← Chapters

တောင်ပိုင်းသို့ပြန်သွားခြင်း......

Vol. 51 Ch. 709

တောင်ပိုင်းသို့ပြန်သွားခြင်း......

Vol. 51 Ch. 709

လော့လန်အိမ်တော်၏ ခံစစ်အစီအရင်ဖျက်သိမ်းပြီး ငါးရက်မြောက်နေ့တွင် တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

လော့လန်အိမ်တော်၏ ဌာနချုပ် အပြင်ဘက်တွင် ရထားလုံး အများအပြား ပါသော ဧရာမ ယာဉ်တန်းကြီးရှိသည်။ လော့လန်အိမ်တော် ၏ အထက်တန်းလွှာများအားလုံး စုဝေးခဲ့ကြသောကြောင့် ယာဉ်တန်းသည်တင်းကြပ်သေယ အကာအကွယ်အောက်တွင် ရှိနေခဲ့သည်။ ထိုနေ့တွင် အိမ်၏ စုဆောင်းမှုအားလုံးကို ရွှေ့ပြောင်းကြတော့မည်။

တစ်ချိန်တည်းမှာပင်၊ ဝိညာဉ်ရည်များနှင့် သန့်စင်သောလင်းရောင်များ၊ အဆင့်မြင့်ပဲ့တင်ထပ်သံပညာရပ်နှင့် အဆင့်မြင့်ရတနာပစ္စည်းများကို လီလော့၊ကျန်းချင်းအာနှင့် ချိုင်ဝေတို့က ၎င်းတို့၏အိတ်ဆောင်စက်လုံးထဲတွင် လုံခြုံစွာသိမ်းဆည်းထားသည်။ အိတ်ဆောင်စက်လုံးထဲတဖွင် အံမဝင်နိုင်သော အရင်းအမြစ်များနှင့် ကျန်ပစ္စည်းများကို ရထားလုံးများဖြင့် သယ်ယူလာကြသည်။

လီလော့သည် ပတ်ဝန်းကျင်လမ်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှမြို့တော်သည် တစ်ချိန်က တက်ကြွသောလေထုနှင့်အတူ ဘဝနှင့်လှုပ်ရှားမှုများဖြင့် စည်ကားခဲ့သည်။ ယခုမူကား လမ်းများသည် အလွန်အမင်း တိတ်ဆိတ်နေချေပြီ။ ယခုအခါတွင် များပြားလှသော ဆိုင်ခန်းများမှာ ပြိုကျပျက်စီးနေပြီး လူတစ်ဦးကိုမျှ မတွေ့မြင်ရတော့ပေ။

ဒီမြင်ကွင်းက လီလော့ကို သက်ပြင်းချမိစေသည်။ တစ်လခွဲအတွင်း ရှပြည်ထောင်စု ၏ အစည်ကားဆုံးမြို့သည် တစ္ဆေမြို့အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူက မျှော်လင့်ထားမည်နည်း။

လီလော့က အကြည့်များကိူ လမ်းမပေါ်ကနေရုတ်သိမ်းလိုက်ပြီး ဌာနချုပ်ဆီသို့ လှည့်လိုက်သည်။ ကျင့်ကြံရန်အတွက် အသုံးပြုခဲ့သော မကောင်းကင်ရွှေအခန်းကဲ့သို့သော အရေးကြီးသော အဆောက်အအုံများအားလုံးကို ဖြိုဖျက်လိုက်ခြင်းကြောင့် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အရှုပ်အထွေးများဖြစ်ခဲ့ရသည်။ ဧရိယာတစ်ခုလုံး တန်ဖိုးရှိတဲ့အရာတွေကို လုယက်ခံလိုက်ရသလိုပင်....

ထိုအချိန်တွင် ရထားလုံးများအတွင်း ထိုင်နေသော လော့လန်အိမ်တော်၏ သက်ကြီးရွယ်အိုများက ရုံးချုပ်ဆီသို့ မဝံ့မရဲ စိုက်ကြည့်နေကြသည်။ သူတို့ ဒီမှာ နှစ်အတော်ကြာအောင် နေထိုင်ခဲ့သည့်အတွက် သံယောဇဉ်တွယ်နေကြပြီဖြစ်သည်။ ကံမကောင်းစွာဖြင့် စွန့်ခွာရတော့မည်မို့ ကြေကွဲခံစားနေကြရသည်။

"လူတိုင်း နာကျင်ခံစားနေဖို့ မလိုပါဘူး... အရိပ်ဂူကို ထိန်းချုပ်နိုင်ရင် ဒီနေရာကို ပြန်လာပြီး ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးရလိမ့်မယ်..."

လီလော့သည် အုံ့မှိုင်းသော လေထုကို ခံစားမိသောကြောင့် လူတိုင်းကို နှစ်သိမ့်ခဲ့သည်။

ကျန်းချင်းအာ သည် မီးလျှံများရစ်ပတ်နေပုံပေါ်သည့် ခွာများရှိသည့်အနက်ရောင် မြင်းပေါ်တွင်ထိုင်နေသည်။ သူမသည် လက်ရှိတွင် အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားပြီး သူမ၏ သွယ်လျသော ခြေတံများကို လှစ်ဟာပြသထားသည်။ သူမ၏ ပုံမှန်အားဖြင့် တောက်ပြောင်နေသော ဆံပင်ရှည်များကို မ သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး တိုင်တန်လန်ကိုယ်တိုင် ချုပ်ပေးထားသည့် အပြာရောင် ၀တ်ရုံကိုအပေါ်ကထပ်၍ဝတ်ဆင်ထားသည်။ဝတ်ရုံစ လေထဲတွင် တဖြတ်ဖြတ်လူးလွန့်နေသဖြင့် ထူးထူးခြားခြား သူရဲကောင်းဆန်သည့် စိတ်ဓာတ်ကို ပေးစွမ်းနေသည်။ သူမ၏ တည်ရှိနေမှုသည်ပတ်ဝန်းကျင်တစ်ခုလုံး၏ အုံ့မှိုင်းမှုတို့ကို လွှမ်းခြုံထားပုံရသည်။

"အားလုံးပြင်ဆင်ပြီးပြီ.... နည်းပြချီချန်းကိုစောင့်ဖို့ပဲကျန်တော့တယ်..."

သူမက ထိုသို့ပြောရင်း ရွှေရောင်မျက်လုံးများဖြင့် လီလော့ကို စိုက်ကြည့်လိုက်သည်။

နည်းပြချီချန်းသည် ကောလိပ်တွင် လီလော့ကို များစွာကူညီပံ့ပိုးပေးခဲ့ပါသည်။ လက်ရှိ ကျောင်းသား အရေအတွက်ကို တွေးကြည့်လျှင် ၎င်းတို့၏ ရွှေ့ပြောင်းမှုသည် လော့လန်အိမ်တော်ထက်ပင် ပိုမိုရှုပ်ထွေးသည့် ကိစ္စဖြစ်သည်။

လီလော့က ကိုယ်ပိုင်မြင်းပေါ်ခုန်တက်လိုက်ပြီးနောက် နွားသိုးကြီးပေါင်ပေါင် ထိုင်နေသည့် နောက်ဆုံးရထားလုံးကို စစ်ဆေးရန် သွားရောက်ခဲ့သည်။

ယခု သူသည် နတ်ဘုရားအရာကို ပိုင်ဆိုင်ထားပြီး ၎င်း၏ ဆန်းကြယ်သော စွမ်းအားကြောင့် စတုတ္ထအဆင့် မြို့စားနှင့် ယှဉ်နိုင်သော စွမ်းအားကို ပြသနိုင်ခဲ့သည်။

သို့သော်လည်း လီလော့သည် နွားသိုးကြီးပေါင်ပေါင်၏ ခွန်အားကို ထုတ်ဖော်ပြသခွင့်မပေးဘဲ သူ့ကိုယ်သူ ဖုံးကွယ်ရန် ခိုင်းစေခဲ့သည်။ သတိရှိမှသာလျှင် ပြိုင်ဘက်၏ စောင့်ကြည့်မှုများ ကျဆင်းလာမည်ကို အာမခံနိုင်မည်ဖြစ်သည်။ ရှပြည်ထောင်စုတွင် မငြိမ်မသက်မှုများ ပေါ်ပေါက်လာသဖြင့် လော့လန်အိမ်တော်၏ ခံစစ်အစီအရင်ကို ခွဲထုတ်လိုက်သည့် သတင်းသည် လျှို့ဝှက်ချက်မဟုတ်ကြောင်း သေချာနေပြီဖြစ်သည်။

အလားတူပင်၊ လီလော့အနေဖြင့် နတ်ဘုရားအရာကို အခြားတစ်နေရာသို့ ယူဆောင်သွားလိမ့်မည်ဟုလည်း မည်သူမဆို ခန့်မှန်းနိုင်သည်။

ခံစစ်အစီအရင်မရှိသော လော့လန်အိမ်တော်သည် လောဘကြီးသော ရန်သူများအတွက် အရည်ရွှမ်းသော ပစ်မှတ်ဖြစ်မည်မှာ သေချာပါသည်။

နွားသိုးကြီးပေါင်ပေါင်ကို သေချာစွာ ဖုံးကွယ်ထားနိုင်မှသာ မမျှော်လင့်ထားသော အခြေအနေများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပေမည်။

ထိုအချိန်တွင်၊ အလင်းတန်းတစ်ခု ကောင်းကင်ကိုဖြတ်၍ လီလော့ရှေ့သို့ ဆင်းသက်လာသည်။ နောက်ဆုံး အလင်းရောင် ပြန့်ကျဲသွားသောအခါ ချီချန်း ပေါ်လာသည်။

"ဆရာ..ရောက်ပြီလား....!"

နည်းပြချီချန်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး....

"ကောလိပ်ဘက်မှာ အရမ်းအလုပ်များတယ်...သူတို့မှာ လူမလောက်ဘူးဆိုတော့ တတ်နိုင်သလောက် ကူညီဖို့ စောင့်နေတာ...."

"ရပါတယ်...ကျွန်တော် နားလည်ပါတယ်"

နည်းပြချီချန်းသည် ကောလိပ်မှ ထွက်ခွာသွားဖွယ်ရှိသော်လည်း ၎င်းမှာ ယာယီသာဖြစ်သည်။ ယခုတော့ ကောလိပ်မှာ ဒုက္ခရောက်နေပြီး ဒုကျောင်းအုပ်စုရှင်း အတော်စိတ်ဓာတ်ကျနေသဖြင့် နည်းပြချီချန်းကသာ ကောလိပ်၏အရေးကိစ္စများ အာရုံစိုက်ကာ တတ်နိုင်သမျှ ကူညီခဲ့သည်။ သူမသည် လော့လန်အိမ်တော် ၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း၊ ဤအရာသည် ယာယီအရာမျှသာဖြစ်ကြောင်း လူတိုင်းသိသည်။

လက်ရှိအခြေအနေတွင် ချီချန်းသည် ကောလိပ်၏ပြဿနာများကို ဘေးဖယ်ထားပြီး လော့လန်အိမ်တော်နှင့် အတူလိုက်ပါရန် ရွေးချယ်ခဲ့သည်။ ဤအရာသည် လီလော့ အလွန်ကျေးဇူးတင်မိသော အရာဖြစ်သည်။

နည်းပြချီချန်းက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့သည်။

"လီလော့၊... ရှန်ကျင်းရှောင် ချုံခိုတိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ အပါအဝင် မင်းရဲ့အခြေအနေကို ငါရှင်းပြပြီးပြီ.... သူ့ကို ငါတို့ ကောလိပ်ရဲ့ အလိုရှိတဲ့စာရင်းထဲမှာ ထည့်ထားပြီး တွေ့တာနဲ့သတ်ပစ်ဖို့အမိန့်ထုတ်ထားတယ်... ဒီကောင်ရဲ့အရိပ်အယောင်တွေ့တာနဲ့ ကောလိပ်က နင်ကို ကူညီပေးမယ်.."

"ကောလိပ်က ကြီးမားလွန်းတယ်... ဒါကြောင့် အဆင့်များစွာနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းရလိမ့်မယ်။ ရှန်ကျင်းရှောင်ကြောင့် ဒုကျောင်းအုပ်စုရှင်းက ကျောင်းသားတွေကို လိုက်ပို့ပေးဖို့ အစွမ်းထက်ဆုံး ခရမ်းအဆင့်နည်းပြအဖွဲ့ကို ဦးဆောင်လိမ့်မယ်...သူတို့က လော့လန်အိမ်တော်ရဲ့နောက်ကနေလိုက်လာမှာမို့ တခုခုဖြစ်တာနဲ့ သူတို့ ချက်ချင်း ပြေးလာပြီး ကူညီပေးလိမ့်မယ်”

"ကျွန်တော် ဒုကျောင်းအုပ်ကြီး စုရှင်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်ရမယ်"

လီလော့ သက်ပြင်းချလိုက်သည်။

ကောလိပ်၏အကူအညီဖြင့် သူသည် အတိုင်းအတာတစ်ခုအထိ သက်သာရာရနိုင်သည်။ ကောလိပ်သည် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရသော်လည်း ရှပြည်ထောင်စု၏ မြောက်မြားစွာသော အင်အားစုများကြားတွင် အနက်ရှိုင်းဆုံး အုတ်မြစ်နှင့် အစွမ်းသတ္တိ ရှိနေသေးသည်။

အရင်တုန်းကတော့ ရှန်ကျင်းရှောင်နဲ့ ဆက်ဆံဖို့ မလိုအပ်ပေမယ့် ကောလိပ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ထိုသူ သူ့ကိုယ်သူ နက်နက်နဲနဲ ဖုံးကွယ်ထားမှန်း သိခဲ့ရသည်။ထိုသူပြသခဲ့သည့် ခွန်အားကြောင့် အထူးသတိထားဖို့ လိုအပ်နေပြီဖြစ်သည်။

ချီချန်းရောက်လာပြီးနောက် လီလော့က လက်ကိုဝှေ့ယမ်းပြီး အမိန့်ထုတ်လိုက်သည်။

"ထွက်ကြမယ်....."

သူ၏အမိန့်သံ ပဲ့တင်ထပ်လာသောအခါ ရထားလုံး အများအပြားသည် ရှမြို့တော်၏ ကျယ်ဝန်းသော လမ်းများတစ်လျှောက်တွင် ဧရာမမြွေကြီးကဲ့သို့ ရွေ့လျားလာပြီး နောက်ဆုံးတွင် မြို့တံခါးကြီးကို ဖြတ်သန်းသွားကြသည်။

လီလော့ကတော့ မြင်းပေါ်ကနေ ရှေ့သို့ စူးစိုက်စိုက်ကြည့်နေသည်။

သူတို့ရှေ့မှာ မီးခိုးရောင်နဲ့ မှောင်မိုက်နေတဲ့ မြူခိုးတွေကို မြင်နိုင်ပြီး မြူမှုန်လို စိမ့်ဝင်နေတဲ့ အုံ့ဆိုင်းနေတဲ့ လေထုကို သယ်ဆောင်လာသည်။ အထဲမှာ ရှိနေသူတိုင်းဟာ ဆိုးရွားတဲ့ ခံစားချက်ကို ခံစားရနိုင်သည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းပြီး နားမလည်နိုင်သော တီးတိုးသံကို ရုတ်တရက် ကြားလိုက်ရသည်။ထိုအသံတွေ ဘယ်ကလာမှန်း မသိပေမယ့် ရုတ်တရက် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

အမှောင်စွမ်းအင်တွေ ပိုထူထပ်တဲ့ အရိပ်လှ်ိုဏ်ဂူကို တစ်ခေါက်ရောက်ဖူးသည့်အတွက် လီလော့အတွက် မထူးဆန်းတော့ပေ။ ထို့ကြောင့် လက်ရှိ အမှောင်စွမ်းအင်ကို ခံနိုင်ရည်ရှိပါသေးသည်။

ဒါပေမယ့် လူတိုင်းကတော့ ဒီလို ခံစားရမည် မဟုတ်ပေ။

ယာဉ်တန်းအတွင်း အနှောင့်အယှက်အချို့ ဖြစ်ပွားခဲ့သည်။ အမှောင်စွမ်းအင်တွေအကြောင်း သတင်းတွေ ပြန့်နှံ့နေပေမယ့် တကယ်တမ်း မည်သူမျှ မတွေ့ကြုံခဲ့ဖူးပေ။

လီလော့ လက်ကို ဝှေ့ယမ်းလိုက်ပြီး အချက်ပြလိုက်သောအခါ လဲ့ကျန်းသည် အခြေအနေကို တည်ငြိမ်စေရန် လက်နက်ကိုင်တပ်သားများနှင့်အတူ ထွက်လာခဲ့သည်။

ဒါနဲ့ လီလော့က ကျန်းချင်းအာကို မျက်နှာလှည့်လိုက်ပြီး...

" ရှန်ကျင်းရှောင် ပေါ်လာမယ်လို့ ထင်လား "

ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများက သူတို့ကိုဝန်းရံနေသော မီးခိုးရောင် မြူခိုးများကို စိုက်ကြည့်နေသည်။

"ဒါက သူ့ရဲ့နောက်ဆုံးအခွင့်အရေးပဲ၊ ငါတို့ နန်ဖန်းမြို့တော်ကို ပြန်ရောက်တာနဲ့ တော်ဝင်နန်းတွင်းအဖွဲ့တွေရော ကောလိပ်ရောရှိနေမှာမို့ အခွင့်ရေးရဖို့လွယ်မှာမဟုတ်ဘူး.... သူ ငါ့ကိုစွဲလမ်းမှုဘယ်လောက်ပြင်းထန်လဲဆိုတာကို ပြင်းပြင်းထန်ထန်ခံစားရတယ်......"

ကျန်းချင်းအာ၏မျက်နှာပေါ်တွင် အေးစက်သောအမူအရာတစ်ခုပေါ်လာသည်။

"ငါတို့ တောင်ဘက်ကို ပြောင်းရွှေ့လာတဲ့အတွက် သူ ဒီမှာရှိနေမှာ သေချာတယ်..."

လီလော့ တိတ်ဆိတ်သွားသည်။ ထိုလူကို သတ်ဖြတ်ချင်စိတ်များ ရင်ထဲတွင်ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်ခွန်အားကို ထည့်သွင်းစဉ်းစားသောအခါ စွမ်းအားမဲ့သွားသလို ခံစားခဲ့ရသည်။

သူသာ သန်မာတယ်ဆို ကျန်းချင်းအာ ဒီလိုဒုက္ခတွေကို ရင်ဆိုင်ရမည် မဟုတ်ပေ။

လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူ့နှလုံးသားထဲမှာ ဒေါသတွေ တဟုန်းဟုန်းတောက်လောင်နေသည်။

သို့သော်လည်း နွေးထွေးသော လက်တဖက်က ရုတ်တရက် သူ့လက်သီးကို ဆုပ်ကိုင်လိုက်သည်။ ကျန်းချင်းအာက သူ့ကို ကျက်သရေရှိတဲ့ အပြုံးနဲ့ စိုက်ကြည့်နေပြီး...

"လီလော့....ဒေါသထွက်နေစရာမလိုပါဘူး.... ဒီနှစ် မင်းရဲ့ရလဒ်တွေက တခြားဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့အရာတွေပါ.... စိတ်ဓာတ်မကျပါနဲ့.... ငါတို့မှာ အချိန်ကျန်ပါသေးတယ်.... ငါတို့က လောလောဆယ် မြို့စားတစ်ယောက်ရဲ့မျက်လုံးထဲမှာ အရေးမပါပေမယ့် တစ်နေ့ရောက်ရင်....."

ကျန်းချင်းအာ၏ မျက်နှာပေါ်တွင် ကြင်နာမှုကင်းသော အပြုံးအရိပ်အယောင်ကို မြင်တွေ့ရသည်။

"ငါတို့လက်အောက်မှာ သူတို့သေစေရမယ်..."

All Chapters