← Chapters

ထိုသူအား ဖော်ထုတ်ခြင်း

Vol. 11 Ch. 196

ထိုသူအား ဖော်ထုတ်ခြင်း

Vol. 11 Ch. 196

ထိုအရာအား ပြောရန် သူ့ကိုယ်သူဖိအားပေးနေချိန်တွင် ဆရာရှောင်အား ကြည့်ရသည်မှာ ရှက်နေပုံပေါ်သည်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသား၏ မျက်နှာထားအတိုင်း သူဖြစ်သွားသည့်အချိန်၊ ပြုံး

နေမိသလားပင် သူမသေချာတော့ပေ။ ဆရာရှောင်မှာ သူ၏ပါးများ လောင်ကျွမ်းသွားသကဲ့သို့ ခံစားနေရလေသည်။

ကျောက်ရွှမ်ကျင်းသည် လှောင်ပြုံးအသေးစားလေးပြုံးလိုက်ကာ သာမန်ကာလျှံကာ အပြုအမူဖြင့် ဝတ်ရုံလက်များအား ဖုန်ခါလိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ အပြုံးဖျော့လေးတစ်ခု ရှိနေလေ၏။

“ ကျွန်တော်ထင်တာတော့ နောက်ဆုံးတစ်ခေါက်တုန်းက ဆရာတူအစ်ကို ဒီကနေ တစ်ခုခုဝယ်သွားသလားလို့? ကျွန်တော် ဘာလို့ အစ်ကိုအဲ့ဒါသုံးတာကို မတွေ့ဖူးရတာလဲ?”

ဆရာရှောင်မှာ စိတ်ကုန်နေလေသည်။ အိမ်ရှေ့မင်းသားက ဘာလို့ သူ့ကိုဆက်ပြီးဖော်ထုတ်နေတာလဲ?!

“ ဆရာတူအစ်မရဲ့ ပစ္စည်းက လုံးဝကို အဖိုးတန်တယ်။ အပြင်မှာ ဖုန်တွေရှိတယ်လေ။ တကယ်လို့ ညစ်ပတ်သွားရင် ဘယ်လိုလုပ်မလဲ?” ရှောင်ယွီရုန် ရုတ်တရက် ပြောလိုက်၏။

ရှဲ့ချောင် မျက်ခွံလှုပ်သွားကာ သူမပါးများအား ပွတ်လိုက်၏။

သူ့စကားလုံးများမှာ အရမ်းအတုအယောင်ဆန်လှကာ ကသိကအောက်ဖြစ်ဖွယ်ပင်။

“ အဲ့တာကို ကျောင်းတော်မှာ သုံးခဲ့ဝာာလား? ဆရာတူအစ်မရဲ့ ရောင်းကုန်က ဘယ်လိုလဲဆိုတာကို ဆရာတူအစ်ကိုက ကျွန်တော်တို့ကို ပြောပြသင့်တယ်မဟုတ်ဘူးလား? တကယ်လို့ တစ်ခုခုလိုအပ်ချက်ရှိနေတယ်ဆိုရင် သူမ မွမ်းမံလို့ရနိုင်တာပေါ့” ကျောက်ရွှမ်ကျင်းသည် ကြုံရာကျပန်း

အကြောင်းတစ်ခုကို ပြောနေသည့်အတိုင်း သာမန်ကာလျှံကာပင်ဖြစ်သည်။

ရှောင်ယွီရုန်၏ မျက်ခွံများတွန့်လှုပ်သွားခဲ့သည်။ ကျောက်ရွှမ်ကျင်း၏ သရုပ်မှန်အား သူလျစ်လျူရှုကာ စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

‘ဒီကောင်က ငါ့ကို သနားတယ်လို့တောင် မခံစားရဘူးလား? ငါက အသက်သုံးဆယ်ကျော်နေပြီး အခုထိ လက်မထပ်ရသေးဘူးလေ!’

ရှောင်ယွီရုန်သည် လိမ်လည်ခြင်း၌ တော်မနေခဲ့ပေ။ ယခု တစ်စုံတစ်ခုအားပြောရန် သူကျရှုံးခဲ့လေသည်။

ဆရာတူအစ်မရဲ့ ရောင်းကုန်က ကောင်းတယ်လို့ပြောပြီး သူဆက်လိမ်သင့်သလား?

ထိုအရာမှာ သူ့ကိုယ်ရည်ကိုယ်သွေးအား အရှက်ရထိခိုက်စေနိုင်သည်!

ရှောင်ယွီရုန်သည် မလုံမလဲဖြစ်ကာ ရုတ်တရက်ပင် လက်သီးဆုပ်ကာ ဦးညွတ်လိုက်သည်။ “ ကျွန်တော် တောင်းပန်ပါတယ် ဆရာတူအစ်မ။ ကျွန်တော်…အသုံးမပြုရသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်ပြန်ရောက်ရောက်ချင်း အဲ့တာကို သုံးကြည့်လိုက်ပါ့မယ်!”

စကားပြောပြီးလျှင်ပြီးခြင်းပင် ရှောင်ယွီရုန်သည် လိပ်ပြာမလုံစွာ ပြေးထွက်သွားတော့သည်။

ကျောက်ရွှမ်ကျင်းသည် မျက်ခုံးပင့်လိုက်ကာ စိတ်ရှုပ်ထွေးနေဟန်ဆောင်ရင်း “ ဆရာတူအစ်ကို

ကတော့ အမြဲတမ်းကို လေးနက်တဲ့လူတစ်ယောက်ဖြစ်နေတာပဲနော်”

“ ငါ့ရဲ့အကြီးဆုံးဆရာတူမောင်လေးက သေချာပေါက်ကို ချစ်ဖို့ကောင်းတာပေါ့” ရှဲ့ချောင်သည် ပျော်ရွှင်နေလေသည်။ သူမသည် တည်ခင်းထားသော စားစရာများအား ကြည့်ရင်း နှစ်လိုဖွယ်ပြောလိုက်သည်။ “ ဒါအကုန်ပဲဆိုရင် မင်းသွားလို့ရပြီ ဆရာတူမောင်လေး။ မင်းက အိမ်ရှေ့စံမင်းသားလေ။ မင်းမှာ အလုပ်များတယ်လို့ ငါကြားဖူးပါတယ်။ ကျေးဇူးပြုပြီး သွားပါ။ မင်းငါ့ကို တစ်ယောက်တည်းထားခဲ့လို့ ရပါတယ်”

သူမ ရှဲ့ချောင်ဖြစ်ခဲ့စဥ်က မည်သူ့အပေါ်ကိုမျှ မမှီခိုရဲခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ သူမသည် ဆရာတူအစ်မအကြီးဆုံး

ဖြစ်လေသည်။

ရှဲ့ချောင်၏ခန္ဓာကိုယ်ထက်တွင် ဆရာတူအစ်မတစ်ယောက်၏ရောင်ဝါတစ်ခုဖြင့် သူမပုံစံမှာ သဘောထားကြီးကာ နူးညံ့ညင်သာနေလေသည်။ သူမမှာ တာအိုဝတ်ရုံဖြင့် လူသူဝေးရာတွင်နေထိုင်သည့် ပညာရှင်တစ်ယောက်ပုံ ပေါက်နေ၏။ သူမ၏ တည်ငြိမ်စွာ စကားပြောပုံသည် စမ်းချောင်းထဲမှရေကဲ့သို့ ကြားရသည်မှာ ချိုမြိန်လေ၏။ သူမကို မြင်လိုက်သည့် မည်သူပင်မဆို သူမအား စွမ်းအားကြီးသည့် အမတအရှင်တစ်ယောက်ဟု ထင်ကြနိုင်သည်။

မည်သို့ပင်ဖြစ်စေ ကျောက်ရွှမ်ကျင်းသည် မတတ်နိုင်ပဲ သူမမျက်နှာမှ ကွာကျနေသည့် မိတ်ကပ်အား စိုက်ကြည့်နေမိသည်။

သူမသည် သေချာပေါက်ကို ဟန်ဆောင်နိုင်ပေ

သည်။ သူမသည် နှစ်ပေါင်းများစွာကြာအောင် စာလွှာများပို့နိုင်ပြီး ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာမှ မှားမနေသကဲ့သို့ပင်။

“ ဆရာတူအစ်မမော့၊ ကျွန်တော်သိချင်နေခဲ့တဲ့ အရာတစ်ခုရှိတယ်” ကျောက်ရွှမ်ကျင်း၏ ငြိမ်းချမ်းနေသော စိတ်ကလေးသည် ပြိုလဲတော့မည့်ပုံပေါ်နေသည်။ “ လက်ဆောင်က ဘာကိုဆိုလိုတာလဲ?”

“ လက်ဆောင်?” ရှဲ့ချောင်မှာ တစ်ခဏမျှ မျက်စိလည်သွားသည်။

သူမ ဘယ်တုန်းက သူ့ကို လက်ဆောင်ပေးဖူးတာလဲ? အဲ့တာကကော ဘာပါလိမ့်?

အရင်တုန်းကတော့ သူမ ရွှေခေါင်းလောင်းတွေ

ကို အမှန်တကယ်ကြိုက်ခဲ့ဖူးသည်ထင်သည်…

“ ဟမ်…ရွှေခေါင်းလောင်းလေးတွေ မြည်နေတဲ့အချိန်ဆို နားထောင်လို့ကောင်းတယ်။ အဲ့တာလေးတွေက ရုပ်တုမှာ အကြာကြီးတပ်ဆင်ထားခံရတာ။ ထူးထူးခြားခြားအဓိပ္ပာယ်ရယ်လို့တော့ မရှိပေမယ့်လည်း မကောင်းဆိုးဝါးတွေကို နှင်နိုင်တယ်” ရှဲ့ချောင် အလေးအနက်ပြောလိုက်၏။

ကျောက်ရွှမ်ကျင်း သူမအား မသိမသာအမူအရာဖြင့် မကြည့်မီတွင် သူ့နှလုံးထဲမှ တင်းကြပ်မှုကို ခံစားလိုက်ရသည်။

ရှဲ့ချောင်မှာ သူသည် ရယ်ဖွယ်ရာကောင်းသည်ဟု ထင်နေခဲ့သည်။

“ အဲ့တာက ခေါင်းလောင်းမဟုတ်ဘူးလား?” ရှဲ့

ချောင် သံသယများနှင့် မေးလိုက်၏။ “ အဲ့တာက…ကျောက်စိမ်းလား?”

ရှီးဖန်မြို့၌ အတော်များပြားသော ကျောက်စိမ်းများ ရှိလေသည်…

ကျောက်ရွှမ်ကျင်းသည် အဝေးသို့ကြည့်လိုက်ကာ အပြင်သို့ အကဲခတ်လိုက်သည်။ “ ၀ရှောင်ယွီရုန်က အစောကြီးထွက်သွားတာပဲ။ သူဒါကို ကြားရအောင် ရှိနေသင့်တာကို”

အကယ်၍ ထိုသူသာ သူတို့၏စကားများအား နားထောင်နေခဲ့ပါက သူ၏နှလုံးမှာ ရေကန်ငယ်ထဲမှ ရေကဲ့သို့ သေနေလိမ့်မည်ပင်။ ထိုအထဲသို့ ကျောက်တုံးကြီးတစ်ခုအား ပစ်ချလိုက်မည်ဆိုလျှင်တောင် မည်သည့်ရေလှိုင်းမှ ရှိမလာမည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်!

“ ဟား! ရွှေခေါင်းလောင်း? ကျောက်စိမ်း? သူမရဲ့အိမ်မက်တွေထဲမှာ လက်ဆောင်ပေးခဲ့ပုံပဲ!

“ အခု ဆရာတူအစ်မက နန်းမြို့တော်မှာဆိုတော့ ဆရာတူမောင်လေးကျွန်တော်က အိမ်ရှင်ကောင်းတစ်ယောက်ဖြစ်သင့်တာပေါ့။ ကျွန်တော့်ရဲ့စံအိမ်မှာ လိုက်နေရင်ကောဘယ်လိုလဲ? ဒါမှမဟုတ် ကျွန်တော်တို့တွေ တော်ဝင်ကျောင်းတော်ကို သွားလို့ရတာပဲ” ကျောက်ရွှမ်ကျင်း ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

•••••

All Chapters