← Chapters

နတ်ဆိုးပဲ့တင်ထပ်သံ.....

Vol. 51 Ch. 711

နတ်ဆိုးပဲ့တင်ထပ်သံ.....

Vol. 51 Ch. 711

"ရန်သူ!"

ရှန်ကျင်းရှောင် မြူခိုးများထဲမှ ပေါ်လာသောအခါ၊ လော့လန်အိမ်တော် ယာဉ်တန်း၏ အစောင့်များ ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ ယွမ်ချင်း အပါအဝင် လော့လန်အိမ်တော်ရဲ့အကြီးအကဲတွေ အားလုံး အမူအရာ ပြောင်းလဲသွားခဲ့သည်။

လော့လန်အိမ်တော်၏ အစောင့်များအားလုံး ၎င်းတို့၏လက်နက်များကို ချက်ချင်းဆွဲထုတ်ကြပြီး မီးလုံးများကဲ့သို့ တောက်လောင်နေသည့် စွမ်းအင်မျိုးစုံက လမ်းတစ်ခုလုံးကို လင်းထိန်စေခဲ့သည်။

လီလော့နှင့်ကျန်းချင်းအာတို့နှစ်ဦး၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာများ ရှိနေကြသည်။

"တိရိစ္ဆာန်ကောင်... မင်းတကယ်ပေါ်လာခဲ့တာပဲ"ဟု လီလော့ကပြောလိုက်သည်ကို ရှန်ကျင်းရှောင်က အနည်းငယ်ပြုံးပြလိုက်ပြီး....

"ကျောင်းသား လီလော့...နည်းပြဆရာကို မရိုမသေလုပ်ရင် ဒဏ်ပေးခံရမယ်ဆိုတာ သိလား?"

လီလော့ကလည်း ရှန်ကျင်းရှောင်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်ကာ..."

မင်းကိုယ့မင်း ဆရာလို့ ခေါ်ထိုက်သေးရဲ့လား အရင်စဉ်းစားကြည့်ဉီး... ဒုကျောင်းအုပ် စုရှင်းသာ ဒီမှာရှိရင် မင်းပါးစပ်ကို ဆွဲဖြဲပစ်မှာသေချာတယခ.... ကောလိပ်က မင်းကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဘူး၊ သူတို့က မင်းအတွင် ကျင့်ကြံမှု အရင်းအမြစ်တွေ အများကြီးတောင် ပေးခဲ့သေးတယ်....နောက်ဆုံးတော့၊ မင်း ဖန်းကျွမ်အဖွဲ့အစည်းထဲဝင်ပြီး ကောလိပ်ရဲ့ ရှန်းလိသစ်ပင်ကို ဖျက်ဆီးပစ်ခဲ့ပြီး လူတိုင်းကို ကြောက်လန့်တကြား ပြောင်းရွှေ့ရအောင်လုပ်တယ်... မင်းဟာ ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံးနဲ့ စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးလူပဲ"

လီလော့၏ စူးစူးရှရှ စကားလုံးများကို ရင်ဆိုင်ရင်း ရှန်ကျင်းရှောင်က တစ်ချက်မျှ မငြင်းဘဲ ခပ်တိုးတိုးရယ်မောကာ ခေါင်းယမ်းလိုက်သည်။

"ငါက သူတို့ရဲ့ အရင်းအမြစ်တွေကို ခံစားဖို့သက်သက်မဟုတ်ဘဲ ကောလိပ်မှာ ဆက်နေခဲ့တ.... ငါလည်း အလားတူ အလုပ်ကြိုးစားခဲ့တာပဲလေ... ဒါကြောင့် ကောလိပ်က ငါ့ကို အကျိုးကျေးဇူးတွေပေးခဲ့တာပေါ့. .. သစ္စာဖောက်တယ်လို့တော့မစွပ်စွဲနဲ့ ဖန်းကျွမ်အဖွဲ့အစည်းက မငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းချက်တွေပေးခဲ့တာမို့ ပိုကောင်းတဲ့ဘက်ကိုရွေးခဲ့တာ သဘာဝပဲလေ.. ကောလိပ်ဖျက်စီးခံရတာလဲ ကောလိပ်မှာ စွမ်းဆောင်ရည်မရှိလို့လေ အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ..... လီလော့...ဒီ အသုံးမကျတဲ့ စကားတွေကို ရပ်လိုက်ကြရအောင်"

ထို့နောက် သူ့အကြည့်များက ကျန်းချင်းအာ ဘက်သို့ရောက်သွားခဲ့သည်။ ဤအချိန်တွင် သူ့မျက်လုံးများတွင် အနှိုင်းမဲ့ စိတ်အားထက်သန်မှုနှင့် လောဘကြီးသော အမူအရာတို့ကို မြင်နိုင်သည်။ ကျန်းချင်းအာကို တပ်မက်ကြောင်း သိနေကတည်းကကောလိပ်မှာ သူ့ကိုယ်သူ အမြဲတမ်း ဖိနှိပ်ထားခဲ့ရသည်မဟုတ်လော.....

သို့သော် ၎င်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

"ကျောင်းသူချင်းအာ... ငါဒီနေ့ကို ဘယ်လောက်ကြာကြာ စောင့်ခဲ့ရလဲ သိလား"

ရှန်ကျင်းရှောင် ညင်သာစွာမေးလိုက်သည်။

"ငါ မင်းကို စတွေ့တဲ့နေ့ကစပြီး မင်းရဲ့ သန့်ရှင်းပြီး အပြစ်အနာအဆာကင်းတဲ့ အလင်းရောင်နှလုံးသားက ငါ့ရင်ထဲမှာ ဘယ်တုန်းကမှ မသိနိုင်တဲ့ ကာမဆန္ဒကို မွေးဖွားပေးခဲ့တယ်၊ အဲ့ကတည်းက တခြားဘာကိုမှ တွေးတောင်မတွေးနိုင်တော့ဘူး....."

ကျန်းချင်းအာသည် ရူးသွပ်ပြီး စိတ်လှုပ်ရှားနေသော ရှန်ကျင်းရှောင်အား စိုက်ကြည့်ရင်း.....

"ဒါဆို ရှင်တကယ်လိုချင်တာက ကျွန်မရဲ့ အလင်းနှလုံးသားပေါ့...."

ရှန်ကျင်းရှောင်ထံမှ သူမ အပေါ် လောဘကြီးမှုအရိပ်အမြွက်ကို အမြဲတမ်း ထက်ထက်သန်သန်ခံစားနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။ ဤဆန္ဒမျိုးသည် သူမ၏ခန္ဓာကိုယ်ကို လိုချင်တပ်မက်မှုတစ်ခုမဟုတ်သည့်အတွက်ကြောင့် အနည်းငယ်ကွာခြားနေသည်။ ၎င်းမှာ သူမ၏ အလင်းစွမ်းအင်ဖြင့် ဖန်တီးထားသည့် အလင်းနှလုံးသားဖြစ်သည်။

ကျန်းချင်းအာသည် အခြားသူများ၏ ရည်ရွယ်ချက်များနှင့် အတွေးအမြင်များကို ပြင်းပြင်းထန်ထန် ခံစားနိုင်ခြင်းမှာ အလင်းနှလုံးသားကြောင့်ဖြစ်သည်။ထို့ကြောင့် ရှန်ကျင်းရှောင်၏ ဆန္ဒနှင့် သူမအပေါ်ထားရှိသော မလိုလားအပ်သော ရည်ရွယ်ချက်ကို ပြင်းပြင်းထန်ထန် ခံစားသိရှိနိုင်ခြင်းပင်....

"အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရဲ့ အလင်းနှလုံးသားက ကမ္ဘာပေါ်မှာ အသန့်စင်ဆုံး အရာဝတ္ထုတစ်ခုပဲ....ဒါဟာ နှိုင်းမရတဲ့ အရသာတစ်ခုလည်း ဖြစ်တယ်။ ဒါပေမယ့်၊ ဖြူစင်တဲ့ အလင်းရဲ့နှလုံးသားကို မလိုချင်ပါဘူး၊ ငါလိုချင်တာက အပျက်သဘောဆောင်တဲ့ အရိပ်အမြွက်တွေပါနေတဲ့ အလင်းနှလုံးသား...!"

ရှန်ကျင်းရှောင်၏ အသံ တစ်ဖန် နူးညံ့သွားပြန်သည်။

"ရိုးရှင်းတဲ်အလင်းနှလုံးသားထဲမှာ ပြင်းထန်တဲ့ အဆိုးမြင်စိတ်တစ်ခု ပေါ်လာတဲ့အခါ ဒိနှစ်ခုပေါင်းစပ်မှုက ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးအရာဖြစ်လာစေတယ်... ဘာကြောင့် ဒီလိုဖြစ်ရတာလဲ သိလား...."

စကားဆုံးသည်နှင့် အရိပ်များနှင့် အလင်းရောင်များ သူ့နောက်တွင် ရောယှက်ကာ အဖြူရောင်ကြွက်တစ်ကောင်

နှင့်တူသော ထူးဆန်းသော သတ္တဝါတစ်ကောင်၏ ပုံသဏ္ဍာန် ထင်ရှားလာသည်။

ခ်ုသတ္တဝါပေါ်လာသောအခါတွင် အနီးအနားတွင်ရှိနေသူတိုင်း ၎င်းတို့၏စိတ်ဝိညာဉ်များကို ခိုးယူသွားသော လှည့်ဖြားမှုတစ်ခုအား မြင်တွေ့သွားပုံရသည်။

"ဒါက ရှန်ကျင်းရှောင်ရဲ့ ဒုတိယ ပဲ့တင်ထပ်သံဖြစ်တဲ့ နှလုံးသားရဲ ပဲ့တင်ထပ်သံ...."

ချီချန်း ၏ အေးစက်သောအသံသည် သူမနှင့် ရှန်ကျင်းရှောင်တို့နှစ်ယောက်ကြားတွင် ရှိနေသူအားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဒီပဲ့တင်ထပ်သံက လူတစ်ယောက်ရဲ့ နှလုံးသားကို လှည့်ဖြားပြီး ရှုပ်ထွေးစေနိုင်တဲ့ ထူးဆန်းတဲ့စွမ်းရည်တစ်ခုရှိတယ်... အဲဒါကို တွန်းလှန်ဖို့အတွက်၊ သူတို့ရဲ့နှလုံးသားကို အချိန်တိုင်း ရှင်းလင်းနေဖို့ လိုတယ်...."

ချီချန်းက ရှန်ကျင်းရှောင်ကို ဓားမြှောင်လိုစူးရှသောအကြည့်ဖြင့်စိုက်ကြည့်နေသည်။

"ဒါပေမယ့် အလင်းနှလုံးသားကို မက်မောတဲ့ နှလုံးသားရဲ ပဲ့တင်ထပ်သံကို ငါ တစ်ခါမှ မကြားဖူးဘူး....."

"နှလုံးသားရဲပဲ့တင်ထပ်သံ?"

ရှန်ကျင်းရှောင်၏ နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

"ချီချန်း၊ ငါ့ရဲ့ ဒုတိယ ပဲ့တင်ထပ်သံက နှလုံးသားရဲ ပဲ့တင်ထပ်သံ မဟုတ်ဘူး...."

သူစကားပြောနေစဉ်တွင် ကြွက်နှင့်တူသော သတ္တဝါ၏ရုပ်သွင် စတင်တုန်လှုပ်လာပြီးနောက် ၎င်း၏ အသွေးအသားများ ကွဲအက်ကာ အနက်ရောင်အရည်များ ထွက်ကျလာသည်။ တစ်ချိန်တည်းမှာပင်၊ အသွေးအသားများ တဖြည်း ဖြည်း လောင်ကျွမ်းသွားပြီး အနက်ရောင်၊ ပုံပျက်ပန်းပျက် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အနက်ရောင်သွေးနှင့် အသားများဖြင့် ပြုလုပ်ထားသည့် အလွန်ဆိုးရွားသော နှလုံးသားတစ်ခုနှင့် တူသည်။ထိုနှလုံးသားပေါ်တွင် အနီရင့်ရောင် မျက်လုံးလေးလုံးရှိပြီး အောက်ဘက်တွင် အနက်ရောင်အရည်များ ယိုစိမ့်နေသော တွင်းနက်ကြီးနှင့်တူသော အလွန်ကြီးမားသော ပါးစပ်တစ်ခုရှိသည်။ထိုပါးစက်ပ်ထဲမှ ထူးဆန်းသော အနံ့တစ်ခု လှိုင်လှိုင်ထွက်ပေါ်နေသည်။

ချီချန်း ဒါကိုမြင်လိုက်တဲ့အခါ သူမရဲ့မျက်လုံးထဲမှာ အံ့သြစရာအရိပ်အယောင်တွေ ပေါ်လာသည်။

"ဒါ..ဒါ နတ်ဆိုးပဲ့တင်ထပ်သံမဟုတ်လား..?!"

လီလော့ နှင့် ကျန်းချင်းအာတို့သည်လည်း ဤပြောဆိုချက်ကြောင့် ထိတ်လန့်သွားကြသည်။

"ဆရာ...နတ်ဆိုးပဲ့တင်ထပ်သံဆိုတာ ဘာလဲ"

ချီချန်း၏ပြန်ဖြေသံက အရင်ကထက်ပို၍ လေးလံလာသည်။

"အမျိုးမျိုးသော ပဲ့တင်ထပ်သံများကြားမှာ အများစုကို ဒြပ်စင်ပဲ့တင်ထပ်သံနဲ့ သားရဲပဲ့တင်ထပ်သံဆိုပြီး နှစ်မျိုးခွဲနိုင်တယ်...ဒါပေမယ့် တုပဖန်တီးထားတဲ့ နတ်ဆိုးပဲ့တင်ထပ်သံဆိုတဲ့ အမျိုးအစားတစ်ခုလည်းရှိသေးတယ်...ဒါတွေက ဖန်းကျွမ်အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ဖြစ်ပုံရတယ်.... သူတို့ရဲ့ ရည်ရွယ်ချက်က လူသားတွေကို ကမ္ဘာခြားသက်ရှိတွေနဲ့ ပေါင်းစည်းဖို့ဆိုတော့ မူရင်းပဲ့တင်ထပ်သံတွေပျက်စီးကုန်တာပေါ့ ...ကြည့်ရတာ ရှန်ကျင်းရှောင်ရဲ့ နှလုံးသားရဲပဲ့တင်ထပ်သံက ဆင့်ကဲပြောင်းလဲသွားပြီး နတ်ဆိုးပဲ့တင်ထပ်သံအမျိုးအစားဖြစ်သွားပြီ...ဒီလိုဆိုတော့ ...သူနင့်ကို နည်းမျိုးစုံနဲ့ ပစ်မှတ်ထားနေတာအံ့သြစရာမဟုတ်တော့ဘူး.... သူ့ရဲ့ ရည်ရွယ်ချက်က ကျန်းချင်းအာ ရဲ့အလင်းနှလုံးသားမှာ အပြစ်အနာအဆာတွေ ဖန်တီးဖို့ ကြားခံအဖြစ် မင်းကို အသုံးချချင်နေတာ.... အချိန်ကြာလာတာနှင့်အမျှ အလင်းနှလုံးသား ညစ်ညမ်းသွားရင် ဒါကိုဝါးမျိုပြီး နတ်ဆိုးပဲ့တင်ထပ်သံကိုအဆင့်မြှင့်ဖို့ပဲ...."

လီလော့ ရှင်းလင်းချက်တစ်ခုလုံးကို ကြားသောအခါ မျက်မှောင်ကြုံ့လိုက်မိသည်။ အရာအားလုံး အခုမှ အဓိပ္ပါယ်ရှိသွားခဲ့ချေပြီ။ ရှန်ကျင်းရှောင်သည် ကောလိပ်တက်ပြီးကတည်းက သူ့ကို ပစ်မှတ်ထားခဲ့သည်။ အပြင်လူ၏ရှုထောင့်မှကြည့်လျှင် ကျန်းချင်းအာ ယနှင့်စေ့စပ်ရေးသဘောတူညီချက်ကို မနာလိုဖြစ်နေပုံရသည်။ ထိုကိစ္စ၏အမှန်တရားမှာ သူသည် သူမ၏ အလင်းနှလုံးသားကို ထိုးနှက်လိုခြင်းပင်.....

"ကြည့်ရတာ သူက ဖေဟောင် ရဲ့ နောက်ကွယ်ကထိန်းချုပ်နေတဲ့သူပဲ"

လီလော့ ၏အမူအရာသည် ပြင်းထန်လာသည်။

ရှန်ကျင်းရှောင်က ပြုံးပြီး ခေါင်းညိတ်ပြရင်း....

"အမှန်ပါပဲ.... ငါက မင်းကိုအနိုင်ယူပြီး လော့လန်အိမ်တော်ကို သိမ်းပိုက်ပြီးရင် ကျန်းချင်းအာကို ထိုးနှက်ဖို့ သူ့ကိုသုံးချင်တာ.... အမှိုက်ကောင်က အတော်ကိုအသုံးမကျခဲ့ဘူး.... ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူးကွာ၊ မင်းက ကျန်းချင်းအာရဲ့ နှလုံးသားထဲက ချို့ယွင်းချက်ဆိုတာ ငါသိလိုက်ရပြီ...."

ရှန်ကျင်းရှောင်သည် လီလော့ကို စိုက်ကြည့်ရင်း ဝမ်းသာအားရ ပြုံးရယ်နေသည်။

"ဒါဆို ဒီနေ့... မင်းကို သူ့ရှေ့မှာပဲ ငါသတ်မယ်....."

ဝုန်းးးးးးးးးး

နောက်ဆုံးရထားလုံးမှ ကြောက်စရာကောင်းသော ဓားအလင်း ပေါက်ကွဲသွားသည်။ ၎င်းတွင် စိတ်ကူးမယဉ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအင် ပမာဏများစွာကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်ရှိ အမှောင်စွမ်းအင်များအားလုံး လွင့်စင်သွားကာ အပိုင်းပိုင်းကွဲသွားပုံရသည်။

ဓားတစ်လက်က ကောင်းကင်နှင့် မြေကြီးကိုပိုင်းဖြတ်ပြီး ရှန်ကျင်းရှောင်ဆီ တည့်တည့်ကြီး ဉီးတည်လာနေပြီ......

All Chapters