← Chapters

(သူက ဂုဏ်ထူးဂုဏ်ရည်တွေအကုန်ယူသွားတယ်)

Vol. 11 Ch. 182

(သူက ဂုဏ်ထူးဂုဏ်ရည်တွေအကုန်ယူသွားတယ်)

Vol. 11 Ch. 182

သခင်မလုသည် ယခုတွင် ဒေါသထွက်နေလေပြီ။

"အခု နင့်ရဲ့ဦးလေးရှဲ့ကို အငြိုးထားနေတာလား!? သူက နင့်အပေါ်ကောင်းပေးခဲ့တယ်။ သူနင့်ကိုပေးခဲ့တဲ့ ဓါးမြောင်ဆိုရင် ငွေတုံး ၁၀၀၀တန်တယ်။ သူ

ရှဲ့ချောင်ကို ဘာပေးခဲ့လဲ။ နင်အမှားလုပ်ခဲ့တာကြောင့် နင့်ကို နှင်ထုတ်ခဲ့တာမဟုတ်ဘူးလား။"

သခင်မလုသည် သူမ၏သမီးကိုစိုက်ကြည့်ကာ: "အခုကစပြီး ဦးလေးရှဲ့ကို ရိုရိုသေသေဆက်ဆံပြီး လက်တွေ့ကျစမ်းပါ။ တစ်ရက်ကျ အဘွားကြီးကိုခေါ်လာခဲ့မယ်။ အဘွားကြီးကသာ နင့်အစားပြောပေးရင် ဦးလေးရှဲ့က နင့်အတွက် ယောက်ျားကောင်းတစ်ယောက်ကို သေချာပေါက်ရှာပေးမှာပဲ။"

ဖေဝမ်ယွဲ့သည် ခေါင်းညိတ်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။

ခေါင်းညိတ်ရုံမှလွဲ၍ သူမ လုပ်နိုင်တာမရှိပေ။

ထိုကိစ္စသည် ရှဲ့အိမ်တော်သို့ ပြန့်နှံ့သွားခဲ့သည်။

ထိုကိစ္စကိုကြားပြီးနောက် ရှဲ့ဖင်းကန်းသည် တိုတောင်းသောခွန်းတုံ့ပြန်မှုသာ ပြုလိုက်သည်။ သူသည် ၎င်းအပေါ် အများကြီး မမေးမြန်းခဲ့ပေ။

ထိုသူသည် သူ၏ညီမ'မဟုတ်တော့သောကြောင့် ထိုကိစ္စကို အဘယ့်ကြောင့် အများကြီးမေးရမည်နည်း။

သူမ၏သေရေးရှင်ရေးကိစ္စက သူနှင့် ဘာဆိုင်လဲ။

"အရှင့်သားက ရာဇဝတ်မှုဌာနကိုလာနေပြီလို့ ကောလဟာလတွေထွက်နေပါတယ်။ ရုံးတော်ကလူတိုင်း ဒီအကြောင်းကြောင့် စိတ်တင်းကြပ်နေကြတယ်။ ကျွန်တော့်ရဲ့ အထက်လူကြီးတွေဆို အရှင့်သားရောက်လာတဲ့အခါ ပြစရာဂုဏ်သတင်းမရှိမှာကို စိုးရိမ်နေကြတာမို့ ကျွန်တော့်ကို ရာထူးတိုးပေးလိုက်တာ။ အဲ့ဒါ အဆင့်ကိုးဖြစ်မယ်

ထင်တယ်။ အဆင့်မြင့်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှမတွေးဖူးဘူး။ ကျွန်တော်က အခု အဆင့်ရှစ် ဥပဒေကြီးကြပ်ရေးမှုးဖြစ်နေပြီ။ ဒါက အရေးပါတဲ့အရာရှိမဟုတ်မယ့်လည်း ရာဇဝတ်မှုဌာနမှာ တော်တော်လေးအဆင့်မြင့်နေပြီ။" ရှဲ့ဖင်းကန်းက ပြောလိုက်သည်။

ရှဲ့နျိုရှန်းက ခေါင်းညိတ်ကာ သူ့အား ချီးကျူးလိုက်သည်: "အံ့သြစရာကောင်းတယ်။ မင်းကောင်းကောင်းလုပ်ခဲ့တယ် ကလေး ငါကလွဲလို့ ငါတို့မိသားစုထဲမှာ ဘယ်သူမှအရာရှိဖြစ်လာမှာမဟုတ်ဘူးလို့ ထင်နေခဲ့တာ!"

အဆင့်နိမ့်လျှင် အရာရှိတစ်ဦးဟု ယူဆလိမ့်မည်မဟုတ်ပေ။

"များများထပ်စားဦး ညီမလေး။" ရှဲ့ဖင်းကန်းက ရှဲ့ချောင်အတွက် ကြက်ပေါင်ကြီးတစ်ခုထည့်

ပေးလိုက်သည်။

သူမ၏မျက်ခွံများမှာ တွန့်သွားခဲ့သည်။

စားဖိုဆောင်မှ အစေခံများသည် ဟင်းချက်လက်ရာညံ့ပေ၏။ ဘွားဘွားဝမ်နှင့် ချွမ်းအာတို့က ပိုကောင်းသေးသည်။

ထိုအဆီများသောကြက်ပေါင်ကိုစားလိုက်လျှင် သူမ ဝက်ခြံများထွက်လာမည်ကို စိုးရိမ်နေခဲ့သည်။

သခင်မလုသည် ရှဲ့ချောင်အားတစ်ချက်ကြည့်ပြီးနောက် : "ချောင်အာ ယွဲ့အာလေး...သူမကအရမ်းငယ်ပါသေးတယ် သူမလုပ်ခဲ့တာတွေကို စိတ်ထဲမထားပါနဲ့..."

"စိတ်မပူပါနဲ့အမေ။ သူမကအပြင်လူမဟုတ်ဘူးမလား။ ကျွန်မစိတ်ထဲမထားပါဘူး။" ရှဲ့ချောင်က ဂရုမစိုက်ဟန်ဆောင်ကာ ခေါင်းမော့ပြုံးပြလိုက်သည်။

သခင်မလုသည် စိတ်ထဲတွင်တင်းကြပ်သွားခဲ့သည်။

"အမေ သူမအတွက်စိတ်ပူတယ်ဆိုရင် သူမဆီကို မကြာမကြာသွားလည်လို့ရပါတယ်။ ကျွန်မ ဖေမိသားစုအပေါ်မှာ အထင်သေးတာမဟုတ်ပါဘူး။ဖေမိသားစုရဲ့ မိန်းကလေးကို ဆုံးဖြတ်ချက်ချလိုက်တာက အိမ်ရှေ့စံမင်းသားဖြစ်နေရုံတင်။ ရန်ငြိုးမထားပါနဲ့ဦး။ ဒါသာပြန့်သွားရင် မိသားစုထဲကဘယ်သူမှ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။"

သခင်မလုက ချက်ချင်းပြန်ပြောလိုက်သည်: "အ

မေကဘယ်လိုလုပ်ရန်ငြိုးထားရမှာလဲ။ အိမ်မှာပဲပြောပြတာတာပါ-"

သူမစကားမဆုံးခင် ရှဲ့ဖင်းကန်းက ခပ်မာမာမျက်နှာထားဖြင့် ကြည့်လိုက်သည်: "အိမ်မှာလည်း အဓိပ္ပါယ်မရှိတာတွေမပြောသင့်ဘူး။ ဘေးမှာ လူတွေအများကြီးရှိတယ်။ ဒါသာပြန့်သွားရင် အပြစ်ကင်းတဲ့မှတ်ချက်လေးကတောင် ကိုယ့်ကိုပြန်ထိလာလိမ့်မယ်။ အိမ်ရှေ့စံမင်းသားထိခိုက်တဲ့နှစ်တုန်းက အိမ်မှာ အမျိုးသမီးတစ်ယောက်ကအတင်းအဖျင်းပြောခဲ့လို့ သူမကို အဆိပ်ခတ်ပြီး နှုတ်ပိတ်လိုက်တယ်တဲ့။"

သခင်မလု၏ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏။

ရှဲ့ချောင်လည်း အံ့သြသွားခဲ့သည်: "အိမ်ရှေ့စံမင်းသားကလုပ်ခဲ့တာလား"

"သူလုပ်တာ မလုပ်တာ ငါတို့ကိစ္စမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အိမ်မှာတောင်ဆွေးနွေးလို့မရတဲ့ ကိစ္စတွေဆိုတာရှိတယ်။" ရှဲ့ဖင်းကန်းက သခင်မလုကို မရည်ရွယ်ဘဲ သတိပေးလိုက်ပုံပင်။

သူ၏ဖခင်လက်ထက်ခဲ့သော အမျိုးသမီးသည် ကြောက်စရာပင်။

သူသည် သူမအားတိတ်တိတ်နေရန် ခြောက်လိုက်သည်။

ရှဲ့နျိုရှန်းသည် သူ၏သားကိုသိပေသည်။ ထို့ကြောင့် သူသည် ဘာမှမပြောခဲ့ပေ။

ရှဲ့ဖင်းကန်းသည် ယခင်က ရှဲ့ချောင်ပေးခဲ့သော သဲလွန်စများမရှိလျှင် ထိုကိစ္စမှာ သူ့အတွက်ဖြေ

ရှင်းရန်ခက်ခဲမည်ကို သိပေသည်။

သို့သော်လည်း သူမသည် လေထဲမှ ထိုသဲလွန်စများကိုရရှိလာသကဲ့သို့ပင် ထိုသဲလွန်စများကိုပေးနိုင်သည်မှာ ထူးဆန်းနေသည်ဟု တွေးခဲ့သည်။ ထို့ကြောင့် သူသည် အများရှေ့တွင် သူမ၏နာမည်ကိုမတပ်ခဲ့ပေ။ သူ၏ရပ်တည်ချက်ကိုပြသရန်အတွက် သူမကို အိမ်တွင်သာ ချီးကျူးနိုင်ခဲ့သည်။

အမှန်မှာ ရှဲ့ချောင်သည် ရှဲ့ဖင်းကန်း ချီးမြင့်ခံရသည့်ငွေအကြောင်း ကြားခဲ့ရသည်။

သူမသည် သူကညစာစားပွဲ၌ သူမအားလက်ဆောင်ပေးလိမ့်မည်ဟု မျှော်လင့်ထားပေသည်။ ယခု ညစားစားပြီးသွားသည်အထိ မည်သည့်လက်ဆောင်မျှ မရသေးပဲရှိမည်ဟု တစ်ခါမှမတွေးထားခဲ့ပေ။

သူမ၏ခြံဝန်းကိုပြန်သောအခါ ရှဲ့ဖင်းကန်းသည် သူမ၏ခြံဝန်းထဲတွင် လှံတစ်ချောင်းကိုသုတ်နေသည်ကို သူမသတိထားမိလိုက်သည်။

၎င်းလှံမှာအသစ်ပင်။

လုံးဝကို အသစ်။

ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းကိုကြည့်ကာ တိတ်တဆိတ် မျက်လုံးလှန်လိုက်တော့သည်။

သူသည် သူ၏ညီမအတွက် အရသာရှိပြီးပျော်ရွှင်စေမည့်တစ်စုံတစ်ခုမဝယ်ခဲ့ဘဲ လက်နက်တစ်ခုဝယ်လာပေးလေသည်။

"...."

သူကအရူးတစ်ယောက်ပဲ!

•••••••

All Chapters