မြို့စားလေးယောက်၏တိုက်ပွဲ....
Vol. 51 Ch. 714
ဆဋ္ဌမအဆင့်မြို့စား.....
ရှန်ကျင်းရှောင်၏နောက်ကွယ်တွင် မြို့စားရဲတိုက် ခြောက်ခုပေါ်လာသောအခါ လူတိုင်း၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။ နွားသိုးကြီးပေါင်ပေါင်၊ ချီချန်းနှင့် ဒူဇီယန်ပင်လျှင် မျက်နှာပျက်နေကြသည်။
ဆဋ္ဌမအဆင့်မြို့စားသည် ကုန်းယွမ်နှင့်ဒုကျောင်းအုပ်စုရှင်းကိုပင် ကျော်လွန်နိုင်သူတစ်ဦးဖြစ်သည်။ သူသည် ရှပြည်ထောင်စု၌ အမှန်တကယ် အင်အားအကောင်းဆုံးဖြစ်ခဲ့သည်။
ရှန်ကျင်းရှောင် ဤမျှကြောက်စရာကောင်းသော ခွန်အားကို ဖုံးကွယ်ထားမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ရှန်ကျင်းရှောင်သည် ၎င်း၏ ဆဋ္ဌမအဆင့်မြို့စား ခွန်အားကို ထုတ်ပြသောအခါ လီလော့၏ အမူအရာ ပြင်းထန်လာသည်။ ယနေ့တိုက်ပွဲသည် ပြင်းထန်မှုနှင့် အန္တရာယ်နှစ်ခုလုံးတွင် အိမ်တော်စုဝေးပွဲကို ကျော်တက်သွားမည်ဖြစ်ကြောင်း သူသိသည်။
အခြေအနေကို အကဲဖြတ်ဖို့ သူ့ဘေးနားကို လှည့်ကြည့်လိုက်တော့ မြို့စားသုံးဉီးအနက် နွားသိုးကြီးပေါင်ပေါင်သည် စတုတ္ထအဆင့်ခွန်အားဖြင့် အပြင်းထန်ဆုံးဖြစ်သည်။ ချီချန်းက တတိယအဆင့်ဖြစ်ပြီး ဒူဇီယန်က ဒုတိယအဆင့်ဖြစ်သည်။ သူတို့မှာ လူအင်အားအရ အားသာချက်ရှိသော်လည်း ဒါဟာ ကွာဟမှုကိုချူံ့ပစ်ပြီး အောင်ပွဲခံဖို့ လုံလောက်နိုင်မည်လော
လီလော့ အဖြေကို မသိသော်လည်း သေခြင်းတရားကို ရှောင်လွှဲ၍မရသော တိုက်ပွဲဖြစ်မည်ကို သူသိခဲ့သည်။
ရှန်ကျင်းရှောင်ဘက်က ကျန်းချင်းအာ၏ အလင်းနှလုံးသားကို ခိုးယူသွားသည်ကို သူ တိတ်တဆိတ် ထိုင်မကြည့်နိုင်ပေ။ ထို့ကြောင့် ဤကိစ္စတွင် အခြားရွေးချယ်စရာမရှိပေ။ တယောက်ကတော့ သေကိုသေရမည်။
ဤ ပြင်းထန်သော တိုက်ပွဲသည် ထိုခဏ၌ စတင်ခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်က ပထမဆုံး လှုပ်ရှားခဲ့ပြီး သူ့လက်ချောင်းများဖြင့် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်အားလုံးကို စုစည်းကာ လက်သီး ဆုပ်ထားသည်။ ယင်းကြောင့် မီတာတစ်သောင်းခန့် ရှည်လျားသော နတ်ဆိုးနွားတစ်ကောင်၏ ရုပ်သဏ္ဍာန် ထင်ရှားလာကာ ပြင်ထန်သော အင်အားဖြင့် ဟိန်းဟောက်၍ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
နောက်မှလိုက်လာသော လက်သီးချက်အရိပ်သည် တုနှိုင်းမရသောအာဏာရှင်၏လွှမ်းမိုးမှုကိုပိုင်ဆိုင်ထားပြီး လေဟာနယ်ကိုတိုက်ရိုက်ဖြတ်သန်းသွားကာ ရှန်ကျင်းရှောင် ၏ဦးတည်ရာသို့ ပျံသန်းသွားခဲ့သည်။
မြို့စားအဆင့်ပညာရပ်၊ နတ်ဆိုးနွားသိုးဘုရင်လက်သီး.....
အိမ်တော်စုဝေးပွဲတွင် ဇူချင်းဟောင်နှင့် တိုက်ခိုက်စဉ်က ဤပညာရပ်ကို နွားသိုးကြီးပေါင်ပေါင် သရုပ်ပြခဲ့ဖူးသည်။ နတ်ဘုရားအရာ၏ သြဇာအာဏာကို ချေးယူခြင်းကြောင့် ဖြစ်နိုင်သော်လည်း ပညာရပ်၏ စွမ်းအားသည် ထက်မြက်သော တန်ခိုးနှင့် ရက်စက်ကြမ်းကြုတ်မှု နှစ်မျိုးလုံးတွင် ကြီးမားစွာ တိုးလာခဲ့သည်။
နွားသိုးကြီးပေါင်ပေါင်၏တိုက်ရိုက်ထိုးနှက်ချက်နှင့်ရင်ဆိုင်ရသောအခါ ရှန်ကျင်းရှောင်သည် လက်ဟန်အချို့ပြုလုပ်ကာ ငြိမ်သက်နေခဲ့သည်။ နောက်အခိုက်အတန့်မှာတော့ သူ့နောက်က လေဟာနယ် မီးတောက်ပြီး အနီရောင်ပြောင်းသွားပုံရသည်။ အလွန်ကြီးမားသော မီးတောက်တစ်ခု ပေါ်လာပြီး ၎င်း၏ခေါင်းပေါ်တွင် ကွေးနေသော ဦးချိုကြီးတစ်ခုသည် မီးတောက်များနှင့် အဆက်မပြတ် တောက်လောင်နေသည်။
ဤသည်မှာ ရှန်ကျင်းရှောင်၏ ပထမဆုံး ပဲ့တင်ထပ်သံဖြစ်သည့် အိုင်းဖရစ်ပဲ့တင်ထပ်သံဖြစ်သည်။
[TN/ အိုင်းဖရစ်...အစ္စလာမ်ဘာသာရေးကျမ်းစာများထဲတွင်ဖော်ပြထားသောနတ်ဆိုး....]
မီးတောက်ကြီးသည် ကောင်းကင်မှ ဥက္ကာခဲတစ်လုံး ပြုတ်ကျသည်ကို မြင်တွေ့ရသလိုမျိုး အောက်ဘက်သို့ ရွေ့လျားနေသည်။ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး လောင်ကျွမ်းသွားပုံရပြီး လေထုတစ်ခူလုံး ပူပြင်းသော အပူရှိန်ကြောင့် ပွက်ပွက်ဆူနေလေ၏။
ဘန်းးးးးး
တိုက်ခိုက်မှုနှစ်ခုသည် ကောင်းကင်အလယ်၌ တိုက်မိပြီး မြေပြင်တစ်လျှောက် တုန်လှုပ်ချောက်ချားသွားကာ ဟာရီကိန်းမုန်တိုင်းကဲ့သို့ လှိုင်းထန်သော စွမ်းအင်လှိုင်းလုံးများ ဧရိယာတခွင်ကို ဖြတ်ကျော်သွားခဲ့သည်။ ထိုတိုက်ပွဲကို အားလုံးက ကြောက်လန့်တကြား စောင့်ကြည့်နေချိန်တွင် လော့လန်အိမ်တော် ယာဉ်တန်းများ ပြင်းထန်စွာ လွင့်ပျံသွားကာ ပြန့်ကျဲသွားခဲ့သည်။
ကံဆိုးသည်က ထိုတိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုတွင် ရှန်ကျင်းရှောင် ၏ကြီးမားသောမီးတောက်ကြီးသည် ပေါင်ပေါင်၏လက်သီးချက်ထက် သာလွန်ကောင်းမွန်သည်။ သို့သော် သူသည် ဆဋ္ဌမအဆင့်မြို့စားဖြစ်သောကြောင့် ထိုသို့ သန်မာခြင်းမှာ အံ့သြစရာမရှိပေ။
နွားသိုးကြီးပေါင်ပေါင်၏ လက်သီးချက်သအငွေ့ပျံသွားကာ ကျန်မီးတောက်များက သူ့ဆီသို့ လွင့်ပျံလာသည်။
ဝေါင်းးးးး
ထိုအချိန်တွင် ဧရာမ အပြာနုရောင် ကျားတစ်ကောင် လေထဲသို့ ခုန်တက်လာပြီး ကျားကြီး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ကျားကြီး၏ ခြေဖဝါးတစ်ခုစီသည် လေထုအပေါ်ကို နင်းလိုက်သည်နှင့် ရေလှိုင်းလုံးများ လှုပ်ခတ်သွားပုံရသည်။ ရှန်ကျင်းရှောင်၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အမှုန်အမွှားများကိုတားဆီးရန် အသန့်စင်ဆုံး ရေပြင်တစ်ခုကို ဖန်တီးထားပုံရသည်။
ချီချန်းလည်း လှုပ်ရှားနေပြီ......
သူမ နောက်ထပ်တံဆိပ်တစ်ခုဖန်တီးနေချိန်တွင် ရှန်ကျင်းရှောင်ကိုသာ အေးစက်စွာစိုက်ကြည့်နေသည်။ထိုစဉ် အပြာနုရောင် ပဲ့တင်ထပ်သံ စွမ်းအားများလွင့်စဉ်လာပြီး ကောင်းကင်ယံ၌ သမုဒ္ဒရာတစ်စင်း ဖြစ်ပေါ်လာသည်။ ထောင်ပေါင်းများစွာသော ဧရာမလှိုင်းလုံးကြီးများ စတင်လှုပ်ခတ်လာပြီး ရှန်ကျင်းရှောင်ဆီသို့ ပြင်းထန်စွာ ပြိုကျလာသည်။
"ချီချန်း၊ မင်းရဲ့ တတိယအဆင့်လေးနဲ့ ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့....? ကောလိပ်မှာသာ ခွန်အားကိုဖုံးကွယ်မထားရရင် မင်း ဒီနေ့ထိ အသက်ရှင်နေနိုင်မှာမဟုတ်ဘူး..."
ရှန်ကျင်းရှောင် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်တွေက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ချီချန်း ဖန်တီးထားတဲ့ သမုဒ္ဒရာနဲ့ တိုက်ရိုက် တိုက်မိတဲ့အခါ မီးတောက်ပင်လယ်ကြီး ဖြစ်ပေါ်လာသည်။ထို့နောက် သမုဒ္ဒရါတစ်စင်းလုံး ချက်ချင်းပင် အလွန်လျင်မြန်စွာ အငွေ့ပျံလာသည်။
ချီချန်းက သူ့မျက်နှာကို ဖုံးထားတဲ့ ပိတ်စကို ဖယ်လိုက်ရင်း လှပတဲ့ မျက်နှာကို ပေါ်လွင်စေခဲ့သည်။ထို့နောက် ပါးစပ်ကိုဖွင့်ကာ နက်ပြာရောင်ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။ ပုလဲပေါ်တွင် အလင်းအလွှာများဖြင့် ဖြာထွက်နေပြီး အူတိုင်တွင် ခရမ်းရောင်မျက်လုံးအမှတ်အသားတစ်ခုရှိနေသည်။
နက်မှောင်သော အပြာရောင်ပုလဲ၏ အလင်းရောင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ အလင်းလှိုင်းများနှင့်အတူ လှိုင်းလုံးများ တုန်ခါလာပြန်သည်။
သမုဒ္ဒရာသည် ဒေါသအရှိန်အဟုန်ဖြင့် တစ်ဖန်ပြန်လည်နိုးကြားလာကာ မီးလျှံပင်လယ်နှင့် တိုက်မိသွားသည်။ သို့သော် ယခုတစ်ကြိမ်တွင် အောင်ပွဲခံနေသော မီးတောက်များသည် အတားအဆီးကို ကြုံတွေ့ရသကဲ့သို့ အံ့ဩလောက်အောင် အရှိန်အဟုန်ဖြင့် ငြိမ်းစပြုလာသည်။
ဤရုတ်တရက်ပြောင်းလဲမှုကြောင့် နက်ပြာရောင်ပုလဲကို သတိပြုမိသဖြင့် ရှန်ကျင်းရှောင် အတော် အံ့သြသွားခဲ့သည်။
"အဲ့တာ.. ကောလိပ်ရဲ့ ရှေးဟောင်းမှော်နှင်းစက်မလား? စုရှင်းက မင်းကို ရတနာတွေ အများကြီး အပ်ထားပုံရတယ်.... သူတို့က ငါ့ကိုသတ်ဖို့ မနှမြောဘူးပဲ....."
ခရမ်းအဆင့် နည်းပြဟောင်းတစ်ဦးအနေဖြင့် ရှန်ကျင်းရှောင်သည် ကောလိပ်၏ မတူညီသော အဖိုးတန်ပစ္စည်းများကို ကောင်းစွာနားလည်ခဲ့သည်။ အထက်ဖော်ပြပါ ရှေးဟောင်းမှော်နှင်းစက်သည် ထိပ်တန်း ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းပစ္စည်းဖြစ်သည်။ ရေပဲ့တင်ထပ်သံအသုံးပြုသူများသာဤပုလဲကို အသုံးပြူလျှင် ၎င်းသည် အသုံးပြုသူ၏ ပဲ့တင်ထပ်သံစွမ်းအားကို မြင့်မားစွာ မြှင့်တင်နိုင်ပြီး ပြင်းထန်သောဂုဏ်သတ္တိများဖြင့် ပံ့ပိုးပေးနိုင်သည်။
၎င်းသည် ချီချန်း၏ တတိယအဆင့် မြို့စားခွန်အားကို တိုးမြင့်စေပြီး ဖိနှိပ်ချုပ်ချယ်နိုင်သော ရေစွမ်းအားဖြင့် သူ၏ မီးတောက်စွမ်းအားကို ချိုးနှိမ်နိုင်သည်။
ချီချန်းသည် အစီအရင်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ရာ နက်ပြာရောင် သမုဒ္ဒရာ လျင်မြန်စွာ ဆုတ်ယုတ်သွားခဲ့သည်။
"မြို့စားအဆင့်ပညာရပ်...ရေကျား၏ဘက်ပေါင်းစုံဝန်းရံနှိမ်နင်းမှု......"
သမုဒ္ဒရာ ပျောက်ကွယ်သွားသည်နှင့်အမျှ ဧရာမ နက်ပြာရောင် ရေကွင်းကြီးတစ်ခု ရှန်ကျင်းရှောင်၏အနီးတစ်ဝိုက်တွင် ပေါ်လာသည်။ အချင်း မီတာတစ်ရာခန့်ရှိသော်လည်း ၎င်းသည် လျင်မြန်စွာ ကျုံ့သွားပြီး အလုံပိတ်နေရာတစ်ခု ဖြစ်လာသည်။
ရေကွင်းတွင် တံဆိပ်ခတ်ပညာရပ် အတိုင်းအတာတစ်ခုအထိ ပါ၀င်သောကြောင့် ရှန်ကျင်းရှောင် နောက်ကွယ်မှ မီးတောက်များ လျော့နည်းသွားသည်။
ချီချန်း၏ မြို့စားအဆင့်ပညာရပ်သည် ရှန်ကျင်းရှောင်၏ အိုင်းဖရစ် ပဲ့တင်ထပ်သံကို ချေဖျက်ရန် အကျိုးသက်ရောက်မှုရှိပုံရသည်။ထိုစဉ် အခြားတစ်ယောက်၏တိုက်ခိုက်မှုပေါ်ထွက်လာပြန်သည်။
တောက်လောင်နေသောမီးတောက်နှင့် လင်းထိန်နေသော မိုးကြိုးများကို ဖန်တီးခဲ့သူသည် ဒူဇီယန် မှလွဲ၍ အခြားသူမဟုတ်ပေ။
သူသည် လက်ဟန်အစီအရင်ကို အမြန် အဆုံးသတ်လိုက်ပြီး သူ၏လက်ဖဝါးများကြားတွင် မီးနှင့်လျှပ်စီး စွမ်းအားများ ပေါင်းစပ်ကာ ပေါက်ကွဲသွားလေသည်။
မြို့စားအဆင့်ပညာရပ်၊ ကောင်းကင်ပျက်စီးခြင်း မိုးကြိုးမီးတောက်......
နောက်အခိုက်အတန့်တွင်၊ သူ့လက်ဖဝါးမှ မီးနှင့်လျှပ်စီးတို့ ပေါင်းစပ်ထားသည့်စွမ်းအားများ ရှန်ကျင်းရှောင်၏နောက်ကျောဘက်သို့ ဉီးတည်သွားလေတော့သည်။
"သစ်ပင်ကိုလှုပ်ဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်တွေပဲ..."
ဒူဇီယန်၏တိုက်ခိုက်မှုကိုမြင်သောအခါ ရှန်ကျင်းရှောင် အေးစက်စွာ အော်ဟစ်လိုက်သည်။ ဒူဇီယန်သည် ဒုတိယအဆင့်မြို့စားဖြစ်ပြီး၊ထိပ်တန်းအဆင့် ခရမ်းရောင်မျက်လုံးအဆင့် ရှေးဟောင်းပစ္စည်းကိုပင် မပိုင်ဆိုင်ခဲ့ပေ။ဤမျှလောက်ဖြင့် အထိနာစေလိမ့်မည်ထင်နေသည်မှာ ရယ်စရာကောင်းလှသည်။
စိတ်ထဲတွင် ထိုသို့တွေးနေရင်း မြို့စားရဲတိုက် အရှိန်အဟုန်ဖြင့် ကျုံ့သွားကာ သူ့နောက်ကျောကို ကာကွယ်သည့် အနီရောင် ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဒူဇီယန်သည် ရှန်ကျင်းရှောင်၏မျက်လုံးထဲတွင် ဘာမှမဟုတ်ခဲ့ပေ။ ပြိုင်ဘက်က သူ့ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအား မပိုင်ဆိုင်ထားတာကြောင့် ခုခံမှု အနည်းငယ်လောက်ဖြင့် လုံလောက်နိုင်သည်။သူ သတိထားထိုက်သူမှာ စတုတ္ထအဆင့်မြို့စား နွားသိုးကြီးပေါင်ပေါင် ဖြစ်သည်။
ဘုန်းး
ထိုသို့တွေးနေရင်း ဒူဇီယန်ရဲ့ တိုက်ခိုက်မှုက အနီရောင်ဒိုင်းပေါ်သို့ကျရောက်သွားလေသည်။
တစ်ချိန်တည်းမှာပင်၊ ရှန်ကျင်းရှောင် တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။ ဒူဇီယန်သည် သူမျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေပုံရသည်။
"မင်းရဲ့ အစစ်မှန်ခွန်အားကို ဖုံးကွယ်ထားတာပဲ...."
ရှန်ကျင်းရှောင် အခုမှသာ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး သူ့အသံက ပြာအက်နေသည်။ ဒူဇီယန် ၏ ပဲ့တင်ထပ်သံစွမ်းအားအတက်အကျများသည် ဒုတိယအဆင့်ကို ရုတ်တရက်ကျော်လွန်ကာ တတိယအဆင့်သို့ တက်လှမ်းသွားမည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ထားပေ။
တတိယအဆင့်မြို့စားရဲတိုက်များ ဒူဇီယန် ၏နောက်ကွယ်တွင် ပေါ်ထွက်လာပြီး များပြားလှသော သဘာဝစွမ်းအင်များကို ဝါးမျိုကာ သူ၏တိုက်ခိုက်မှုကို အားဖြည့်ပေးခဲ့သည်။
"အတော်ဖုံးကွယ်ခဲ့ရမှာပဲ......!"
ရှန်ကျင်းရှောင် ဒေါသတကြီး ပြုံးလိုက်သည်။ဒူဇီယန်သည် အိမ်တော်သခင်ဖြစ်လာပြီး ရှပြည်ထောင်စုတော်၏ တန်ခိုးရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သောကြောင့် မည်သည့်အခါမျှ လျှော့တွက်ခြင်းမပြုသင့်ပေ။ သူ၏ မြို့စားရဲတိုက်မှထွက်ပေါ်နေသော အော်ရာများကို အကဲဖြတ်ကြည့်လျှင် သူသည် ချီချန်းထက်ပင် အနည်းငယ် အားကောင်းပုံရပြီး သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တတိယအဆင့်သို့ တက်လှမ်းခဲ့သည်မှာ ထင်ရှားနေသည်။ သို့သော်လည်း ဤအရာကို ထုတ်ဖော်ရန် သူဘယ်သောအခါမှ မရွေးချယ်ခဲ့ဘဲ တိတ်ဆိတ်နေခဲ့သည်။
ရှန်ကျင်းရှောင်၏ခုခံကာကွယ်မှု ကျဆင်းချိန်မှသာ ဤအရာကို ထုတ်ဖော်ပြသခဲ့ပြီး အံ့အားသင့်စေခဲ့သည်။
ဘန်းးးးးး
မြို့စားရဲတိုက်တစ်ခုတည်းဖြင့် ဖန်တီးထားသော အနီရောင် အကာအရံကို ထိုးဖောက်ဝင်ရောက်သွားသည့် တောက်လောင်နေတဲ့ မီးလျှပ်စီးတွေက ရှန်ကျင်းရှောင်ရဲ့ ခန္ဓာကိုယ်အပေါ်ကို ခမ်းနားစွာ ရိုက်ခတ်သွားခဲ့လေသည်။
ဝုန်းးးးးးး
ဆူညံသံများ သူတို့ရှေ့မှ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေတော့သည်။