← Chapters

အချိန်ကောင်း

Vol. 11 Ch. 191

အချိန်ကောင်း

Vol. 11 Ch. 191

အမတကဲ့သို့သော ခက်ခဲနက်နဲထူးခြားသည့် တစ်ဦးတည်းသောအမျိုးသမီး သူတော်စင်ကို ဖော်ပြရလျှင်…ရှဲ့ချောင်သာ ဖြစ်နိုင်လိမ့်မည်ဟု ကျောက်ရွှမ်ကျင်းတွေးခဲ့သည်။

တကယ်တမ်းတော့လည်း အမျိုးသမီး တာအိုဆရာ များမှာ များများစားစား မရှိပါချေ။

ကျောက်ရွှမ်ကျင်း ခေါင်းလှည့်ကာ ခေါ်လိုက်လေသည်။

“ကျို့ဝေ့ကျုံး”

နန်းတွင်းသက်တော်စောင့်ကျို့ တုန့်ပြန်လိုက်ကာ ကျောက်ရွှမ်ကျင်း ထပ်ပြောသည်အား ကြားလိုက်ရ၏။

“ ဒီနံရံကို ဖြိုချဖို့ လူတွေစုလိုက်”

အနက်ရောင်မီးခိုးငွေ့များနှင့် ပတ်သက်၍ သိသိသာသာပင် တစ်စုံတစ်ခုသည်တော့ မှားယွင်းနေပြီဖြစ်သည်။ နံရံသည် နိမ့်သောကြောင့် မီးခိုးငွေ့များထွက်လာရန်မှာ လွယ်ကူသင့်သည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ မီးခိုးငွေ့များ နံရံအားကျော်၍မထွက်လာနိုင်သည်မှာ အတားအဆီးတစ်ခု ရှိနေ၍ပင် ဖြစ်မည်။ ထိုအခြင်းအရာမှာ အလွန်ထူးဆန်းလှ၏။

နံရံအားဖယ်ရှားလိုက်ပြီးပါက မီးခိုးငွေ့များ ပျံ့နှံ့သွားနိုင်မည် မဟုတ်ပါလော?

နန်းတွင်းသက်တော်စောင့်ကျို့သည် လူများအား ချက်ချင်းပင် အလုပ်စရန် ခိုင်းလိုက်၏။

အရာရှိလျိုမှာ ကြက်သေသေနေလေ၏။ ထိုလူ မည်သူမှန်း သူမသိသော်လည်း ချမ်းသာသော

မိသားစုအချို့မှ သခင်ငယ်လေးတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။

အိမ်ရှေ့မင်းသား၏ လက်အောက်ငယ်သားများမှာ မြန်ဆန်စွာလုပ်ကာ မကြာမီတွင် နံရံအား ဖြိုချနိုင်ခဲ့သည်။

ထူးဆန်းသည့်အရာမှာ ထိုမီးခိုးငွေ့များသည် မမြင်နိုင်သောအလွှာတစ်ခုမှ ဖုံးအုပ်ခြင်းခံထားရသည့်အတိုင်း အပြင်သို့ပျံ့နှံ့ထွက်လာရမည့်အစား အထဲ၌ပင် ရစ်ဝဲနေလေသည်။

ကျောက်ရွှမ်ကျင်းသည် စမ်းသပ်သည့်အမူအရာဖြင့် အရှေ့သို့လျှောက်သွားကာ အနက်ရောင်မီးခိုးငွေ့များအထဲသို့ ခြေတစ်လှမ်းချလိုက်၏။

သူအထဲသို့ ဝင်သွားခဲ့သည်။

ရှဲ့ဖင်းကန်း အံ့ဩသွားခဲ့စဥ် ကျို့ဝေ့ကျုံးနှင့် ကျန်သောသူများသည်တော့ အလွန်အမင်းပင် စိုးရိမ်သောကရောက်သွားခဲ့ကြလေသည်!

သူတို့သည်လည်း အထဲသို့ ဝင်ချင်ကြသည်ပင်။ မည်သို့ပင်ဖြစ်စေ အနက်ရောင်မီးခိုးငွေ့များအတွင်းသို့ သူတို့ခြေတစ်လှမ်းချလိုက်သည်နှင့်ပင် ပြန်လှည့်ကာ ထွက်လာကြလိမ့်မည်!

“ မင်း ဘာလို့ အရမ်းကြောက်နေတာလဲ? အဲ့ဒီသခင်ငယ်လေးက ဘယ်မိသားစုကများလဲ?”

အရာရှိလျိုသည်လည်း ထိတ်လန့်နေပေသည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာ၌ ပိတ်မိနေသော လူများစွာ ရှိနေလေ၏။ လူတစ်ယောက် ထပ်ဝင်သွား၍လည်း ပြဿနာဖြစ်မည်ဟု သူ မတွေးမိ

ပေ။

အရာရှိလျိုအား ရှဲ့ဖင်းကန်း စာနာစွာ ကြည့်လိုက်၏။

“ အဲ့တာ…အိမ်ရှေ့စံမင်းသားပဲ”

“ဪ…” အရာရှိလျိုသည် သူ၏မေးရိုးပြုတ်ကျသည်အား မခံစားရမီတွင် ခေါင်းညိတ်လိုက်သည်။

“ဘယ်သူ!?” သူ အံ့အားသင့်စွာ အာမေဍိတ်သံပြုလိုက်၏။

“ အိမ်ရှေ့စံမင်းသား” ရှဲ့ဖင်းကန်း၏ အသံမှာ ပျော့ပြောင်းနေလေ၏။

ဘုတ်!

အရာရှိလျိုမှာ မူးမေ့လဲမတတ်ပင်။

ထိုသူမှာ အခြားတစ်ယောက်ဖြစ်ပါက ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ ယခုမှာ အိမ်ရှေ့စံမင်းသားပင်…သူလည်း အထဲသို့လိုက်ဝင်ရမည်!

ထိုသည်မှာ အရာရှိလျိုအတွက် အဆုံးသတ်ပင် ဖြစ်သည်။ အရာရှိတစ်ယောက်ဟူသော သူ၏ အလုပ်အား ဆုံးရှုံးရနိုင်သလို သူ၏ မိသားစုဝင်များ ကွပ်မျက်ခံရနိုင်လေသည်။

ရှဲ့ဖင်းကန်းသည်လည်း ထိတ်လန့်အံ့ဩနေပေသည်။ သို့သော်လည်း ကြောက်စိတ်မွှန်ခြင်းမှာ အသုံးမဝင်ကြောင်း သူသိသည်။ ဤနေရာသည်

ဆိုးဝါးပုံပေါ်လေ၏။ ထိုအခြင်းအရာကြောင့် မီးငြိမ်းရန်မျှော်လင့်ချက်မှာ သူ့အတွက် အဓိပ္ပာယ်မရှိတော့ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်အား ဘုန်းတော်ကြီးတစ်ပါးပင့်လာရန် သူအမိန့်ပေးလိုက်၏။

အနက်ရောင်မီးခိုးငွေ့များအတွင်းသို့ ဝင်လာသည်နှင့်အမျှ ကျောက်ရွှမ်ကျင်းသည် အတော်လေးစိတ်ရှုပ်ထွေးလာခဲ့သည်။

နောက်တစ်စက္ကန့်တွင် ထိုနေရာ၌ရပ်နေသော အမျိုးသမီးတာအိုဆရာ တစ်ယောက်အား သူတွေ့လိုက်ရ၏။ သူမသည် အနက်နှင့်အနီရောင် မီးခိုးသဏ္ဍာန်တိမ်တစ်ခုထံ ရေရွတ်နေခဲ့လေသည်။

သူမသည် ရှဲ့ချောင်နှင့် မဆင်သလို အရမ်းလည်း ကြည့်၍ မကောင်းပေ။

တစ်စုံတစ်ယောက်ဝင်လာသည်အား ရှဲ့ချောင် အာရုံခံလိုက်မိသည်!

ထိုအရာသည် စိုးရိမ်ထိတ်လန့်ဖွယ် အမှောင်စွမ်းအင်အတွက် သီးသန့်ဖြစ်ရာ သူမ လျစ်လျူမရှုနိုင်ပေ။ သူမ လှည့်ပတ်ကြည့်လိုက်ကာ ထိုအရာသည် ကျောက်ရွှမ်ကျင်းဖြစ်နေမှန်း သိလိုက်ရသည့်အခါ အံ့ဩသွားခဲ့၏။ ထိုအချိန်တွင် သူမ ဘာပြောရမှန်းပင် မသိတော့ပေ။

အချိန်ကိုက်ပဲ!

ယနေ့ သူမနှင့်အတူ မည်သည့်စွမ်းအားပြင်းတူရိယာမှ ယူမလာခဲ့သောကြောင့် ဝမ်းနည်းနာကြည်းနေသော ဝိဉာဥ်အား တိုက်ရန်မှာ ခက်ခဲလေသည်။ ဝိဉာဥ်၏စွမ်းအား အနည်းငယ်သာကျန်တော့သည်အထိ သူမ ကြိုးစားနေသည်မှာ

အတော်ကြာခဲ့ပြီဖြစ်သည်။ ထိုအရာအား ယခုထိ သူမ မဖမ်းနိုင်သေးပေ။

ယခုအချိန်တွင်တော့ ရှဲ့ချောင်သည် ထိုအရာအား ဂါထာမန္တရားများဖြင့်သာ တိုက်နိုင်လေ၏။ မည်သို့ပင်ဖြစ်စေ သူမ၏ ခွန်အားမှာ အကန့်အသတ်ရှိပြီး နောက်ထပ်ကြာကြာ ထိန်းထားနိုင်တော့မည်မဟုတ်ပေ!

ကျောက်ရွှမ်ကျင်းမှာ ထိုအရာနှင့်ပတ်သက်၍ လုံးဝပူပန်ရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူ့နောက်အား လိုက်နေသော မကောင်းဆိုးဝါးဝိဉာဥ်တစ်သိုက် ရှိသောကြောင့်ပင်!

သူ အထဲသို့ဝင်၍ရသည်မှာ သူ၏ အမှောင်အရောင်အဝါသည် လေထုနှင့် ကိုက်ညီသွားသောကြောင့်ပင်။ သူ့အနား၌ ရှိနေသည်မှာ မကောင်းဆိုးဝါးဝိဉာဥ်များဖြစ်သော်လည်း ၎င်း

တို့သည် အငြိုးအာဃာတဝိဉာဥ်နှင့်တော့ ကွာခြားပေသည်။

သူမ မကောင်းဆိုးဝါးဝိဉာဥ်များအား အသုံးပြု၍ ရနိုင်ပေ၏!

ရှဲ့ချောင် ဂါထာမန္တရားများအား ပိုရွတ်လိုက်သည်။

“ အားလုံးထဲမှ စွမ်းအားအရှိဆုံးများဖြစ်ကြသော ကြယ်ခုနစ်ခုနှင့် ဝိဉာဥ်ရှစ်ခု။ စိတ်ဝိဉာဥ်အားလုံးတို့၏ ဆရာသခင်ဖြစ်သည့် ရှည်လျားသောဦးခွံနှင့် သားရဲကောင်ကြီး။ ကျွန်ုပ်၏ အမိန့်ကိုကြားကာ ယုတ်ညံ့သောသတ္တဝါအား တိုက်ခိုက်ကြလော့!”

ယခုကလေးတွင်မှ ဝင်ရောက်လာကြသော

မကောင်းဆိုးဝါးဝိဉာဥ်တစ်သိုက်သည် ရှဲ့ချောင် အမိန့်ပေးခဲ့သည့်အတိုင်း အာဃာတဝိဉာဥ်အား တစ်ဟုန်ထိုး တိုက်ခိုက်ကြလေတော့၏။

သူမ ယခုလေးတင် ရရှိလိုက်သော အထောက်အပံ့အား ကျေးဇူးတင်ရပေမည်။ မကောင်းဆိုးဝါးဝိဉာဥ်များသည် လျှပ်စီးများအလားပင် အာဃာတဝိဉာဥ်အား စတင်တိုက်ခိုက်ကြကာ ၎င်းတို့၏ လက်သည်းများမှာ ချိတ်ကောက်များကဲ့သို့ ပျံသန်းနေလေတော့သည်။

“ အား!”

အာဃာတဝိဉာဥ်၏အသံမှာ ယခု ပို၍ပင် ယူကျုံးမရဖြစ်နေလေသည်။

ကျောက်ရွှမ်ကျင်း ထိုအရာအား ခပ်ရေးရေးမျှ

ကြားလိုက်ရ၏။ ထိုအသံမှာ လေတဟူးဟူးတိုက်ခတ်သံကဲ့သို့ဖြစ်ကာ ငိုသံနှင့် အနည်းငယ် ဆင်တူပေသည်။

ဤသည်မှာ အတော်လေးချောက်ခြားဖွယ်ပင်။

သူ ထိုအကြောင်းအား များများစားစား မတွေးနိုင်မီတွင် အနီးတဝိုက်မှ ရိုးရိုးမျက်စိဖြင့်ပင်မြင်နိုင်သော အနက်ရောင်မီးခိုးငွေ့များသည် အလျင်တစ်ခုအတွင်း ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရ၏။

ထိုအချိန်အတွင်း၌ အမျိုးသမီးတာအိုဆရာ သည် ရေရွတ်နေပေ၏။

“ တရားမျှတတဲ့နတ်ဘုရားက ယုတ်ညံ့တဲ့ဝိဉာဥ်ကို နှင်ထုတ်ဖို့ ရောက်ရှိလာခဲ့ပြီ။ ပြန်သိမ်းယူ

လိုက်စေ!”

ရှဲ့ချောင် စကားဆုံးသည်နှင့် ကောင်းကင်မှနဂါးတစ်ကောင်ကဲ့သို့ ရေများကို စုပ်ယူနေသော တိမ်တိုက်သည် ပျောက်ကွယ်သွားလေ၏။

အနက်ရောင်မီးခိုးငွေ့သည်လည်း ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ ဆိုင်အတွင်း၌ မီးဆက်လက် လောင်ကျွမ်းနေသေးသော်လည်း ယခု လျော့ကျသွားပြီဖြစ်၏။

ခြံဝင်းသည် အချိန်ခဏအတွင်း၌ပင် ဗလာဖြစ်သွားခဲ့ပြီဖြစ်သည်။ လူများစွာသည် မြေကြီးပေါ်၌ လဲလျောင်းနေကြကာ မူးဝေနေကြပုံပင်။ မည်သို့ပင်ဆိုစေ သူတို့ လှုပ်ရှားနေကြသေး၏။ သူတို့ အသက်ရှိကြသေးပေသည်။

•••••

All Chapters