← Chapters

(ဝင်သွားလို့မရဘူး)

Vol. 11 Ch. 188

(ဝင်သွားလို့မရဘူး)

Vol. 11 Ch. 188

ဝိညာဥ်မှာ သန့်ရှင်းနေခဲ့သည်။ ၎င်း၏ကိုယ်ပေါ်တွင် သွေးတစ်စက်တောင်မရှိသော်လည်း ၎င်းမှာ ပို၍ထူးဆန်းကာ ရွံရှာဖွယ်ကောင်းနေခဲ့သည်။

ဖယောင်းဆီမှာသည် ၎င်း၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပုံရပြီး ဝိညာဥ်အား သူ၏ကိုယ်ပေါ် ပါးလျသောအလွှာတစ်ထပ်နှင့် ရုပ်တုတစ်ရုပ်ကဲ့သို့ ပို၍လေးလံနေပုံပေါ်စေသည်။

၎င်း၏မျက်လုံးများကတောင် အနီရောင်ဖန်လုံးများနှင့် တူနေသည်။ ၎င်းတို့ထဲတွင် အလင်းရောင်မရှိပေ။

ထိုလူသည် ဖယောင်းဆီထဲ နှစ်၍အသတ်ခံခဲ့ရလောက်သည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သောနာကျည်းနေသ

ည့် ဝိညာဥ်မျိုးသည် ဆင်ခြင်နိုင်စွမ်းမရှိတော့ပေ။

ထိုအခိုက်အတန့်တွင် ၎င်း၏ကြောက်မက်ဖွယ်ရာမျက်လုံးများသည် မီးများတောက်လောင်နေသကဲ့သို့ ထက်ရှနေခဲ့သည်။ ၎င်းသည် ရှဲ့ချောင်ဆီမှ ခြိမ်းခြောက်မှုကို အာရုံခံမိသည်နှင့်တစ်ပြိုင်နက် သူမဆီသို့ ပြေးလာခဲ့တော့၏။

အပူလှိုင်းနှင့် အနက်ရောင်မီးခိုးငွေ့များသည် သူမ၏မျက်နှာကို ရိုက်ခတ်လာခဲ့သည်။

ရှဲ့ချောင်သည် တာအိုကျင့်ကြံရေးခေါင်းလောင်းကို သူမ၏လက်ထဲလှုပ်ခါလိုက်သည်။ အနက်ရောင်မီးခိုးငွေ့များသည် အင်အားကြီးသောစွမ်းအင်နှင့် ကြုံတွေ့လိုက်ရသကဲ့သို့ နောက်ဆုတ်သွားခဲ့သည်။

သူမသည် မက်မွန်သစ်သားဓါးကို ချက်ချင်းထုတ်ယူလိုက်ပြီး အကူအညီမဲ့စွာ တစ်ချက်ကြည့်လိုက်သည် - ၎င်းမှာ အလွန်သေးလွန်းသည်။

သူမသည် ယနေ့တွင် ယခုလိုစွမ်းအားကြီးဝိညာဥ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မထင်မှတ်ထားရာ သူမနှင့်အတူ မည်သည့် ဓမ္မပစ္စည်းကိုမှ မယူဆောင်လာခဲ့ပေ။

လူတိုင်းသည် ထိုမှုန်ဝါးနေသောပတ်ဝန်းကျင်တွင် တစ်စုံတစ်ခုက အလင်းထွက်နေကြောင်းကို မြင်လိုက်ဟန်ပင်။

သူတော်စင်သည် ထိုနေရာ၌ တောက်ပသောမျက်လုံးများဖြင့် ရပ်နေခဲ့သည်။

သူမသည် လက်ထဲတွင် ဓါးအသေးတစ်လက်ကို

ကိုင်ထားပြီး အဝါရောင်အဆောင်စာရွက်ကိုမြောက်ကာ အော်လိုက်သည်: "ကောင်းကင်က ခရမ်းရောင်စွမ်းအင်နဲ့ အနီရောင်တိမ်တိုက်တွေလေထု၊ မိစ္ဆာတွေနဲ့ ဝိညာဥ်တွေကိုဝါးမြိုစမ်း! ကောင်းကင်ဘုံရဲ့ စစ်သည်တော်တွေ တောင်အရပ်မှာရှိတဲ့ မိစ္ဆာကိုနှိမ်နင်းစမ်း! စစ်သည်တော် ၃၀၀၀၀၀တို့ ငါ့ရဲ့အမိန့်ကို နာခံစေ!"

သူမပြောလိုက်သည်နှင့် မက်မွန်သစ်သားဓါးသည် အသံမြည်လာခဲ့သည်!

သူတို့ ထင်ယောင်ထင်မှားမြင်နေကြခြင်းလားမသိပေ၊ ထိုဓါးသည် ထိုသူတော်စင်၏ရှေ့တွင် လေပေါ်ဝဲနေခဲ့၏။

ထိုမျှသာမကဘဲ အနက်ရောင်မြူခိုးလုံးထဲ၌ မရေမတွက်နိုင်သော အရိပ်များ ထိုးထွက်လာပုံရပေသည်။

ထိုအနက်ရောင်မြူခိုးလုံးမှာ ထူးဆန်းပေသည်။ ၎င်းထဲတွင်ဘာမှမရှိသော်လည်း ၎င်းတွင်အသိစိတ်ရှိနေသလို ကြောက်စရာခံစားချက်ကို ပေးစွမ်းနေခဲ့သည်!

လူများသည် ၎င်းမှာ အသက်ရှူပိုကြပ်လာသလို ခံစားခဲ့ရသည်။ သူတို့သည် ပါးစပ်နှင့် နှာခေါင်းများကိုပိတ်ကာ မြေပြင်ပေါ်လှဲလျောင်းနေရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်။

သူတို့သည်လည်း အရည်ပျော်သွားသော ကောင်းချီးဖယောင်းတိုင်ထဲမှ ပေါ်လာသော လူသေအလောင်းကို မြင်နိုင်ကြပေသည်။

၎င်းမှာ ကြောက်စရာကောင်းလှသည်။

ရှဲ့ချောင်သည် မန္တာန်ရွတ်ဖတ်နေရင်း သူမ၏နဖူးမှ ချွေးဒီးဒီးကျနေခဲ့သည်။ သူမသည် မန္တာန်ကို ထပ်တလဲလဲရွတ်ဆိုနေ၏။

သူမသည် ဝိညာဥ်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့ တိုက်မိသွားသည်ကို မြင်လိုက်ရပြီး ၎င်းမှာ အကောင်းနှင့် အဆိုးကြား တိုက်ပွဲဖြစ်ပေသည်။

နာကျည်းချက်ဝိညာဥ်သည် အသံနက်ကြီးဖြင့်အော်လိုက်သည်: "မကောင်းတဲ့လူတွေ ငါ အကုန်လုံးကိုစားမယ် အားလုံးကိုစားပစ်မယ်!"

ရှဲ့ချောင် အံကြတ်လိုက်သည်: "နင်ငါ့ကိုမစားနိုင်မှာပဲ စိုးရိမ်ပါရဲ့!"

သူမသည် ပြောရင်းဖြင့် နောက်ထပ်အဆောင်ကို

ထုတ်ယူလိုက်သည်!

"သူရဲကောင်းနတ်ဘုရားတို့၊ လက်နက်နဲ့ဘုရင်တို့ ဒီမိစ္ဆာကို အခုပဲသတ်ကြပါ!"

သူမပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တွင် လေပြင်းများတိုက်ခတ်သွားခဲ့သည်။ ရှဲ့ချောင်၏လက်ထဲရှိ အဝါရောင်အဆောင်မှာ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာဟန်ဖြင့်။ ၎င်းသည် ပေါ်ထွက်လာပြီး နာကျည်းနေသောဝိညာဥ်ကို တိုက်ခိုက်ခဲ့သည်!

ဝေ့မိဘများမှာ အလွန်ကြောက်ရွံ့နေကြ၏။

သူတို့သည် ယနေ့ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်ခဲ့ကြပေ။ ၎င်းမှာ အေးစက်နေပြီး ထို

ကဲ့သို့လေပြင်းက တိုက်ခတ်နေခဲ့သည်... သူတော်စင်၏လက်ထဲရှိအဆောင်မှာ လွှင့်ပျံသွားခဲ့သည်... ၎င်းမှာ အလွန်ထူးဆန်းပေသည်။

သို့သော်လည်း သူတို့သည် ထိုလေပြင်းက မီးတောက်ကို ပိုကြီးလာစေလိမ့်မည်ဟုထင်ခဲ့ကြသော်လည်း မီးမှာ အနည်းငယ် ငြိမ်းသွားခဲ့ဟန်ပင်။ ၎င်းမှာ အလွန်ထူးဆန်းပေသည်။

လူတိုင်းသည် ယခုတွင် ပို၍အသက်ရှူချောင်သွားခဲ့ကြသည်။

အခြားတစ်ဖက်ရှိလူများသည်လည်း ထိတ်လန့်နေကြဟန်။

မီးကာကွယ်ရေးအတွက် တာဝန်ရှိသော အရာရှိသည် ပြေးဝင်လာပြီး စိုးရိမ်နေပုံပင်။

"ဘာလို့ မီးခိုးငွေ့တွေက အရမ်းထူထပ်နေတာလဲ အဲဒီမှာ အတိအကျ လူဘယ်နှယောက်ရှိလဲ"

"လူကြီးမင်း ဒါကဖယောင်းဆိုင်ပါ မီးခိုးငွေ့တွေက သိပ်သည်းလွန်းလို့ ကျွန်တော်တို့လည်း အထဲကို ဝင်မသွားနိုင်ပါဘူး ပြီးတော့..." သူ၏နောက်လိုက်က ထူးဆန်းသောရာသီဥတုကိုကြည့်လိုက်သည်: "ဆရာကြည့်လိုက်ပါ မီးခိုးငွေ့တွေက ဆိုင်ရဲ့အထက်မှာ နဂါးတစ်ကောင်ရှိနေတဲ့အတိုင်းပဲ အရမ်းသိပ်သည်းနေတယ်။ ကျွန်-ကျွန်တော်တို့ မီးကိုငြိမ်းသတ်နိုင်မယ်လို့ မထင်ဘူး!?"

အရာရှိသည်လည်း အံ့သြသွားခဲ့၏။

မီးမှာ ထူးဆန်းပေသည်။ စင်စစ် သူသည် ထိုကဲ့သို့သော အခြေအနေမျိုးအား မကြုံခဲ့ဖူးပေ။

ဖယောင်းဆိုင်တစ်ဆိုင်လုံး အနက်ရောင်မီးခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်၊ အပြင်ဘက်မှလူများ အထဲသို့မဝင်နိုင်ပေ။ ထိုမျှသာမက...

အစပိုင်းတွင် ဖယောင်းဆိုင်၌ လူအများကြီးမရှိပေ။ သို့သော်လည်း သိပ်မကြာခင်တွင် လူ၂၀ကျော်လောက် ရုတ်တရက်ပြေးဝင်လာခဲ့သည်။ မီးသတ်သည့်အဖွဲ့များနှင့်ပေါင်းလိုက်လျှင်...

အရာရှိလျိုသည် ၎င်းမှာ သူ၏အသက်မွေးဝမ်းကြောင်း အဆုံးသတ်ဖြစ်နိုင်သည်ဟု ခံစားမိလိုက်သည်။

••••••

All Chapters