← Chapters

(ခွေးရူးကောင်)

Vol. 11 Ch. 184

(ခွေးရူးကောင်)

Vol. 11 Ch. 184

ရှဲ့ချောင်သည် သူတို့၏အမူအယာများကိုမြင်လိုက်ရသောအခါ ဝေ့မိဘများအတွက် စာနာသနားကာ သက်ပြင်းချလိုက်မိသည်။

သားသမီးများက မိဘထက်အရင် သေဆုံးသွားခြင်းမှာ ကမ္ဘာပေါ်တွင် ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်ပင်။ သူတို့၏သမီးသည် ဖျားနာ၍သေဆုံးသွားခြင်းမဟုတ်ကြောင်း သိလိုက်ရသောအခါ ပိုဆိုးပေသည်။

ရှဲ့ချောင်သည် သူတော်စင်ဖြစ်သောကြောင့် ဝေ့မိဘများသည်သေဆုံးသူနှင့် ဆက်သွယ်နိုင်သည်ကို ထူးဆန်းသည်ဟု မထင်ခဲ့ကြပေ။

ကမ္ဘာပေါ်တွင်သေဆုံးသူများနှင့်ဆက်သွယ်နိုင်သော ပုန်းကွယ်နေသည့်သူတော်စင်များရှိကြောင်း ကြားဖူးပေသည်။

ရှဲ့ချောင်သည် လက်ဆန့်ထုတ်လိုက်ပြီး တွက်ချက်လိုက်သည်: "သခင်မလေးဝေ့က...ဒေါသကြောင့်သေဆုံးခဲ့ရတယ်။ အဲ့ဒီအမျိုးသမီးကဘယ်သူလဲဆိုတာသိချင်ရင်... မွန်းတည့်ချိန်မှာ အနောက်ရပ်ကိုသွား သုံးလမ်းမြောက်မှာ ဘယ်ကိုချိုး ရှီးချွဲ့(အနောက်စာကလေး)လမ်းကိုရောက်ရင် ခြေလှမ်း ၂၀၀လှမ်း ဒါဆို ရှင်တို့ရဲ့သံသယတွေ ရှင်းသွားလိမ့်မယ်"

သခင်မလေးဝေ့သည် သိပ်ပြီး ဥာဏ်မကောင်းပေ။ သူမသည် သူမ၏ခင်ပွန်းတွင် အမျိုးသမီးတစ်ယောက်ရှိနေသည်ကိုသာသိခဲ့ရသည်။

သူမသည် မည်သူဖြစ်ကြောင်းသိသော်လည်း ထိုနှစ်ယောက်သည် ဘယ်အချိန် ဘယ်နေရာ၌ဆုံကြမှန်း မသိခဲ့ပေ။

သူမသည်သေဆုံးပြီးနောက် ဝေဝါးစွာ လှည့်ပတ်သွားလာနေခဲ့သည်။ ရှဲ့ချောင်၏ ဆိုင်နာမည်ကပ်ပြား အောက်ရှိ ခေါင်းလောင်းသံကိုကြားလိုက်သောအခါ သူမ၏စိတ်ဝိညာဥ်မှာ ပြန်လည်စုစည်းလာခဲ့ပြီး ထိုအခါမှသာ သူမဘာလုပ်သင့်မှန်း သိခဲ့ရသည်။

စုံတွဲသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည် - ၎င်းတို့၏မျက်နှာများတွင် လေးလံသောအကြည့်များရှိနေခဲ့သည်။

မွန်းတည့်ချိန်ရောက်ခါနီးတွင် သူတို့သည် ရှဲ့ချောင်၏ညွှန်ကြားချက်အတိုင်း ထွက်ခွာခဲ့ကြ

သည်။ သူတို့သည် ရှီးချွဲ့လမ်းကို လျှောက်သွားခဲ့ကြပြီး လမ်းကြားလေးတစ်ခုတွေ့လိုက်ကာ ခြံဝန်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။ သူတို့ ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် အထဲမှ ရယ်သံများကိုကြားလိုက်ရသည်။

ထိုအသံများမှာ... အလွန်ရင်းနှီးနေပေသည်။

သခင်မဝေ့မှာ ပို၍စိတ်မြန်ပြီး ချက်ချင်း ဝင်သွားလိုက်သည်။

သူမကြည့်လိုက်သောအခါ ယောက်ျားဖြစ်သူမှာ သူ၏သားမက်ဖြစ်နေခဲ့၏။

ထိုစဥ် အမျိုးသမီးမှာလည်း... သူတို့နှင့် ရင်းနှီးသောသူဖြစ်နေခဲ့သည်!

ထိုအမျိုးသမီးနှင့် သူမ၏မိခင်သည် ဝေ့မိသားစုအတွက် တစ်နှစ်ပတ်လုံး အဝတ်လျှော်ပေးခဲ့သည်။ သူတို့သည် အလုပ်ကြိုးစားရာ သခင်မဝေ့က သူတို့ကို ပို၍ပေးကမ်းခဲ့သည်။ သူမသည် အမေနှင့်သမီးအတွက် ရက်ရောပေးခဲ့သည်။ ၎င်းမှာ အကူအညီကြီးကြီးမားမားမဟုတ်သော်လည်း အတော်လေး...ကောင်းပေသည်မဟုတ်လော!?

သူမအားပြန်ပေးဆပ်ရန် မမျှော်လင့်ထားသော်လည်း ယခုလို လုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ!

ရယ်စရာကောင်းသည်မှာသူမသည် မနေ့က ဟယ်ရှို့နှင့် ဆုံခဲ့ကြသည်။ သူမသည်(သခင်မဝေ့) အလွန်ကြင်နာကာ သူမအား လူကောင်းတစ်ယောက်နှင့်မိတ်ဆက်ပေးမည်ဟု ပြောခဲ့သေးသည်!

သခင်မဝေ့သည် ယခုတွင် သူမ၏သမီး မည်မျှဖြတ်ကျော်ခံစားခဲ့ရကြောင်း တွေးမိကာ ရင်ကွဲနေခဲ့ရသည်။

သူမက ရှေ့သို့တိုးသွားကာ အော်လိုက်သည်: "နင်တို့ အရှက်မဲ့တဲ့ အမှိုက်ကောင်တွေ! နင်တို့ကို ကောင်းတဲ့သူတွေလို့ထင်နေခဲ့တာ! ဒီတစ်ချိန်လုံး နင်တို့တွေ အတူတူရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး! ကျန်းလုရှန်း နင် ခွေးရူးကောင်! ငါ့သမီးလေးက နင့်ကိုလက်ထပ်ခဲ့တာ နင်က သူမကို အခုလို နှိပ်စက်ခဲ့တာလား။ သူမက ကျန်းမာရေးမကောင်းဘူး။ နင် သူမကိုမလိုချင်တော့ဘူးလို့ ပြောလိုက်လို့ရတယ်လေ။ ဘယ်သူကမှ သူမကိုလက်ထပ်ဖို့ နင့်ကိုတွန်းအားမပေးခဲ့ဘူး! အခု နင်က သူမကိုသတ်လိုက်တယ် သူမကို ဒေါသထွက်အောင်လုပ်ပြီး သတ်ခဲ့တာ! ငါနင့်ကိုသတ်ပစ်မယ်!"

သခင်မဝေ့သည် စကားပြောရင်း ဘေးနားရှိ တံမြက်စည်းကို ကောက်ယူလိုက်သည်။ သူမသည် လက်မြောက်ကာ ထိုနေရာသို့ အပြေးသွားလိုက်သည်။

ကျန်းလုရှန်း ကြောက်လန့်သွားခဲ့၏။

သူရှင်းပြတော့မည့်အချိန်တွင် တံမြက်စည်းကရောက်လာခဲ့သည်။

သတိပေးခြင်းမရှိဘဲ သူသည် အကြိမ်များစွာ အရိုက်ခံလိုက်ရသည်။

လမ်းထဲရှိ အိမ်နီးချင်းများက ထိုလှုပ်လှုပ်ရှားရှားအသံများကြောင့် ထွက်လာကြသည်။

သခင်မဝေ့သည် သူ့ကို အကြိမ်တစ်ချို့ရိုက်ပြီးနောက် မြေပြင်ပေါ်ထိုင်ကာ စတင်ငိုကြွေးတော့သည်: "ငါ့ရဲ့ သနားစရာသမီးလေး! အိုး ဒီလိုမတရားမှုကြောင့် သေသွားခဲ့ရတယ်! သမီးအတွက် ဒီလိုကောင်မျိုးကိုရွေးပေးလိုက်တဲ့ အမေ့ရဲ့အမှားပါ။ သမီးတို့ငယ်ရွယ်တုန်း ငယ်ချစ်နဲ့လက်ထက်ပေးလိုက်ရင် ကောင်းမှာပဲလို့ တွေးခဲ့မိတာ။ သူက အပြင်မှာ မိန်းမရှိနေတာ အမေဖြင့်ယုံတောင်မယုံနိုင်ဘူး! ကျန်းလုရှန်း နင် အရှက်မရှိတဲ့ဝက်ကောင်၊ အခု နင်က ချမ်းသာလာပြီဆိုတော့ ငါ့သမီးကို အခုလိုလုပ်လိုက်တာလား!?"

သခင်မဝေ့သည် ငိုနေရင်း သနားစရာကောင်းနေခဲ့သည်။

ကျန်းလုရှန်းမှာ တုန်လှုပ်သွားခဲ့သည်: "ယောက္ခမကြီး ဒါ နားလည်မှုလွဲနေတာပါ ကျွန်တော် မကောင်းတာမလုပ်ခဲ့ပါဘူး။ သူမက ပေါင်အာသေသွားပြီးမှ ရောက်လာတာပါ-"

"ပေါင်အာသေပြီးမှ? ရတယ်လေ! အခု အိမ်နီးချင်းတွေလည်းရှိနေတော့ နင်တို့နှစ်ယောက် အတူနေနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ငါမေးကြည့်လိုက်မယ်!" သခင်မဝေ့သည် မတုံးအပေ။

ထိုစကားကိုကြားလိုက်ရသောအခါ ကျန်းလုရှန်း၏အမူအယာမှာ ပြောင်းလဲသွားခဲ့သည်။

•••••

All Chapters