နန်ဖန်းတွင်တိုက်ပွဲဖြစ်ပွားခြင်း...
Vol. 51 Ch. 712
ဓားအလင်း ကောင်းကင်ကို ဖြတ်ကျော်သွားသောအခါ၊ လော့လန်အိမ်တော်၏ယာဉ်တန်းရှိ မရေမတွက်နိုင်သောလူများ လုံးဝ ထိတ်လန့်သွားကြသည်။ သူတို့ရှေ့က လမ်းတစ်ဝက်လောက် နှစ်ပိုင်းပြတ်သွားပြီး နက်နဲသောဓားရာတစ်ခု သူတို့ရှေ့မှာ အဆုံးမသတ်နိုင်ဘဲ ကျန်နေခဲ့သည်။
ရှန်ကျင်းရှောင်၏ ခန္ဓာကိုယ် အလားတူ နှစ်ပိုင်းကွဲသွားသော်လည်း ခန္ဓာကိုယ် လဲပြိုသွားသောအခါတွင် အနက်ရောင် ဓာတ်ငွေ့များ လေထဲသို့ လွင့်စင်သွားလေသည်။
ထို့နောက် နွားသိုးကြီးပေါင်ပေါင်သည် ဝက်ခုတ်ဓားကို ကိုင်ဆောင်ကာ နောက်ဆုံးရထားလုံးမှ ထွက်လာခဲ့သည်။ ရှန်ကျင်းရှောင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့် နေရာကို စူးစူးစိုက်စိုက် ကြည့်နေပြီး တစ်ချိန်တည်းမှာပင် သူက လီလော့ကို သတိပေးလိုက်သည်။
"သတိထားပါ၊ ဒီလူက လိမ္မာပါးနပ်ပြီး ကိုင်တွယ်ရခက်လွန်းတယ်"
တိုက်ခိုက်မှုကို စတင်လိုက်သောအခါ၊ ရှန်ကျင်းရှောင်၏ ခန္ဓာကိုယ်မှ အင်အားကောင်းပြီး သိမ်မွေ့သော အပြောင်းအလဲကို သိသိသာသာ ခံစားရနိုင်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်မှ ခရမ်းအဆင့် နည်းပြဟောင်းသည် ရိုးရှင်းသောလူတစ်ဦးမဟုတ်သည်မှာ ရှင်းနေပါသည်။
"ဟားးဟားးးး ဒါဆို မင်းက လော့လန်အိမ်တော်ထဲမှာ ပုန်းအောင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့မြို့စားပေါ့... မင်း ဌာနချုပ်ကနေ ထွက်သွားပေမဲ့ မင်းရဲ့ ခွန်အားကို တကယ် ထိန်းသိမ်းနိုင်ခဲ့တာလား...."
ထိုအချိန်တွင် ရှန်ကျင်းရှောင်၏ ရယ်မောသကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူသည် လေထဲတွင် လွင့်မျောကာ ပြန်ပေါ်လာပြီး နွားသိုးကြီးပေါင်ပေါင်ကို ရှုပ်ထွေးသောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
အခြားတစ်ဖက်တွင်မူ နွားသိုးကြီးပေါင်ပေါင် သည် သူ့ကို ရိုင်းစိုင်းစွာ စိုက်ကြည့်နေပြီး အဖက်လုပ်ပြီးစကားပြန်ပြောဖို့ စိတ်မဝင်စားပေ။
ရှန်ကျင်းရှောင်သည် မှန်းဆချက်မထုတ်မီ နွားသိုးကြီးပေါင်ပေါင်ကို သေချာအကဲခတ်လိုက်ပြီး...
"ငါကြားရတဲ့သတင်းအရ မင်းရဲ့ခန္ဓာကိုယ်က ပြင်းထန်တဲ့ဒဏ်ရာတွေရထားပြီး မြို့စား ရဲတိုက်တွေအားလုံး ပျက်စီးနေပြီဆို..... လောလောဆယ် မင်းမှာ စတုတ္ထအဆင့်မြို့စားတစ်ယောက်ရဲ့ ခွန်အားတွေရနေပြီဆိုတော့ လော့လန်အိမ်တော်ရဲ့ နတ်ဘုရားအရာဆီကနေ စွမ်းအားကို ချေးယူခဲ့တာ ဖြစ်နိုင်သလား၊ အင်း....ကိစ္စမရှိပါဘူး...."
ထို့နောက် ပြုံးလျက် လီလော့ကို လှည့်ကြည့်လိုက်သည်။
"လီလော့၊ မင်း စစ်ကူတွေ စောင့်နေတာ ငါသိတယ်၊ ဒါပေမယ့် ငါက ကြိုတင်ပြင်ဆင်မှု မရှိဘဲ လာခဲ့တာလို့ မင်းတကယ်ထင်လား? အိမ်တော်စုဝေးပွဲမှာ ဖေဟောင် ကို ရုပ်သေးရုပ်အဖြစ် သုံးခဲ့ပေမယ့် ဒီတစ်ခါတော့ ငါကိုယ်တိုင်လာခဲ့တာနော်....... ဒီအခွင့်အရေးကို ထပ်ပြီး မဆုံးရှုံးပါစေနဲ့....."
ထို့နောက် သူသည် လက်ဖဝါးကို မြှောက်လိုက်ရာ ဧရိယာတစ်ခုလုံးကို နှင်းများကျနေသကဲ့သို့ ကောင်းကင်မှ အဖြူရောင်မီးခိုးများ ရုတ်တရက် ဆင်းသက်လာသည်။
တစ်နည်းအားဖြင့် ကောင်းကင်ယံမှ ကြွေကျလာသော အရိုးပြာများကို သတိရစေပြီး လီလော့သည် ၎င်းတို့နေထိုင်ရာ ဧရိယာတစ်ခုလုံး ရုတ်ချည်း သီးခြားဖြစ်နေကြောင်း ခံစားရနိုင်သည်။
............
တစ်ချိန်တည်းမှာပင်.....
လော့လန်အိမ်တော်ယာဉ်တန်းမှ မီတာတစ်ရာဝေးသော အခြားလမ်းတွင်.....
မရေမတွက်နိုင်သော ကျောင်းသားများအုပ်စုဖွဲ့ကာ မှုန်မှိုင်းသော အငွေ့အသက်များကြားတွင် မှုန်မှိုင်းသော အမူအရာများဖြင့် ခရီးဆက်နေကြသည်။ ကြယ်တာယာခရီးရှည်ကောလိပ် မရှိတော့သည်ကို နားလည်ထားတာကြောင့် သူတို့ရဲ့ ဗလာဖြစ်တဲ့ခံစားချက်တွေကနှလုံးသားထဲက ဝမ်းနည်းကြေကွဲမှုကို ကိုယ်စားပြုနေသလိုပင်.....
တန်ဖိုးကြီးသော ရှန်းလိသစ်ပင်သည် ကျောင်းသားများ၏ ယုံကြည်ချက်အတွက် အမှတ်သင်္ကေတတစ်ခုဖြစ်သည်။ ထိုသို့ ဖျက်ဆီးလိုက်ခြင်းဖြင့် ၎င်းတို့၏ စိတ်အားထက်သန်မှုများ အားလုံးကို ဆုံးရှုံးခဲ့ရပါသည်။
မီးခိုးရောင်နှင့် တိမ်ထူထပ်သော ရာသီဥတုသည် ညှိုးငယ်သောခံစားချက်များကိုပို၍ပေါ်လွင်စေသည်။
ဒုကျောင်းအုပ်စုရှင်း သည် လေထဲတွင် ပျံသန်းနေပြီး နေရာတိုင်းကို အဆက်မပြတ် စစ်ဆေးနေသည်။ ကျောင်းသားတွေရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေကို သူမ ကောင်းကောင်း ခံစားနိုင်ခဲ့သော်လည်း ၎င်းကိုဖြေရှင်းရန် အကူအညီမဲ့နေခဲ့သည်။ ဤကျောင်းသားများသည် မျိုးဆက်သစ်လူငယ်များ၏ အထူးချွန်ဆုံးနှင့် အတောက်ပဆုံးသော လူငယ်များဖြစ်ကြသော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဆုတ်ယုတ်မှုများစွာကို ကြုံတွေ့ခဲ့ကြရသည်။ နှစ်များအတွင်း အခြေအနေများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော်လည်း သူမ၏ ဝမ်းနည်းပူဆွေးမှုက ထိုလူငယ်များထက် လျော့နည်းနေမည်မဟုတ်ပေ။ ကြယ်တာယာခရီးရှည်ကောလိပ် ပျက်ဆီးမှုသည် ၎င်းတို့အားလုံးကို သိသိသာသာ ထိခိုက်စေခဲ့သည်။
ယခုချိန်တွင် မည်သည့်နှစ်သိမ့်မှုမျှ အသုံးမဝင်န်ိုင်ပေ။ ထို့ကြောင့် ဤဒဏ်ရာများကို ကုစားရန် အချိန်ဟူသော သဘာဝသမားတော်ကိုသာ အားကိုးရပေတော့မည်။
ကောလိပ်ကို ပြန်လည်တည်ဆောက်သည့်အခါတွင် ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် တိုက်ပွဲဝင်စိတ်ဓာတ်များ တဖြည်းဖြည်း ပြန်လည်ရရှိလာမည်ဖြစ်သည်။
"ဟမ်?"
ထိုအချိန်တွင် ဒုကျောင်းအုပ်စုရှင်း၏ အကြည့်များ အေးစက်သွားပြီး အနောက်တောင်ဘက်သို့ လှည့်သွားသည်။ လီလော့ ပေးထားခဲ့သော ကျောက်စိမ်းပြားဆီမှ အချက်ပြသံကိုလည်း အာရုံခံမိလိုက်သည်။
"ရှန်ကျင်းရှောင်!"
သူမ အံကြိတ်ကာ ဤမုန်းစရာကောင်းသော အမည်ကို ရွတ်ဆိုနေစဉ် မျက်လုံးထဲတွင် လူသတ်နိုင်သော အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ ကောလိပ်၏အခြေအနေမှာ ဖန်းကျွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ကြံစည်မှုကြောင့်ဖြစ်သော်လည်း ရှန်ကျင်းရှောင်၏ပါဝင်ပတ်သက်မှုမရှိဘဲ ကျောင်း၏ကာကွယ်မှုကိုချိုးဖောက်ကာ ရှန်းလိသစ်ပင်ကို မီးရှို့ဖျက်စီးရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ရှန်ကျင်းရှောင်၏ ယုတ်ညံ့သော စေ့ဆော်မှုကို ကြိုတင်သိရှိနိုင်ခြင်း မရှိခဲ့သောအချက်ကြောင့် သူမကိုယ်သူမ လွန်စွာ အပြစ်တင်မိခြင်းဖြစ်ပြီး၊ ယင်းက ထိုလူအပေါ် မုန်းတီးမှုကိုပို၍တိုးပွားစေသည်။
" လူလုံးထွက်ပြပြီပေါ့....?!"
ဒုကျောင်းအုပ်စုရှင်းသည် လော့လန်အိမ်တော်၏ ယာဉ်တန်းဆီသို့ လှည့်ကြည့်ရင်း သတ်ဖြတ်လိုစိတ်များ တိုးပွားလာသည်။
အူးးးးးးး
ထိုအချိန်တွင်၊ ကောင်းကင်တစ်ခုလုံး ညည်းညူသံနှင့်အတူ တဟုန်ထိုး တုန်ခါသွားကာ တိမ်ထူထပ်နေသော ကောင်းကင်တွင် တစ်စုံတစ်ရာသည် ဒီရေကဲ့သို့ အဆုံးမရှိသော အမှောင်စွမ်းအင်များကို လွှတ်ထုတ်လိုက်တော့သည်။
ထို့နောက် ထိုအရာသည် ကောလိပ်အဖွဲ့ဝင်များဆီသို့ ပြေးသွားခဲ့သည်။
သူတို့ဆီ ပြေးလာနေသည့် မရေမတွက်နိုင်အောင်များပြားလှသည့် ကမ္ဘာခြားသက်ရှိ အလုံးအရင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် စုရှင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
"ရန်သူတွေရောက်လာပြီ....!" သူမ အမြန်အော်လိုက်သည်။
ကျောင်းသားများကို စောင့်ကြပ်နေသော ခရမ်းအဆင့်နှင့်ရွှေအဆင့်နည်းပြတို့သည် လျင်မြန်စွာလူစုပြီး ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားများ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
စုရှင်း သည် မဝေးလွန်းသောနေရာသို့ အေးစက်စွာ စိုက်ကြည့်ပြီးနောက် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ထိုနေရာတွင် မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ ရေကန်ငယ်လေးတစ်ခုရှိနေပြီး ရုတ်တရတ် မြူခိုးတွေ တုံ့ဆိုင်းသွားကာ ရွှေရောင်တစ်ဖက်ငွေရောင်တစ်ဖက်မျက်ဆံရှိသော လူငယ်တစ်ယောက်က ရေကန်မျက်နှာပြင်ပေါ် မတ်တပ်ရပ်ပြီး သူမကို ပြုံးပြနေသည်။
"ဖန်းကျွမ်အဖွဲ့အစည်းရဲ့လက်ချက်ပဲ!"
ဒုကျောင်းအုပ်စုရှင်း၏ အကြည့်များ... အေးစက်သွားကာ
"ကျောင်းအုပ်ကြီးဆီကနေ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတာတောင် လူလုံးထွက်ပြဝံ့သေးတယ်ပေါ့....?"
"အိုး...မင်း ငါ့ကိုစောင့်နေတာမဟုတ်ဘူးလား...."
"ဟုတ်တယ်... ငါ နင့်ကိုစောင့်နေခဲ့တာ!"
ဒုကျောင်းအုပ်စုရှင်း၏ သတ်ဖြတ်လိုစိတ်များ လေထဲသို့ ပျံတက်သွားသည်။
ရှန်ကျင်းရှောင်က ဒီလူ ရွှမ်းချန်နဲ့ တကြိတ်တည်းတဉာဏ်တည်းဖြသ်ပြီး ရှန်ကျင်းရှောင်ကို အရေးယူမည်ဆိုသည်နှင့် ရွှမ်းချန် ငြိမ်နေမည်မဟုတ်ပေ။ သူသေချာပေါက် ပါဝင်ပြီး ကြယ်တာယာခရီးရှည်ကောလိပ် ကို ပစ်မှတ်ထားလိမ့်မည်သာ.....
ထို့ကြောင့်၊ ဒုကျောင်းအုပ်စုရှင်းက ရွှမ်းချန်ကို စောင့်မျှော်နေခဲ့ခြင်းပင်....
နောက်ဆုံးတိုက်ပွဲအတွင်း ရွှမ်းချန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ကို သူမ သိခဲ့ပြီး ဒါဟာ သူမအတွက် လက်စားချေရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
သူမစကားပြောနေစဉ်တွင် ကောလိပ်အဖွဲ့ဝင်များအနီးသို့ ကောင်းကင်ပေါ်မှ အလင်းတန်းများ ကျရောက်လာခဲ့သည်။ထိုစဉ် မြို့စားရဲတိုက်များ ကောင်းကင်တွင် တွဲလောင်းကျနေသော ကြယ်များကဲ့သို့ တစ်ခုပြီးတစ်ခုပေါ်ထွက်လာကာ ကြီးမားသော ဖိအားများ ဖြာထွက်စေသည်။
စုရှင်းသည် ရွှမ်းချန်ကို အေးစက်စွာသာစိုက်ကြည့်နေသည်။
"ငါ့ကောလိပ်ကို ဖျက်ဆီးခဲ့တဲ့ လူယုတ်မာ... ငါ နင့်ကိုသတ်မယ်..."
စုရှင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် မြို့စားရဲတိုက် လေးခု သူ့နောက်တွင် ပေါ်လာသည်။၎င်းတို့သည် သဘာဝစွမ်းအင်များကိုအကန့်အသတ်မရှိ စတင်ဝါးမျိုနေသည်။ စုရှင်း လက်ဟန်အချို့ ပြုလုပ်လိုက်သောအခါ ရဲတိုက် လေးခုတွင် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများဖြင့် ပေါ်လာပြီး မီတာတစ်ရာအတွင်း အရာအားလုံးကို လင်းလက်သွားစေခဲ့သည်။
"မြို့စားအဆင့်ရဲ့ ဝိညာဉ်တော် အဆောင်အယောင်..... ရွှေသမင်အမှတ်အသား!"
ရွှေရောင်မီးလုံးလေးလုံးသည် ကြီးမားသော၊ ရွှေသမင်တစ်ကောင်၏ ပုံသဏ္ဍာန်အဖြစ် ပေါင်းစည်းသွားသည်။ ဤသတ္တဝါသည် ရေခဲဓာတ်များစိမ့်ဖြာနေသော ခွာချက်ဖြင့် လေထုကို ဖြတ်သန်းလာသည်။
ရုတ်တရက်ဆိုသလို၊ အေးစက်နေတဲ့ရွှေသမင်လေးက လေဟာနယ်ကိုဖြတ်ကျော်၍ ရွှမ်းချန်ဆီသို့ ပြေးသွားခဲ့သည်။
"ဝိုးးး မင်းရဲ့ ဝိညာဉ်အဆောင်အယောင်ကိုတောင် အသက်သွင်းပြီးသွားပဲ....မင်းငါ့ကိုတကယ်မုန်းပုံရတယ်..."
ရွှမ်းချန် ပြုံးလိုက်မိသည်။မြို့စားအဆင့်၏ဝိဉာဉ်တော်အဆောင်အယောင်သည် အဆင့်မြင့်မြို့စားများ၏ ကိုယ်ပိုင်ကမ္ဘာနှင့် ဆင်တူသည့် စတုတ္ထအဆင့်မြို့စားများ အသုံးချနိုင်သည့် ထူးခြားသော စွမ်းအားတစ်ခုဖြစ်သည်။
ဒုကျောင်းအုပ်စုရှင်း သည် စတုတ္ထအဆင့်မြို့စားဖြစ်ပြီး ပထမဆုံးတိုက်ခိုက်မှုအတွက် မြို့စားအဆင့်ဝိဉာဉ်အဆောင်အယောင်ကို စုဆောင်းကာ သတ်လိုသောဆန္ဒကို ပြသခဲ့သည်။
ရွှမ်းချန် ခေါင်းယမ်းလိုက်သည်။ သို့တိုင် ကောလိပ်၏ မရေမတွက်နိုင်သော မြို့စားများနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် ပေါ့လျော့မနေဝံ့ပေ။ သူသည် ကိုယ်ပိုင်ကမ္ဘာ ကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်ခုလုံးကို သူ၏ ဆန်းကြယ်သော နယ်မြေဖြင့် ဖုံးအုပ်လိုက်လေသည်။
.................
တစ်ချိန်တည်းမှာပင်.....
ရွှေနဂါးဘဏ်၏ ယာဉ်တန်းသည် အခြားသောယာဉ်တန်းများထက် ပိုကြီးမားသည်။
ယုဟုန်ရှီသည် လေထဲသို့ တဟုန်ထိုး ပြေးတက်ပြီး မြောက်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူမ၏ အကြည့်များ မှိန်ဖျော့သွားသည်။ထို့နောက် သူမ အမြန် အမိန့်ပေးလိုက်သည်က....
"မင်းတို့အားလုံး ဒီမှာကျန်နေပြီး ရထားလုံးတွေကို စောင့်ရှောက်ပေးမယ်.... ငါသွားပြီးတော့ စစ်ဆေးကြည့်လိုက်ဉီးမယ်...."
ရွှေနဂါးဘဏ်၏အဆင့်မြင့်အမှုဆောင်အရာရှိအချို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ယုဟုန်ရှီ ဘာလုပ်တော့မည်ကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။ အတိအကျပြောရလျှင် ကြားနေပါတီအနေဖြင့် ယင်းကိစ္စများတွင် ၎င်းတို့ကိုယ်တိုင် မပါဝင်သင့်ပေ။ သို့သော်လည်း သူမသည် ဉက္ကဌဖြစ်ပြီး ဘဏ်ကို နှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့သောကြောင့် သူမ၏ သြဇာသက်ရောက်မှုက သူတို့၏ နှလုံးသားတစ်ခုလုံးတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပြီဖြစ်သည်။
ထို့ကြောင့် မည်သူကမျှ သူမ၏ လုပ်ရပ်ကို မေးခွန်းထုတ်ရန် မဝံ့ပေ။ ခေါင်းတညိတ်ညိတ်ဖြင့်သာ သဘောတူခဲ့ကြသည်။
ကီလိုမီတာ ဆယ်ဂဏန်းကို တခဏချင်း ခရီးနှင်ကာ သူမရဲ့ ပုံသဏ္ဍာန်ဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။
ဝုန်းးးးးး
သို့သော် ထိုအချိန်တွင် ကောင်းကင်တခုလုံး တောက်လောင်နေပုံရသည်။ ဧရိယာအတွင်း အပူချိန်များ လျင်မြန်စွာ မြင့်တက်လာသည်နှင့်အမျှ မီးကြာပန်းများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာကာ ယုဟုန်ရှီ၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့ထားသည်။
ယုဟုန်ရှီ၏ လှပသော မျက်နှာပေါ်တွင် အေးစက်သောအမူအရာ ဖြစ်ပေါ်လာသည်။
သူမ၏ ခပ်ထေ့ထေ့လှောင်ပြောင်သံ ထွက်ပေါ်လာချိန်တွင် သူမသည် လေဟာနယ် အစိတ်အပိုင်းတစ်ခုကို စိုက်ကြည့်နေသည်။
"ဇူချင်းဟောင်၊ ရှန်ကျင်းရှောင်က ရှပြည်ထောင်စုရဲ့ ပြစ်သားနော်.... ရှင် ကျွန်မကိုတားဆီးဖို့ကြိုးစားလိုက်ရတည်းက ဂျိယန်အိမ်တော်က ဖန်းကျွမ်အဖွဲ့အစည်းနဲ့ ပူးပေါင်းနေပြီလို့သတ်မှတ်ရလိမ့်မယ်..."