နှလုံးသားခိုးယူသူ....
Vol. 51 Ch. 710
လော့လန်အိမ်တော်၏ယာဉ်တန်းသည် ကျယ်ဝန်းသောလမ်းပေါ်တွင် အဆောတလျင် ရွေ့လျားနေပြီး လက်ရွေးစင် မြင်းတပ်သားများက အတက်အဆင်း ကင်းလှည့်ကာ လမ်းကြောင်းတိုင်းကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
လီလော့သည်လည်း သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးနေသည်။ တိမ်တိုက်တစ်ခုလို ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားတဲ့ မီးခိုးရောင်မြူခိုးတွေကြောင့် ယာဉ်တန်းအတွင်းလူတိုင်းရဲ့ အမြင်အာရုံကို ထိခိုက်စေပါသည်။ သစ်တော၏ နက်ရှိုင်းသော နေရာများတွင် အမှောင်စွမ်းအင် ပိုမိုပြင်းထန်လာပြီး ထူးဆန်းသောအရာများ လှုပ်လှုပ်ရွရွဖြစ်နေပုံရသည်။
ဧရိယာတစ်ခုလုံး အေးစက်နေပြီး ဖိနှိပ်ချုပ်ချယ်တဲ့ ခံစားချက်တွေ ရှိနေသည်။
လီလော့သည် လွန်ခဲ့သောတစ်နှစ်က ရှမြို့တော်သို့ ပထမဆုံးဝင်ရောက်ခဲ့စဉ်က ဤလမ်းသည် လှပသောရှုခင်းများပြည့်နှက်နေပြီး အခြားသူများကိုပင် ရပ်တန့်ကာ ကြည်နူးနေစေမည့်လမ်းကို သတိရမိသည်။
အခုတော့ အရာအားလုံး ပျက်စီးသွားချေပြီ....
ကျယ်ပြောလှသော လမ်းပေါ်တွင် ဒုက္ခသည်များနှင့် ပြည့်နှက်နေသည်။လူတိုင်း ထိတ်လန့်ကြောက်ရွံ ခံစားရပြီး လေထဲကနေ ကြီးကြီးမားမား တစ်စုံတစ်ခု ကျရောက်နေပြီဟု လူတိုင်း ခံစားနိုင်သည်။
လီလော့ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ ရှန့်ပိန်းတွေ့ဆုံမှုအတွင်း ပျက်စီးသွားသော မဟူရာလေပြင်းအင်ပါယာ၏ မြင်ကွင်းများကို သူ သတိရမိသည်။ ဒီနေရာလည်း ဒီလိုပဲ အဆုံးသတ်မည်လား....
မည်သို့ပင်ဆိုစေ သူသည် ရှပြည်ထောင်စု တွင်မွေးဖွားခဲ့သည်၊ ထို့ကြောင့် မွေးရပ်မြေပေါ်တွယ်တာမှုရှိသည်။
ကံမကောင်းစွာဖြင့် လက်ရှိတွင် ကယ်ဆယ်ရန် နည်းလမ်းများ မပိုင်ဆိုင်ခဲ့ပေ။ ယခုအချိန်ထိလည်း သူ့ဘဝအတွက် သူ့ကိုယ်ပိုင် စစ်မြေပြင်တွင် ရုန်းကန်နေရဆဲဖြစ်သည်။
မျက်လုံးတွေကို မမှိတ်ခင် လီလော့ရဲ့ အကြည့်တွေက နက်ရှိုင်းလာပြီး ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုတွေကို ခံစားလိုက်ရသည်။
သူသည် နတ်ဆိုးနန်းတော်အဆင့်သို့ရောက်ရှိပြီး တစ်လကြာကျင့်ကြံပြီးနောက် သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခု လုံးဝ တည်ငြိမ်သွားခဲ့သည်။ထို့ကြောင့် နတ်ဆိုးနန်းတော် အဆင့်သို့ အပြည့်အ၀ ဝင်ရောက်ခဲ့ပြီဟုဆိုနိုင်သည်။
သို့တိုင်၊ သူ့ကို အစောပိုင်းနတ်ဆိုးခန္ဓာ အဆင့်ဟုသာ ယူဆနိုင်သည်။
ပဲ့တင်ထပ်သံနန်းတော်သုံးခုရှိသည့်
လီလော့သည် နှောင်းပိုင်းနတ်ဆိုးခန္ဓာ အဆင့်နှင့် နှိုင်းယှဉ်ပါက ပိုမို၍ ပြင်းထန်ပြီး ကြွယ်ဝသော ပဲ့တင်ထပ်သံစွမ်းအားကို ပိုင်ဆိုင်ထားသည်။
လီလော့က ရေလင်းပဲ့တင်ထပ်သံ နန်းတော်ကို ပို၍အာရုံစိုက်ခဲ့သည်။ အထဲမှာ ငှက်တစ်ကောင်လို လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းတစ်ခု ရှိနေတယ်။ ဤသည်မှာ သူ ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ခံသော အားထုတ်ခဲ့သော အဲ့မိုကွမ်းစွမ်းအင် အလင်းရောင်ဖြစ်သည်။
၎င်းသည် မြေနတ်ဆိုးခန္ဓာအဆင့် ကျွမ်းကျင်သူများ၏ ခွန်အားအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
၎င်း၏တည်ရှိမှုသည် သူ၏ ပဲ့တင်ထပ်နေသော နန်းတော်ကို အဆက်မပြတ် တည်ငြိမ်စေပြီး ဇွဲနပဲနှင့် ခွန်အားဖြစ်စေရုံသာမက၊ ၎င်း၏ ပဲ့တင်ထပ်သံစွမ်းအားကို ချဲ့ထွင်ရန်အတွက်လည်း တိုက်ပွဲတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး၊ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
ဤသည်မှာ မြေနတ်ဆိုးခန္ဓာအဆင့် လေ့ကျင့်သူသည် ဆရာသခင်အဆင့်ထက် များစွာသာလွန်သော တိုက်ပွဲဝင်စွမ်းအားရှိရခြင်း အကြောင်းရင်းဖြစ်သည်။
"အဲ့မိုကွမ်းအလင်းတန်း သုံးရာ့ခုနစ်ဆယ့်ရှစ်ခု....."
သူ၏ ပဲ့တင်ထပ်သံ နန်းတော်အတွင်း၌ ပျံဝဲနေသော အလင်းတန်းများဆီသို့ သူ့အာရုံကို စူးစိုက်ကြည့်နေသည်။ ဤသည်မှာ တစ်လတာ အဆုံးမဲ့ အားထုတ်မှု၏ ရလဒ်ဖြစ်သည်။ ၎င်းကို နှေးကွေးသည်ဟု မယူဆနိုင်ပေ။ ၎င်းတို့သည် နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်၏ အဲ့မိုကွမ်းစွမ်းအင်အလင်းတန်း ဖြစ်သည်။
နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်သည် နတ်ဆိုးအဆင့်ကျင့်စဉ် တစ်ခုအနေဖြင့် အံ့အားသင့်လောက်အောင် သန့်စင်စေသည့် ထိရောက်မှုရှိသည်။
နတ်ဆိုးနန်းတော်အဆင့်နှင့် ပတ်သက်၍ ဆိုရိုးစကားတစ်ခုရှိသည်။ ကြိုးသုံးထောင်ဆိုနတ်ဆိုးလေး. ကြိုးရှစ်ထောင်ဆို နတ်ဆိုးကြီး...
အစောပိုင်း နတ်ဆိုးနန်းတော်အဆင့်တွင် အစွန်းအထင်းမရှိသော အဲ့မိုကွမ်းအလင်းတန်း သုံးထောင်အထိသာ ကိုင်ဆောင်ထားနိုင်သော်လည်း နှောင်းပိုင်းအဆင့်တွင် ကြိုးရှစ်ထောင်ရှိနိုင်သည်ဟု ဆိုလိုသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းသည် အောက်ခြေကန့်သတ်ချက်များကို ရည်ညွှန်းသည်။ နတ်ဆိုးနန်းတော်အဆင့်၏ ကန့်သတ်ချက်သည် လူတစ်ဦးချင်းစီ၏ ကျင့်စဉ်နှင့် လိုက်ဖက်သော ပဲ့တင်ထပ်သံများနှင့်လည်း သက်ဆိုင်ပါသည်။ အကယ်၍ ကျင့်ကြံနေသောကျင့်စဉ်နှင့် ပိုင်ဆိုင်ထားသည့်ပဲ့တင်ထပ်သံ စည်းဝါးကိုင်သည်ဆိုလျှင် အဲ့မိုကွမ်းအလင်းရောင်၏ အဆက်အသွယ်များကို ပိုမိုဆုပ်ကိုင်ထားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လီလော့ ရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် သူသည် ပဲ့တင်ထပ်သံနန်းတော်သုံးခုကို ပိုင်ဆိုင်ထားသည်။
သာမာန်နတ်ဆိုးနန်းတော်အဆင့်များက အဲ့မ်ိုကွမ်းအလင်းတန်းသုံးထောင်ကို ကိုင်ဆောင်ထားနိုင်လျှင် လီလော့တွင် ပဲ့တင်ထပ်သံနန်းတော်သုံးခုရှိသဖြင့် အစောပိုင်းအဆင့်၌ပင်
အနည်းဆုံး အလင်းတန်း ကိုးထောင်ကို ကိုင်ဆောင်ထားနိုင်သည်။
သူ၏ ခန့်မှန်းချက်များကို အခြေခံ၍ သူသည် နှောင်းပိုင်းအဆင့်သို့ ရောက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းအရေအတွက်ကိုပိုင်ဆိုင်နိုင်ပေမည်။ ထိုကဲ့သို့သော အခြေခံအုတ်မြစ်သည် သူ့ကို ခြေတစ်လှမ်းတည်းဖြင့် နတ်ဆိုးခန္ဓာအဆသင့် သို့ ခုန််တက်နိုင်စေမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ ပဲ့တင်ထပ်သံနန်းတော်များကို အပြည့်အ၀ ဖြည့်သွင်းခြင်းသည် သာမန်လူများနှင့် နှိုင်းယှဉ်ပါက အချိန်နှင့် အရင်းအမြစ်များ သိသိသာသာ ပိုလိုအပ်ပါသည်။
"ငါ့မှာ အဆင့်မြင့်တဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေ ရှိနေရင် ကောင်းမှာပဲ..."
လီလော့ စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။ လော့လန်အိမ်တော်တွင် ကောင်းမွန်သောအခြေခံအုတ်မြစ်ရှိသော်လည်း၊ အဆင့်မြင့်အရင်းအမြစ်များကိုရှာဖွေရန်မလွယ်ပေ။
လီလော့ မျက်လုံးများကိုဖွင့်ကာ သူ့လက်ကောက်ဝတ်ရှိ အနီရောင်လက်ကောက်ကို ကြည့်လိုက်သည် ။
ထိုနေရာသည် အမြီးသုံးချောင်း ကောင်းကင်
ဝံပုလွေ တည်ရှိရာနေရာဖြစ်သည်။
အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေသည် အိမ်တော်စုဝေးပွဲ ပြီးကတည်းက မည်သည့်အခါမျှ မလှုပ်ရှားတော့ပေ။ နောက်ဆုံးတိုက်ပွဲတွင် ကြီးကြီးမားမား ထိခိုက်သွားပုံရသော်လည်း ကောင်းကင်ဝံပုလွေထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားအတက်အကျများကို ရံဖန်ရံခါ ခံစားရနိုင်သည်။
မြို့စားအဆင့်၏ ဖိအားကိုပင် အရိပ်အမြွက်မျှ ခံစားရနိုင်သည် ။
ကောင်းကင်ဝံပုလွေ၏ အသွင်ကူးပြောင်းမှုသည် ကောင်းကင်ဧကရာဇ်လီသွေး၏ သွေးအဆီအနှစ်ဆယ်စက်နှင့် များစွာသက်ဆိုင်ကြောင်း ထင်ရှားသည်။
"ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်က တကယ် အသုံးဝင်သလား...."
လီလော့ တွေးတွေးဆဆဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ့ရဲ့ သွေးအဆီအနှစ်ကို မတန်တဆ စျေးပေါပေါနဲ့ ရောင်းလိုက်တယ်လို့ ခံစားနေရသည်။ နောင်တွင် ပို၍ သတိထားရမည်။ ၎င်းကို အလွန်အကျွံ ညှစ်ထုတ်ပါက အပျက်သဘောဆောင်သည့် အကျိုးဆက်များ ရှိလာမည်ဟုလည်း ခံစားနေရသည်။
ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်အကြောင်း တွေးတောရင်း သူ့လက်ဖဝါးကို လှန်လိုက်ကာ အနက်ရောင် ကမ္ပည်းပြားတစ်ခု ပေါ်လာသည်။
ဤသည်မှာ ကောင်းကင်ဧကရာဇ်လီ၏ အခွင့်အာဏာ သင်္ကေတဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော "လီ" စာလုံးကို အနီးကပ်ကြည့်ရှုစဉ် အအေးဓာတ်ကိုပို၍ခံစားရသည်။ ဒီကမ္ပည်းပြားရဲ့ မူလဇစ်မြစ်ဟာ သူမျှော်လင့်ထားသလောက် မရိုးရှင်းနိုင်ကြောင်း ခန့်မှန်းထားပြီးသားပင်.... ကောင်းကင်ဧကရာဇ်လီ၏လက်မှ တိုက်ရိုက်ရောက်လာခြင်းပင်ဖြစ်နိုင်သည်။
ကောင်းကင်ဧကရာဇ်လီသည် သူ၏ ဘိုးဘေးများပေလော.....
ကောင်းကင်ဧကရာဇ်အဆင့်သည် သူ့အတွက် နားမလည်နိုင်သော ပုစ္ဆာတစ်ခုလိုပင်.....
ဒါဟာ လောကရဲ့ အထွတ်အထိပ်မှာ တည်ရှိခဲ့တဲ့ ဖြစ်တည်မှုတစ်ခုပင်.... ၎င်းတို့သည် သမုဒ္ဒရာများကို ရွေ့လျားစေပြီး လှိုင်းလုံးများဖြင့် တောင်များကို ရွှေ့ပြောင်းနိုင်ကာ သတ္တဝါအားလုံးသည် တုန်လှုပ်သွားစေနိုင်သည်။
ထိုသို့သော နောက်ခံရှိခြင်းမှာ နားမလည်နိုင်စရာပင်။ ရှပြည်ထောင်စု၌ မွေးဖွားလာသည်နှင့်အမျှ ကောင်းကင်ဧကရာဇ်လီ၏ သွေးအနွယ်သည် အံ့ဖွယ်အယူအဆတစ်ခုဖြစ်သည်။ သို့သော်လည်း လီတိုင်ရွှမ်၏ ဒေါသတကြီး ဝန်ခံမှုအပေါ် အခြေခံ၍ သူသည် ၎င်းတို့နှင့် နားမလည်နိုင်သော ဆက်စပ်မှုများ ရှိနေပုံရသည်။
အနာဂတ်မှာ အခွင့်အလမ်းတွေ ကြုံလာရရင် သေချာသိမြင်လာပါလိမ့်မည်။
ထိုအချိန်တွင် လီလော့၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ခေါင်းကိုမော့ပြီး ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်တော့ သူတို့ပတ်ဝန်းကျင်မှာ အမှောင်စွမ်းအင်တွေ သိသိသာသာ ပိုထူထပ်လာတာကို ရုတ်တရက် ခံစားလိုက်ရသည်။
ဆူညံသံတွေလည်း ကြားနေရသည်။
လမ်းနှစ်ဘက်စလုံးတွင် စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များ ရုတ်တရက် ဆန့်ထွက်ကာ လမ်းကို ခြိမ်းခြောက်နေသည့် ပုံစံဖြင့် ပိတ်ဆို့ထားသဖြင့် လူတိုင်းကို ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေ၏။
လီလော့ လက်ကို ဝှေ့ယမ်းလိုက်သောအခါ လက်ထဲတွင် ကျင်းစဲ့ယွီရှန်းဓား ရုတ်တရက်ပေါ်လာခဲ့သည်။
တစ်ဖက်တွင်လည်း ကျန်းချင်းအာသည်လည်းသူမ၏ ရွှေဓားကို ဖြုတ်ထားသည်။
သူတို့နှစ်ယောက် ရှေ့မှ မြူဆိုင်းနေသော လမ်းကို ငေးကြည့်နေကြသည်။ အကျွမ်းတဝင်ရှိသော ပုံသဏ္ဍာန် ထွက်ပေါ်လာသည်နှင့်အမျှ အမှောင်စွမ်းအင်များ ဝေ့ဝဲကာ လှိုင်းထနေပုံရသည်။
ထိုသူရဲ့ စူးစူးရဲရဲအကြည့်တွေ ကျန်းချင်းအာ ပေါ်ကျရောက်သွားပြီး အနည်းငယ် ပြုံးလိုက်သည်။
"ကျောင်းသူချင်းအာ.. မင်းရဲ့နှလုံးသားကို ခိုးယူဖို့ ငါရောက်လာပြီ..."
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာတော့သည်။