(ဖယောင်းတိုင်မီးထွန်းလိုက်)
Vol. 11 Ch. 187
ကျန်းလုရှန်းသည် သူ၏လှုပ်ရှားနိုင်စွမ်းကိုပြန်လည်ရရှိသွားသောအခါ ဖယောင်းဆိုင်သို့ အလျင်အမြန်ပြေးသွားခဲ့သည်။ အိမ်နီးချင်းများကလည်း အနောက်မှ လိုက်လာခဲ့ကြသည်။
ဖယောင်းဆိုင်တွင် မီးလောင်နေသည်မှာ ပြင်းထန်ပေသည်။
လူအများအပြား မီးငြှိမ်းရန် ကြိုစားနေခဲ့ကြသော်လည်း ၎င်းမှာ အလွန်နှေးလွန်းသည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ဖယောင်းအဆီဖြစ်ပေသည်!
ဆိုင်၏ခြံဝန်းထဲတွင် မီးစာနှင့် ဖယောင်းများလည်း များစွာရှိနေခဲ့သည်။ ထို့ပြင် နှစ်မီတာနီးပါးရှည်သော ဖယောင်းတိုင်အကြီးကြီးနှစ်တိုင်လည်းရှိပေသည်။ ဆိုင်၏အတွင်းဘက်နှင့် ပိုနီးသောနေရာမှာ ယခုတွင် မီးတောက်ကြီးများနှင့် ဖုံးလွှမ်းနေခဲ့သည်။ ဖယောင်းတိုင်အကြီးကြီးများမှာလည်း ဖြည်းဖြည်းချင်း အရည်ပျော်နေခဲ့သည်။
ကျန်းလုရှန်းသည် ကပြာကယာပြေးလာပြီး ဆိုင်ဝန်ထမ်းများကိုအော်လိုက်သည်: "မင်းတို့တွေ အဲ့မှာ ဘာရပ်လုပ်နေကြတာလဲ။ ကောင်းချီးဖယောင်းတိုင်တွေကို မြန်မြန်ရွှေ့လေ!"
ကောင်းချီးဖယောင်းတိုင်များမှာ အလွန်လှပသည်။ အပြင်ပိုင်းတွင် မီးနီရောင် လှပသောပုံစံများ ပုံဖော်ထားသည်။
သို့သော် ပြင်းထန်သောမီးတောက်ကြောင့် အရည်
ပျော်သွားသည့် ၎င်း၏အလှကို မမြင်နိုင်တော့ပေ။
ကပြာကယာဖြင့် ဝန်ထမ်းများသည် သူ၏စကားကိုကြားလိုက်ရပြီး ကြီးမားသောဖယောင်းတိုင်များကို ရွှေ့ရန် ရှေ့တက်လာကြသည်။
ခြံဝန်းထဲရှိ မီးမှာ သိပ်မကြီးသောကြောင့် အများစုကို ငြိမ်းသတ်ပြီးဖြစ်သည်။
သို့သော် ကောင်းချီးဖယောင်းတိုင်များမှာ မီးလောင်သည့်နေရာနှင့် နီးသောကြောင့် မည်သူမှ အနီးကပ်မသွားရဲကြပေ။
ယခုတွင် ကျန်းလုရှန်းက ၎င်းတို့ကို ရွေ့ရန်ပြောခဲ့ပြီး သူတို့သည် သူတို့၏အလုပ်အတွက် ၎င်းကိုလုပ်ရမည်ဖြစ်သည်။
မီးအရှိန်က သူတို့၏မျက်နှာကို လာဟပ်ရာ အလုပ်သမားများမှာ နောက်ပြန်မဆုတ်ဘဲ မနေနိုင်ခဲ့ကြပေ။
တစ်ဆက်တည်းမှာပင် လူတိုင်း၏အမူအယာများမှာ ပြောင်းလဲသွားခဲ့သည်။
ဖယောင်းတိုင်သည် ဖြည်းဖြည်းချင်းအရည်ပျော်နေခဲ့ပြီး ဖယောင်းစက်များကျလာသောအခါ ထိုဖယောင်းတိုင်မှ မျက်နှာတစ်ခုပေါ်လာခဲ့သည်။ ၎င်းမှာ တဖြည်းဖြည်းချင်း ရှင်းလင်းလာခဲ့သည်။
ရှဲ့ချောင်၏မျက်ခွံများ တွန့်သွားခဲ့သည်။
မကောင်းသောစွမ်းအင်များ အားကောင်းနေရသည်မှာ အဓိပ္ပါယ်ရှိသွားလေပြီ။
ကျန်းလုရှန်းသည် မကောင်းမှုများစွာ ကျူးလွန်ခဲ့သည့်အတွက် ဝဋ်ပြန်လည်ခြင်းဖြစ်သည်!
သူ၏အမူအယာမှာပြောင်းလဲသွားပြီး သူ၏ကိုယ်မှာ တုန်လှုပ်လာခဲ့သည်။
ဖယောင်းဆိုင်ပတ်ပတ်လည်ရှိ ရာသီဥတုမှာ မှောင်မိုက်လာပုံရသည်။ လူများသည် ခေါင်းမော့ကြည့်လိုက်လျှင် အမည်းရောင်တိမ်တိုက်အလွှာများကို တွေ့နိုင်ပေလိမ့်မည်။
သိပ်သည်းနေသော မီးခိုးငွေ့များနှင့် တောက်လောင်နေသောမီးတောက်များသည် လေထုကို ပူလောင်စေသော်လည်း သူတို့သည် အေးစက်စက်
အငွေ့အသက်ကိုခံစားလိုက်ကြရသည်။ သူတို့၏ ချွေးပေါက်တစ်ပေါက်ချင်းစီတိုင်း ချက်ချင်း တုန်လှုပ်သွားခဲ့ကြသည်။
တစ်ခုခုမှားနေပြီ!
ရှဲ့ချောင်၏မျက်ခွံများ တစ်ဖန်တွန့်သွားပြန်၏။
ထိုနေရာ၌ အမှန်တကယ်... မိစ္ဆာစွမ်းအင်ရှိနေခဲ့သည်!
သူမသည် ယနေ့အပြင်ထွက်လာသောအခါ တရုတ်လပြက္ခဒိန်ကို မယူခဲ့ရသလို တာ့ရှုန်းကိုလည်း မယူခဲ့ရပေ!
"တစ်ခုခုမှားနေပြီ... ဒါကဘာလဲ ငါတို့ဘာလို့ မီး
ငြှိမ်းလို့မရတာလဲ အဲ့တာတင်မကသေးဘူး ပိုတောင်ကြီးလာသေးတယ်!"
မီးငြှိမ်းနေသောသူသည် ရုတ်တရက် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ ထို့ပြင် သူသည် အေးသလား၊ ပူသလားပင် မခံစားတတ်တော့ပေ။
သူ၏ပါးပြင်များသည် မီးအရှိန်ကြောင့် နီရဲနေပြီး ချွေးများထွက်နေခဲ့၏။
သို့သော် သူသည် ရံဖန်ရံခါ အေးသောကြောင့် တုန်တက်သွားတတ်သည်။
"နာကျည်းနေတဲ့ ဝိညာဥ်လာနေပြီ" ရှဲ့ချောင်သည် ကောင်းချီးဖယောင်းတိုင်များကိုကြည့်ရင်း လေသံဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။
ဝိညာဥ်ကိုချိတ်ပိတ်ထားခဲ့သည့်အတွက် ၎င်းမှာ အားနည်းနေသေးသည်။ ယခုတွင်မူ အလောင်းမှာ အလင်းရောင်နှင့် ထိတွေ့သွားပြီး ၎င်း၏နာကျည်းမှုများက နေရာအနှံ့ ပြည့်နှက်လာခဲ့သည်။ ထိုဝိညာဥ်သည်... ယခု လက်စားပြန်ချေတော့မည်ပင်။
ရှဲ့ချောင်သည် သူမ၏မျက်နှာတွင် ချွေးဒီးဒီးကျနေပြီး သူမသည်လည်း ကောင်းကောင်းအသက်မရှူနိုင်တော့ပေ။
သူမသည် မီးတောက်နှင့်အတူ လေကို လုရှူနေရသည်။
"နာကျည်းနေတဲ့ဝိညာဥ်?" ဝေ့မိသားစု၏အမူအယာက သိသိသာသာပြောင်းသွားခဲ့သည်။ သူ
တို့နှင့် အနီးတွင်ရှိနေသောသူများသည် ထိုအရာကိုကြားလိုက်ရသောအခါ တံတွေးမျိုချလိုက်ကြသည်။
လေထုမှာ အလွန်ထူးဆန်းနေ၏။
တစ်ချို့က ထွက်ပြေးချင်နေခဲ့သည်။
သို့သော် ထူးဆန်းသောအရာမှာ ထိုနေရာအား အနက်ရောင်မီးခိုးငွေ့များက ရုတ်ချည်း ဝန်းရံသွားခဲ့သည်။ သူတို့သည် ထွက်လမ်းရှာမရတော့ပေ!
ရှဲ့ချောင်သည် အိတ်ကပ်ထဲမှ အဆောင်တစ်ချို့ကို ထုတ်ယူလိုက်သည်။
၎င်းမှာ သန့်စင်ခြင်းအဆောင်ဖြစ်သည်။ သိပ်မများဘဲ သူမသည် ငါးခုသာယူလာခဲ့သည်။ သူမသည် ဝေ့မိဘများအတွက် တစ်ခုစီပေးလိုက်ပြီး ကျန်သည်ကို သူမကိုင်ထားလိုက်သည်။ ထိုစုံတွဲကို သူမ၏ဖောက်သည်များဟု ယူဆထားရာ ထိုသူတို့ မသေသင့်ပေ။
ထိုစဥ် သူမသည် ကျန်သောသူများကို ဂရုမစိုက်နိုင်အားပေ။
မည်သို့ပင်ဖြစ်စေ ထိုအနက်ရောင်မီးခိုးများက သူမကိုသတ်လိုက်လျှင် ကျန်သောသူများလည်း သေရမည်ဖြစ်သည်။
ထိုအနက်ရောင်မီးခိုးများသည် ပို၍သိပ်သည်းလာခဲ့သည်။ အပြင်မှလူများ အထဲမဝင်နိုင်သလို အထဲမှလူများလည်း အပြင်မထွက်နိုင်ခဲ့ကြပေ။
မနက်ဖြန်အတွက် သတင်းခေါင်းစီးမှာ -နန်းမြို့တော်၏ တောင်ပိုင်းလမ်းကြားရှိ ဖယောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူဆယ်ချီပိတ်မိနေပြီး အသက်ရှင်ကျန်သူမရှိ!ဟူ၍ ဖြစ်နိုင်လောက်ပေသည်။
သူမ ထိုသို့ဖြစ်ခွင့်ပေးမည်မဟုတ်။
ရှဲ့ချောင်သည် သန့်စင်ခြင်းအဆောင်ကို အသုံးပြုခဲ့သည့်အတွက် ထိုအနက်ရောင်မီးခိုးများကို သည်းခံနိုင်ခဲ့သည်။ ထို့နောက် သူမသည် သူမ၏အိတ်ထဲမှ တာအိုကျင့်ကြံရေးခေါင်းလောင်းကို ချက်ချင်းထုတ်ယူလိုက်သည်။
သူမသည် ၎င်းအား လှုပ်ခါလိုက်ရာ
၎င်းမှာ အသံမြည်လာခဲ့သည်။
"အား!"
ထူးဆန်းသောအသံတစ်သံ ပဲတင်ထပ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ဖယောင်းလူသားနှင့်တူသော နာကျည်းနေသောဝိညာဥ်သည် သိပ်သည်းနေသောမီးခိုးများကြားမှ ပေါ်ထွက်လာခဲ့သည်။ သူ၏မျက်လုံးများမှာ အနီရောင်သန်းနေပြီး သူ၏တစ်ကိုယ်လုံးမှာ အနီရောင်ဖယောင်းဆီများ ထင်ဟပ်နေခဲ့သည်။ ၎င်းမှာ ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းပေသည်!
•••••••