေးတိုးစမ်းပြီး မေးလိုက်သည်။
လီလော့က မကျေမနပ်ဖြစ်နေသော လေသံဖြင့် .... "ဦးလေးပေါင်...မိသားစုဝင်အချင်းချင်းကို ဘာလို့ ဒီလိုစကားတွေပြောနေတာလဲ....နတ်ဘုရားအရာက ဉီးလေးကိုတကယ်ပြန်ကောင်းစေနိုင်ရင် အပိုင်ပေးလိုက်ဖို့ဝန်မလေးဘူး... ဖေဖေ မေမေတို့ အနားမှာ ရှိနေရင်လည်း သဘောတူကြမယ်လို့ ယုံကြည်တယ်......”
နွားသိုးကြီးပေါင်ပေါင်သည် လော့လန်အိမ်တော်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး လီလော့နှင့်ကျန်းချင်းအာတို့ ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်ကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်ဟု ဆိုနိုင်သည်။ လီလော့အတွက်တော့ နွားသိုးကြီးပေါင်ပေါင် သည် ယုံကြည်စိတ်ချရသော လူကြီးတစ်ဦးဖြစ်ပြီး ၎င်းသည် လီတိုင်ရွှမ်နှင့်တန်တိုင်လန် တို့ရှိစဉ်ကနေ ယနေ့အချ်ိန်အထိတစ်လျှောက်လုံးတွင် သလျှို့ဝှက်ကာကွယ်မှုဖြစ်ခဲ့သည်။
လီလော့အတွက်တော့သူတို့၏ဆက်ဆံရေးတန်ဖိုးသည် နတ်ဘုရားအရာ၏တန်ဖိုးထက် များစွာကျော်လွန်နေပြီဟုသတ်မှတ်ထားသည်။
နွားသိုးကြီးပေါင်ပေါင်က လီလော့ ကို ရွှင်မြူးသော အပြုံးဖြင့် ကြည့်လိုက်သည်။ ဒီလူငယ်လေး ကြီးပြင်းရင့်ကျက်လာကာ သူ့စရိုက်ကို သဘာဝကျကျ နားလည်သဘောပေါက်ပြီး ဒီစကားတွေကို သူဘာကြောင့် ပြောရတာလဲဆိုတာကို သိနေသည်။
"သခင်လေး အရွယ်ရောက်လာပြီပဲ...."
နွားသိုးကြီးပေါင်ပေါင် သက်ပြင်းချရင်း ညည်းတွားလိုက်သည်။
"ဦးလေးပေါင် ပြဿနာမရှိရင် ခံစစ်အစီအရင်ကို ဖျက်သိမ်းဖို့ ကူညီပေးပါ.... ဉီးလေးပေါင်ရဲ့တာဝန်က ဆရာတို့နှစ်ယောက်ရဲ့ အသက်မီးတောက်ရယ် လီလော့ရယ်ကို စောင့်ရှောက်ဖို့ပဲ..."
ကျန်းချင်းအာ ပြုံးလိုက်ပြီး လီလော့ ၏ဆုံးဖြတ်ချက်များကို အပြည့်အ၀ထောက်ခံခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်က ခေါင်းညိတ်လိုက်ပြီး... "ငါ့ တာဝန်သာထားလိုက်. ...
ထို့နောက် လီလော့က ချိုင်ဝေကို လှည့်ကြည့်လိုက်သည်။
"အစ်မချိုင်ဝေ....ဌာနချုပ်က ကိစ္စအဝဝကို ကူညီပေးပါဉီး... အထူးသဖြင့် ကောင်းကင်ရွှေနဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ အကုန်လုံး ယူသွားရမယ်....."
ချိုင်ဝေ လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး... "သခင်လေး၊ အေးအေးဆေးဆေး အနားယူပါ.... အားလုံးပြီးအောင် စီစဉ်ပေးပါ့မယ်...."
စီစဉ်ပြီးသည်နှင့် လီလော့နှင့်ကျန်းချင်းအာတ်ို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ လော့လန်အိမ်တော်၏ဌာနချုပ်ကို ပြင်ပအင်အားစုများက မဖျက်ဆီးဘဲ မိမိဆန္ဒအလျောက် စွန့်ပစ်ရမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
…….....
ကိုယ်စားအုပ်ချူပ်သူ၏စံအိမ်တွင်ရှိ လျှို့ဝှက်ခန်းထဲတွင်.....
ကိုယ်စားအုပ်ချုပ်သည် မှောင်ရိပ်ထဲမှ ထွက်လာသော အရိပ်နှစ်ခုကို မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည်။ ထိုအရိပ်များက ရှန်ကျင်းရှောင်နှင့် ထူးဆန်းသော လူငယ်တို့ပင်.....
"ရွှမ်းချန် မင်း ငါ့ကို ဖြေရှင်းချက်ပေးမှဖြစ်မယ်... !"