ရှန်ကျင်းရှောင်၏ခွန်အားအစစ်အမှန်.....
Vol. 51 Ch. 713
"ဟား..ဟားး.ဉက္ကဌယု ဒီလို ကြမ်းတမ်းတဲ့ စကားလုံးတွေ ဘာလို့သုံးနေတာလဲ... ငါက ဖန်းကျွမ်အဖွဲ့အစည်းနဲ့ ဘာမှ မပတ်သက်ဘူး....."
ဇူချင်းဟောင်က ပြုံးပြီး ခေါင်းယမ်းကာ...
"ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းရင်းကို ငါ ဖုံးကွယ်ထားမှာ မဟုတ်ဘူး....လော့လန်အိမ်တော် ပျက်စီးတာကို မြင်ချင်လို့ပဲ...."
ဒီအချိန်မှာ သူ့အကြည့်တွေက ခံစားချက်မဲ့နေခဲ့သည်။ အိမ်တော်စုဝေးပွဲတွင် သူ၏လုပ်ဆောင်မှုများကြောင့် လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ကို အပြစ်ပြုမိခဲ့ပြီဖြစ်သည်။ ရလဒ်အနေဖြင့် အခွင့်ရေးရလာချိန်တွင်လော့လန်အိမ်တော် ပျက်စီးသည်ကိုသာ မြင်ချင်သည်။
ထို့အပြင်၊ လော့လန်အိမ်တော်နှင့် ထိပ်တိုက်ရင်ဆိုင်နေသူမှာ ဖန်းကျွမ်အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိသည့် ရှန်ကျင်းရှောင် ဖြစ်သည်။ အကယ်၍ လော့လန်အိမ်တော် သုတ်သင်ခံရပြီး လီလော့နှင့်ကျန်းချင်းအာ နှစ်ဦးစလုံး သေဆုံးသွားခဲ့ပါက လီတိုင်ရွှမ်နှင့်တန်တိုင်လန်၏ အကြီးဆုံးပစ်မှတ်မှာ ရှန်ကျင်းရှောင် ပင်ဖြစ်ပေလိမ့်မည်။ ရလဒ်အနေနှင့်၊ သူတို့၏ရုန်းကန်မှုမှ အကျိုးကျေးဇူးအချို့ကိုပင် ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရှန်ကျင်းရှောင် လော့လန်အိမ်တော်ကို ဖျက်ဆီးသည်ကို ပျော်ရွှင်စွာ စောင့်ကြည့်နေရမည်။
သို့ပါသောကြောင့် လော့လန်အိမ်တော်ကို ယုဟုန်ရှီ ကူညီသည်ကို မမြင်လိုသည်မှာ မထူးဆန်းတော့ပေ။
"ဉက္ကဌယု၊ ရွှေနဂါးဘဏ်က အမြဲတမ်းကြားနေဝါဒကိုကိုင်စွဲထားကြတာပါ... မင်းဒီကနေ ဆုတ်ခွာသွားမယ်ဆိုရင် အတိတ်က ကျူးလွန်မှုတွေအတွက် ငါတောင်းပန်ပါ့မယ်..." ဟု ဇူချင်းဟောင်က ရိုးရိုးသားသားပြောခဲ့သည်။
ယုဟုန်ရှီသည် မတုန်မလှုပ်ဖြစ်ပြီး သူ့ကို အေးစက်စွာသာ ကြည့်နေသည်။
"ရှင် ကျွန်မကိုတားချင်တာသေချာလား ဇူချင်းဟောင် ....ငါ့ဒေါသကိုသေချာသိသင့်တယ်နော်...."
သူမရဲ့ ခြိမ်းခြောက်စကားတွေကြောင့် ဇူချင်းဟောင်အတော် အံ့အားသင့်ခဲ့ရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ယုဟုန်ရှီကို အမြဲကြောက်ရွံ့နေခဲ့သည်။သူမက အမြဲတမ်း ကြင်နာတတ်ပြီး ဖော်ရွေတဲ့သူမို့ လျှော့မတွက်သင့်ပေ။
ရွှေနဂါးဘဏ်အတွင်း၌ မရေမတွက်နိုင်သော အုပ်စုများ ရှိသော်လည်း ၎င်းတို့အားလုံးကို သူ့ရှေ့က အမျိုးသမီးက တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားသည်။ ယင်းက သူမ၏ နည်းလမ်းများ မည်မျှ ထိရောက်ကြောင်း ပြသရုံသာမက သူမ၏ အစွမ်းသတ္တိကိုလည်း သက်သေပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း သူမသည် ပုဂ္ဂိုလ်ရေးအရ ခိုက်ရန်ဖြစ်ပွားခြင်းမျိုးမရှိခဲ့ပေဖယ ထို့ကြောင့် ဇူချင်းဟောင်သည် သူမမည်မျှ သန်မာခဲ့သည်ကို မသိခဲ့ပေ။ သို့သော် ရွှေနဂါးဘဏ်၏ အရင်းအမြစ်များနှင့် သူမ၏ အရည်အချင်းများ ပေါင်းစပ်ထားခြင်းကြောင့် သူ့ထက် အားနည်းနေမည် မဟုတ်ကြောင်း နားလည်ထားသည်။
သို့သော်လည်း ရသလောက်တော့ အချိန်ဆွဲရမည်သာ.....
ဤအတွေးများကြောင့် ဇူချင်းဟောင် တုံ့ဆိုင်းမနေတော့ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စိမ်းပြာရောင် ငှက်မွှေးယပ်တောင်တစ်ခု ပေါ်လာသည်။ နက်နဲသော အနီရောင် မီးတောက်များ ယပ်တောင်ပေါ်တွင်တောက်လောင်နေပြီး ကြည်လင်ပြတ်သားဥာ အော်ဟစ်သံနှင့်အတူ ငှက်တစ်ကောင်၏ပုံသဏ္ဍာန် ပေါ်လာသည်။
ယပ်တောင်၏လက်ကိုင်တွင် ခရမ်းရောင်မျက်လုံးအမှတ်အသားကို မြင်နိုင်သည်။
ဤအရာသည် ဇူချင်းဟောင်၏ ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းဖြစ်သည်။
" လွန်ခဲ့တဲ့နှစ်တွေကတုန်းက ဒီဗာမီလီယန်ငှက်ယပ်တောင်ကိုရရှိအောင် မင်းပဲ ကူညီပေးခဲ့တ.... နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ မင်းကို ချုပ်နှောင်ထားဖို့ အသုံးပြုရလိမ့်မယ်လို့ ဘယ်သူ မျှော်လင့်ထားမှာလဲ.... "
ဇူချင်းဟောင် ၏နောက်ကွယ်ရှိ လေဟာနယ်တွင် ရဲတိုက်များ ပေါ်လာပြီး သဘာဝစွမ်းအင်များကို အဆုံးမရှိ စုပ်ယူနေ၏။
ဇူချင်းဟောင်သည် ဗာမီလီယန်ငှက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး နက်နဲသော အနီရောင် မီးတောက်များ အတောမသတ် တောက်လောင်ကာ ဧရာမ မီးတောက်ကြီးများ ဖြစ်ပေါ်လာသည်။
ယုဟုန်ရှီသည် လေထဲတွင် ရပ်နေကာ သူမ၏ နှုတ်ခမ်းပေါ်တွင်လှောင်ပြောင်သော အပြုံးတစ်ခုနှင့်အတူ အကြည့်များက ပို၍အေးစက်လာသည်။
"ဇူချင်းဟောင် ကျွန်မမှာ ရှင်မသိနိုင်တဲ့ ထူးခြားတဲ့ အကျင့်တစ်ခုရှိတယ်... ရွှေနဂါးဘဏ်ကနေ ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတွေကို ဝယ်သွားတဲ့သူတိုင်းကို တန်ပြန်ကာကွယ်ဖို့နည်းလမ်းရှာထားပြီးသား.... ကံမကောင်းစွာပဲ အဲဒီစာရင်းမှာ ရှင့်နာမည် အတိအကျ ပါဝင်ခဲ့တယ်...."
ထို့နောက် လက်ကောက်ဝတ်ကို လှန်လိုက်ရာ လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်ခု ပေါ်လာသည်။ သူမ ပုလင်းကို ပွင့်လိုက်သည်နှင့် အဖြူရောင် နှင်းပွင့်လေးများ လေထဲသို့ တရွေ့ရွေ့ လွင့်ပျံလာသည်။
အရှိန်အဟုန်မြင့်လာခဲ့သည့် အပူချိန်များ ချက်ချင်းကျဆင်းသွားပြီး မြေပြင်ပင် အေးခဲသွားသည်။
နှင်းပွင့်များကြောင့် ဆောင်းရာသီ၏ အအေးဆုံးအချိန်သို့ ရောက်ရှိသွားပုံရသည်။
တစ်ချိန်တည်းမှာပင်၊ ဇူချင်းဟောင်၏ မီးတောက်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် လုံးဝငြိမ်းသွားခဲ့သည်။
ဤမြင်ကွင်းကြောင့် ဇူချင်းဟောင် ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သူ့မျက်နှာတွင် အနှိုင်းမဲ့ရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်ပေါက်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော နှင်းပွင့်များသည် သေချာပေါက် ရတနာတစ်မျိုးဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်တခုလုံးကို သူ့အတွက် ဆိုးရွားသော စစ်မြေပြင်အဖြစ် ပြောင်းလဲခဲ့သည်။ ရွှေနဂါးဘဏ်မှ ငွေကြေး အမြောက်အမြား သုံးစွဲဝယ်ယူခဲ့သည့် ဗာမီလီယန်ငှက်ယပ်တောင်သည် ၎င်း၏ အစွမ်းသတ္တိကို အပြည့်အဝ မပြသနိုင်ခဲ့ပေ။
သူ့အတွက် စိတ်ပျက်စရာအကောင်းဆုံးက ယုဟုန်ရှီ ကိုယ်တိုင်ပင်။ သူမသည် ရည်ရွယ်ချက်များကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပြီး ထိုဝှက်ဖဲကိုပင် အရံထားရှိခဲ့သည်။
သို့သော်၊ ယုဟုန်ရှီသည် သူမနောက်တွင် တုန်ခါလှုပ်ခတ်နေသော လှိုင်းလုံးများနှင့်အတူ ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ အလားတူပင်၊ သူမ၏ကိုယ်ပိုင် မြို့စားရဲတိုက်များ ထင်ရှားပေါ်လွင်လာပြီး သူမ၏ ပဲ့တင်ထပ်သံစွမ်းအားများသည် ကမ္ဘာပေါ်သို့ ကျဆင်းလာသော မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။
ယုဟုန်ရှီသည် စတုတ္ထအဆင့် မြို့စားဖြစ်သော်လည်း ခွန်အားအရာ၌ သူ့ထက်ပင် အားကောင်းနေခဲ့သည်။
ယုဟုန်ရှီသည် လီလော့ကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ အချိန်ဆွဲဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး ရှန်ကျင်းရှောင်သာ အလုပ်ပြီးမြောက်နိုင်မည်ဟု မျှော်လင့်ရပေတော့မည်။
ဤအရာကို စိတ်ထဲတွင် တွေးတောရင်းဖြင့် အချိန်မဖြုန်းတော့ဘဲ ပေါက်ကွဲနေသော မီးတောင်တစ်ခုအဖြစ် သူ၏ မြို့စားရဲတိုက်များကိုဆင့်ခေါ်လိုက်တော့သည်။
..............
ဖြူဖွေးသော အရိုးပြာများ ဆက်လက် ပြန့်ကျဲလာသည်နှင့်အမျှ...
လော့လန်အိမ်တော်၏ ယာဉ်တန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။ လူတိုင်း အနည်းငယ် ထိတ်လန့်သွားပုံရသော်လည်း ယွမ်ချင်းနှင့်လဲ့ကျန်းတို့လို အကြီးအကဲများက လူတိုင်းကို စိတ်အေးစေရန် အစွမ်းကုန် လုပ်ဆောင်နေကြသဖြင့် အခြေအနေ ပိုမိုဆိုးရွားသွားခြင်းမရှိပေ။
ချိုင်ဝေနှင့်ယန်လင်းချီတို့ နှစ်ယောက်သား လမ်းပိတ်ဆို့နေသော ရှန်ကျင်းရှောင်ကို စိုက်ကြည့်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်တော့ စိုးရိမ်ပူပန်မှု အရိပ်အယောင်တွေ မြင်နေရသည်။
နွားသိုးကြီးပေါင်ပေါင် ကောင်းကင်သို့ ဖြည်းညှင်းစွာတက်သွားပြီး သွေးစွန်းနေသော ဝက်ခုတ်ဓားကလည်း တဖြည်းဖြည်း ရှည်လာကာ နောက်ဆုံးတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာများ ဖြာထွက်နေသော ဧရာမဓားကြီးအဖြစ် ပြောင်းလဲသွားသည်။
ချီချန်း၏ အကြည့်များက အေးစက်သွားပြီး သူမ၏ နောက်ကွယ်တွင် မြို့စားရဲတိုက် သုံးခုပေါ်လာပြီး သဘာဝစွမ်းအင် အများအပြားကို စုပ်ယူကာ ဖိအားများ ဖြာထွက်စေသည်။
သို့သော် ယခင် သူမ ပြသခဲ့သည့် ရဲတိုက်နှစ်ခုနှင့် နှိုင်းယှဉ်ပါက နောက်ဆုံးတစ်ခုက အနည်းငယ်သေးငယ်နေ၏။ မကြာသေးမီက ဖွဲ့စည်းထားပုံရသည်။
"အိုး? မင်းက တတိယအဆင့်မြို့စားဖြစ်သွားပြီပဲ..."
ရှန်ကျင်းရှောင်၏ မျက်နှာပေါ်တွင် အံ့သြစရာ အကြည့်များ ပေါ်လာသည်။ သူ သိသလောက်ဆို ချီချန်းသည် ဒုတိယအဆင့်မြို့စားဖြစ်ပြီး၊ ယခုမှပင် အဆင့်တက်သွားပုံရသည်။
"ဒုကျောင်းအုပ်စုရှင်းက မင်းကို ရတနာတစ်ခုခု ပေးခဲ့တာလား...."
ရှန်ကျင်းရှောင် ပြုံး၍ မေးလိုက်သည်။
"တကယ်ဆို အဲ့အတွက် နင်ကိုငါ့ကို ကျေးဇူးတင်သင့်တယ်....ငါသာ ကောလိပ်ကို မဖျက်ဆီးခဲ့ရင် စုရှင်းက ကောလိပ်ရဲ့ ဘဏ္ဍာတွေကို ဘယ်လိုအသုံးချနိုင်မှာလဲ...."
ချီချန်း၏ အကြည့်များက အရိုးခိုက်လောက်အောင် အေးစက်နေသည်။
" ရှန်ကျင်းရှောင် ၊ ငါ့အပေါ် ကျရောက်လာတဲ့ ယွီလဲ့ကျိန်စာက နင့်လက်ချက်မလား.... အခု သေချာစဉ်းစားကြည့်တော့ ယွီလဲ့ဘုရင်ရဲ့ကိုယ်ပွားကနင့်ကြောင့် ဆင်းသက်လာတာပဲဖြစ်မယ် "
ရှန်ကျင်းရှောင်သည် ဆင်ခြေမပေးဘဲ ဂရုတစိုက် ခေါင်းညိတ်ရုံသာညိတ်လိုက်ပြီး....
"မင်း မှန်းဆထားတာ မှန်ပါတယ်....အဲဒီနေ့က ယွီလဲ့ဘုရင်ကို ငါခေါ်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ သူ့ရဲ့ ယွီလဲ့ ကျိန်စာကြောင့် နောက်ထပ် ခရမ်းအဆင့် နည်းပြတွေကို
ဒုက္ခပေးဖို့ပဲ....."
ချီချန်းက ရှန်ကျင်းရှောင်ကို အဆိပ်ပြင်းသောအကြည့်ဖြင့်စိုက်ကြည့်နေပြီး လက်သီးဆုပ်ထားသည်။ အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်လျှင် ရှန်ကျင်းရှောင် အခုချိန်လောက်ဆို အပိုင်းပိုင်းအစစ ဖြစ်နေလောက်ပြီ။
တစ်ဖက်တွင်၊ ရှန်ကျင်းရှောင်သည် နွားသိုးကြီးပေါင်ပေါင်နှင့်ချီချန်းတို့ကို အတူတကွ ရင်ဆိုင်ရန် ပြင်ဆင်ထားသောကြောင့် စိတ်အနှောက်အယှက်ဖြစ်ပုံရသည်။ မြို့စားနှစ်ယောက်နှင့် ရင်ဆိုင်ရသောအခါတွင် သူသည် တုံ့ဆိုင်းခြင်း သို့မဟုတ် ကြောက်ရွံ့မှုမျိုး မပြခဲ့ပေ။ သူက လီလော့ ကို လှမ်းကြည့်ပြီး....
"ဒီနေ့အတွက် မင်းပြင်ဆင်ထားတာတွေကဒီလောက်ပဲလား.... ကောလိပ် ဒါမှမဟုတ် ရွှေနဂါးဘဏ်က မင်းကို အချိန်မီအကူအညီပေးဖို့ မျှော်လင့်နေတယ်ဆိုရင် အချိန်မလုံလောက်မှာကိုပဲစိုးရိမ်မိတယ်... ဒီမြို့စားနှစ်ယောက်က ငါ့ကို တားလို့မရဘူး... ."
လီလော့သည် ရှန်ကျင်းရှောင်နှင့် အကြည့်ချင်းဖလှယ်သည်။ သူစကားပြောခါနီးတွင် လော့လန်အိမ်တော်၏ယာဉ်တန်းအလယ်မှ အသံတစ်ခုထွက်လာသည်။
"မင်းငါ့ကိုပါ ပေါင်းထည့်လိုက်..."
ရထားလုံးတစ်စင်း၏ ခေါင်မိုးပေါ်တွင် ရပ်နေသူထံသို့ မရေမတွက်နိုင်သော အကြည့်များ ကျရောက်ကုန်သည်။
ထိုလူက ဒူဇီအိမ်တော်သခင် ဒူဇီယန် ပင်....
ဒူဇီယန်ကို ရုတ်တရက် ရင်ဆိုင်ရသောအခါ ကျန်းချင်းအာပင်လျင် အံ့သြသွားပုံရသည်။ သူမက လီလော့ ဘက်လှည့်ပြီး.... "နင် သူ့ကို ဖိတ်ခဲ့တာလား?"
လီလော့သည် ရှန်ကျင်းရှောင်ကို ရင်ဆိုင်ရန်အချိန်တိုင်း ပြင်ဆင်နေပြီး အခြားသူများထံမှလည်း အလားတူ အကူအညီတောင်းခံထားကြောင်း သူမသိသည်။ သို့သော် အိမ်တော်နှစ်ခုသည် သူငယ်ချင်းဟုပင် မယူဆနိုင်သောကြောင့် ဒူဇီယန် ရောက်ရှိလာမည်ဟုထင်မထားမိပေ။ အိမ်တော်စုဝေးပွဲ၌ပင် ဒူဇီယန်က စီချင်းကိုသာ ချုပ်နှောင်ထားခဲ့သည်။
"ရှန်ကျင်းရှောင်က ဒူဇီအိမ်တော်ကို ပြောင်းရွှေ့ရလောက်တဲ့အထိ ပျက်ဆီးစေခဲ့လို့ အခု သူတို့ကြားမှာ ရန်ငြိုးတွေ ရှိနေပြီ...ဒါကြောင့်မို့ ကျေကျေနပ်နပ်ကြီး ငါတို့နဲ့ပူးပေါင်းတာပေါ့.. "
လီလော့ ပြုံးလိုက်သည်။
ကျန်းချင်းအာက ဘာမှထပ်မပြောတော့ပေါ ဒါက ဒူဇီယန် ရဲ့ အကြောင်းပြချက်သက်သက်ပဲဆိုတာ သူမ သိသည်။ သူ့မှာ မာနကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး လော့လန်အိမ်တော်ရဲ့အကူအညီကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ တစ်ခုတည်းသောအချက်ကတော့ လော့လန်အိမ်တော်ကလည်း သူတို့အပေါ် ကြီးမားတဲ့ ကျေးဇူးအကြွေးတင်နေခဲ့ချေပြီ။
"ဒူဇီယန်....ခင်ဗျား လီတိုင်ရွှမ်ရဲ့ လွှမ်းမိုးမှုအောက်ရောက်နေပြီပဲ...."
ရှန်ကျင်းရှောင်သည် ဒူဇီယန်ကို တိတ်တဆိတ် ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ဒူဇီယန် လော့လန်အိမ်တော်ကို ကူညီမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ အကူအညီက အဓိပ္ပါယ်မရှိဘူး.... ခင်ဗျားက ဒုတိယအဆင့်မြို့စားပဲ"
ရှန်ကျင်းရှောင် ပြုံးလိုက်ပြီး သူ့အကြည့်တွေက ရေခဲမြစ်သဖွယ် အဆုံးမသတ်နိုင်အောင် အေးစက်သွားသည်။
"မင်းတို့ရဲ့ ဝှက်ဖဲတွေ အားလုံးကို ထုတ်ဖော်လိုက်ပြီဆိုတော့ အခု ငါ့အလှည့်ပဲ"
ရှန်ကျင်းရှောင် လက်မြှောက်လိုက်သည်နှင့် သူ့နောက်ကွယ်က လေဟာနယ် တုန်ခါသွားလေသည်။
"နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီး နောက်ဆုံးတော့ အထိန်းအကွပ်မရှိ လွတ်မြောက်နိုင်တော့မယ်... ဒီနေ့လိုနေ့မျိုးရောင်ဖို့ တကယ်ကို စောင့်မျှော်နေခဲ့တာ...."
ရှန်းကျင်းရှောင်က တံဆိပ်တစ်ခု ဖန်တီးလိုက်ပြီး လေးလေးနက်နက် ပြုံးလိုက်သည်။
ထို့နောက် ချက်ချင်းပင်၊ ဧရာမရဲတိုက်ကြီးခြောက်ခုသည် ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ လူတိုင်းအပေါ်သို့ လွှမ်းခြုံသွားကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်လာသည်။
မြို့စားရဲတိုက် ခြောက်ခု.....
ရှန်ကျင်းရှောင်သည် ဆဠမအဆင့်မြို့စားဖြစ်သည်။