← Chapters

ရွှမ်းချန်....

Vol. 51 Ch. 704

ရွှမ်းချန်....

Vol. 51 Ch. 704

ရွှမ်းချန်ဟုခေါ်သော လူငယ်သည် စိတ်လှုပ်ရှားနေသော ကိုယ်စားအုပ်ချူပ်သူကို ဘာသိဘာသာ ကြည့်လိုက်ပြီး သူ့ဘေးက ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ ကျောင်းအုပ်ကြီးဖန်ရဲ့ တစ်ချက်တည်းသောတိုက်ခိုက်မှုကို လျှို့ဝှက်ကျင့်စဉ်ကြောင့် ရှောင်လွှဲနိုင်ခဲ့ပေမယ့် သူ့အမူအရာက ဖြူဖျော့နေတော့သည်။

"ကုန်းယွမ် ၊ မဟာမိတ်တစ်ယောက်ကို စစ်ဆေးမေးမြန်းတာ သင့်တော်တဲ့ အပြုအမူမဟုတ်ဘူးနော်.... ငါကတိပေးထားတဲ့အတိုင်း လုပ်ခဲ့ပြီးပြီပဲ.... ဖန်ချန်ယွမ်ဿိ အရိပ်လှိုဏ်ဂူကနေ ထွက်မလာအောင်တားပေးခဲ့ပြီးပြီ....."

ရွှမ်းချန်က သူ့ကို ပြုံးပြပြီး နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်သည်။

ကိုယ်စားအုပ်ချုပ်သူ၏ မျက်နှာသ မည်းမှောင်နေသည်။

"ဒါပေမယ့် မင်း ရှပြည်ထောင်စုကို ဖျက်ဆီးလိုက်ပြီ။ အရိပ်လှိုဏ်ဂူ ကျိုးပေါက်သွားပြီမို့ ရှမြို့တော်ကို ဒီပြဿနာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ မကာကွယ်နိုင်တော့ဘူး!"

ရွှမ်းချန်က ပခုံးတွန့်လိုက်ပြီး....

"ကောင်းပြီ၊ မင်းက ရှပြည်ထောင်စုရဲ့ဧကရာဇ်မဟုတ်ဘူး၊ မင်းဘာလို့အဲ့လောက်ဂရုစိုက်နေတာလဲ....."

"ငါက ရှပြည်ထောင်စုရဲ့ ကိုယ်စားအုပ်ချူပ်သူပါ!"

"ဧကရာဇ်လေးရဲ့ နန်းတက်ပွဲပြီးရင် မင်း ကိုယ်စားအုပ်ချုပ်သူအဖြစ် ဆက်ရှိနေနိုင်မယ်လို့ ထင်လား....တော်တော့...အဓိပ္ပါယ်မရှိတာတွေဆက်ပြောမနေနဲ့တော့..... ကုန်းယွမ်၊ မင်းရဲ့အမြင်ကို နည်းနည်းလောက်မြှင့်လိုက်စမ်းပါ... မင်းသာ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာတာနဲ့ ရှပြည်ထောင်စထက်အဆတစ်ရာမကသာလွန်တဲ့ မင်းဆက်ကိုထူထောင်နိုင်မှာပါ.... အဲ့အချိန်ကျရင် မင်းက ဧကရာဇ်ဖြစ်လာမယ့်အပြင် မင်းရဲ့ကြိုးစားအားထုတ်မှုတွေက ကုန်းမိသားစုရဲ့ဘိုးဘေးတွေထက်တောင် သာလွန်သွားမှာသေချာတယ်...."

ထိုစကားကြောင့် ကိုယ်စားအုပ်ချုပ်၏မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားသည်။

"ဘုရင်အဆင့်ဖြစ်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး"

သို့သော် သူ၏ ပြတ်သားသော စကားလုံးများနှင့် ဆန့်ကျင်စွာဖြင့် သူ့လေသံမှာ အလွန်ပျော့ပျောင်းသွားခဲ့သည်။

"ငါ့ရဲ့ ပံ့ပိုးမှုနဲ့သာဆို ဘုရင်အဆင့်ရောက်ဖို့ မအောင်မြင်စရာအကြောင်းမရှိဘူး...ငါတို့တွေ ဘယ်လောက်အစွမ်းထက်လဲ မင်းလဲသိနေတာပဲ..... "

“ဒါဆို မင်းဘာဆက်လုပ်ချင်လဲ” ကိုယ်စားအုပ်ချုပ်သူက ပြန်မဖြေခင် ခဏလောက် တွေးတောဆင်ခြင်နေသည်။

"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ရှန်းလိသစ်ပင် ပျက်စီးသွားခဲ့ပြီမို့ အရိပ်လှိုဏ်ဂူကိုဖိနှိပ်ထားနိူင်မှာမဟုတ်တော့ဘူး.... ကံဆိုးတာက ဖန်ချန်ယွမ်က သူ့ကိုယ်သူ ကမ္ဘာခြားသက်ရှိဘုရင်နှစ်ပါးနဲ့ မကောင်းဆိုးဝါးမြစ်ကိုပါ စည်းတံဆိပ်ခတ်လိုက်ပြီး ငါတို့ရဲ့အကြံအစည်တွေကို ဟန့်တားခဲ့တယ်... ငါတို့က ရှပြည်ထောင်စုကို အလျင်စလို ပြိုကျစေချင်ပေမယ့် ငါတို့ရဲ့ အကြံအစည်တွေ နှောင့်နှေးနေလိမ့်မယ်....ဒါပေမယ့် ငါ့အမြင်အရတော့ ဒါက ကောင်းပါတယ်...ကမ္ဘာခြားသက်ရှိဘုရင်နှစ်ပါးကို လွှတ်ပေးလိုက်တာက ငါတို့အတွက် သတင်းကောင်းတော့ မဟုတ်ဘူး....ကမ္ဘာခြားသက်ရှိတွေက စိတ်မှန်ကြတာမဟုတ်ဘူး...အချိန်မရွေးငါတို့ကိုပါလက်စဖျောက်လိုက်နိုင်တယ်...."

ဟု ရွှမ်းချန်က ရှင်းပြခဲ့သည်။

ဖန်းကျွမ်အဖွဲ့အစည်းသည် ကမ္ဘာခြားသက်ရှိများနှင့် ဆက်ဆံရေးရှိသော်လည်း ၎င်းတို့၏ တူညီသောရည်ရွယ်ချက်များကြောင့်သာဖြစ်သည်။ အကယ်၍ ယွီလဲ့ ဘုရင်နှင့် အလောင်းကောင်ဘုရင်ကို လွတ်လပ်စွာ သွားလာခွင့်ပြုပါက၊ သတ္တမအဆင့် မြို့စား ခွန်အားရှိသူ ရွှမ်းချန်သည် ၎င်းတို့အား အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဆန္ဒရှိလျှင် သူ့ဘဝကို အလွယ်တကူ အဆုံးစီရင်နိုင်သည်။

အကောင်းဘက်ကလှည့်တွေးရလျှင် ဖန်ချန်ယွမ်က ကမ္ဘာခြားသက်ရှိဘုရင်နှစ်ပါးကို ချိတ်ပိတ်ခဲ့သည်။ ယင်းကြောင့် ဖန်းကျွမ်အဖွဲ့အစည်း၏ ရည်မှန်းချက်များကို အောင်မြင်ရန် အချိန်ပိုပေးရတော့မည်။

ရွှမ်းချန်က ပြုံးလိုက်ပြီး... "ရှမြို့တော်ကို မကြာခင် စွန့်ခွာရတော့မယ်... ကုန်းယွမ်... မင်းမှာ ဘာအစီအစဉ်ရှိလဲ"

"ဘာကိုဆိုလိုတာလဲ?"

ကိုယ်စားအုပ်ချုပ်က မျက်မှောင်ကြုတ်လိုက်သည်။

ရွှမ်းချန် လက်ဖဝါးကို မြှောက်လိုက်သောအခါ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်လာကာ ရှပြည်ထောင်စုနှင့် ၎င်း၏ပတ်ဝန်းကျင်ကိုမြေပြင်အနေအထားကိုရေးဆွဲထားသော ကြီးမားသော မြေပုံတစ်ခုကို ပုံဖော်လိုက်သည်။

"အခုဆို ရိပ်လှိုဏ်ဂူကနေ အမှောင်စွမ်းအင်တွေ အဆက်မပြတ် ပျံနှံ့လာတော့မယ်.... ဒါပေမယ့် ဖန်ချန်ယွမ်ရဲ့ စည်းတံဆိပ်က ပြန့်ပွားနှုန်းကို ထိန်းချုပ်ထားတယ်...ငါ့ရဲ့ ခန့်မှန်းချက်အရ အမှောင်စွမ်းအင် အရင်းအမြစ်ရဲ့ တည်နေရာဟာ ကြယ်တာယာခရီးရှည်ကောလိပ်ဆိုတဲ့ နေရာဖြစ်မှာ သေချာတယ်....ကောလိပ်ကနေ အနောက်ဘက်ကို ယိုစိမ့်ပြီး ကြီးကြီးမားမား ပျက်စီးနေတဲ့ ဧရိယာတစ်ခု ဖြစ်လာလိမ့်မယ်.

..."

ထို့နောက် သူသည် သူ၏လက်ချောင်းများဖြင့် ရှပြည်ထောင်စု တစ်ခုလုံးကို နှစ်ပိုင်းခွဲပေးသော အနက်ရောင်မြစ်ကြီးတစ်ခုကဲ့သို့ အရှေ့မှ အနောက်သို့ စီးဆင်းနေသော မျဉ်းကြောင်တစ်ခုကို မြေပုံပေါ်တွင် ရေးဆွဲလိုက်သည်။

"နှစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ ရှပြည်ထောင်စုဟာ ဒီလိုပုံစံအဖြစ် ပြောင်းလဲသွားလိမ့်မယ်... ရှ မြို့တော်ကို စွန့်လွှတ်လိုက်တာနဲ့ မြို့တော်သစ်တစ်ခုဖြစ်လာဖို့ တော်ဝင်နန်းတော်က မြို့သစ်ရှာရလိမ့်မယ်....မင်းတူမ ဘယ်နေရာကိုရွေးမယ်ထင်လဲ...."

ကိုယ်စားအုပ်ချုပ်က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး....

"ထောက်ခံသူအများအပြားရှိတဲ့ တောင်ပိုင်းကိုရွေးချယ်လောက်မယ်..."

"ဒါဆို မင်းကရော....?"

ကိုယ်စားအုပ်ချုပ်သူသည် ရွှန်းချန်ကို အဓိပ္ပာယ်ရှိရှိ စိုက်ကြည့်ရင်း တစ်ခဏမျှ ငြိမ်သက်သွားသည်။

"မင်း ငါ့ကို မြောက်ပိုင်းကို သွားစေချင်တာလား....."

“မင်းသမီး တောင်ပိုင်းကိုသွားတဲ့အခါ အဓိပ္ပါယ်မရှိတဲ့ ပဋိပက္ခတွေပဲဖြစ်လာလိမ့်မယ်.... ရှပြည်ထောင်စု တစ်ခုလုံး ကမောက်ကမ ဖြစ်နေပြီမို့ မင်းရဲ့ သြဇာအာဏာနဲ့ ဧကရာဇ်လေးရဲ့အမိန့်ကို ဘာကြောင့် လိုက်နာရမှာလဲ။ မြောက်ပိုင်းမှာ စိုးစံပြီး ကိုယ့်ထီးကိုယ့်နန်းထူထောင်လိုက်ပါလား.... ရှပြည်ထောင်စုကိုမင်းသမီးနဲ့ ခွဲဝေအုပ်ချုပ်ဖို့ ဒီမြစ်ကအသုံးဝင်လာပါလိမ့်မယ်...."

"ဒါ့အပြင်၊ ငါတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့သာဆို မင်းရဲ့ အိပ်မက်တွေထက်ကျော်လွန်တဲ့ စွမ်းအားရရှိလာလိမ့်မယ်... နောက်ဆုံးမှာ မင်း တောင်ပိုင်းဒေသကို ပြန်သိမ်းပြီး နိုင်ငံတော်ကို ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်တာနဲ့ ခက်ခဲမှာ မဟုတ်ဘူး...."

ကိုယ်စားအုပ်ချုပ်၏လေသံပြောင်းလဲသွားချေပြီ....

"ရှပြည်ထောင်စုကို ခွဲထုတ်ပြီး အလုံးစုံအင်အားကို လျှော့ချချင်နေတာလား..မင်းပိုင်ဆိုင်ထားတဲ့ခွန်အားနဲ့ဆို ဒီလိုလုပ်ဖို့မလိုဘူးလေ....ကြည့်ရတာ ဖန်ချန်ယွမ်ကြောင့်အတော်အထိနာခဲ့ပုံပဲ....."

ရွှမ်းချန်၏အမူအရာ မှိုင်းပျသွားပြီး..

"ဘုရင်အဆင့်နဲ့ ရင်ဆိုင်ကြည့်လိုက်ပါလား...ဒါဆို မင်းနားလည်လာလိမ့်မယ်...."

ကိုယ်စားအုပ်ချုပ်က ခေါင်းယမ်းလိုက်ပြီး.... "ငါ့ရဲ့ကန့်သတ်ချက်တွေကို ငါနားလည်တယ်"

လျှို့ဝှက်ကျင့်စဉ်ကိုအသုံးပြုခဲ့သည့်တိုင် ပဉ္စမအဆင့်မြို့စားတစ်ဉီးပင်လျှင် ဖန်ချန်ယွမ်ထံမှ တစ်ချက်တည်းသောတိုက်ခိုက်မှုကိုခံနိုင်ရည်မရှိခဲ့ပေ။သူ့နေရာမှာ သာမာန် ပဉ္စမအဆင့်မြို့စားသာဆို အမှုန်အမွှားဖြစ်သွားပေလိမ့်မည်။

"ဒါပေမယ့် မင်းရဲ့အကြံပြုချက်ကို ငါစိတ်ဝင်စားတယ်....."

ကိုယ်စားအုပ်ချူပ်သူသည် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး သူ့မျက်နှာပေါ်တွင် လိမ္မာပါးနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ရှမြို့တော်ကြီး မကြာခင် ပျက်စီးတော့မည် ဖြစ်ပြီး ရှပြည်ထောင်စုတစ်ခုလုံး ဆူပူအုံကြွလာတော့မည်။ထိုအခါ စည်းမျဉ်းတွေ အားလုံးက အသုံးမဝင်နိုင်တော့ပေ။

ကုန်းလွမ်ယုသာ ဧကရာဇ်နှင့်အတူ တောင်ဘက်သို့ခရီးထွက်မယ်ဆိုရင် ဧကရာဇ်၏ လိင်ပိုင်းဆိုင်ရာပြဿနာဟာ ခေါင်းခဲလောက်သည့် ပြဿနာ ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းမှာပင်၊ သူသာ တောင်ပိုင်းသို့လိုက်သွားခဲ့လျှင် ထိုနေရာတွင် ရှိနေသော တပ်ဖွဲ့ဝင်အများအပြားနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး သူ၏ ရည်မှန်းချက်ကြီးသော အစီအစဉ်များကို တားဆီးမည်ဖြစ်သည်။ ထို့ကြောင့် သူ့လူများနှင့်အတူ မြောက်ဘက်သို့ ဆုတ်ခွာခြင်းသည် ပို၍အဓိပ္ပာယ်ရှိပေလိမ့်မည်။ အချိန်စေ့သောအခါ သူသည် တော်ဝင်မိသားစုမှ ထွက်ခွာပြီး သူ့ကိုယ်သူ မြောက်ပိုင်းဧကရာဇ်အဖြစ် ကြေငြာနိုင်သည်။ ဖန်းကျွမ်အဖွဲ့အစည်း၏ ပံ့ပိုးမှုဖြင့်၊ သူ၏ အစီအစဉ်များသည် ရှပြည်ထောင်စုတွင် အကန့်အသတ်မရှိပေ။

ရွှမ်းချန် ပြောခဲ့သည့်အတိုင်းပင် သူ၏အနာဂတ်ရလဒ်များသည် ရှပြည်ထောင်စုကို တည်ထောင်ခဲ့သည့်ဘိုးဘေးများထက် သာလွန်သွားမည်ဖြစ်သည်။

ဖန်းကျွမ်အဖွဲ့အစည်းကို ပို၍ ပို၍ အားကိုးရမည်ဟု နားလည်ခဲ့သည်။ အခုအခြေအနေက ဒီအဆင့်ကိုရောက်နေပြီဆိုတော့ သူ့ရှေ့ကလူငယ်တွေကလည်း ဘယ်နည်းနှင့်မျှနောက်ပြန်လှည့်ဖို့ခွင့်ပြုမည်မဟုတ်ပေ။

"ဒါက မကောင်းတဲ့ အကြံပြုချက်မှမဟုတ်တာ....."

သူက ရွှမ်းချန်ကို ပြုံးပြလိုက်သည်။

ရွှမ်းချန် ၏ ဖြူဖျော့သော မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ကိုယ်စားအုပ်ချူပ်သူ၏ လိမ္မာပါးနပ်သော တုံ့ပြန်မှုသည် သူ့ကို အလွန်ကျေနပ်စေသည်။

"အရှင်...ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိတယ်..."

ထိုအချိန်တွင် တချိန်လုံး တိတ်ဆိတ်နေသော ရှန်ကျင်းရှောင်ထံမှ စကားသံထွက်ပေါ်လာသည်။

"ဆရာရှန်...မင်းလိုချင်တာသာပြောလိုက်....."

"အခုဆို အင်အားစုများစွာက ရှမြို့တော်ကနေ ထွက်သွားကြတော့မယ်... အဲဒီထဲမှာ လော့လန်အိမ်တော်လည်း ပါလိမ့်မယ်...."

ထိုစကားကြောင့် ကိုယ်စားအုပ်ချုပ်၏အကြည့်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

“အခု သူတို့ ထွက်ခွာဖို့ ရွေးချယ်လိုက်တဲ့အတွက် ခံစစ်အသီအရင်က ကျွန်တော်တို့ကို လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး။ ဒါက အခွင့်အရေးကောင်းတစ်ခုလို့ ကျွန်တော်ထင်တယ်”

" ဆရာရှန်... မင်း လော့လန်အိမ်တော်ကိုထိပါးဖို့ကြံစည်နေတာလား...လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ကို မကြောက်ဘူးလား "ဟု ကိုယ်စားအုပ်ချူပ်သူက မေးလိုက်သည်။

" ကြောက်တယ်!....ဒါပေမယ့်၊ ရန်ငြိုးဖွဲ့ထားပြီးသားမို့ ပြန်ပြင်ဖို့မလွယ်တော့ဘူး.... ဖန်းကျွမ်အဖွဲ့အစည်းရဲ့ ပံ့ပိုးမှုနဲ့သာဆို ဘာပဲဖြစ်ဖြစ် သူတို့ကို ကြောက်နေစရာ မလိုဘူး....."

"ဒါဆို မင်းက ဘာကို အကြံပေးချင်တာလဲ.."

"သခင်ရွှမ်းချန်က ကြယ်တာယာခရီးရှည်ကောလိပ်ကိုကိုင်တွယ်ဖြေရှင်းလိမ့်မယ်... မင်းသမီးနဲ့ လော့လန်အိမ်တော်က ခိုင်မာတဲ့ ဆက်ဆံရေးရှိတာမို့ သူတို့ရဲ့အင်အားကို ထိန်းထားဖို့ ကိုယ်စားအုပ်ချုပ်သူက ကူညီပေးပါ... "

ကိုယ်စားအုပ်ချူပ်သူက သူ့ကို မျက်လုံးပြူး၍ကြည့်လိုက်သည်။

"လော့လန်အိမ်တော်မှာ ချီချန်းသာမက နွားသိုးကြီးပေါင်ပေါင်လို့ ခေါ်တဲ့ လူထူးဆန်းတစ်ယောက်လည်းရှိနေတယ်... အဲ့လူက မင်းမခန့်မှန်းနိုင်တဲ့ လျှို့ဝှက်အန္တရာယ်တစ်ခုလိုပဲ.... မင်း သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်တာ သေချာရဲ့လား"

ရွှမ်းချန်က ပြုံးလိုက်ပြီး... " ရှန်ကျင်းရှောင် ကို လျှော့မတွက်နဲ့... သူ့ကို ယွီလဲ့ ဘုရင်တောင်မှ ချီးကျူးခဲ့သေးတယ်.... အခု သေချာစဉ်းစားကြည့်တော့ သူက ဖန်းကျွမ်အဖွဲ့အစည်းကို ဝင်ဖို့ အရမ်းသင့်တော်တယ်

..... သူ့ရဲ့ အောင်မြင်မှုတွေက တစ်နေ့ကျရင် ကျုပ်ထက်တောင် ပိုသာလိမ့်မယ်လို့ ယုံကြည်တယ်....."

ဤစကားများသည် ကိုယ်စားအုပ်ချုပ်ကို တုန်လှုပ်သွားစေခဲ့သည်။

"အရှင်ရွှမ်းချန်...ချီးကျူးတာကိုမခံယူဝံ့ပါဘူး..."

ရှန်ကျင်းရှောင်သည် အနက်ရှိုင်းဆုံးအပြုံးဖြင့် ကိုယ်စားအုပ်ချုပ်ကို ကြည့်လိုက်သည်။

"တကယ်တော့ ကျွန်တော်က နတ်ဘုရားအရာကို မလိုချင်ဘူး.... ကျန်းချင်းအာကိုပဲ လိုချင်တာ......."

All Chapters