← Chapters

(တိရစ္ဆာန်ကောင်)

Vol. 11 Ch. 190

(တိရစ္ဆာန်ကောင်)

Vol. 11 Ch. 190

အိမ်ရှေ့စံမင်းသားက မီးလောင်ရာကို သွားရောက်စစ်ဆေးမည်ဖြစ်သောကြောင့် သူ့အားတိတ်တဆိတ်ကာကွယ်ပေးနေသူများလည်း လိုက်သွားရမည်ဖြစ်သည်။

အရာရှိလျိုမှာ ထိန်လန့်နေခဲ့ရာ။ သူသည် ရှဲ့ဖင်းကန်းကို တွေ့လိုက်ချိန် အလွန်အံ့သြသွားခဲ့သည်။

သူသည်လည်း အရာရှိငယ်လေးတစ်ဦးဖြစ်ရာ

အိမ်ရှေ့စံမင်းသားကို မမှတ်မိခဲ့ပေ။ သို့သော် သူသည် ရှဲ့ဖင်းကန်းနှင့် အလွန်ရင်းနှီးပေသည်။ သူသည် သူ၏ဂရုတစိုက်အမူအယာပေါ် ရှဲ့ဖင်းကန်းပြောလာမည်ကိုမစောင့်ဘဲ ပြောလိုက်သည်: "အစ်ကိုရှဲ့ ဒါကကြောက်စရာကောင်းတယ်။ မီးထိန်းသိမ်းရေးဌာနကလူတွေ အထဲမှာရှိတယ်။ ကျွန်တော်တို့က ဝင်သွားလို့မရဘူး။ အထဲကလူတွေလည်း ပြန်မထွက်လာနိုင်ဘူး။ သွားပြီ။ ကျွန်တော်တို့တော့ သွားပြီပဲ!"

ရှဲ့ဖင်းကန်း၏မျက်ခွံများမှာ တွန့်သွားခဲ့သည်: "ငါ့သူငယ်ချင်းတွေလည်း အထဲမှာပဲလား"

"ဟုတ်တယ် မီးက အစတုန်းက ပြင်းထန်တဲ့ပုံပေမယ့် ငြှိမ်းလို့ရနေသေးတယ်။ ဒါပေမယ့် တစ်ခုခုဖြစ်ပြီး အနက်ရောင်မီးခိုးတွေ ရုတ်ချည်းပေါ်လာရော။ ပြီးတော့...အပေါ်မှာ နဂါးတစ်ကောင်လို ရေကိုစုပ်ယူနေတဲ့ တိမ်တိုက်တစ်ခုလည်းရှိနေတယ်။ အခု ကျွန်တော်တို့ မီးကို ဘယ်လိုငြှိမ်းရတော့မ

လဲ!" အရာရှိလျို၏အသံမှာ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

သူအလုပ်မပြုတ်လျှင်တောင် ရာထူးချခံရလိမ့်မည်။

"ဒါက ဖယောင်းဆိုင်လား" ကျောက်ရွှမ်ကျင်းက အနံ့ခံလိုက်သည်: "အထဲမှာ လူဘယ်နှယောက်ပိတ်မိနေတာလဲ"

"ဒါက ဖယောင်းဆိုင်ဖြစ်လို့ မီးကိုငြိမ်းလို့ကိုမရဘူး။" အရာရှိလျိုသည် သက်ပြင်းချလိုက်ကာ

"စောစောက ကျွန်တော်တို့ တွက်ထားတယ်။ မီးသတ်အဖွဲ့နဲ့ပါပေါင်းလိုက်မယ်ဆို မီးငြှိမ်းဖို့ နေရတဲ့အလုပ်သမားတွေရယ် ကြည့်နေတဲ့ပြည်သူတွေရယ် စုစုပေါင်း ၃၇ယောက်ရှိတယ်။ အိုး သူတော်စင်မိန်းကလေး တစ်ယောက်လည်းရှိသေးတယ်။ ဒါပေမယ့် သူမက ဘယ်သူလဲဆိုတာ ကျွန်

တော်တို့ မသိခဲ့ရဘူး။"

"ဘာလို့ သူတော်စင်ကရှိနေရတာလဲ" ရှဲ့ဖင်းကန်း၏မျက်ခွံများ လှုပ်သွားခဲ့သည်။ သူသည် ပြောရင်းနှင့် တစ်စုံတစ်ယောက်အား သူ၏ကိုယ်ပေါ်ကို ရေပတ်ဖြန်းခိုင်းလိုက်သည်။

သူ၏သူငယ်ချင်းများသည် အထဲတွင်ရှိနေရာ သူဝင်သွားရမည်မဟုတ်လော?

"စုံတွဲတစ်တွဲက သူတော်စင်ကို ပင့်ခဲ့တာပဲ။ သူတို့တွေ စောစောက လမ်းပေါ်မှာ ပြဿနာဖြစ်နေကြသေးတယ်။ ပြောနေကြတာတော့ ဖယောင်းဆိုင်ရဲ့တစ်ဦးသောသားက ဆိုးရွားတာတစ်ခုခုလုပ်ခဲ့ပြီး မကောင်းတဲ့အရာတစ်ခုခုကို စော်ကားခဲ့တယ်တဲ့..." အရာရှိလျိုသည် စကားပြောနေရင်း မျက်ခုံးများမှာ တွန့်သွားခဲ့သည်: "အစ်ကိုရှဲ့ အစ်ကိုထင်လား..."

"မကောင်းတဲ့အရာတစ်ခုခုကြောင့် ဖြစ်ခဲ့တာလို့ ထင်လား?"

"မီးလောင်တာက တကယ်ထူးဆန်းတယ်!"

"မင်း ဒီလိုပဲတင်ပြဖို့ စီစဥ်ထားတာလား" ရှဲ့ဖင်းကန်းက ၎င်းအား မယုံနိုင်ဖြစ်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ သူတော်စင်အမျိုးသမီးက ထူးဆန်းတယ်။ သူတော်စင်ရဲ့ ဟောကိန်းတွေက တကယ်အလုပ်ဖြစ်တယ်ဆိုတာ လူတိုင်းလည်းမျက်မြင်တွေ့လိုက်ရတယ်လေ။ အဲ့ဒီကျန်းမိသားစုရဲ့တစ်ဦးတည်းသောသားမှာ သူ့အပေါ်ကပ်ညှိနေတဲ့ နာကျည်းနေတဲ့ဝိညာဥ်တစ်ကောင်ရှိနေခဲ့တာ သူစောစောက မတ်တပ်တောင်မရပ်နိုင်ခဲ့ဘူးတဲ့။" အရာရှိလျိုမှာ လက်ရှိတွင် မျှော်လင့်

ချက်များ ဆုံးရှုံးနေခဲ့သည်။

ရှဲ့ဖင်းကန်းသည် ပြင်ဆင်ပြီးနောက် အထဲသို့ဝင်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

သို့သော် အနက်ရောင်မီးခိုးထဲ ခြေတစ်လှမ်း လှမ်းလိုက်ရာ...

သူပြန်ထွက်လာခဲ့သည်!

ရှဲ့ဖင်းကန်းသည် အရာရှိလျိုနှင့် အိမ်ရှေ့စံမင်းသားတို့၏ မျက်နှာများကို တွေ့လိုက်ရသောအခါ အရိုက်ခံလိုက်ရသကဲ့သို့ပင်။

"ကျွန်-ကျွန်တော်ထင်တာ အထဲကိုလျှောက်ဝင်သွားပြီလို့..." ရှဲ့ဖင်းကန်းသည် သူ၏အနောက်ကို

ညွှန်ပြလိုက်သည်။

သူသည် အနက်ရောင်မီးခိုးငွေ့ထဲ ဝင်သွားချိန်၌ အရှေ့သို့လျှောက်သွားခဲ့သည်။ သူ မည်သို့ပြန်ထွက်လာရသနည်း။

"ကျွန်တော် အစ်ကိုမီးခိုးငွေ့ထဲ လျှောက်ဝင်သွားဖို့ကြိုးစားနေတာကို တွေ့လိုက်တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုမလုပ်နိုင်ဘူး..." အရာရှိလျို ကြက်သီးများထသွားတော့၏။

ရှဲ့ဖင်းကန်း၏နှုတ်ခမ်းထောင့်များက တွန့်သွားခဲ့သည်။

သူသည် နောက်လှည့်ကာ တစ်ဖန်ကြိုးစားကြည့်လိုက်ပြန်သည်။

သို့သော် ယခင်အတိုင်းပင်။ သူ အနက်ရောင်မီးခိုးငွေ့ထဲဝင်သွားသည်နှင့်တစ်ပြိုင်နက် ပြန်ထွက်လာခဲ့သည်။

"ကြိုးစားမနေနဲ့တော့ စောစောကလည်း ဘယ်သူမှဝင်လို့မရဘူး။ ဒါက မျက်ကန်းတစ်ယောက် လမ်းပျောက်နေသလိုပဲ။ ဒီလိုနေရာသေးသေးလေးမှာ လူတစ်ယောက်အတွက် လမ်းပျောက်ဖို့ကဖြစ်နိုင်မယ်လို့ထင်လား။ ကျွန်တော်ထင်တာတော့ ဒီမှာ သရဲရှိနေမယ်ထင်တယ်။" အရာရှိလျိုသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ရှဲ့ဖင်းကန်းသည် စိတ်ရှုပ်ထွေးသွားသည့်ပုံပေါ်ပြီး သူ၏ခေါင်းကို ကုတ်နေခဲ့သည်။

ကျောက်ရွှမ်ကျင်းက ရုတ်တရက်မေးလိုက်သည်:

"သူတော်စင်အမျိုးသမီးက...ဘယ်လိုပုံမျိုးလဲ"

အရာရှိလျို၏မျက်ခွံများ တွန့်သွားခဲ့သည်။

'ဒီလူက လူရောဟုတ်ရဲ့လား ဒီလိုအရေးကြီးနေတဲ့အချိန်မှာ သူတော်စင်အမျိုးသမီး လှ၊မလှ သိချင်နေသေးတယ်!'

'ဘယ်လို တိရစ္ဆာန်ကောင်လဲ!'

"သူမက သြဇာညောင်းပြီး တည်ငြိမ်တဲ့ အမတပုံစံလို့ ပြောသံကြားတယ်။ ခန့်မှန်းလို့မရတဲ့ သူတော်စင်တစ်ပါးပဲ။" အရာရှိလျိုက ထပ်ပြောလိုက်သည်: "တကယ်လို့ သူမသာ စွမ်းဆောင်နိုင်တဲ့သူတော်စင်ဆို ကောင်းမယ်။ သူမသာ ဒီထူးဆန်းတဲ့အခြေအနေကို ဖြေရှင်းနိုင်ရင် ကျွန်တော်တို့ မီးငြှိမ်းပြီး လူတွေကို ကယ်ထုတ်နိုင်မှာပဲ..."

ကျောက်ရွှမ်ကျင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် နောက်ပိုင်းတွင် သူတော်စင်တစ်ယောက်နှင့်သာ အချိန်ဖြုန်းခဲ့၏ - ရှဲ့ချောင်။

သူမသည် နန်းမြို့တော်သို့ရောက်ကတည်းက သူတော်စင်လိုမဝတ်စားသော်လည်း ကျောက်ရွှမ်ကျင်းသည် ရှီးဖန်မြို့၌ သူတို့ ပထမဆုံးတွေ့ဆုံခဲ့ရစဥ်က သူမ၏ထူးခြားသည့်ဆွဲဆောင်မှုကို မမေ့နိုင်သေးပေ။

••••••

All Chapters