ကျွန်မ အိမ်ပြန်ချင်တယ်
Vol. 11 Ch. 198
လက်တွေ့တွင် လူသားများမှာ မကောင်းဆိုးဝါးဝိဉာဥ်များအား မတွေ့မြင်နိုင်သည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ တစ်စုံတစ်ယောက်က ၎င်းတို့အား မြင်နိုင်သည်ဆိုသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်မနေပေ။
သူမ၏ အခြေအနေအား ဥပမာအဖြစ်ယူဆကြပါစို့။ သူမသည် အားနည်းကာ သူမ၏ မိသားစုနှင့် မနီးကပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် မမြင်သင့်သည့် တစ်စုံတစ်ရာများအား မြင်ရသောကြောင့်ပင်။
ထို့အပြင် သူမသည် ယခုကော နောင်ရောပါ ကြောက်လန့်နေရမည်ဖြစ်သည်။
၎င်းမကောင်းဆိုးဝါးဝိဉာဥ်များ၌ ဦးတည်ရာသဘောထား မရှိပေ။ ၎င်းတို့သည် ပေါလောပေါ်နိုင်ပြီး ပျံနိုင်ကာ ဖိအားပေး၍ကြမ်းတမ်းစွာပြုမူခြင်းများ လုပ်နိုင်လေသည်။ ယခုတွင်တော့ သူမသည် အဆောင်များရေးဆွဲရာ၌ ပိုတော်လာပြီး သူမ၏ ကျန်းမာရေးမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာလေသည်။ မကောင်းဆိုးဝါးဝိဉာဥ်များ၏ စွမ်းအားကို မခုခံနိုင်သေးသည့် ငယ်ရွယ်စဥ်အချိန်များတွင်တော့ သူမသည် ရံဖန်ရံခါ ဝင်ပူးခံရလေသည်။
သဘာဝကျကျပင် ထိုအရာမှာ အကြိမ်အနည်းငယ်သာ ဖြစ်ပျက်ခဲ့သည်။
ဝေ့စုံတွဲအား ကြည့်ရသည်မှာ သနားချင့်စဖွယ်ကောင်းနေပေသည်။
“ ကျွန်တော်တို့…ကျွန်တော်တို့သမီးလေးကို အဲ့လို
မိသားစုမျိုးထဲ လက်ထပ်ဝင်ခိုင်းခဲ့မိလို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ သူမကို မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဝိဉာဥ်သံသရာလည်မှုထဲ သူမ ဝင်သွားမှာကို သိရတာနဲ့တင် ပျော်ပါတယ်။ ကျန်းမိသားစုနဲ့ ပတ်သက်ပြီးတော့ကတော့…” လူကြီးမင်းဝေ့၏ မျက်ဝန်းများအား ကြည့်ရသည်မှာ အကြင်နာမဲ့နေလေ၏။
“ ကျန်းလုရှန်းက တစ်စုံတစ်ယောက်ကို သတ်ခဲ့တဲ့အတွက် သူ့ကို ချမ်းသာမပေးနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်တဲ့ကျန်းမိသားစုဝင်တွေလည်း အပြစ်ရှိစိတ်ခံစားနေရမှာပဲ။ သူတို့တွေ သူတို့ရဲ့ကိုယ်ပိုင်သားအကြောင်းကိုတောင် မသိကြဘူးလား? အထူးသဖြင့် လူအိုကြီးကျန်းပဲ၊ ငါ့သမီး အဲ့မိသားစုထဲ လက်ထပ်ဝင်သွားကတည်းက သူငါ့ကို တွေ့ဖို့ဆန္ဒမရှိတော့တာ မထူးဆန်းတော့ပါဘူး။ သူဘာတွေဖြစ်ခဲ့လဲဆိုတာ သိနေခဲ့တယ်၊ ဆိုတော့ သူအပြစ်ရှိစိတ် ခံစားနေခဲ့ရတာ!”
လူကြီးမင်းဝေ့ ထပ်ဖြည့်လိုက်သည် “ ကျုပ်တို့ဝေ့
မိသားစုလည်း ဖယောင်းတိုင်လုပ်တတ်ပါတယ်။ ကျုပ်တို့က အခုအချိန်ကစပြီး စီးပွားရေးလုပ်လိုက်ရုံပဲ။ အဲ့ဒီမိသားစု ကျုပ်တို့ဆီကနေ အကျိုးအမြတ်ယူတာကို ဘယ်တော့မှ ထပ်ဖြစ်ခွင့်မပေးဘူး!”
သူ့သမီးအတွက်သာ မဟုတ်လျှင် မိသားစုစီးပွားရေးတစ်ဝက်အား သူလက်လွှတ်ခဲ့မည်မဟုတ်ပေ!
သူသည် ထိုအရာကြောင့် သူ၏သမီး သေဆုံးသွားချိန်တွင် ကျေးဇူးမသိတတ်သောလူတစ်ယောက် ဖြစ်ခဲ့ရသည်။ အရာအားလုံးအား ပြောပြရန်မှာမူ အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူ၏ဆန္ဒမှာ ပိုက်ဆံပိုရှာနိုင်ရန်အတွက် ဖယောင်းတိုင်များလည်း ထုတ်လုပ်ချင်ခဲ့ခြင်းဖြစ်ပေသည်။
သူသည် သူ၏သမီးအတွက် ကောင်းသောကံများ ရရှိရန်အလို့ငှာ အများပြည်သူထံသို့ ဖြည့်ဆည်းထောက်ပံ့ပေးမည်ဖြစ်သည်။
ရှဲ့ချောင်သည် လူကြီးမင်းဝေ့ပြောသည်ကို ကြားပြီးနောက် ခေါင်းညိတ်ရုံမျှသာ ညိတ်ခဲ့သည်။
သူမသည် သေတ္တာအတွင်းရှိ ပစ္စည်းကောင်းများကို ကြည့်မိသည်နှင့်အမျှ ချီတုံချတုံဖြစ်လာလေသည်။ ၎င်းတို့အား ကမ်းလှမ်းချက်တစ်ခု ပြုလုပ်နိုင်မလားဟု သူမတွေးမိသည်…
အသက်ရှင်နေသောလူသားများသည် ပုံမှန်ဆိုပါက မကောင်းဆိုးဝါးဝိဉာဥ်များအား မမြင်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ထိုအရာမှာ…ကွဲပြားလေသည်၊ အကယ်၍ သူမသည် ကျွမ်းကျင်သူ၊ အဆင့်မြင့်အဆောင်လုပ်နိုင်သူ ဖြစ်နေခဲ့လျှင်ပေါ့။
မည်သို့ပင်ဖြစ်စေကာမူ တစ်စုံတစ်ယောက်သည် မကောင်းဆိုးဝါးဝိဉာဥ်များအား မြင်ရမည်ဆိုပါက ဘေးထွက်ဆိုးကျိုးများတော့ ရှိလိမ့်မည်ပင်။ ပြင်းထန်မှုမှာ ပုဂ္ဂိုလ်အပေါ်၌ မူတည်ပေသည်။ တချို့လူများမှာ ရဲရင့်ကြကာ သန်မာသည့် ယန်စွမ်းအင် ရှိလေသည်။ ထိုကဲ့သို့သောသူတို့သည် မကောင်းဆိုးဝါးဝိဉာဥ်များကို မြင်ခဲ့ရလျှင်တောင် ထိုသူတို့ထံ၌ မည်သည့်အရာမှ ဖြစ်လာမည်မဟုတ်ပေ။ တချို့သည်တော့ မကောင်းဆိုးဝါးဝိဉာဥ်များအား မြင်ပြီးနောက်တွင် လွယ်ကူစွာ အိပ်မက်ဆိုးမက်တတ်ခြင်းနှင့် သူတို့၏ ကျန်းမာရေးတွင် ပြဿနာများရှိလာခြင်းတို့ ဖြစ်တတ်လေသည်။
ရှဲ့ချောင်မှာ တုံ့ဆိုင်းနေသော်လည်း စုံတွဲ၏ အမူအရာများအား သတိပြုမိပြီးနောက် သူမ ဆက်လက်ပြောလိုက်၏။ “ တကယ်လို့ ရှင်တို့လုပ်ချင်တယ်ဆိုရင် သူမကို နောက်ဆုံးအကြိမ်
မြင်ခွင့်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်သားထားရမယ့်အရာတွေတော့ အများကြီးရှိတယ်။ ကျွန်မ ရှင်တို့ကို အသေးစိတ်အချက်အလက်တွေပေးမယ်၊ ပြီးရင် ရှင်တို့ ဆုံးဖြတ်နိုင်ပြီ”
မကောင်းဆိုးဝါးဝိဉာဥ်များအား မြင်တွေ့ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအား ရှဲ့ချောင် တစ်ခုပြီးတစ်ခု စာရင်းလုပ်လိုက်သည်။
ဆောင်းရာသီအဝတ်အထည်နေ့တွင် စိတ်ဝိဉာဥ်များစွာ ရှိနေနိုင်လေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် မကောင်းဆိုးဝါးဝိဉာဥ်များအား တစ်ကြိမ်သာ မြင်ရမည်မဟုတ်ပေ။ အနည်းဆုံး ၎င်းတို့သည် ထိုနေ့၌ မကောင်းဆိုးဝါးဝိဉာဥ်များအား တစ်နေ့လုံးတွေ့မြင်နေရမည်ဖြစ်သောကြောင့် ငြိမ်းချမ်းမှုတော့ ရှိနိုင်မည်မဟုတ်ပေ။
ထိုနေရာ၌ မကောင်းဆိုးဝါးဝိဉာဥ် အမျိုးအစားအကုန် ရှိလေသည်။ တချို့မှာ သင့်တင့်လျောက်ပတ်စွာ သေဆုံးခဲ့ကြပြီး ၎င်းတို့၏ပုံစံမှာ ပုံမှန်လူများနှင့် ခြားနားမှုမရှိပေ။ ထိုအချိန်အတောအတွင်းတွင် တချို့သည်တော့ ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြရသည်။ ၎င်းတို့သည် စားသောက်နိုင်စွမ်းမရှိသည်ကို အလွန်မနှစ်မြို့ကြပေ။ ပုံမှန်လူများသည်တော့ ထိုအရာအား ခက်ခဲစွာသည်းခံကြရလေသည်။
မည်သို့ပင်ဖြစ်စေ သူမ ထိုအကြောင်းအား ပြောလိုက်လျှင်ပြောလိုက်ချင်း ဝေ့စုံတွဲသည် အံ့ဩမှုဖြင့် သူမအား ကြည့်လာကြခဲ့၏။
သူတို့သည် တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်ကြသည်။
ပေးချေမှုသည် သေတ္တာအသေးလေးအတွင်း၌ ပါဝင်သောကြောင့် ရှဲ့ချောင်သည် အပိုအဖိုးအခ မယူခဲ့ပေ။
ယခုတွင်မူ သခင်မဝေ့စိတ်ဝိဉာဥ်၏ မသေခင်နောက်ဆုံးဆန္ဒမှာ ပြည့်ဝလုနီးပါးဖြစ်သွားလေသည်။ ထိုသို့အားဖြင့် သူမတွင် ဝိဉာဥ်သံသရာလည်ခြင်းနှင့်ပတ်သက်သည့် တစ်ခုသာကျန်တော့ကာ သူမအား တိတ်တဆိတ်စောင့်ကြည့်နေကြသော ထိုမကောင်းဆိုးဝါးဝိဉာဥ်များမှာ စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
၎င်းတို့သည် အပေါ်ထပ်၌ သေဝပ်သောပုံစံဖြင့် စတင်တန်းစီလိုက်ကြသည်။
ကျောက်ရွှမ်ကျင်းသည် ဆိုင်ဆိုင်းဘုတ်အောက်မှ မရပ်မနားမြည်နေသည့် ခေါင်းလောင်းသံအား ကြားလိုက်၏။ ထိုအသံမှာ အလွန်ကို ကျောချမ်း
စရာပင်။
ထိုအချိန်အတောအတွင်း၌ ရှဲ့ချောင်သည် ဝေ့စုံတွဲအား ပို့ပြီးနောက် သူ့အား လျစ်လျူရှုထားတော့၏။ သူမ အပေါ်ထပ်သို့ တိုက်ရိုက်ပင် တက်သွားလိုက်သည်။ အပေါ်ထပ်မှာ…ဝန်ထမ်းများအတွက်သာ ဖြစ်သည်။
သူသည် ဝန်ထမ်းအဖွဲ့ဝင်တစ်ယောက် မဟုတ်ပေ။
“ မင်းက အိမ်ရှေ့စံမင်းသားနောက်ကို လိုက်လိုက်နေတဲ့ ဝိဉာဥ်လား? ရှဲ့ချောင်သည် အောက်ထပ်၌မျောလွင့်နေသည့် ဝိဉာဥ်အားမြင်ပြီးနောက် ထိုအရာထံသို့ လက်ဝှေ့ယမ်းပြလိုက်သည်။ “ မင်းမှာလည်း မသေဆုံးခင်နောက်ဆုံးဆန္ဒ ရှိနေတာလား?”
ထိုဝိဉာဥ်မှာ အတော်လမ်းပျောက်နေ၏။
မည်သို့ပင်ဖြစ်စေ ဤနေရာမှ အနံ့အသက်နှင့် ရင်းနှီးလာသည်နှင့်အမျှ ထိုအရာ၏စိတ်သည် ပိုမိုကြည်လင်လာလေသည်။ “ ကျွန်မ-ကျွန်မ အိမ်ပြန်ချင်တယ်…”
ထိုအရာမှာ နောက်ထပ်အမျိုးသမီးဝိဉာဥ်တစ်ကောင် ဖြစ်လေသည်။ သူမသည် နန်းတွင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး အပျိုတော်လား ကြင်ရာတော်လား ဆိုသည်အား ပြောရန်ခက်ခဲလေ၏။ သူမဆံပင်များမှာ ရှုပ်ပွနေကာ သူမမျက်ဝန်းများမှာ ဗလာဖြစ်နေလေသည်။
•••••••