(နမိတ်ဆိုး)
Vol. 11 Ch. 186
ဝေ့စုံတွဲသည် စိတ်ရှုပ်ထွေးနေခြင်းမရှိပေ။ ယခုတွင် သူတို့လုပ်ချင်သည်မှာ သမီး၏ နောက်ဆုံးဆန္ဒဖြစ်သည့် ကျန်းမိသားစု၏အုတ်ဂူမှ ရွှေ့ပေးရန် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။
၎င်းမှာ ကျန်းလုရှန်းအား မိသားစုစီးပွားရေးနှင့် ခြိမ်းခြောက်ကာ အိမ်နီးချင်းများ ဖြန့်လိုက်သောကောလဟာလများမှလာသော ဖိအားကြောင့် ခက်ခဲလိမ့်မည်မဟုတ်ပေ။
သို့သော် သူတို့သည် နာကြည်းမှုများကို သည်းမခံ
နိုင်ပေ။
ရှဲ့ချောင်က ခေါင်းရမ်းလိုက်သည်: "မဟုတ်ဘူး ကျန်းလုရှန်းမှာ အပြစ်သားမျက်နှာရှိတယ်။ စိတ်ရှည်ရှည်နဲ့စောင့်လိုက်ပါ။ ကောင်းကင်ဘုံက လူဆိုးတွေကို ဘယ်တော့မှ မျက်နှာသာမပေးဘူး။"
ထိုစုံတွဲမှာ သံသယရှိနေသော်လည်း ထိုစကားကိုကြားလိုက်ပြီးနောက် အနည်းငယ် မျှော်လင့်ချက်ရှိလာကြသည်။
ကျန်းလုရှန်းသည် ပြန်ရောက်ရောက်ချင်း သူ၏ယောက္ခထီး ယောက္ခမများကို တွေ့ခွင့်တောင်းခဲ့သည်။ သူသည် အများရှေ့တွင် အမှားဝန်ခံခဲ့ပြီး လျှို့ဝှက်ဆက်ဆံရေးမရှိသင့်ကြောင်း ပြောခဲ့သည်။ သို့သော် သူသည် အတိတ်တုန်းက သူနှင့် ဟယ်ရှို့ကြား ဘာမှမဖြစ်ခဲ့ပါဟု အာမ'မခံခဲ့ပေ။
သူသည် ကွယ်လွန်သွားပြီဖြစ်သော သခင်မလေးဝေ့ကိုတောင်မှ ထည့်သွင်းပြောသွားခဲ့သည်။ ဟယ်ရှို့အတွက် အိမ်ဝယ်ပေးခဲ့သူမှာ သူနှင့် သခင်မလေးဝေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကျန်းလုရှန်း၏ဂုဏ်သတင်းမှာ အတော်လေးကောင်းမွန်သည့်အတွက် ပတ်ဝန်းကျင်က သူ၏ပြောစကားများအား ယုံခဲ့ကြသည်။
သို့သော် ဝေ့မိဘများကသာ သူတို့၏သားမက်ဖြစ်သူသည် ကြောက်စရာကောင်းအောင် လိမ်နေကြောင်း သိခဲ့ကြသည်။
ရှဲ့ချောင်သည် စကားပြောလိုက်ပြီး ဝေ့မိဘများမှာ ဒေါသထွက်၍ ကြည့်ရဆိုးနေသည်ကို သတိပြုမိလိုက်သည်: "သခင်လေးကျန်း ဝိညာဥ်
တွေက ရှင်လုပ်သမျှကို စောင့်ကြည့်နေပါတယ်။ ရှင်ဒီတလော အဝတ်တွေဘယ်လောက်ပဲထပ်ဝတ်ဝတ် နွေးတယ်လို့မခံစားမိလောက်တဲ့ထိ ချမ်းစိမ့်စိမ့်ဖြစ်သလို မခံစားမိဘူးလား?"
ကျန်းလုရှန်း၏မျက်ခွံများမှာ တွန့်သွားခဲ့ပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်: "ဒီလူလိမ်က ဘယ်ကရောက်လာတာလဲ! ငါ့ရဲ့ယောက္ခထီး ယောက္ခမတွေကို ဘာအဓိပ္ပါယ်မရှိတာတွေပြောထားတာလဲ။"
ရှဲ့ချောင်က အသာအယာပြုံးလိုက်သည်။
"သခင်လေးကျန်း ရှင့်ရဲ့မျက်ခုံးနှစ်ဖက်ကြားက အနက်ရောင်ဖြစ်သွားရင် ကပ်ဘေးဒုက္ခကြီးလာပါလိမ့်မယ်။ ရှင်မယုံရင်... မတ်တပ်ထရပ်ပြီး စမ်းကြည့်လိုက်မလား?"
ကျန်းလုရှန်းမှာ ၎င်းအား ရယ်စရာဟု ထင်နေခဲ့သည်။
သူမသည် သူ့ကိုမတ်တပ်ရပ်ရန် တောင်းဆိုနေခဲ့သည်!?
သူမဘာလုပ်နိုင်မှာမို့လို့လဲ။ သခင်မလေးဝေ့၏ ဒေါသထွက်နေသောဝိညာဥ်က သူမ၏အသက်ကိုပြန်ပေးရန် လာရောက်တောင်းဆိုလိမ့်မည်လား!?
ကျန်းလုရှန်းသည် လက်ရှိတွင် ဝေ့မိဘများ၏ရှေ့၌ ဒူးထောက်နေခဲ့သည်။ သူသည် ရှဲ့ချောင်ပြောသည်ကိုကြားလိုက်ရပြီး မတ်တပ်ရပ်ချင်နေခဲ့သည်။
သိုသော် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ ပို၍
လေးလံလာသလို ခံစားလိုက်ရသည်။
ကတ်တီ၁၀၀၀လေးသော ကျောက်တုံးကြီးတစ်တုံးက သူ၏ကိုယ်ပေါ် ပိနေသကဲ့သို့ပင်။ သူသည် သူ၏ခြေထောက်များကို လှုပ်ရှားလို့မရခဲ့ပေ!
(၁ကတ်တီ - ၁.၃၂၂၇၇ပေါင်)
သူသည် ချွေးအေးများထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အိမ်နီးချင်းများသည် ထိုအရာကိုမြင်လိုက်ပြီး အံသြထိတ်လန့်သွားခဲ့ကြသည်။
ရှဲ့ချောင်သည် ပတ်ပတ်လည်ရှိ ရာသီဥတုကိုကြည့်ရန် ခေါင်းမော့လိုက်သည်။ အေးစက်နေပေသည်။ တောင်ဘက်စွန်းရှိ ကျန်းအိမ်တော်မှ မကောင်းသောအငွေ့အသက် မှိန်ဖျဖျထွက်နေခဲ့
သည်။
သူမသည် တောင်ဘက်ရှိ ဖီးနစ်၏အနေအထားကိုကြည့်လိုက်သည်။ ၎င်းမှာ ကပ်ဘေးလက္ခဏာဖြစ်သည့် မီးဒြပ်စင်ရှိနေခဲ့သည်။
ရှဲ့ချောင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူမ အတော်လေးရှုပ်ထွေးနေခဲ့သည်။
ကျန်းအိမ်တော်ရှိ မိစ္ဆာအငွေ့အသက်မှာ သူမမျှော်လင့်ထားသည်ထက် ကြာက်စရာကောင်းနေခဲ့သည်။ ကျန်းလုရှန်း ဘာတွေကို လျှို့ဝှက်လုပ်ဆောင်ထားသေးသည်လဲ!?
လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် တောင်ဘက်သို့ကြည့်ရင်း အော်ညည်းလိုက်သည်: "တောင်ပိုင်းမှာ မီးလောင်နေတာလား?"
ထိုအသံထွက်လာသည်နှင့် လူတိုင်းသည် ကြည့်လိုက်ကြသည်။
မျှော်လင့်ထားသည့်အတိုင်း ဝင်သွားသောအနီရောင်နေလုံးကြီးနှင့်အတူ မီးခိုးငွေ့များ တဟုန်းဟုန်းထွက်လာခဲ့သည်။
နန်းမြို့တော်တွင် မီးကြိုတင်ကာကွယ်ရေးအဆောက်အဦးများရှိရာ ၎င်းတို့သည် ယခုနေရာရွေ့သင့်ပေသည်။ မီးလောင်ကျွမ်းနေသည့်အခိုက်အတန့်တွင် ရှဲ့ချောင်သည် ကျန်းလုရှန်း၏မျက်နှာပေါ်တွင် ရှုံးနိမ့်သွားသောကံတရားကိုတွေ့လိုက်ရသည်။
သူသည် သူ၏ကံကိုဆုံးရှုံးခဲ့ပြီး သူ၏မျက်နှာကို မကောင်းသောစွမ်းအင်များက နေရာယူသွား
သည်။ ၎င်းမှာ အားပြင်းပေသည်။
တောင်ပိုင်းရှိမီးသည် ကျန်းမိသားစုနှင့် ဆက်စပ်မှုရှိလိမ့်မည်။ မဟုတ်လျှင် ၎င်းသည် ရုတ်ချည်းထဖြစ်မည်မဟုတ်ပေ။
တစ်စုံတစ်ယောက်က ထူးဆန်းသော အနံ့ရပြီးနောက် အခိုင်အမာပြောလိုက်သည်: "အဲ့-အဲ့ဒါ ကျန်းမိသားစုရဲ့ ဖယောင်းဆိုင်မဟုတ်ဘူးလား"
ကျန်းမိသားစု၏ဖယောင်းဆိုင်သည် ယခုနေရာနှင့် သိပ်မဝေးပေ။
ကျန်းလုရှန်းသည် ခေါင်းလှည့်ကြည့်လိုက်ပြီး ထိုမီးတောက် မည်သည့်နေရာမှလာသည်ကို တွေ့လိုက်ရပြီးနောက် သူ၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ သူသည် ထရန်ကြိုးစားလိုက်
သော်လည်း သူ၏ခန္ဓာကိုယ်မှာ ကျောက်တုံးဖြင့် အဖိခံထားရသကဲ့သို့ လှုပ်တောင်မလှုပ်နိုင်ခဲ့ပေ!
'ဘာဖြစ်နေတာလဲ!'
'အိုး မဖြစ်ဘူး! အဲ့နေရာ မီးလောင်လို့မဖြစ်ဘူး အကုန်လုံးသာ မီးလောင်သွားရင် ငါ့ဘဝကြီး ပျက်စီးသွားလိမ့်မယ်!'
ရှဲ့ချောင်သည် သခင်မလေးလု၏ဝိညာဥ်သည် ကျန်းလုရှန်း၏ကိုယ်ပေါ် အားအကုန်သုံးကာ ဖိထားပြီး သူ့အား လှုပ်လို့မရအောင် တားဆီးထားသည်ကို တွေ့လိုက်ရသည်။
မိစ္ဆာစွမ်းအင်မှာ ထိုနေရာ၌ ပြင်းထန်နေသောကြောင့် သူမ၏ခွန်အားကို တိုးမြှင့်လာစေခဲ့သည်။ ၎င်းမှာ ထိုသို့လုပ်ရန် သူမစီစဥ်ထားခြင်း
ဖြစ်သည်။ သို့သော် သာမန်ဝိညာဥ်သည် ထိုမျှစွမ်းအားမကြီးပေ။ သူမသည် ထိုအရာကို အချိန်အကြာကြီးလုပ်နိုင်လမ့်မည်မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း ကျန်းလုရှန်းသည် အချိန်ခဏရုန်းကန်ပြီးနောက် အနောက်သို့ လဲကျသွားခဲ့သည်၊ ယခု သူလှုပ်ရှားနိုင်ပြီဖြစ်သည်။
ဝိညာဥ်အမျိုးသမီး၏မျက်နှာမှာ ဖြူဖျော့သွားပြီး ပို၍အားနည်းလာသည့်ပုံပင်။
ရှဲ့ချောင်သည် အဆောင်ကိုထုတ်ယူကာ သူမကို ထိုထဲ၌ ယာယီထိန်းသိမ်းထားလိုက်သည်။ သူမ အနားယူရန်လိုအပ်ပေသည်။ ထိုကိစ္စကိုဖြေရှင်းပြီးနောက် ရှဲ့ချောင်သည် သူမကို အချိန်ကျသည့်အခါ လူပြန်ဝင်စားပေးမည်ဖြစ်သည်။
••••••