လုပ်ခဝင်ငွေ
Vol. 11 Ch. 197
ထိုအရာအား ရှဲ့ချောင်မည်ကဲ့သို့ သဘောတူနိုင်ပါမည်နည်း?
မတော်၍များ သူမ၏ ဆရာတူမောင်လေးငါးယောက်သည် သူမမှာ ၁၆နှစ်သာရှိသေးကြောင်း သိသွားကြပါက ဘယ်လိုလုပ်ရပါမည်နည်း? ထိုကဲ့သို့ဆိုလျှင် သူမဘဝအား မည်ကဲ့သို့နေထိုင်နိုင်တော့မည်နည်း?
သူမသည် အရာအားလုံးအား အဖြေရှာပြီးဖြစ်လေသည်။ သူမ၏ဆရာ ဆုံးပါးသွားစဥ်အခါက သူမဆရာအပေါ်၌ ထားရှိသည့် လေးစားချစ်ခင်မှုများကြောင့် ယူကြုံးမရဖြစ်ကာ သူမလည်းသေဆုံးသွားသည့် သတင်းများအား ကိုယ်တိုင်ဖြန့်ခဲ့သည်။ မော့ချူးရှန်း၏ အချက်အလက်များ
မှာ သဲလွန်စမကျန်ပဲ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ ဆရာတူမောင်လေးများမှ သူမအား ဆန့်ကျင်လာမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။
အချိန်တွေ ကုန်လွန်သွားလိမ့်မည်။ ရှဲ့ချောင်မည်သည့်အချိန်အထိ အသက်ရှင်နေနိုင်မည်ကို မည်သူမျှမသိပေ။ သူမ၏ ကျန်ရှိသောဘဝသက်တမ်းကို သူမ၏သရုပ်မှန်ဖြင့် ငြိမ်းချမ်းစွာနေထိုင်သွားမည်ဖြစ်သည်။
ယွင်ဝေ့၏ ဂုဏ်ပုဒ်နှင့်စပ်လျဥ်း၍…
အပြောင်မြောက်ဆုံးလက်ရာများအား ပို၍ရေးဆွဲချင်သေးသောကြောင့် သူမ ထိုအရာအား မကြေညာနိုင်ပေ။
ပန်းချီကားတစ်ခု၏ ဈေးနှုန်းသည် ရေးဆွဲသည့်
ဆရာမှာ ယောက်ျား သို့မဟုတ် မိန်းမ၊ လူငယ် သို့မဟုတ် လူကြီးဆိုသည့်အပေါ် မူတည်ကာ ကွဲပြားမှုရှိနိုင်ပေ၏။
“ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာတူမောင်လေး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ရှီးဖန်မြို့မှာနေတာက အကောင်းဆုံးပါပဲ။ ဒီမှာ ငါနေ့တိုင်းလိုအပ်တဲ့ ပစ္စည်းတွေအများကြီးရှိတယ်။ မင်းညွှန်းပေးတဲ့ နေရာနှစ်ခုလုံးက စည်းမျဥ်းတွေ အရမ်းများလွန်းတယ်” ရှဲ့ချောင် ပြုံးကာ ပြောလိုက်သည်။
ကျောက်ရွှမ်ကျင်းသည် သူမ မည်မျှအထိ ဆက်ဟန်ဆောင်နိုင်မည်အား သိချင်ရုံပေ။
“ ဆရာက အနားမှာ မရှိတော့ဘူး၊ ပြီးတော့ ဆရာတူအစ်မ ဒီနေရာမှာ တစ်ယောက်တည်းရှိနေမှာကို ကျွန်တော်စိုးရိမ်လို့။ ဆရာတူအစ်မက ကျွန်တော်နဲ့အတူသွားဖို့ ဆန္ဒမရှိဘူးဆိုတော့
ကျွန်တော်ကပဲ မကြာခဏ လာလည်ပါ့မယ်။ ဒါက ကျွန်တော့်အတွက်တော့ ခြားနားမှုမရှိပါဘူး” ကျောက်ရွှမ်ကျင်း ပြောလိုက်၏။
ရှဲ့ချောင် မျက်ခုံးလှုပ်သွားသည်။ “ ငါတော့ ဒါကောင်းတဲ့အကြံမဟုတ်ဘူးလို့ထင်တယ်နော်။ မင်းက အလုပ်များ…”
“ အတိအကျတော့ မဟုတ်ပါဘူး။ ကျွန်တော်က တခြားသူတွေ ကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာ စောင့်ကြည့်စစ်ဆေးရုံပါပဲ။ ပြီးတော့ ဆရာတူအစ်မက လောကနှစ်ခုလုံးမှာ နောကျေတယ်လေ။ ကျွန်တော် ဆရာတူအစ်မကို တွေ့လိုက်တဲ့အချိန်တိုင်း အေးချမ်းသွားတယ်” ကျောက်ရွှမ်ကျင်း၏ ကျဥ်းမြောင်းသောမျက်ဝန်းများမှာ ငြိမ်းအေးနေသည့် အမူအရာအား ပြသနေလေသည်။ သူ့အား ကြည့်ရသည်မှာ စစ်မှန်ပုံပေါ်လေ၏။
ရှဲ့ချောင်၏မျက်ခွံများ လှုပ်နေခြင်းမှာ မရပ်တန့်တော့ပေ။
ထင်ထားသကဲ့သို့ပင် ဆရာတူမောင်လေးများမှာ ကမ္ဘာပေါ်၌ စိတ်အနှောင့်အယှက်အပေးဆုံး သတ္တဝါလေးများ ဖြစ်ပေသည်။
ပြီးတော့ သူမမှာ ငါးယောက်တောင်ရှိနေတယ်!
သူမမှာ နှစ်ယောက်ကိုသာ တွေ့ရသေးသည်ဖြစ်၏။
ရှဲ့ချောင်သည် သူမ၏ မခံမရပ်နိုင်ဖြစ်မှုအား ထိန်းချုပ်ထားရင်း စားပွဲထက်သို့ စားစရာများနေရာချထားရန် လူများအား ညွှန်ကြားနေလေ
သည်။ ကျောက်ရွှမ်ကျင်းသည် ထွက်သွားရန်အား ငြင်းဆိုရင်း သူမဘေး၌ ထိုင်နေချိန်တွင် သူမ၏ခေါင်းကိုမြှုပ်ကာသာ စားနေလိုက်တော့သည်။ သူသည် ထူးထူးထွေထွေပြောလာခြင်းလည်း မရှိပေ။ ထိုသူဘာလုပ်ရန်ကြိုးစားနေမှန်း သူမ မသိတော့ပေ။
နှစ်နာရီကြာပြီးနောက် ဝေ့စုံတွဲရောက်လာလေသည်။ သူတို့သည် တစ်စုံတစ်ရာကို ပွေ့ပိုက်ရင်း သယ်ဆောင်လာကြသည်။
သေချာပေါက်ပြောနိုင်သည့်တစ်ခုမှာတော့ ထိုအရာသည် သေတ္တာအသေးတစ်ခု ဖြစ်နိုင်သည်ဟုပင်။ ထိုအရာအား မြေကြီးများဖုံးလွှမ်းနေသည့် အဝတ်ဖြင့် ရစ်ပတ်ထားလေသည်။
“အမတအရှင် ကျွန်မတို့…ဒါကို မဖွင့်နိုင်လို့ အမတအရှင်ဆီပဲ တိုက်ရိုက်ယူလာခဲ့လိုက်ပါတယ်”
ထိုစုံတွဲ ချက်ချင်းပြောလိုက်၏။
သူတို့၏ရိုးသားမှုအား ပြသနိုင်ရန်အတွက်လည်း ဤသို့လုပ်ခဲ့ခြင်းဖြစ်သည်။
အပြင်လူများမှာ ဖယောင်းဆိုင်၌ မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို မရှင်းမလင်းဖြစ်နေကြသော်လည်း အချက်အလက်များကို အတော်စိတ်ဝင်စားနေကြလေသည်။ အကယ်၍ အမတအရှင်သာ သူတို့အား အဆောင်များမပေးခဲ့ပါက သူတို့ မြေပေါ်၌ပင် အသက်ထွက်သွားကြနိုင်လေသည်။
ယခုအချိန်၌ အိမ်နီးချင်းများ နိုးလာကြပြီဖြစ်သော်လည်း မီးခိုးကြောင့် နေမကောင်းဖြစ်နေကြ၏။ ၎င်းတို့သည် အနားယူရန် အိမ်သို့ ပြန်သွားကြပြီဖြစ်သည်။
ထို့အပြင် အမတအရှင်သာ မကောင်းဆိုးဝါးဝိဉာဥ်အား နှင်မပစ်ခဲ့ပါက သူတို့အားလုံး သေနေလောက်ပြီဖြစ်သည်!
သေတ္တာအား ရှဲ့ချောင် ချက်ချင်းပင် ယူလိုက်၏။
ထိုအရာအား ဖွင့်လိုက်ပြီးနောက် သူမမျက်ဝန်းများ ကျယ်ဝန်းသွားလေ၏။
ထိုအထဲ၌ ကျောက်စိမ်းလက်ကောက်တစ်စုံနှင့် ရွှေဆံပင်အသုံးအဆောင်များစွာ ရှိနေသည်။ ထို့အပြင် ငွေလက်မှတ်နှစ်ခုနှင့် များပြားလှသော ငွေချောင်းများပါ ရှိနေလေသည်။
ပစ္စည်းများမှာ အနည်းဆုံး ငွေစနှစ်ရာခန့်တန်လေသည်။
“ ဒါက နည်းနည်းတော့များနေပေမယ့်လည်း ကျွန်မဒီအကြောင်းကို ရှင်တို့ရဲ့သမီးနဲ့ ဆွေးနွေးပြီးပါပြီ။ ဒီအထဲက အပိုင်းတစ်ခုကို နတ်ဘုရားဆီ ကမ်းလှမ်းဖို့ အမွှေးနံ့သာပြင်ဆင်ဖို့ အသုံးပြုလိမ့်မယ်။ ဒီကတိကို အခု ရုပ်သိမ်းခွင့်မရှိဘူး” ရှဲ့ချောင် ရှင်းပြလိုက်၏။
“ ဒါအဓိပ္ပာယ်ရှိတယ်၊ ဒါပေါ့။ ကျွန်တော်တို့က သမီးရဲ့သေတ္တာထဲက ပစ္စည်းတွေက လုံလောက်မှုမရှိမှာကို ပူပန်နေခဲ့တာ။ ဒီမှာပါ…” ၎င်းတို့သည် ငွေစတစ်ရာတန်လက်မှတ်တစ်ခုအား ထုတ်လိုက်ကာ သူမဆီ ထိုးပေးလိုက်၏။
“ ကျွန်မ ပေးချေမှုကို လက်ခံပြီးသားပါ။ ဒါနဲ့ပတ်သက်ပြီးတော့…တကယ်လို့ရှင်တို့သာ ဆန္ဒရှိတယ်ဆိုရင် ဒီပိုက်ဆံနဲ့ မြို့အပြင်မှာ ရှင်တို့သမီးအတွက် စားစရာတွေ လှူပြီး ကောင်းတဲ့အလုပ်တွေ လုပ်ပေးပါ။ အဲ့တာက သူမရဲ့ ဝိဉာဥ်
သံသရာလည်ခြင်းကို ကူညီပေးလိမ့်မယ်” ရှဲ့ချောင်သည် လောဘမကြီးပေ။
“ ကျေးဇူးတင်ပါတယ် အမတအရှင်။ ကျွန်မတို့စဥ်းစားနေတာ…အကယ်၍ပေါ့နော်…ကျွန်မတို့သမီးလေးကို အမတအရှင် ဝင်စားဖို့အတွက်ပို့ပေးတာကို တစ်ချက်လောက်များ ကြည့်လို့ရမလားလို့ပါ” ထိုစုံတွဲသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ကြ၏။
ရှဲ့ချောင် အံ့ဩသွားလေသည်။ “ သေချာပေါက်ကို ရတာပေါ့၊ ဒါပေမယ့် ရှင်တို့တွေ ဘာမှတော့ မြင်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့သာ ရှင်တို့တွေ သူမကို ရှင်တို့မျက်လုံးနဲ့မြင်နိုင်မယ်ဆိုရင်တော့ ကမ္ဘာကြီးပရမ်းပတာ ဖြစ်သွားလိမ့်မယ်”
•••••••