← Chapters

(အငြိုးတရား)

Vol. 11 Ch. 181

(အငြိုးတရား)

Vol. 11 Ch. 181

ကုလန်ကျောင်းတော်သည် နန်းမြို့တော်တွင် ထိပ်တန်းကျောင်းတော်သုံးခု အဆင့်ဝင်ပေသည်။ ထို့အတွက် မည်သူမဆိုကိုလက်ခံပေးရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

ကျောင်းတော်တွင် စာရင်းပေးသွင်းရန် ဖေဝမ်ယွဲ့သည် လက်ဆောင်ပဏ္ဍာပေးရန်လိုအပ်သည်။ ယခုတွင် သူမသည် ကုလန်ကျောင်းတော်မှ သူမဘာသာထွက်လာခဲ့ပြီး အမှားလုပ်ပြီးနောက် ပြန်သွားချင်နေသည်လော?

ကျောင်းတော်သည် သူမအား သေချာပေါက် အလိုရှိမည်မဟုတ်ပေ။

ဖေဝမ်ယွဲ့သည် နှုတ်ခမ်းကိုကိုက်ထားကာ

သူမ၏နှလုံးသားမှာ သွေးချောင်းစီးနေခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူမသည် ၎င်းအား နားမလည်တော့ပေ။ ရှဲ့ချောင်သည် မည်သို့ဖြင့် ဆရာယွင်ဝေ့၏စစ်မှန်သောပန်ချီကားကို ဝယ်ယူနိုင်မည်နည်း။

ကံမကောင်းစွာဖြင့် ယခု အလွန်နောက်ကျသွားခဲ့လေပြီ။ သူမတွင် ငွေပဲစေ့များမရှိလျှင် ထွက်ခွာသွားရပေတော့မည်။

ယခုတွင် သူမသည် အရှက်မဲ့စွာ မေးမြန်းခဲ့သော်လည်း မည်သူမှသူမကိုမကူညီချင်ရုံသာမက လူတိုင်းသည် သူမအား ရွံရှာသလိုကြည့်နေခဲ့ကြသည်။ ထိုသူတို့၏ဝေဖန်သောမျက်လုံးများ

ကြောင့် သူမမှာ ဓါးနှင့်အထိုးခံနေရသလိုပင်။ သူမ၏ မိမိကိုယ်ကိုယ်လေးစားမှုမှာ ကြေမွသွားခဲ့ရပြီး မကြာမီပင် ပြေးထွက်လာခဲ့တော့သည်။

သူမသည် ငိုလျက် အိမ်သို့ပြန်လာခဲ့၏။

ဖေဝမ်ယွဲ့မှာ သူမ၏သေးငယ်သောအိမ်လေးကိုကြည့်ရင်း ထိတ်လန့်နေခဲ့သည်။

သူမတွင် ဘာမှမရှိပေ။ သူမသည် ရှဲ့အိမ်တော်သို့ပြန်မသွားနိုင်တော့ဘဲ ယခုတွင် ကျောင်းတော်ကတောင် သူမကိုအလိုမရှိတော့...

အားလုံးမှာ ရှဲ့ချောင်ကြောင့်ဖြစ်သည်!

နာရီအနည်းငယ်ကြာ ငိုပြီးနောက် ဖေဝမ်ယွဲ့သည်

နောက်ဆုံးတွင်ထိန်းမထားနိုင်တော့ဘဲ သခင်မလုကိုခေါ်ရန် တစ်စုံတစ်ယောက်ကိုလွှတ်လိုက်သည်။ သူမသည် နန်းမြို့တော်တွင် သူမ၏မိခင်ဖြစ်သည့် မိသားစုဝင်တစ်ဦးတည်းသာရှိပေသည်။ ယခု ကိစ္စကြီးတစ်ခုဖြစ်ပျက်ခဲ့ရာ သူမ၏မိခင်က သူမအတွက် ဖြေရှင်းပေးရမည်ဖြစ်သည်။

သခင်မလုသည် သူမ၏သမီးဖြစ်သူက အခေါ်လွှတ်လိုက်သည်ကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်အမ်းနေခဲ့သည်။ သို့သော်လည်း သူမ၏သမီးက ကျောင်းတော်မှအထုတ်ခံလိုက်ရသည်ကို သိသွားသောအခါ သူမမှာ အံ့သြထိတ်လန့်သွားခဲ့သည်။

"နင့်ကို ရှဲ့ချောင်နဲ့ပြဿနာမဖြစ်ဖို့ ငါမပြောခဲ့ဘူးလား ဘာလို့ နားမထောင်ရတာလဲ!"

သခင်မလုမှာ ယခုတွင် အလွန်စိုးထိတ်နေခဲ့သည်!

၎င်းမှာ အရေးကြီးကိစ္စဖြစ်ပေသည်!

ဖေဝမ်ယွဲ့သည် တော်ဝင်ကျောင်းတော်မှ အထုတ်ခံလိုက်ရသောကြောင့် မည်သည့်နေရာတွင်မှ ပညာမသင်ကြားနိုင်တော့ပေ။ အနာဂတ်တွင် အဆင့်အတန်းမြင့်သောမိသားစုနှင့် လက်ထက်နိုင်ရန်အတွက်လည်း ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

"အမေ သမီးကိုအခုလိုဖြစ်အောင်လုပ်တာ ရှဲ့ချောင်ပဲ! သမီးက ဘယ်လိုလုပ် ပန်းချီကားက အစစ်ဆိုတာကိုသိမှာလဲ သူမ ပထမတစ်ခေါက်ကပြတုန်းက အမေလည်းမြင်လိုက်တာပဲ သူမကဂရုတစိုက်ရှိနေတယ်... တစ်ခုခုက မှားနေတာ... ဖြစ်-ဖြစ်နိုင်တာကတော့ တော်ဝင်ကျောင်းတော်ကလူတွေက သူမဘက်ကဖြစ်ရမယ်..." ဖေဝမ်ယွဲ့

သည် ခေါင်းမာစွာပြောလိုက်သည်။

သခင်မလုမှာ သူမကို ရိုက်ချင်နေခဲ့သည်။

သို့သော်လည်း သူမသည် သူမ၏သမီးဖြစ်နေသောကြောင့် ထိုသို့မလုပ်နိုင်ခဲ့ပေ။

"တော်ဝင်ကျောင်းတော်က ဘာလို့ သူမဘက်ကဖြစ်ရမှာလဲ။ န-နင်က အမှားလုပ်ခဲ့တာလေ! တော်ဝင်ကျောင်းတော်မှာ စာရင်းသွင်းဖို့ ခေါင်းမာနေခဲ့တယ်။ နောက်ဆုံး ဝင်ခွင့်ရသွားတော့လည်း ဘာလို့ နာနာခံခံနဲ့ ပညာမသင်ကြားရတာလဲ!? နင် အဲ့ဒီကိုရောက်တာ နှစ်ရက်ပဲရှိသေးတယ်။ အခုကျ အထုတ်ခံလိုက်ရပြီ။ ဘယ်သူက နင့်ကို ဇနီးအဖြစ်ယူချင်တော့မှာလဲ!?"

သခင်မလုမှာ နောင်တရနေခဲ့သည်။ သူမသာ ယခု

လိုဖြစ်လာမယ်မှန်းသိလျှင် ဖေဝမ်ယွဲ့အား ပြဿနာရှာခွင့်ပေးမည်မဟုတ်ပေ!

ဖေဝမ်ယွဲ့သည် ကျယ်လောင်စွာငိုကြွေးနေတော့သည်: "အမေ သမီးအခု ဘာလုပ်ရမလဲ"

"နင်က ဘာလုပ်ချင်နေသေးတာလဲ..." သခင်မလုက တီးတိုးပြောလိုက်သည်: "နင်က ဘာလုပ်နိုင်ဦးမှာလဲ။ အခု နင့်ရဲ့ဂုဏ်သိက္ခာက ရွံ့ထဲရောက်နေပြီ။ အခုကစပြီး ပညာသင်ဖို့ အိပ်မက်မက်မနေနဲ့တော့။ အခုကစပြီး ဒီခြံဝန်းထဲမှာပဲနေ။ အခွင့်အရေးရှိရင် နင့်ကို တခြားသူတွေနဲ့ မိတ်ဆက်ပေးမယ်။"

"ဒါဆို..."ဖေဝမ်ယွဲ့က စကားစလိုက်သည်။

သခင်မလုသည် သူမပြောချင်သည်ကို သိလိုက်

သောကြောင့် ပြန်ပြောလိုက်သည်: "ဟင်း နင် ချမ်းသာတဲ့မိသားစုနဲ့ လက်ထက်ဖို့ မျှော်လင့်မနေနဲ့တော့။ အမေ နန်းမြို့တော်မှာနေတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒီနန်းမြို့တော်ကလူတွေက ဇီဇာကြောင်တယ်ဆိုတာကို အမေပြောနိုင်တယ်။ ဘယ်သူက ဂုဏ်သိက္ခာလုံးဝပျက်ပြားနေတဲ့မိန်းကလေးကို လက်ထက်ချင်မှာလဲ။ ပြီးတော့ နင့်ရဲ့မျိုးရိုးနာမည်က ဖေလေ။"

သူမ၏သမီးသည် ရှဲ့မိသားစုကို အထင်သေးနေသော်လည်း ဖေမိသားစုက ရှဲ့မိသားစုထက်ပိုဆိုးသည်ကို သူမဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ဖေဝမ်ယွဲ့သည် အံကြိတ်လိုက်ကာ သခင်မလုက သက်ပြင်းချလိုက်၏။

အမှန်မှာ ရှဲ့ဖင်းကန်းသည် လူကောင်းတစ်ယောက်ဖြစ်သည်။ ကံမကောင်းစွာဖြင့် ပ

ထွေး၏သားကိုလက်ထက်သော မိထွေး၏သမီးအယူအဆသည် ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။ သိက္ခာရှိသောသူများသည် ထိုသို့လုပ်လိမ့်မည်မဟုတ်ပေ။

သခင်မလုက ထိုအကြောင်းကိုတွေးလိုက်မိပြီး ပြောလိုက်သည်: "ဦးလေးရှဲ့မှာ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့ရှိတယ် အမေ သမီးအတွက်မေးလိုက်မယ်"

ဖေဝမ်ယွဲ့သည် ဂုဏ်သိက္ခါရှိသောမိသားစုနှင့်လက်ထက်ချင်ခဲ့သည်။ ယခုတွင် မထင်မရှား အရာရှိမိသားစုကို ရွေးလိုက်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

သူမသည် ရွေးချယ်ခွင့်ဆုံးရှုံးခဲ့ရလေပြီ!

သူမ အလွန်ဒေါသထွက်နေခဲ့၏။

ဖေဝမ်ယွဲ့သည် ရန်ငြိုးများပြည့်နှက်နေသောလေသံဖြင့် အက်ရှစွာ : "ဦးလေးရှဲ့က သမီးကိုစိတ်ဆိုးနေတာလေ သမီးအတွက် ဘယ်လိုလုပ် စိတ်ရင်းအမှန်နဲ့ယောက်ျားရှာပေးမှာလဲ"

•••••••

All Chapters