(သူမကို အိမ်ပြန်ခေါ်လာပေးပါ)
Vol. 11 Ch. 183
ရှဲ့ချောင်သည် နှာမှုတ်လိုက်၏။ ကံကောင်းစွာဖြင့် သူမသည် ကိုယ်ပိုင်ငွေရှာနိုင်ပေသည်။ မဟုတ်လျှင် သူမကိုထောက်ပံ့ရန် သူမ၏အစ်ကိုနှင့်အဖေကို မှီခိုနေရမည်ဖြစ်ပြီး သူမသည် အစာရေစာနှင့် အဝတ်များပင် ပြတ်လက်သွားလိမ့်မည်!
ယခုတွင် သူမသည် ရှဲ့ရှီအကြောင်းတွေးလိုက်ပြီး...အဘယ့်ကြောင့် သူမငွေကို အလွန်ကြိုက်ရသည်အား ရှဲ့ချောင် ရုတ်ချည်း နက်နက်ရှိုင်းရှိုင်းသဘောပေါက်သွားခဲ့သည်။
သူမ၏ညီမသည် မပုန်းကွယ်ဘဲ ငွေများဝင်နေပါက သူမသည် ကိုယ်တိုင်အတွက် အရသာရှိသောအဆာပြေမုန့်များကိုဝယ်ရန် ပိုက်ဆံရှိလိမ့်မည်မဟုတ်ပေ။ သခင်လုသည်လည်း ရှဲ့ဖင်းဟွိုက်ကိုသာဂရုစိုက်ပြီး သူမကို လျစ်လျူရှုလိမ့်မည်။
ဟမ့်။
.....
သုံးရက်ကြာပြီးနောက် ကျောင်းတော်၏ပိတ်ရက်ဖြစ်သည်။
မော့ချူးရှန်းအသွင်ပြောင်းထားသော ရှဲ့ချောင်သည် ဝေ့နှင့် ကျန်းအိမ်တော်ကြားရှိ လက်ဖက်ရည်ဆိုင်သို့ သွားခဲ့သည်။
မကောင်းသောစွမ်းအင်မှာ တည်ငြိမ်လာပြီး အလွန်အားကောင်းလာနေသည်။ သူမသည် ကျန်းမိသားစု၏စီးပွားရေးမှာ လွန်ခဲ့သောရက်ပိုင်းက သိပ်မကောင်းကြောင်း ခန့်မှန်းမိပေသည်။ မကောင်းသည့်အရာတစ်ခုခုဖြစ်ပျက်သွားခဲ့ရမည်။
ရှဲ့ချောင်သည် အချိန်အတော်ကြာထိုင်ပြီးနောက် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကမေးလာသည်: "သူတော်စင်? အရင်ရက်က လာခဲ့တဲ့သူတော်စင်ကြီး မလား!?"
"ဘာဖြစ်လို့လဲ?" ရှဲ့ချောင်ကမေးလိုက်သည်။
"ဝေ့မိသားစုရဲ့သခင်မက အရင်နေ့က ဖြတ်သွားခဲ့တယ် ဒါ့ကြောင့် သူတော်စင်ကြီး ပြောခဲ့တာကို သူမကိုပြောပြလိုက်တော့ သူမက သူတော်စင်
ကြီး လာရင် သတင်းပို့ဖို့မှာထားခဲ့တယ်။ကျေးဇူးပြုပြီးဒီမှာစောင့်နေပေးပါဦး။" လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် အစေခံတစ်ယောက်ကို ခေါ်ကာ လမ်းတစ်ဖက်သို့ ချက်ချင်းအခေါ်လွှတ်လိုက်သည်။
မကြာမီပင် သခင်ဝေ့နှင့် သခင်မဝေ့တို့ ရောက်လာခဲ့ကြသည်။ ၎င်းတို့မှာ ပျာယီးပျာယာဖြင့်။
လင်ယောကျ်ားနှင့် ဇနီးသည်တို့သည် ရှဲ့ချောင်ကိုမြင်လိုက်သည်နှင့် အပြေးရောက်လာခဲ့ကြသည်။
"သူတော်စင်!"
ရှဲ့ချောင်က အသာခေါင်းညိတ်လိုက်သည်။
ထိုစုံတွဲသည် လှည့်ပတ်ကြည့်ကာပြောလာသည်: "သူတော်စင် ကျွန်တော်တို့သမီးလေးရဲ့ ဝိညာဥ်ကို ကျွတ်လွတ်အောင်လုပ်ပေးလို့ရမလား။"
ရှဲ့ချောင်သည် ဆက်လက်ခေါင်းညိတ်ပြလိုက်သည်။
ထိုစုံတွဲ အများရှေ့တွင် မပြောရဲသည့် တစ်စုံတစ်ခုရှိရမည်။
ရှဲ့ချောင်သည် ဝေ့အိမ်တော်၏ ခြံဝန်းနောက်သို့လိုက်သွားခဲ့သည်။
မည်သူမှမရှိတော့ရာ သခင်မဝေ့က ရှဲ့ချောင်ကို ဒူးထောက်လိုက်သည်: "ကျွန်မရဲ့သမီးကို တစ်
ယောက်ယောက်က သတ်ခဲ့တာလို့ပြောခဲ့တယ်မဟုတ်လား။ သူတော်စင်? သင် တစ်ခုခုကိုမြင်မိလို့လား။ ကျွန်မ ဒီရက်ပိုင်း သမီးလေးက ကျွန်မရှေ့မှာ မရပ်စတမ်းငိုနေတယ်လို့ အိပ်မက်မက်နေခဲ့တာ။ ကျွန်မရဲ့နှလုံးတွေ ကွဲနေပါပြီရှင်။"
သူမသည် အိပ်မက်မက်သည့် ပထမရက်၌ စိတ်လွတ်နေခဲ့၏။
သူမ လမ်းတစ်ဖက်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားလည်ခဲ့သည်။
သူမသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် ရင်းနှီးပြီး သူသည် သူမအား သူတော်စင်က လျှို့ဝှက်ဆန်းကြယ်သောစကားတစ်ချို့ပြောခဲ့ကြောင်း ပြောလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူမ၏အိပ်မက်ကို ပြန်တွေးလိုက်သောအခါ စိတ်မသက်မသာဖြစ်နေခဲ့သည်။
ထိုနေ့မှစ၍ သူမသည် နောက်ရက်များတွင်လည်း တူညီသောအိပ်မက်တစ်ခုတည်းကိုသာ မက်နေခဲ့သည်။
"ထပါ။ ရှဲ့ချောင်သည် သူမကို ထူပေးရန် လက်ဆန့်လိုက်သည်။ "ကျွန်မ အရင်နေ့က ကျန်းအိမ်တော်မှာ အမှောင်စွမ်းအင်တစ်ချို့ကိုတွေ့ခဲ့ရတာမလို့ နာကျည်းနေတဲ့ဝိညာဥ်တစ်ကောင်ရှိနေမယ်ဆိုတာ သိလိုက်တယ်။ ကျွန်မ ရိုးရှင်းတဲ့တွက်ချက်မှု လုပ်လိုက်ချိန်မှာ ရှင်တို့သမီးရဲ့ ကံမကောင်းအကြောင်းမလှဖြစ်ခဲ့တာကို တွေ့ခဲ့ရတယ်။ အဲဒါကြောင့်လည်း ကျွန်မ သူမကိုသနားတယ်လို့ လက်ဖက်ရည်ဆိုင်မှာ ပြောခဲ့တာ။"
"ဒ-ဒါပေမယ့် ကျွန်မရဲ့သမီးလေးက သူမရဲ့
အားနည်းတဲ့ခန္ဓာကိုယ်ကြောင့် သေခဲ့ရတာလေ..." သခင်မဝေ့မှာ ကြောင်အမ်းနေခဲ့သည်: "ဖြစ်နိုင်မလား..."
"တကယ်ကို ကျန်မာရေးမကောင်းတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမယ့် ကျွန်မ ရှင့်သားမက်ရဲ့မျက်နှာကိုမြင်လိုရတော့ သူနဲ့ဆက်စပ်မှုရှိနေမှာကို စိုးရိမ်မိတယ်။" ရှဲ့ချောင်က ပြောလိုက်သည်။
သခင်ဝေ့သည် မသိစိတ်မှ လွှတ်ခနဲပြောလိုက်မိသည်: "မဖြစ်နိုင်ဘူး ငါတို့သားမက်က ငါတို့အပေါ် အရမ်းတာဝန်ကျေတယ်... ငါတို့တွေ သူငယ်ငယ်လေးကတည်းက ကြီးပြင်းလာတဲ့အထိ မြင်တွေ့ခဲ့ကြရတာ..."
သူ၏ သားတစ်ဝက်ဖြစ်သည်ဟုပြောလျှင်ပင် ချဲ့ကားနေသည်မဟုတ်ပေ!
အမျိုးသမီးဝိညာဥ်သည် သူမ၏မိဘများဘေး၌ ရပ်နေခဲ့သည်။ သူမ၏မိဘများ ရှုပ်ထွေးနေသည်ကိုတွေ့လိုက်ရသောအခါ သူမသည် စိတ်တိုသွားခဲ့သည်။
"ကျေးဇူးပြုပြီး အဖေ့ကိုပြောပေးပါ... ပေါင်အာ နောင်တရနေပါပြီ ပေါင်အာ့ကို အိမ်ပြန်ခေါ်ပေးဖို့ ပြောပေးပါ။ ကျွန်မ သေသွားပေမယ့် ကျန်းအိမ်တော်မှာ မနေနိုင်ဘူး။" အမျိုးသမီး ဝိညာဥ်ကပြောလိုက်သည်။
ရှဲ့ချောင် အကြံရသွားကာ သူမသည် အင်းစာရွက်ကိုယူ၍ အနည်းငယ်ရေးဆွဲဟန်ဆောင်ပြီး အမျိုးသမီးဝိညာဥ်ပြောသောစကားများကို တိုးတိုးလေးပြောလိုက်သည်။
"သူမကို အိမ်ပြန်ခေါ်ခိုင်းစေချင်တာလား!" သခင်
ဝေ့၏အမူအယာမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။
မိသားစုမှာ သူတို့သမီးလေးလက်မထက်ခင်နေ့က ပျော်လည်းပျော် ဝမ်းလည်းနည်းခဲ့ရသည်။
သမီးလေးသည် သူမ မှားယွင်းနေသည်ဟုခံစားရလျှင် အိမ်သို့ပြန်လာပြီး အမှန်တရားရှာဖွေမည်ဟု သူ့ကိုပြောခဲ့သည်။ သူမသည် သူမ၏ပြဿနာကို ဖခင်ကိုဖြေရှင်းပေးခိုင်းရန် သူမကို အိမ်သို့ပြန်ခေါ်ခိုင်းမည်ပင်...
"သ-သူတော်စင် သမီးလေးဘယ်လိုသေ...ခဲ့ရတာလဲ မေးပေးလို့ရမလား။ သူ့မှာ...အမျိုးသမီးတစ်ယောက်ရှိနေတာကြောင့်လား။ အဲ့တာဘယ်သူလဲ။" သခင်ဝေ့၏မျက်နှာမှာ ယခုတွင် လုံးဝညိုးငယ်သွားခဲ့သည်။
•••••