← Chapters

တရားမဝင်သား

Vol. 11 Ch. 192

တရားမဝင်သား

Vol. 11 Ch. 192

ရှဲ့ချောင် အလွန်ပင်ပန်းနေသည်မှာ မြေပြင်ပေါ်ထိုင်ချလိုက်ပြီး မလှုပ်ချင်တော့သည့်အထိပင်။

သူမ ချွေးသုတ်ရန်ကြိုးပမ်းကာ လက်ကိုမြှောက်လိုက်သော်လည်း မျက်နှာကို ထိလိုက်ပြီးမှ မိတ်ကပ်များအား ရုတ်တရက် သတိရသွားလေသည်။ သူမ၏ ရုပ်ဖျက်မှုမပေါ်အောင် သည်းခံထားရုံသာ တတ်နိုင်ပေ၏။

ရှဲ့ချောင် ယနေ့ သတိလစ်၍မဖြစ်ပေ။

အိမ်ရှေ့စံမင်းသား မရောက်လာမီတွင် သူမ နှစ်ကြိမ်သတိလစ်ပြီးဖြစ်ကာ ဖြစ်ရပ်များအား သူအစောကြီး မမေ့သွားသင့်ပေ။

သူမ ထပ်မေ့လဲသွား၍ သူမအား သူမှတ်မိသွားပါက ဘယ်လိုဖြစ်သွားမည်နည်း?

ရှဲ့ချောင် သူမကိုယ်သူမ နှစ်ခါဆွဲဆိတ်လိုက်ကာ သူမ၏ ရှိသမျှခွန်အားအလုံးစုံကို အသုံးပြု၍ အသက်ရှုသွင်းလိုက်သည်။

မဟုတ်ဘူး၊ လေက အလုံအလောက်ရှိမနေဘူး။

အနက်ရောင်အခိုးအငွေ့များ လျော့ပါးသွားသည်နှင့် အပြင်မှ လူများသည် ချက်ချင်းပင် အထဲသို့ အလောတကြီးဝင်လာကြသည်။

ကျို့ဝေ့ကျုံးနှင့် ကျန်သောသူများသည် ကျောက်ရွှမ်ကျင်း၏ ဆံခြည်လေးတစ်မျှင်မျှ ဆုံးရှုံးရမည်ကိုပင် စိုးရိမ်ပူပန်နေကြကာ သူ၏ဘေးတစ်ဝိုက်တွင် ဝန်းရံလိုက်ကြ၏။

မည်သို့ပင်ဖြစ်စေ ကျောက်ရွှမ်ကျင်း၏ မျက်လုံးများမှာ ရှဲ့ချောင်အပေါ်တွင်သာ ရှိနေလေသည်။ သူ၏ မျက်ခုံးများမှာ တွန့်ချိုးနေပေသည်။

ကျို့ဝေ့ကျုံး ရုတ်တရက် ပြောလိုက်၏။

“ အဆင်ပြေပါရဲ့လား အရှင့်သား? မီးခိုးငွေ့တွေက တကယ့်ကိုဆိုးဝါးတာပဲ။ အခုတော့လည်း ဘယ်နေရာကိုမှန်းမသိ ပျောက်သွားပြန်…”

ကျောက်ရွှမ်ကျင်း ခေါင်းညိမ့်လိုက်ကာ “ ငါအဆင်ပြေတယ်”

သူ့မှာ ဘာများဖြစ်နိုင်မှာတဲ့လဲ?

သူ အချိန်တစ်ခဏမျှသာ ဝင်ရောက်သွားခဲ့ပြီး အနက်ရောင်မီးခိုးငွေ့များမှာ မရှိတော့ပေ။ ထိုသည်သာမကဘဲ သူတတ်နိုင်သလောက် အသက်ရှုခြင်းကို ထိန်းထားခဲ့သည်။ ထိုမှသာ မီးခိုးငွေ့များအား အများကြီး မရှူမိမည်ဖြစ်လေသည်။

“ ဟိုနားမှာ အလောင်းတစ်လောင်းရှိပါတယ် အရှင့်သား”

သူ၏ အပေါင်းအဖော်များ လုံခြုံမှုရှိမရှိကို သေချာအောင်လုပ်ပြီးနောက် ရှဲ့ဖင်းကန်းသည် အချိန်မဆိုင်းပင် အထဲသို့ဝင်ကာ လူများအား

ဆိုင်ထဲမှ မီးများကိုငြိမ်းရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ဖယောင်းပုံထဲမှ အလောင်းအား စိုက်ကြည့်လိုက်သည်။

ရှဲ့ချောင်သည် ထိုနေရာ၌ ထိုင်နေဆဲပင်။ သူမသည် မျက်လုံးများမှိတ်ကာ အနားယူနေ၏။

ပင်ပန်းတယ်၊ သူမ အရမ်းကို ခြေကုန်လက်ပမ်းကျနေပြီ!

ရှဲ့ချောင်ကြည့်ရသည်မှာ အမျက်ခြောင်းခြောင်းထွက်နေပုံပေါ်သည်။ ဝေ့မိဘများ သူမ၏ဘေး၌ ဂရုတစိုက်ရပ်နေခဲ့သည်မှာ သူတို့သည် သူမအား ကာကွယ်နေသကဲ့သို့ပင်။

ကျန်းလုရှန်းမှာ ဗလာမျက်ဝန်းများဖြင့် မူးဝေနေလေသည်။ သူ့အတွက် အသက်ရှုရန် ခက်ခဲ

နေ၏။ မည်သို့ပင်ဖြစ်စေ ဖယောင်းပုံထဲမှအလောင်းအား မြင်လိုက်ရသောအခါ လုံးဝနိုးကြားသွားလေ၏။

ကျန်းလုရှန်း၏ အမူအရာကိုသတိပြုမိကာ တစ်စုံတစ်ခုမှားနေမှန်း ရှဲ့ဖင်းကန်း သိလိုက်၏။ ကျန်းမိသားစုနှင့် သက်ဆိုင်သည်ကိုလည်း သူသတိပြုလိုက်မိသည်။ ယခု သူတို့သည် ကျန်းမိသားစု ဖယောင်းဆိုင်၌ အလောင်းတစ်လောင်းအား ရှာတွေ့ခဲ့ရာ သဘာဝကျကျပင် ကျန်းလုရှန်းသည် သံသယရှိသူ ဖြစ်သွားလေ၏။

သတိရလာခါစ အလုပ်သမားတစ်ယောက်မှ တုန်ယင်နေရင်း ပြောလိုက်၏။

“ အဲ့…အဲတာ သာ့ချိုးပါ။ သူ ပျောက်နေခဲ့ပြီး ကျွန်တော်တို့ သူ့ကို မရှာနိုင်ခဲ့ဘူး…”

သူဘယ်တုန်းကမှ လူတစ်ယောက်က ဖယောင်းတိုင်ထဲ ရောက်နေခဲ့မယ်လို့ မတွေးမိဖူးပေ!

“ သာ့ချိုး? ငါ့ကို သူ့အကြောင်းအကုန်ပြောပြ!” ရှဲ့ဖင်းကန်းသည် ထိုအလုပ်သမားအား တင်စီးစွာကြည့်ရင်း သူ၏ခန္ဓာကိုယ်ကြီးဖြင့် ခြိမ်းခြောက်ကာ ကြောက်လန့်စေ၏။

အလုပ်သမားလေးမှာ ချက်ချင်းပင် စပြောလေတော့သည်။

“ ကျွန်တော်တို့ သာ့ချိုးနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်။ သူက သူ့တာဝန်တွေကို လုပ်တဲ့နေရာမှာ မြန်ပြီးတော့ သူဌေးက သူ့ကို အရမ်းသဘောကျတာ။ လစာတိုးပေးမယ်လို့လည်း ကတိပေးခံထားရသေးတယ်။ ဒါပေမယ့် တစ်ရက်ကျတော့ သူပျောက်သွားရော။ သူ့ဇနီးက သူ့ကို လာရှာခဲ့ပေ

မယ့် ပျောက်ခြင်းမလှပျောက်နေပါလေရဲ့ဗျာ။ သ-သခင်လေးပြောတာတော့ သူ သာ့ချိုးကို အမျိုးသမီးတစ်ယောက်နဲ့အတူ တွေ့လိုက်တယ်တဲ့။ သခင်လေးက သာ့ချိုးဖောက်ပြန်နေတာဆိုပြီး အခိုင်အမာကြီးပြောတော့ ကျွန်တော်တို့လည်း သာ့ချိုး သူမနဲ့အတူ ခိုးပြေးသွားတယ်လို့ ထင်ခဲ့ကြတာ…”

သူ့ထံ၌ ဇနီးကောင်းတစ်ယောက်ရှိနေသည်ကို အပြင်မှ အခြားတစ်ယောက်နှင့်လွန်ကျူးသည်မှာ အဓိပ္ပာယ်မရှိဟု သူတို့တွေးခဲ့ကြသည်နှင့်အမျှ သာ့ချိုးကိုပင် ယခင်က သူတို့ အထင်သေးခဲ့ကြသေး၏။

ကျန်းလုရှန်း၏ အမူအရာမှာ တင်းမာနေခဲ့လေသည်။

ရှဲ့ဖင်းကန်းသည် သူ့ထံသို့ လျှောက်သွားကာ

ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် သူ့အင်္ကျီစအား ဆွဲလိုက်သည်။ “ ခွေးကောင်၊ ဒါမင်းလုပ်ခဲ့တာ ဟုတ်တယ်မလား? ငါ့ကို အမှန်အတိုင်းပြောစမ်း။ ဒါမှ ပြီးရင် မင်းခံစားရတာ နည်းလိမ့်မယ်။ တစ်နည်းပြောရရင်တော့ ငါ့တို့ ပြစ်မှုဌာနခွဲကို ရောက်တဲ့အချိန်ကျရင် ငါ မင်းရဲ့ အရေပြားတစ်လွှာကို ခွာပေးမယ်!”

ရှဲ့ဖင်းကန်း၏ စကားလုံးများမှာ ခြိမ်းခြောက်မှုအပြည့်ပင်။

ကြောက်ဖို့ကောင်းပေသည်။

ကျန်းလုရှန်း တုန်လှုပ်ကြောက်လန့်သွား၏။ “ သူ-သူ သူ့ဟာသူ ပြုတ်ကျသွားတာ–”

“ ဟား၊ ငါမင်းကို မယုံဘူး။ နောက်တစ်ခါ ထပ်လိမ်လို့ကတော့ ငါမင်းရဲ့ သွားတွေကို အမှုန့်ချေ

ပစ်မယ်” ရှဲ့ဖင်းကန်းပုံမှာ ပြောခဲ့သည့်အတိုင်း သူ့ကို ထရိုက်တော့မလိုပင် ဖြစ်သည်။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းကို တားရမည့်အစား ရပ်ကြည့်နေလေ၏။ သူသည် ရှဲ့ဖင်းကန်း၏ ပုံစံကိုပင် လေးစားသဘောကျနေသေးသည်။ ဤရောင်းရင်းသည် ဖိနှိပ်ချုပ်ချယ်နိုင်သော အကြီးအကဲကောင်းတစ်ယောက် ဖြစ်လာနိုင်လေ၏။

[TN-မနေနိုင်လို့ပြောတော့မယ် သူ့ယောက်ဖကိုသူအမွှန်းသိပ်တင်နော်(´_ゝ`) ]

ရှဲ့ဖင်းကန်း၏ ဩဇာတိက္ကမမှာ အလွန်ကြောက်စရာကောင်းနေရုံပင် ဖြစ်သည်။ ကျန်းလုရှန်းသည် တုန်ယင်နေကာ သူ၏ဘောင်းဘီများထဲ ဆီးသွားလိုက်မိသည်။ “ သ-သူက ကျွန်တော့်အဖေရဲ့ တရားမဝင်သား…”

အဘိုးကြီးကျန်းသည် သူပြော၍ မပြီးသေးမီတွင်

ပင် အမြန်ရောက်ချလာလေသည်။ ထိုအကြောင်းအား ကြားလိုက်ရချိန်တွင် မိုးကြိုးလျှပ်စီးကြောင်းတစ်ခု ထိမှန်သွားသကဲ့သို့ပင် ဖြစ်သွား၏။

“ ဘယ်လို *ာက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ ခွေးမသားရဲ့!? ငါ့မှာ မင်းဆိုတဲ့ သားတစ်ယောက်ပဲ ရှိတယ်! ငါက ဘယ်လိုလုပ်ပြီး တရားမဝင်သားတစ်ယောက် ရှိရမှာလဲ!?”

ကျန်းလုရှန်း ခေါင်းလှည့်လိုက်ကာ “ ကျွန်တော် တစ်နေ့တုန်းက သူနဲ့ခင်ဗျားရဲ့ စကားတွေကို နားစွန်နားဖျား ကြားလိုက်တယ်။ ကျွန်တော့်ထက်တောင်ပိုပြီး သူ့ပုံစံက ခင်ဗျားနဲ့ ဆင်တူတယ်လို့ ခင်ဗျားသူ့ကို ပြောခဲ့တာလေ! ခင်ဗျား သူ့ကို အလုပ်ကြိုးစားဖို့ပြောပြီး အနာဂတ်မှာ ဆိုင်ပိုင်ရှင်ဖြစ်အောင် လုပ်ပေးမယ်လို့လည်း ပြောခဲ့သေးတယ်…”

••••••

All Chapters