← Chapters

(ကျေးဇူးကန်းတဲ့ကောင်)

Vol. 11 Ch. 185

(ကျေးဇူးကန်းတဲ့ကောင်)

Vol. 11 Ch. 185

အပြင်ဘက်တွင် ကြည့်ရှုသူများရှိနေကြပြီး ထိုရန်ပွဲမှာ မည်မျှကြီးမားကြောင်းလျစ်လျူရှုထားခဲ့ကြသည်။

လူအများသည် ရန်ပွဲအကြောင်းအရာများကို နားထောင်ရင်း ထိုသူတို့ပြောနေသည်များကို ခန့်မှန်းမိခဲ့ကြသည်။ သူတို့သည် ကျန်းလုရှန်းနှင့် ဟယ်ရှို့အစား ရှက်နေခဲ့ကြသည်။

"ကျွန်တော်တော့ ဒီမိန်းကလေးကို လွန်ခဲ့တဲ့သုံးနှစ်လောက်က ခေါ်လာတယ်လို့ထင်တာပဲ။ ကျွန်တော်တို့တွေ ဒီလူ ရံဖန်ရံခါလာတတ်တာကိုလည်း တွေ့ဖူးတယ်။ ဒီနောက်ပိုင်းမှာ ပိုပြီးအတွေ့များတယ်။" အပြင်ဘက်ရှိ အိမ်နီးချင်းတစ်ယောက်က ရိုးသားစွာပြောလာသည်။

သခင်မဝေ့သည် ထိုစကားကိုကြားလိုက်ရပြီးနောက် အသက်ရှူကြပ်သွားခဲ့သည်။ သူမသည် လှောင်ပြုံးပြုံးလိုက်ပြီး အံကြိတ်လိုက်သည်: "သုံးနှစ်! နင့်အမေနေမကောင်းဖြစ်ပြီး ငါတို့ဆီက ငွေချေးခဲ့တာ လွန်ခဲ့တဲ့သုံးနှစ်ကပဲ! ပြီးတော့ နင်! နင် ငါ့သမီးကို လွန်ခဲ့တဲ့သုံးနှစ်က လက်ထက်ခဲ့တာ!"

ဟယ်ရှို့မှာ ထိတ်လန့်နေသော်လည်း သူမသည် ပို၍ အံ့သြထိတ်လန့်သွားသည်။ သူမတို့ ဖော်ထုတ်ခံလိုက်ရသည်မှာ ပိုကောင်းသည်ဟုတွေးနေခဲ့သည်။ နောက်ဆုံးတွင် သူမတို့ ပေါ်ပေါ်တင် အတူရှိနိုင်ပြီဖြစ်သည်။

အချိန်တိုင်း ကျန်းလုရှန်းသည် သူတို့၏မိသားစုသည် ဝေ့မိသားစုကို မှီခိုနေရကြောင်း ပြောနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ပြန်လက်ထက်ရန်မှာ အဆင်မပြေခဲ့ရာ သူမသည် ပုန်းအောင်းနေခဲ့ရသည်။

သူမသည် သခင်မဝေ့ပြောသောစကားများကို လုံးဝဂရုမစိုက်ပေ။

လွန်ခဲ့သောသုံးနှစ်က သူမ၏မိခင် ဖျားနာခဲ့သည်။ ၎င်းမှာ မပြင်းထန်သော်လည်း သူမသည် ဆေးဖိုးမတတ်နိုင်ခဲ့ပေ။ ထိုမျှသာမက သူမသည် သူမ၏မိခင်ကိုယ်စား ဝေ့အိမ်တော်တွင် အလုပ်လုပ်ပေးခဲ့ရသည်။

သူမသည် ဝေ့မိသားစုနှင့် သူတို့သမီး၏အဝတ်အစားများကို ခြံဝန်းထဲတွင် လျှော်ဖွတ်ပေးခဲ့ရသည်။ သူတို့ကျရော?

သူတို့ကတော့ အဆာပြေမုန့်များစားရင်း စကားစမြည်ပြောဆိုကာ ရယ်မောနေခဲ့ကြသည်။

ထိုသခင်မလေးဝေ့သည် ကျန်းလုရှန်းမှာ သူမအပေါ် မည်မျှကောင်းကောင်း အရွှန်းဖောက်နေခဲ့သည်...

သူမလည်း ကျန်းလုရှန်းကောင်းကြောင်း သိပေသည်။ အကြောင်းပြချက်မှာ သူမနှင့် ကျန်းလုရှန်းသည်လည်း အတူတကွကြီးပြင်းလာခဲ့ပြီး သူမငယ်စဥ်ကတည်းက သိခဲ့ကြသောကြောင့်ပင်။

သူမက ဆင်းရဲပြီး ဝေ့မိသားစုက ချမ်းသာသည်ဆိုသည့်အချက်ကြောင့်သာမဟုတ်ပါက ကျန်းလုရှန်းသည် ဝေ့မိသားစု၏သမီးကို ဘာလို့ လက်ထပ်ရမှာလဲ?

ထိုအခိုက်အတန့်တွင် သူမသည် နိမ့်ကျသောဘဝတွင် ထာဝရနေရမည်ထက် မကောင်းသည့်လူဖြစ်လိုက်မည်ဟု တွေးခဲ့သည်။

"သခင်မဝေ့ လုရှန်းက ရှင်တို့သမီးကိုသတ်ခဲ့သလိုမပြောပါနဲ့။ အဲ့တုန်းက အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့တာပဲလေ။ သူမရဲ့ခန္ဓာကိုယ်က အားနည်းတာကြောင့်မို့သာ အသက်ဆုံးရှုံးသွားခဲ့ရတာ

မဟုတ်ဘူးလား။" ဟယ်ရှို့က ရှေ့ထွက်လာခဲ့သည်: "လုရှန်းနဲ့ ကျွန်မကြားမှာ ဘာမှမရှိဘူး။ သူက ကျွန်မကိုသနားလို့ ယာယီနေလို့ရအောင် အိမ်ဝယ်ပေးခဲ့တာ။ အခု ရှင့်သမီး သေသွားတာ တစ်နှစ်ကျော်နေပြီ။ လုရှန်းပြန်လက်ထက်ချင်တယ်ဆိုတာ အဓိပ္ပါယ်ရှိတာပဲ မဟုတ်ဘူးလား။ ရှင်တို့သမီးအတွက် လုရှန်းကို မုဆိုးဖိုအဖြစ် တစ်သက်လုံး နေစေချင်နေတာလား။"

သခင်မဝေ့မှာ ထိုစကားကိုကြားလိုက်သောအခါ ဒေါသထွက်သွားခဲ့သည်။

"မင်း လိုက်မေးကြည့်လိုက်ဦး။ ငါတို့ဝေ့မိသားစုက သူ့ကိုပြန်လက်ထက်ဖို့ ဘယ်တုန်းကများ တားဆီးဖူးလို့လဲ။" သခင်ဝေ့၏အသံမှာ အေးစက်ကာ နက်ရှိုင်းနေခဲ့သည်: "ကျန်းလုရှန်း ငါ့သမီးကို မင်းတို့မိသားစုအုတ်ဂူမှာ မမြှုပ်နိုင်ဘူး! မင်းပြန်ရောက်တာနဲ့ သူမရဲ့အုတ်ဂူကိုရွှေ့ပေး မဟုတ်ရင် မင်းတို့မိသားစုစီးပွားရေးကို ပိတ်ပစ်ရမယ်မှတ်!"

သူသည် ထိုသို့ပြောပြီး သူ၏ဇနီးသည်ကို ထူလိုက်သည်။ ဤနေရာမှာ ညှီစော်နံနေသောနေရာဖြစ်သည်။ တစ်စက္ကန့်မျှကြည့်လျှင်တောင် သူတို့၏မျက်လုံးများကို ထိခိုက်သွားစေလိမ့်မည်!

ထိုစုံတွဲထွက်သွားပြီးနောက် ကျန်းလုရှန်းမှာ ကြောက်စရာကောင်းနေခဲ့သည်။

သူသည် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ကံကောင်းမနေခဲ့ပေ။

သူရေသောက်လိုက်တိုင်းသီးပြီး လမ်းလျှောက်တိုင်း ခလုတ်တိုက်နေခဲ့သည်။ ၎င်းတို့မှာ ဘာမှမဟုတ်ပေ - မြို့တော်အပြင်ဘက်ရှိ ဘုရားကျောင်းတစ်ခုသည် သူ၏မိသားစု ဖယောင်းတိုင်များကို ငြင်းပယ်ခဲ့သည်။ ထိုအစား အခြားတစ်

ယောက်ဆီမှ ဝယ်ခဲ့ကြသည်။

သူ၏ဖခင်က ထိုအတွက် ဆူပူကြိမ်းမောင်းခဲ့သည်။ ထို့ကြောင့် ယနေ့တွင် စိတ်အပန်းဖြေချင်နေခဲ့သည်။

သူ၏ ယောက္ခထီး ယောက္ခမများ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

ကံဆိုးတယ်၊ လုံးဝကိုကံဆိုးနေတယ်။

ကျန်းလုရှန်းမှာ မှုန်ကုပ်ကုပ်ဖြင့် မသာမယာဖြစ်နေခဲ့၏။ သူသည် ဟယ်ရှို့ကို လျစ်လျူရှုကာ ထွက်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျန်းမိသားစု၏နောက်ခံမှာ ဝေ့မိသားစုအောက် နိမ့်ကျပေသည်။ ထို့ပြင် ကျန်းမိသားစုသည် ဖယောင်းလုပ်ငန်းနှင့်သာရင်းနှီးပြီး ဝေ့မိသားစုသည် အမွှေး

တိုင်ရော ဖယောင်းလုပ်ငန်းနှင့်ပါ ရင်းနှီးပေသည်။ သူ၏ ယောက္ခထီး ယောက္ခမများက သူ့ကို ဒေါသထွက်သွားလျှင် သူ့မိသားစု၏စီးပွားရေးမှာ အမှန်တကယ် ကျဆင်းသွားပေလိမ့်မည်။

......

ဝေ့မိဘများ ပြန်လည်ရောက်ရှိလာကြသည်။

ရှဲ့ချောင်သည် သူတို့၏အိမ်၌ လက်ဖက်ရည်(ရေနွေးကြမ်း)သောက်ကာ စောင့်နေခဲ့သည်၊

သူမအားတွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုနှစ်ယောက်သည် ဦးညွှတ်အရိုအသေပြုခဲ့ကြသည်။ သို့သော် ၎င်းတို့မှာ ကြည့်မကောင်းဘဲ စိတ်ဓါတ်ကျနေဟန်ပင်။

"ဝဋ်ဆိုတာ အမြဲတမ်းလည်တတ်တယ်။ သိပ်ကြာ

တော့မှာမဟုတ်ပါဘူး။" ရှဲ့ချောင်က တည်ငြိမ်စွာပြောလိုက်သည်။

သူမသည် မကောင်းမှုစွမ်းအင်ကို ဘာမှ မလုပ်ခဲ့ပေ။

သခင်ဝေ့က သက်ပြင်းချလိုက်သည်: "ကျွန်တော်တို့ကို နှစ်သိမ့်ပေးစရာမလိုပါဘူး သူတော်စင်။ ကျန်းမိသားစုက အခု ထွန်းပေါက်လာပြီ။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ပြသပြီး သူတို့ရဲ့စီးပွားရေးထိုးကျသွားရင်တောင် သူတို့က ပညာသင်ပြီးသားပဲလေ သူတို့ရဲ့ ကျန်တဲ့ဘဝအတွက် အစာမရှာနိုင်ဘဲ နေပါ့မလား။"

သူ့အတွက် စိတ်အဆင်းရဲဆုံးကိစ္စတစ်ခုရှိသည်။ ၎င်းမှာ သူသည် ကျေးဇူးကန်းသည့်ကောင်ကို သူ့လက်နှင့် ကိုယ်တိုင် ပျိုးထောင်ပေးခဲ့မိသောကြော

င့်ပင်။

••••••

All Chapters