(မင်း ဘာကြည့်နေတာလဲ)
Vol. 11 Ch. 189
အရာရှိလျိုသည် ကျည်ဆံကိုကိုက်ကာ ထိုအခြေအနေကိုရင်ဆိုင်ရန် အဖြေထုတ်ခဲ့သည်။
ထို့အပြင် ထိုမီးထဲရှိလူများကို ရှာဖွေရမည်။ မည်သို့ပင်ဖြစ်စေ ထိုသူများသာ မီးလောင်ပြီးသေသွားခဲ့ပါက မီးလောင်ကျွမ်းမှုကြောင့် ၎င်းတို့အား မှတ်မိနိုင်မည်မဟုတ်ပေ။
"ဒါက ကျန်းမိသားစုရဲ့ ဖယောင်းဆိုင်ပါ။ မိသားစုရဲ့တစ်ဦးတည်းသောသား ကျန်းလုရှန်းက အထဲကိုဝင်သွားခဲ့တယ်။ သူကငိုကြွေးပြီး ညည်းနေခဲ့တာ။ သူရဲ့ယောက္ခထီး ယောက္ခမတွေလည်း အထဲမှာပဲ။ သူတော်စင်တစ်ပါးလည်း... သူတို့နဲ့အတူရှိတယ်! ၃၀ ဝန်းကျင်လောက် အမျိုးသမီးသူတော်စင်တစ်ပါး... ဝေ့မိသားစုနဲ့ တစ်လမ်းထဲမှာနေတဲ့ အိမ်နီးချင်းတစ်ချို့ရောပဲ...။"
အရာရှိသည် စစ်ဆေးရန် တစ်စုံတစ်ယောက်ကိုလွှတ်လိုက်သည်။
လူများသည် နေရာတစ်ခုတည်းတွင်ရှိနေသောကြောင့် အထဲတွင်ရှိသူများကို ဖော်ထုတ်ရန် လွယ်ကူပေသည်။
သို့သော်လည်း ထိုသူတော်စင်သည် ရုတ်တရက်ပေါ်လာခဲ့ပြီး မည်သူမှ သူမကို မသိကြပေ။
တစ်ခုခုသာဖြစ်ခဲ့လျှင် သူ့အတွက် တင်ပြချက်ရေးရန် ခက်ခဲလိမ့်မည်မဟုတ်လော? ထိုမျှသာမက သူတို့သည် သူမ၏မိသားစုကိုလည်း အကြောင်းကြားရမည်ဖြစ်သည်။ ထိုသူတော်စင်သည် မည်သည့်မိသားစုမှဖြစ်သည်ကို မည်သူမှမသိကြပေ...
...
ရှဲ့ဖင်းကန်းသည် သူ့ဘေးတွင် အိမ်ရှေ့စံမင်းသားနှင့်အတူ အမှုတစ်ခုကို စစ်ဆေးနေခဲ့၏။ သူသည် သူ၏ဦးခေါင်းမှာ ပေါက်ထွက်တော့မလို ခံစားနေရပေသည်။
အိမ်ရှေ့စံမင်းသားသည် ကြီးကြပ်ရေးမှူးအဖြစ် ထိုနေရာ၌ရှိနေခဲ့သည်။ ရှင်းရှင်းပြောရလျှင် သူသည် ရာဇဝတ်မှုဌာနရှိ လူများ၏တာဝန်များကို ကြီးကြပ်ရန် ရောက်လာခြင်းပင်။
သို့သော် သူသည် သူတို့နှင့်အတူတော့ အမှုစစ်ဆေးခြင်းကို မလုပ်သင့်ဘူး မဟုတ်လော?
ထိုမျှသာမက ရာဇဝတ်မှုဌာနသည် အမှုစစ်ဆေးရ
ခြင်းထက် ပိုလုပ်ရပေသည်။ သူတို့တွင် ကိုင်တွယ်ရမည့် အထွေထွေကိစ္စများစွာရှိပေသည်။ ထိုကိစ္စတို့အားလုံးမှာ အမှုစစ်ဆေးခြင်းထက် ပိုမိုလွယ်ကူပေသည်။
ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံမင်းသားက သူတို့နှင့်အတူ အလုပ်လုပ်ရန် အဘယ့်ကြောင့် အတင်းတောင်းဆိုခဲ့မှန်း နားမလည်ခဲ့ပေ။
သူသည် အတူလိုက်ပါလာသည်ကို ထားနှင့်ဦး; အိမ်ရှေ့စံမင်းသားသည် အလွန်စကားများပေသည်။ သူသည် ရှဲ့ဖင်းကန်းအား သူ၏ ရာဇဝတ်မှုဌာန၌ အလုပ်အကြောင်း၊ သူတို့၏မိသားစုသည် နန်းမြို့တော်၌ သူတို့၏ဘဝများကို ပျိုးထောင်ပေးခြင်းရှိ၊ မရှိကို မေးမြန်းနေခဲ့သည်။
အိမ်ရှေ့စံမင်းသားသည် ရှဲ့ဖင်းကန်း၏မိသားစုကို စိတ်ဝင်စားနေသည်ဟု လူများ ထင်ကုန်ကြပေ
တော့မည်။
သူတို့သည် အရင်က ဓါးပြများဖြစ်ကြရာ ရှဲ့ဖင်းကန်းသည် ဧကရာဇ်က သူတို့၏တည်ရှိမှုကို ပြန်လည် ဖော်ထုတ်မည်ကို စိုးရိမ်နေခဲ့သည်။ အိမ်ရှေ့စံမင်းသားကို တိုက်ရိုက်ပို့လိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူသည် အပိုင်းပိုင်းဖြတ်ခံထားရသောငါးနှင့် တူနေပြီး အလုပ်ထဲတွင် သူ၏စိတ်အာရုံကို ဆုံးရှုံးနေရသည်။
"ရှေ့မှာ မီးလောင်နေတယ်နဲ့တူတယ်" ရှဲ့ဖင်းကန်းသည် တောင်ပိုင်းကို တစ်ချက်ကြည့်လိုက်သည်: "အရှင့်သား မီးထိန်းသိမ်းရေးဌာနရဲ့ အရာရှိက ကျွန်တော့်ရဲ့ သူငယ်ချင်းဟောင်းပါ။ ကျွန်တော်...သွားကြည့်လို့ရမလား?"
ယခင်က သူနှင့်အတူ တောင်ပေါ်မှထွက်လာကြသည့် လူများစွာရှိပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံး စုဆောင်းခံခဲ့ရပြီး သူတို့အားလုံးသာ အရာရှိများဖြစ်လာပါက အဓိပ္ပါယ်မရှိပေ။ ကျန်သောသူများအတွက် မတရားပေ။
ထို့ပြင် သူတို့သည် လူရိုင်းများကိုသတ်ခဲ့သည့်အတွက် ဆုချီးမြှင့်ခံခဲ့ရသည်။
ထို့ကြောင့်ပင် စစ်တပ်၌ရှိချင်သူများကို ခန့်အပ်ခဲ့၏။ ကြောက်ရွံ့သူများသည် ပြည်သူပြည်သားကောင်းများဖြစ်လာပြီး ဧကရာဇ်က သူတို့၏အတိတ်ကလုပ်ရပ်များအတွက် သူတို့နောက်လိုက်လာမည်ကိုစိုးရိမ်သောကြောင့် အေးအေးချမ်းချမ်းသာ နေခဲ့ကြသည်။
သို့သော်လည်း ထိုတောင်ပေါ်မှထွက်လာသောလူ
များသည် သတ္တိရှိကြသည်။ ထို့ကြောင့် ရှဲ့ဖင်းကန်းသည် တစ်ချို့မှာ မီးထိန်းချုပ်ရေးဌာနအပါအဝင် စစ်တပ်ထဲဝင်သွားကြမည်အား သိပေသည်။
တောင်ပိုင်းရှိမီးလောင်မှုသည် အတော်လေးပြင်းထန်သည့်ပုံပေါ်သောကြောင့် သူသွားကြည့်ချင်ခဲ့သည်။ သူသည် လိုအပ်လျှင် သူ၏သူငယ်ချင်းကို ကူညီလက်ကမ်းပေးနိုင်လိမ့်မည်။
"ငါလည်းသွားမယ်"
ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းအား စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသည်။ သူသည် စကားကို တိုက်ရိုက်ပြောတတ်ပြီး အလုပ်လုပ်ရာတွင် ဖြောင့်မတ်ပေသည်။ သူသည် ရက်စက်ပုံပေါ်သော်လည်း စာနာတတ်သည်၊ သူ
သာ အဆင့်မြင့်မိသားစုမှ မွေးဖွားလာပါက ယခုတွင် အသေးအဖွဲ့အရာရှိတစ်ဦးမျှသာ ဖြစ်နေမည်မဟုတ်ပေ။
ရှဲ့ဖင်းကန်းသည် ကြောင်အမ်းသွားခဲ့သည်: "မီးလောင်နေတာလေ...အဲဒီမှာ ဘာကြည့်စရာရှိမှာမို့လဲ။"
ကျောက်ရွှမ်ကျင်း စိတ်ပျော်နေခဲ့၏။
အခြားတစ်ယောက်သာဆိုလျှင် ထိုသူသည် ယခုလို ပြောလိမ့်မည်: "အဲ့ဒီနေရာက မြင့်မြတ်တဲ့ အရှင့်သားလိုလူအတွက် မသင့်တော်ပါဘူး"
သို့သော်ငြား ရှဲ့ဖင်းကန်းသည်တော့ သူ၏အမြင်ကိုတိုက်ရိုက်ပင် ပြောချလိုက်သည်။
"ကြည့်ချင်ရုံပါပဲ" ဖြောင့်မတ်သောသူနှင့် စကားပြောသောအခါ တိုက်ရိုက်ပြောရမည်ပင်။
ရှဲ့ဖင်းကန်းသည် ထိုစကားကိုကြားလိုက်ရပြီးနောက် : "ကောင်းပါပြီ အရှင့်သားဂရုစိုက်ပါ။ မီးလောင်ပြင်မှာ အရှင့်သားကို ကျွန်တော်ဂရုမစိုက်ပေးနိုင်မှာ စိုးရွံ့မိပါတယ်၊"
ကျောက်ရွှမ်ကျင်းက ပျော်ရွှင်စွာ သဘောတူလိုက်သည်။
ရှဲ့ချောင်၏အစ်ကိုသည် ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့်လူမျိုးဖြစ်သည်။
သို့သော်လည်း ရှဲ့ဖင်းကန်း၏ အိမ်ရှေ့စံမင်းသားအပေါ်ဂရုစိုက်မှုကင်းမဲ့သည်မှ ဆုံးဖြတ်ရသော် သူသည် အမျိုးသမီးများနှင့်လည်း အတူတူပင်ဖြစ်ရ
မည်။ သူ၏ထိုကဲ့သို့သောစိတ်ထားဖြင့် သူ၏ကျန်သောဘဝတစ်လျှောက်တွင် လက်ထပ်ယူရန် ဇနီး မရနိုင်လောက်ပေ။
••••••