အခြေနေအရပ်ရပ်....
Vol. 51 Ch. 708
အချိန်တွေ ကုန်လွန်လာပြီး ရှမြို့တော်မှာ လှုပ်ရှားမှုတွေ တဖြည်းဖြည်း လျော့ပါးလာသည်။ ယခင်က စည်ကားပြီး အသက်ဝင်သောလေထုသည် ယခုအခါ အေးစက်ပြီး ထုံထိုင်းသွားခဲ့သည်။
ရွှေနဂါးဘဏ်တိုက်တွင်......
ယုဟုန်ရှီသည် ပြတင်းပေါက်နားတွင် ရပ်နေပြီး သက်ပြင်းချကာ အောက်ဘက်ရှိ လွတ်နေသော လမ်းများကို စိုက်ကြည့်နေသည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် မျှော်လင့်မထားသော အပြောင်းအလဲများကိုမနှစ်မြို့နိုင်ပေ။ အာဏာရပါတီ အပြောင်းအလဲသည် ရွှေနဂါးဘဏ်အတွက် အရေးမကြီးချေ။ နောက်ဆုံးတွင်၊ သူတို့နှင့် စီးပွားရေးလုပ်ရန် တစ်စုံတစ်ယောက် လိုအပ်နေသေးသည်။
တစ်ခုတည်းသောခြွင်းချက်မှာ ကမ္ဘာခြားသက်ရှိများ ဖြစ်နေသည်။
သူတို့က အေးစက်ပြီး အသိဉာဏ်မရှိသော သတ္တဝါတွေဖြစ်ပြီး အပြန်အလှန်နားလည်နိုင်စွမ်းမရှိကြပေ။
ဤကာလတွင် ရွှေနဂါးဘဏ်သည် ၎င်းတို့၏ အရင်းအမြစ်များကို လျင်မြန်စွာ စုဆောင်းခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ငန်းများက ကျယ်ပြန့်လွန်းသောကြောင့် အကောင်းဆုံး လုပ်ဆောင်ပြီးသည့်တိုင် ထိရောက်မှုက လုံလောက်မှု မရှိပေ။
ရှပြည်ထောင်စုအတွင်း ချဲ့ထွင်ရန် အနာဂတ်အစီအစဥ်များနှင့် ပတ်သက်သော အတွေးများသည် ယုဟုန်ရှီ၏ စိတ်ထဲတွင် ပြည့်နှက်နေသည်။ ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ အတွေးများကို ရိုက်ခတ်သွားခဲ့သည်။ ထိုလူဝင်လာရန်အသံပြုလိုက်သည့်အခည အမှုတော်ဆောင်အမျိုးသမီးတစ်ဉီး လျင်မြန်စွာဝင်ရောက်လာပြီး အသံတိုးတိုးဖြင့် အမြန်သတင်းပေးပို့ခဲ့သည်။
"အိုး.. သူက ငါ့ကိုလာတွေ့တယ်ပေါ့... ..."
ယုဟုန်ရှီက စူးစမ်းလိုစိတ်ဖြင့် ခေါင်းညိတ်လိုက်ပြီး....
"သူ့ကိုအထဲဝင်ခွင့်ပြုလိုက်..ပြီးရင် ချင်းအာအပါအဝင် ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့... "
အမှုတော်ဆောင်အမျိုးသမီး ထွက်သွားပြီး ခဏအကြာတွင်၊ ယုဟုန်ရှီသည် သူမ၏ အံ့သြဖွယ် အမူအရာကိုထိန်းက ကုလားထိုင်နောက်သို့ မှီလိုက်သည်။
ပေါ့ပေါ့ပါပါး တံခါးခေါက်သံကြားရပြီး တံခါးကို တွန်းဖွင့်လိုက်သောအခါမှ ကျန်းချင်းအာ ကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။
"မင်း ငါ့ဆီကို မင်းတစ်ယောက်တည်းလာတွေ့မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး...မင်းဒီလိုအခြေအနေမျိုးကို ရှောင်ချင်ခဲ့တာလို့ ငါထင်ခဲ့တာ။...လော့လန်အိမ်တော်ရဲ့သခင်မလေးမှာက တန်တိုင်လန်ကြောင့် ငါ့ကိုမျက်မှန်းကျိူးနေတာမလား...."
"ကျွန်မသခင်က သူများနောက်ကွယ်မှာ မကောင်းတာ မပြောတတ်ဘူး"
ကျန်းချင်းအာ က ခေါင်းခါလိုက်သည်။
ယုဟုန်ရှီက သွယ်ဝိုက်မနေတော့ဘဲ ....
"လီလော့နဲ့ တိုက်ရိုက်စကားပြောရတာ ပိုအဆင်ပြေမှန်း မင်းလည်းသိမယ်ထင်တယ်.... မင်းဒီကို ကိုယ်တိုင်ကိုယ်ကျရောက်လာကတည်းက မင်းငါ့ဆီက တစ်ခုခုလိုချင်လို့မလား...."
ကျန်းချင်းအာက ယုဟုန်ရှီကို ဒီအတိုင်းသာ
ကြည့်နေသည်။ သူမသည် မိခင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့်လည်း အရင်ကလို လှပနေဆဲဖြစ်ပြီး သူမရဲ့ အမူအရာတိုင်းက ကျက်သရေရှိတဲ့အပြင် ရင့်ကျက်တဲ့ ဆွဲဆောင်မှုတစ်ခုကို ပေါ်လွင်စေပါသည်။
"ကျွန်မ ရှင့်ကို အကူညီတောင်းစရာရှိတယ်..."
ကျန်းချင်းအာကလည်း ကွေ့ဝိုက်မနေတော့ပေ။
"လော့လန်အိမ်တော်က သုံးရက်အတွင်း ပြောင်းရွှေ့တော့မယ်... ဘဏ်တိုက်ကလည်း တစ်ချိန်တည်းမှာပဲ ထွက်သွားမယ်ထင်တယ်...."
ယုဟုန်ရှီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် ငါတို့တွေက တခရီးတည်းအတူတူသွားရမယ့်သူတွေမဟုတ်ဘူး...."
ရွှေနဂါးဘဏ်သည် ရှမြို့တော် နှင့် အနီးဆုံး ခရိုင်သို့ ဘဏ်ခွဲများအတွက် စုစည်းရာနေရာတစ်ခုအဖြစ် ဆုတ်ခွာသွားမည်ဖြစ်သည်။
"ဉက္ကဌယု... ရှင်လည်း လော့လန်အိမ်တော်ရဲ့ အခြေအနေကို နားလည်နေတာပဲ... အိမ်တော်စုဝေးပွဲအတွင်းမှာ ဘေးဥပဒ်ကို ရှောင်နိုင်ခဲ့တယ်ဆိုပေမယ့် နတ်ဘုရားအရာကို မက်မောတဲ့သူတွေ ရှိသေးတယ်.... ခံစစ်အစီအရင်ရဲ့ အကာအကွယ်မရှိရင် ရန်သူတွေလှုပ်ရှားကြတော့မှာသေချာတယ်... ဒါကြောင့် လော့လန်အိမ်တော်ရဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ ငြိမ်းချမ်းတဲ့ ကိစ္စတော့ မဟုတ်ဘူး..."
"အင်း...မင်း ပြောချင်တာကိုငါနားလည်ပြီ.. ကုန်းယွမ်နဲ့မင်းသမီးတို့က တော်ဝင်နန်းတော်ရဲ့ အရင်းအမြစ်တွေခွဲဝေဖို့ ထိပ်တိုက်တွေ့နေကြတယ်...ဒါ့ကြောင့် ကုန်းယွမ်က လော့လန်အိမ်တော်ရဲ့ ဘဏ္ဍာတွေကို ခိုးယူဖို့ အချိန်မရှိသလို အခွင့်အရေးလည်းဘူး..."
ကျန်းချင်းအာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး "တကယ်တော့ ရှန်ကျင်းရှောင်ကို ပိုကြောက်ရတယ်"
ယုဟုန်ရှီ၏ အကြည့်များ တုန်လှုပ်သွားသည်။
"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ခရမ်းအဆင့်နည်းပြ?"
"အဲဒီလူက အဆိပ်ပြင်းပြီးသိပ်ကိုကောက်ကျစ်တယ်... သူက ဖန်းကျွမ်အဖွဲ့အစည်းနဲ့တောင် ပူးပေါင်းခဲ့တယ်... ပြီးတော့ ကျွန်မရဲ့ကိုယ်ပိုင်အမြင်အရဆို သူက ကုန်းယွမ်ထက် အများကြီး ခြိမ်းခြောက်န်ိုင်စွမ်းရှိတယ်... ကောလိပ်တက်ပြီးကတည်းက ကျွန်မကို အမြဲတမ်း မက်မောနေခဲ့တာ... ကောလိပ်ရဲ့ စည်းမျဉ်းအရ အသာငြိမ်နေခဲ့ပေမယ့် အခုဆို သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားရတယ်” ဟု ကျန်းချင်းအာ က တည်ငြိမ်စွာ ရှင်းပြခဲ့သည်။
"လော့လန်အိမ်တော်မှာ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ မြို့စားအဆင့်ရှိတယ်..ပြီးတော့ ချီချန်းလည်းရှိနေသေးတယ်မဟုတ်လား....." ဟု ယုဟုန်ရှီက တုံ့ပြန်ခဲ့သည်။
"ကိုယ်တိုင် ပြင်ဆင်မှုတွေ လုပ်ထားပေမယ့် အာမခံချက် ပိုလိုချင်တယ်....ကျွန်မ သူ့ကို ကြောက်တယ်၊ အဆိုးဆုံး အခြေအနေရောက်လာရင် အဆုံးထိ တိုက်ပွဲဝင်နိုင်ပေမယ့် လီလော့ကို ဒုက္ခတောထဲဆွဲမခေါ်ရက်ဘူး...."
ယုဟုန်ရှီက.... "ရွှေနဂါးဘဏ်ရဲ့ အတွင်းရေးကိစ္စတွေကို ထည့်မတွက်တော့ဘူးလား...ငါတို့က ဘာကိစ္စကြောင့် မင်းတို့ကိုကူညီရမှာလဲ.... "
ကျန်းချင်းအာက ခေါင်းခါလိုက်ပြီး... "မဟုတ်ဘူး... ကျွန်မ မျှော်လင့်တာ လော့လန်အိမ်တော်ဘက်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ရှင်ကိုယ်တိုင် ပါဝင်ပက်သတ်ပေးဖို့ပါ.. "
ယုဟုန်ရှီက ထိုစကားများကို တုံ့ပြန်သည့်အနေဖြင့် ရယ်လိုက်သည်။
"ကျန်းချင်းအာ.... ရွှေနဂါးဘဏ်ရဲ့ ကြားနေဝါဒကို မေ့သွားပြီလား.... ရွှေနဂါးဘဏ်ရဲ့ ဥက္ကဌအနေနဲ့၊ ဘယ်တော့မှ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမှကူညီမှာ မဟုတ်ဘူး။ အဲဒီကောင် လီလော့ကို သဘောကျပေမယ့် မင်းရဲ့ အကြံပြုချက်က နည်းနည်းဘောင်ကျော်နေပြီ. .."
"ဒါက နည်းနည်းလွန်နေပြီဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် အိမ်တော်စုဝေးပွဲ အတွင်းမှာ ရွှေနဂါးဘဏ်ရဲ့ အခြေအနေကို စောင့်ကြည့်မယ်လို့ လီလော့ကို အလားတူ ကတိမပေးခဲ့ဘူးလား...ရှင်က စီးပွားရေးသမားမို့ နောက်ထပ် ဆွေးနွေးနိုင်တဲ့ အပိုင်းတွေ ရှိပါသေးတယ်....”
ကျန်းချင်းအာကို အာရုံစိုက်နေစဉ် ယုဟုန်ရှီ ၏ မျက်လုံးများတွင် စိတ်ဝင်စားမှုအရိပ်အမြွက် ထွက်ပေါ်လာသည်။
"မင်းက ထက်မြက်တဲ့ မိန်းကလေးပဲ... ဒါဆို မင်းမှာ ငါ စိတ်ဝင်စားလောက်မယ့်အရာရှိနေလို့လား... စဉ်းစားကြည့်ရအောင်... မင်းငါ့ကို လော့လန်အိမ်တော်ရဲ့ နတ်ဘုရားအရာကို ပေးမယ်ဆို လုံလောက်တဲ့ ကာကွယ်မှုပေးမယ်...ဘယ်လိုလဲ...."
ကျန်းချင်းအာ၏ပါးပြင်ပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ယုဟုန်ရှီ ကို အံ့အားသင့်စေသည်။
"ဥက္ကဌယု...လုချင်းအာက လီလော့ကို ကြိုက်နေတယ်မလား..."
ယုဟောင်ရှီ၏ မျက်နှာပေါ်က အပြုံးများ မှေးမှိန်သွားကာ "အဲ့တာ ဘာဖြစ်လဲ"
"လီလော့က ကျွန်မနဲ့ စေ့စပ်ထားပြီးသားမို့ လုချင်းအာရဲ့ လုပ်ရပ်တွေက နည်းနည်းလေးမှ မသင့်တော်ဘူးလို့ မထင်ဘူးလား၊ သူ့ကို နည်းနည်းပါးပါး မဆုံးမတော့ဘူးလား...?"
"ငါ့ကလေးကို ဆုံးမဖို့ မင်းသတိပေးစရာမလိုဘုး...? နောက်ပြီး လီလော့နဲ့ မင်းရဲ့ စေ့စပ်မှုက လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့ တဖက်သက် ဆုံးဖြတ်ချက်သက်သက်ပဲ... မင်းနှစ်ယောက်ကြားမှာ အချစ်စစ်ဆိုတာ မရှိဘူး... "
"ဒါကို ဘယ်သူသေချာသိနိုင်မှာလဲ...."
ယုဟုန်ရှီသည် မတ်တတ်ထရပ်ကာ လက်နှစ်ဘက်လုံးကို စားပွဲပေါ်ထောက်ပြီး ကျန်းချင်းအာကို စူးရှထက်မြက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး...
"နင်တို့တကယ် ချစ်ကြတယ်ဆို ဘာလို့လက်မထပ်ကြသေးတာလဲ...."
ချစ်စရာကောင်းပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက် ပြောလိုက်တဲ့ ဒီလို စူးစူးရှရှ စကားလုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျန်းချင်းအာ အနည်းငယ် ထိတ်လန့်သွားပြီး ခဏတာ အာရုံစိုက်မှု ပျောက်ပြားခဲ့ရသည်။
"မင်း စေ့စပ်ပြီးကတည်းက မင်းဆန္ဒအတိုင်းလုပ်လို့ရတယ်.... လီလော့ရဲ့ စိတ်နေစိတ်ထားကို သိပြီး တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတယ်ဆိုရင် မင်းအတူတူ လက်တွဲပြီးတာကြာပြီ"
ကျန်းချင်းအာ၏ အကြည့်များ တောက်ပလာသည်။ သူ့သမီးနဲ့ နှိုင်းစာရင် ယုဟုန်ရှီက ဆက်ဆံရတာ ပိုခက်သည်။
ကျန်းချင်းအာ တုံ့ပြန်မှု ကင်းမဲ့နေတာကို မြင်လိုက်ရတော့ ယုဟုန်ရှီ ကျေနပ်နေမိသည်။ တစ်ချိန်က သူမသည် တန်တိုင်လန်နှင့် လက်ပမ်းကျလုနီးပါး နပန်းလုံးနေခဲ့သူဖြစ်သည်။ထို့ကြောင့် ကျန်းချင်းအာကဲ့သို့ အတွေ့အကြုံမရှိသူနှင့် ဆက်ဆံရသည်မှာ ရိုးရှင်းလွန်းသည်။
"ငါ မင်းကို ကူညီနိုင်တာ ဘာမှမရှိဘူး..မင်းပြန်လို့ရပြီ... ရွှေနဂါးဘဏ်က အရမ်း အလုပ်များနေတယ်"
တစ်ဖက်တွင်မူ ကျန်းချင်းအာကတော့ ဒီအတိုင်းထိုင်နေဆဲပင်... ထို့နောက် ယုဟုန်ရှီကိုမော့ကြည့်လိုက်ပြီး စကားလုံးအချို့ကို အားတင်း၍ပြောဆိုလိုက်သည်။
"ဉက္ကဌယု...... ကျွန်မတို့ နန်ဖန်းမြို့တော်ကို ပြန်ရောက်တဲ့အခါ လီလော့နဲ့ စေ့စပ်ထားတဲ့ သဘောတူညီချက်ကို ဖျက်နိုင်တယ်....ဘယ်လိုသဘောရလဲ..."
ကျန်းချင်းအာကို တစ်ဖန် စစ်ဆေးရန် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်ထားရင်း စာရွက်စာတမ်းတစ်ခုကို ကိုင်ဖို့ပြင်နေသည့် ယုဟုန်ရှီ၏ လက်ချောင်းများ လေထဲတွင် ရပ်တန့်သွားသည်။
အဆုံးတွင် သူမသည် စာရွက်ကို ဖယ်လိုက်ပြီး နွေးထွေးနူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
"ကျန်းချင်းအာ၊ မင်းရဲ့ကမ်းလှမ်းချက်က ငါ့ကို လှုံ့ဆော်ပေးတယ်...."
ထို့နောက် နှစ်ဦးသား မျက်နှာချင်းဆိုင်ကာ ပေါ့ပေါ့ပါးပါး လက်ဆွဲနှုတ်ဆက်၍ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် တခြားဘာမှ မပြောဘဲ ကျန်းချင်းအာ လှည့်ထွက်သွားပြီး ယုဟုန်ရှီလည်း ပြန်ထိုင်ပြီး အလုပ်ဆက်လုပ်နေသည်။
ကျန်းချင်းအာ ထွက်သွားပြီး တံခါးကို တင်းတင်းစေ့ထားပြီးနောက် ယုဟုန်ရှီသည် စာရွက်စာတမ်းများကို အချိန်အတော်ကြာအောင် လှန်ကြည့်နေသည်။ နောက်ဆုံးတွင်....
"တန်တိုင်လန်... ဒီတစ်ခါ ငါ နင့်ကို အနိုင်ယူနိုင်ခဲ့ပြီ.. " ဆို၍ ပါးနပ်တဲ့ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုအချိန်တွင် အစေခံတစ်ဉီးက တံခါးကို နောက်တစ်ကြိမ် ထပ်ခေါက်သည်။
"ဉက္ကဌ... အိမ်တော်သခင် လီလော့ ရောက်နေတယ်..... သခင်မလေးလည်း သူနဲ့အတူပါလာတယ်"
ဒါကိုကြားတော့ သူ့မျက်ခုံးတွေ ကော့တက်သွားသည်။
သိပ်မကြာခင်မှာပဲ လီလော့ရဲ့ ပြုံးနေတဲ့ မျက်နှာပေါ်လာပြီး.....
"ဒေါ်လေးယုနဲ့မတွေ့ဖြစ်တာကြာပေမယ့် ဒေါ်လေးက အရင်ကထက်တောင် ပိုလှနေသေးတယ်!"
ဆယ်မိနစ်လောက်ကြာသောအခါ....
လီလော့နှင့်လုချင်းအာတို့ ရုံးခန်းမှ ထွက်လာခဲ့ပြီး နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ညီတူညီမျှ စိတ်ရှုပ်နေဟန်ဖြင့်...
"သူ လွယ်လွယ်နဲ့ သဘောတူလိုက်တာလား.... ဒီလောက်ပဲလား...."