← Chapters

အလုပ်က အရမ်းခက်ခဲလွန်းတယ်

Vol. 11 Ch. 193

အလုပ်က အရမ်းခက်ခဲလွန်းတယ်

Vol. 11 Ch. 193

အဘိုးကြီးကျန်းမှာ ထိုသည်ကို ကြားပြီးနောက် သတိလစ်လုနီးနီးပင်။

“ ငါပြောခဲ့တာ သာ့ချိုးက တာဝန်ယူတတ်ပြီး အလုပ်ကြိုးစားလို့! ငါတွေးခဲ့တာက အနာဂတ်မှာ ငါတို့ဆိုင်ခွဲတစ်ခု ရှိလာခဲ့ရင် သူ့ကို ဆိုင်ရှင်လုပ်ပေးမယ်လို့။ မင်းက ပိုင်ရှင်ရဲ့သားလေ၊ အဲ့ဒီအကြောင်းက မင်းကို ဘာတွေများလုပ်နေလို့လဲ!?”

လူအိုကြီးကျန်းသည် သူ၏ရင်ဘတ်အား ဖမ်းဆုပ်လိုက်သည်။ သူ ဒေါသထွက်နေလေသည်။

လက်တွေ့တွင်တော့ သူ့သား၏စရိုက်အား သတိပြုမိသည်ဖြစ်၏။ သူသည် သူ့သား၏ အရေးကိစ္စရှိလာမည်အား မတားခဲ့သလို မျက်ကွယ်ပြုထားခဲ့သည်။ သူ့ချွေးမဖြစ်သူမှာ ဒေါသကြောင့် သေဆုံးသွားရသည်ကိုလည်း သူသိထားခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ သူ့တွင် ကလေးတစ်ယောက်သာ ရှိပေသည်။

အပြင်လူများကြောင့် သူ့သားကို ဒုက္ခရောက်အောင် သူမလုပ်နိုင်ပေ၊ မဟုတ်လား?

သူ၏သားမှာ အလွန်ညံ့ဖျင်းလိမ့်မည်ဟူသောအတွေး သူ့ထံ၌ ဘယ်တုန်းကမှ မရှိခဲ့ပေ!

ကျန်းလုရှန်းသည် လူအိုကြီးကျန်းပြောသည်အား မယုံကြည်ဆဲပင်ဖြစ်သည်။

ယခု ဤသည်မှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်ကြောင့် သူ့အတွက် အဆုံးသတ်ဖြစ်လေသည်။

ဝေ့စုံတွဲသည် ကျန်းလုရှန်းအား မကျေမချမ်းမှုဖြင့် စိုက်ကြည့်နေကြ၏။ ဤလူသည် အသည်းခွဲသူတစ်ယောက်သာမက သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ပါဖြစ်နေမည်မှန်း သူတို့မထင်ထားခဲ့ပေ။ သူသည် တစ်စုံတစ်ယောက်ကိုပင် သတ်လိုက်သေးကာ ဖယောင်းတိုင်တစ်တိုင်အတွင်း၌ ဝှက်ထားသေးသည်။ ထိုသည်မှာ ရက်စက်လှပေ၏!

ဤသည်မှာ ဆိုင်၏ အထူးထုတ်ကုန်အဖြစ် ယူဆ

ခံထားရသော ကံကောင်းစေသည့် ဖယောင်းတိုင်ဖြစ်လေသည်။ ဤသည်အား ဆယ်နှစ်မှ နှစ်ပေါင်းများစွာကြာသည်အထိ မထိကိုင်ရသည်မှာ ပုံမှန်ပင်ဖြစ်၏။ အကယ်၍ မီးသာမလောင်ခဲ့လျှင် ဤလူမှာ နှစ်ပေါင်းများစွာ ကွယ်ဝှက်ခံထားရနိုင်လေသည်!

ထိုလူယုတ်မာသည် အခွင့်အရေးရပါက သူ့အား ဆင်ခြေဖုံးထဲသို့ပင် မြှုပ်ကောင်းမြှုပ်နိုင်လေ၏။ ထိုသို့ဆိုလျှင် ခြေရာလက်ရာပျောက်သွားနိုင်သည်!

နတ်ဘုရားသည် မီးကိုဖန်တီးရန် ဉာဏ်ကောင်းခဲ့သည်!

ဤသည်မှာ ကံ၏အကျိုးပင်!

ရှဲ့ချောင်၏ ခေါင်းမှာ လည်ထွက်နေဆဲပင် ဖြစ်သည်။ သူမသည် ထိုနေရာ၌ ထိုင်နေဆဲဖြစ်၏။

ဝေ့စုံတွဲမှာလည်း အလားတူပင်ရှိနေဆဲဖြစ်သည်။

ကျောက်ရွှမ်ကျင်းသည် သူမထံ လျှောက်လာကာ အချိန်တစ်ခုမျှ စောင့်ခဲ့သည်။ ရှဲ့ချောင်၏ မျက်ခွံများလှုပ်ရှားသည်ကို မြင်လိုက်မှ သူမေးလာခဲ့သည်။ “ ဒီကသူတော်စင်ရဲ့ အမည်နာမက ဘာများလဲဆိုတာ ကျွန်တော်သိခွင့်ရနိုင်မလား?”

“ မော့ချူးရှန်း” ရှဲ့ချောင် ဖြေလိုက်၏။

ကျောက်ရွှမ်ကျင်း ကြက်သေသေသွားလေသည်။ သူ အလိုအလျောက်ပင် သူတော်စင်မှ သူ့အား စကားမပြောရန် တောင်းဆိုခဲ့သည်အား သတိရ

သွားလေ၏။ သူသည် သူမ၏ အနားယူမှုအား နှောင့်ယှက်မိသည်ဟူသော ထင်မြင်ချက်အောက် ရောက်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ နောက်တစ်စက္ကန့်၌ သူရုတ်တရက် တုံ့ပြန်လိုက်၏။ “ ဆ-ဆရာတူအစ်မမော့?”

“ အင်း ဒုတိယဆရာတူမောင်လေး” ရှဲ့ချောင် ခေါင်းညိမ့်လိုက်ကာ မှန်းဆမရနိုင်သော အမူအရာဖြင့် သူမလက်မောင်းအား မြှောက်လိုက်သည်။ “ ဆရာတူမောင်လေး၊ ငါ့စွမ်းအင်တွေ ကုန်သွားခဲ့တာဆိုတော့ နည်းနည်း ပင်ပန်းနေပြီ။ အခု ငါ့ကို ထလို့ရအောင်ကူပေးပြီး ရထားလုံးတစ်စင်းလောက် ယူခဲ့ပေး။ ကြမ္မာဥယျာဥ်မှာ အနားယူချင်လို့”

သူမ၏ အသံအားအနည်းငယ်မျှပြောင်းရန် ရှဲ့

ချောင် အကောင်းဆုံးကြိုးစားခဲ့သည်။

နားထောင်ရသည်မှာ အဆင်ပြေသော်လည်း ကျောက်ရွှမ်ကျင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထင်နေခဲ့၏။

ရှဲ့ချောင် တွေးထားသည်မှာ ယခု သူမသည် ဆရာတူအစ်မဖြစ်သဖြင့် သူမ…အကျိုးအမြတ်ယူနိုင်သည်ဟုပင်။

အဆုံးတွင်တော့ ကျောက်ရွှမ်ကျင်းသည် သူမ၏ ဆရာတူမောင်လေးဖြစ်ပြီး အထက်၌ ကာကွယ်ပေးမည့် ဆရာသခင်တစ်ယောက် သူမထံတွင် ရှိနေပြီဖြစ်သည်။ ယခု သူ၏ ဆရာတူအစ်မမှ အမိန့်တစ်ခုပေးလာလေရာ သူသည် အိမ်ရှေ့မင်းသားဖြစ်သော်လည်း သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမည်ဖြစ်၏။ ထို့ထက် မကြာသေးမီက သူမ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့လေ

သည်။ ထိုသည်မှာ သူမအား ဂရုစိုက်ပေးရန် အဓိပ္ပာယ်ရှိပေ၏။

ထို့ကြောင့် သူမအား ကူညီရန် ကျောက်ရွှမ်ကျင်း သူ၏လက်အား ဆန့်ထုတ်လိုက်၏။

ရှဲ့ချောင်သည် သူ့လက်အပေါ် သူမလက်အား မတင်မီ သူ၏ရှည်လျားသော လက်ချောင်းများအား ကြည့်နေခဲ့သည်။

အိမ်ရှေ့မင်းသား၏ လက်မှာ အတော်လေးချောမွေ့ကာ ရှင်းလင်းသောလက်ဆစ်များနှင့် သွယ်လျပြီး သန်မာလေသည်…

ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်လိုက်ကာ သူ့လက်အား ပြန်ရုတ်ရန်ကြိုးပမ်းလိုက်၏။ မည်သို့ပင်ဖြစ်စေ ထိုအချိန်တခဏ၌ ရင်းနှီးနေသော ရနံ့

တစ်ခုအား သူ ရလိုက်သည်။ သူ၏ မျက်ဝန်းများ မြင့်တက်သွားကာ ဆန့်တန်းထားသော သူမ၏ လက်ကောက်ဝတ်အား ကိုင်လိုက်ရင်း စိုက်ကြည့်လိုက်၏။

ထိုလက်သည် ဖြူလျ၊ ပိန်ပါးကာ အားနည်းပေသည်။ ရှဲ့ချောင်၏လက်နှင့် တစ်ပုံစံတည်းပင်။

ရှဲ့ချောင် အနည်းငယ်ပြုံးလိုက်ကာ ကျောက်ရွှမ်ကျင်းလက်အား ဆိတ်လိုက်၏။

“ ဆရာတူမောင်လေးလက်က သန်မာသားပဲ။ မဆိုးဘူး၊ မဆိုးဘူး။ မင်း ကိုယ်ခံပညာတွေကို ကြိုးကြိုးစားစား လေ့ကျင့်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?”

ကျောက်ရွှမ်ကျင်းမျက်နှာမှာ ထူးဆန်းသောခံစား

ချက်တစ်ခု ဖြစ်ပေါ်လာသည်နှင့်အမျှ တောင့်တင်းလာလေသည်။ သူသည် ထိုအချိန်ခဏ၌ အတော်လေးဆွံ့အသွားခဲ့၏။

ရှဲ့ချောင်က မော့ချူးရှန်းအဖြစ် ရုပ်ဖျက်ထားတာလား ဒါမှမဟုတ်…ဒါက သူမရဲ့ ပုံစံအမှန်လား!?

“ ဆရာတူအစ်မက ဘာလို့များ ဒီကိုရောက်နေတာလဲ?”

ရှဲ့ချောင်သည် သူမကိုယ်သူမ ထုတ်ဖော်ရန် ငြင်းဆိုသည်မှစ၍ ကျောက်ရွှမ်ကျင်းသည်လည်း ခင်တွယ်တတ်သော ဆရာတူမောင်လေးအဖြစ် ဟန်ဆောင်ကာ ထိုအရာအား မေးလိုက်လေသည်။

ရှဲ့ချောင် သက်ပြင်းချလိုက်၏။

“ ငါ ဒီအတိုင်း…အသက်မွေးဝမ်းကြောင်းတစ်ခု လုပ်ချင်ရုံပါ…ဒီအလုပ်က အရမ်းခက်ခဲတာပဲ။

ငါက အိုလာနေပါပြီ။ ဒီလောက်ခက်တဲ့အလုပ်ကို ငါထပ်ပြီး မလုပ်နိုင်တော့ဘူးပဲ…”

••••••

All Chapters