မယုံနိုင်စရာပဲ
Vol. 11 Ch. 194
ကျောက်ရွှမ်ကျင်း၏ မျက်ခွံများ တွန့်လှုပ်သွားလေသည်။
အိမ်ရှေ့စံမင်းသားမှ သူမအား ထိန်းကိုင်လိုက်သည်နှင့် ရှဲ့ချောင်မှာ တိမ်များပေါ်မျောလွင့်သွားတော့သည်။
“ စောစောတုန်းက ဆရာတူအစ်မ မကောင်းဆိုးဝါးဝိဉာဥ်ကို ဖမ်းနေခဲ့တာလား?”
ကျောက်ရွှမ်ကျင်းသည် ယခင်က ရှဲ့ချောင်မြုပ်နှံပေးခဲ့သည့် လမ်းပျောက်နေသည့် သိုးငယ်လေးအား တွေးလိုက်မိ၏။
အကယ်၍ ယခင်က အရိုးများသည် ထိုသိုးငယ်လေးနှင့် သက်ဆိုင်သည်ဆိုပါက အစောပိုင်းမှ အရာသည် မည်သည်နည်း?
ရှဲ့ချောင် ပြုံးကာပြောလိုက်၏။
“ မကောင်းဆိုးဝါးဝိဉာဥ်က ဖယောင်းတိုင်ထဲမှာ ချိပ်ပိတ်ခံထားခဲ့ရတယ်။ သူက အပျက်အစီးတွေကြားမှာ သေဆုံးခဲ့ရပြီးတော့ မကျေမချမ်းဖြစ်နေတာ။ ပြီးတော့ သူ့ရဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့တယ်။ မီးကြောင့်ပဲ လွတ်မြောက်မှုကို ရခဲ့ပြီးတော့ သူက လူတိုင်းကို သတ်ပစ်ချင်နေခဲ့တာ။ ဒါပေမယ့် ဆရာတူမောင်လေး စိတ်မပူပါနဲ့။ ငါ အဲ့ဒီမဖြစ်စလောက်အရာလေးကို ဖမ်းပြီးပြီ။ ငါ အိမ်ပြန်ရောက်မှ သူ့ဝိဉာဥ်ကို လွှတ်ပေး
လိုက်မယ်။ ဆောင်းဦးအဝတ်အထည်နေ့က ရောက်လာတော့မှာဆိုတော့ ငါ အဲဒီနေ့မှာ သူ့ကို ပြန်ဝင်စားဖို့ ပို့လိုက်မယ်”
သူမကြည့်ရသည်မှာ တရားဝင်စီနီယာကဲ့သို့ နူးညံ့ညင်သာနေလေသည်။
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်၏ ရုပ်ဖျက်ထားမှုအကြောင်း မသိချင်ယောင်ဆောင်လိုက်သည်။
“ မကောင်းဆိုးဝါးဝိဉာဥ်တွေကိုဖမ်းတဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုလည်း ကျွန်တော်သိတယ်။ ဆရာတူအစ်မလည်း သူမကို သိတယ်ဆို”
“ အကြီးဆုံးသခင်မလေးရှဲ့အကြောင်းကို ပြောနေတာမလား? ဒါပေါ့။ သူမရဲ့ဆရာ မော့လင်းကျစ်က ငါ့ရဲ့ဆရာတူအစ်ကိုလေ။ ဒါပေမယ့် ဒီ
အမျိုးသမီးက ဂုဏ်သရေရှိမိသားစုကဆိုတော့ သူမ အများကြီး မသိလောက်ဘူး”
ရှဲ့ချောင်၏ အမူအရာမှာ တစ်ချက်မှတွန့်မသွားပေ။
တိတ်တဆိတ်ပင် သူမအား ရှာတွေ့ပြီးနောက် ကျောက်ရွှမ်ကျင်း၏ မျက်ခွံများတွန့်လှုပ်သွားလေသည်။
ရထားလုံးဆီသို့ ပို့သည့်လမ်းတစ်လျှောက် ရှဲ့ချောင်အား သူဆုပ်ကိုင်ထားခဲ့သည်။
အပေါ်သို့မတက်ခင် သူမ ရုတ်တရက်ခေါင်းလှည့်လိုက်ကာ ဝေ့မိဘများအား ပြောလိုက်၏။
“ အိမ်ပြန်ရောက်တဲ့အခါကျရင် ပင်လုံးကြိုင်အပင်အောက်မှာ တူးလိုက်။ ပစ္စည်းကို အရှေ့
ဘက်လမ်းက ကြမ္မာဥယျာဥ်ကို ပို့လိုက်ပါ။ အဲ့တာက ဒီအလုပ်အတွက် အဖိုးအခပဲ”
ဝေ့စုံတွဲသည် နဝေတိမ်တောင်ဖြင့် ခေါင်းညိမ့်လိုက်ကြ၏။
“ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ရဲ့သမီးက ကျွန်မနဲ့ ရှိနေတုန်းပဲ။ အချိန်တချို့ကုန်လွန်ပြီးသွားရင် သူမ ပြန်ဝင်စားလိမ့်မယ်။ တကယ်လို့ ရှင်တို့ သူမရဲ့နောက်ဘဝမှာ ပိုကောင်းကောင်းနေစေချင်ရင် သူမရဲ့စိတ်ဝိဉာဥ်ကို အားဖြည့်ပေးဖို့ အရာဝတ္ထုတွေ ဝယ်လို့ရတယ်။ ကောင်းတဲ့အလုပ်တွေလုပ်ပေးပြီး သူမအတွက် ကောင်းတဲ့ကံတွေ စုပေးလို့လည်း ရတယ်” ရှဲ့ချောင် ထပ်ဖြည့်ပြောလိုက်၏။
သူမအား ဝေ့စုံတွဲမှ လျစ်လျူရှုပါက ရယ်ဖွယ်ရာဖြစ်ပေလိမ့်မည်။ မြေပြင်ပေါ်မှ ဆန်စေ့များအား ကောက်စားနေသည့် ကြက်များကဲ့သို့ပင် ၎င်း
တို့သည် သူမအား ကျေးဇူးတင်ရန် ရုတ်တရက် ဒူးထောက်လိုက်ကြသည်။
“ ဒီအလုပ်အတွက် အခကြေးငွေယူထားတာမလို့ ဒီလောက်ထိလုပ်ဖို့မလိုပါဘူး” ရှဲ့ချောင် လက်ဝှေ့ယမ်းလိုက်ကာ သူမစကားပြောပြီးသည်နှင့် ရထားလုံးပေါ် တက်လိုက်လေသည်။
ရှဲ့ဖင်းကန်း ရထားလုံး၏ဦးတည်ရာအား ကြည့်လိုက်သည်။ သူ အတော်လေး ရှုပ်ထွေးနေလေ၏။
ထိုအမျိုးသမီးက အိမ်ရှေ့မင်းသား၏ ဆရာတူအစ်မတဲ့လား? သူမကြည့်ရသည်မှာ အားနည်းပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် လုပ်နိုင်စွမ်းရှိပေမည်။ တစ်နည်းအားဖြင့်ပြောရလျှင် အစောပိုင်းမှ အနက်ရောင်မီးခိုးငွေ့များသည် မည်ကဲ့သို့ ဤမျှလျှင်မြန်စွာ ပျောက်ကွယ်သွားမည်နည်း?
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်အား ကြမ္မာဥယျာဥ်အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လေ၏။
ဤသည်မှာ သူ၏ ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ဆိုင်အား သူကြည့်လေလေ သူ၏ဆရာတူအစ်မမှာ ရှဲ့ချောင်နှင့် ဆင်တူသည်ဟု တွေးမိလေလေပင်ဖြစ်သည်။
ရှဲ့ချောင်သည်လည်း ရှီးဖန်မြို့၌ အဆောင်များ ရောင်းချနေခဲ့သည်ဖြစ်၏။ သူမ၏ ဝါးခြင်းတောင်းထဲ၌ အပုံလိုက်ရှိသည်ဟုပင် ထင်ရလေသည်။
မည်သို့ပင်ဖြစ်စေ ရှဲ့ချောင်သည် မော့ချူးရှန်းဖြစ်နေခဲ့ပါက…သူမ မည်သည့်အချိန်က တပည့်တစ်ယောက် ဖြစ်လာခဲ့သနည်း?
ဤသည်မှာ အတော်လေး မယုံကြည်နိုင်ဖွယ်ရာဖြစ်ပေသည်။
ကျောက်ရွှမ်ကျင်းမှာ မသေချာသော်လည်း မေးလိုက်ရန်မှာ သူ့အတွက် မသင့်တော်ပေ။ သူ၏ ဆရာမှာ ခက်ထန်သော်လည်း မော့ချူးရှန်းဟုခေါ်သော သူကိုတော့ တုန်နေအောင်ချစ်ပေသည်။
ဂိုဏ်းထဲသို့ ကျောက်ရွှမ်ကျင်း ဝင်လာသည့်အချိန်မှစ၍ သူ့ဆရာသည် သူတို့၏ဆရာတူအစ်မအား လေးစားသမှုထားရန် မှာကြားနေသည်ကို ကြားခဲ့ရသည်ဖြစ်၏။ သူမအား သူတို့ စိတ်အနှောက်အယှက်မပေးသင့်ပေ။
သူ့အား သင်ကြားပြသပေးခဲ့သော အသိပညာများအားလုံးအတွက် သူ့ဆရာအား ကျေးဇူးတင်
လေ၏။ အခြားသူများနှင့် ခြားနားစွာပင် လူများမည်သည်ကိုပင်ပြောသည်ဖြစ်စေ သူ အတည်မမှတ်ယူသင့်ပေ။ မည်သို့ပင်ဖြစ်စေ သူ့ဆရာ၏ အမိန့်များအား သူလေးစားရလိမ့်မည်။
ကျောက်ရွှမ်ကျင်း၏ မျက်နှာထက်၌ ရှုပ်ထွေးနေသော အမူအရာတစ်ခု ဖြစ်ပေါ်နေလေ၏။
ရှဲ့ချောင်သည် သူ၏ အမူအရာအား မမြင်သကဲ့သို့ပင် အမိန့်တစ်ခု ပေးလိုက်၏။
“ ဒုတိယဆရာတူမောင်လေးရေ ငါဗိုက်ဆာတယ်။ ကျေးဇူးပြုပြီး ဟိုဘက်က စားစရာတစ်ချို့ မင်းရဲ့လူတွေကို ဝယ်ခိုင်းပေးပါလား”
အလုပ်ကြောင့် သူမ ပင်ပန်းနေခဲ့သည်ဖြစ်သည်။ ဤသည်မှာ သူမ စားရန်အတွက် အဓိပ္ပာယ်ရှိလေ၏။
ကျောက်ရွှမ်ကျင်းသည် ထိုအရာကို နန်းတွင်းသက်တော်စောင့်ကျို့အား ခိုင်းလိုက်၏။
ရှဲ့ချောင် ခေါင်းညိမ့်လိုက်ကာ ကျောက်ရွှမ်ကျင်းအား ညင်သာစွာ ကြည့်လိုက်သည်။
“ မင်း အတော်မြန်မြန်ကို အများကြီး ကြီးပြင်းလာတာပဲ? ဂိုဏ်းထဲဝင်လာကာစတုန်းက မင်းကလုံးဝကို ကောင်လေးတစ်ယောက် ဖြစ်ခဲ့တာ”
သူမ မမှတ်မိနိုင်တော့ပါပေ။ မည်သို့ပင်ဖြစ်စေ နောက်ထပ်တပည့်တစ်ယောက်လက်ခံထားကြောင်း သူမအား သူမ၏ဆရာဖြစ်သူ စာဖြင့်အကြောင်းကြားထားသည်မှာ ရှစ်နှစ်၊ ကိုးနှစ်ပင် ကြာခဲ့ပြီဖြစ်လေသည်။
သူမ၏ဆရာမှာ တပည့်အသစ်တစ်ယောက်လက်ခံလိုက်ခြင်းသည် သူ၏အကြီးဆုံးတပည့် သူမအား မေ့သွားခြင်း လုံးဝမဟုတ်ကြောင်းအား စာအချို့ပင် ရေးခဲ့သေးလေသည်!
••••••