ဝိညာဥ်ရတနာ
Vol. 11 Ch. 199
အိမ်ရှေ့မင်းသား၏ အနားတစ်ဝိုက်မှ မကောင်းဆိုးဝါးဝိညာဥ်အများစု၌ အသိစိတ်မရှိကြပေ။ ၎င်းတို့သည် အရိပ်ပမာလေနက်တစ်ခုကဲ့သို့ပင်ဖြစ်ကာ အချိန်တိုင်း၌ ကွာခြားနိုင်လေသည်။
ထိုအရာဖြင့် အကဲဖြတ်ရလျှင် သူ့ခန္ဓာကိုယ်သည် မကောင်းဆိုးဝါးဝိညာဥ်များအား ဆွဲဆောင်နိုင်သည်ပင်။
ထိုခြေဦးတည့်ရာလျှောက်သွားနေကြသော မကောင်းဆိုးဝါးဝိညာဥ်များသည် အရိုးလိုက်ရှာနေသော လေလွင့်ခွေးများကဲ့သို့ပင် သူ့ကိုမြင်လိုက်သည်နှင့် အလိုအလျောက်ပင် သူ့နောက်လိုက်ကြတော့သည်။
ဆိုင်ထဲသို့ သူဝင်လာပြီးနောက်တွင် မကောင်းဆိုးဝါးဝိညာဥ်များ အနည်းငယ်ပြောင်းလဲသွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့၌ အားနည်းသောအသိစိတ်သာ ရှိသည်ပင်။ ၎င်းတို့သည် မီးခိုးငွေ့အစုတစ်ခုကဲ့သို့ ဦးတည်ရာမရှိ ခြေဦးတည့်ရာ လျှောက်သွားနေကြမည်သာဖြစ်သည်။
ထိုအချိန်၌ ရှဲ့ချောင်ရှေ့ရှိ တစ်ယောက်သည်တော့ ရှင်းလင်းစွာပင် အားပြင်းသောစွဲလမ်းမှုရှိနေသည်။
အခြားမကောင်းဆိုးဝါးဝိညာဥ်များမှာ ဤကျစ်ဆံမြီးပုံစံထုံးဖွဲ့ကာ နန်းတွင်းဝတ်စုံဝတ်ထားသော အမျိုးသမီးဝိညာဥ်နှင့်ပတ်သက်၍ အတော်
လေးဒေါသထွက်နေကြသော်လည်း ပြန်မတိုက်ခိုက်ရဲကြပေ။
၎င်းတို့သည် ရှဲ့ချောင်မှ ၎င်းတို့အား တိုက်ရိုက်ဖမ်းလိုက်မည်ကို ကြောက်ရွံ့နေကြလေသည်။
ရှဲ့ချောင်ထိုအကြောင်းအားတွေးလိုက်ကာ သေတ္တာအတွင်းမှ ဖန်ပုလင်းအသေးတစ်ခုကို ထုတ်လိုက်သည်။ ထိုအပေါ်၌ အမွှေးနံ့သာတိုင်သုံးချောင်းအား သူမစိုက်လိုက်ကာ တာအိုခေါင်းလောင်းနှင့် စိတ်ဝိညာဥ်ဆင့်ခေါ်သည့်စာတန်းတို့အား ထုတ်ယူလိုက်သည်။ သူမသည် အမျိုးသမီးဝိညာဥ်အား ဝိုင်းပတ်နေရင်း စိတ်ဝိညာဥ်သန့်စင်သည့် ဂါထာမန္တရားအား ရွတ်ဆိုလိုက်၏။
အမျိုးသမီးဝိညာဥ်၏ အသိစိတ်မှာ တဖြည်းဖြည်းချင်း ကြည်လင်လာလေသည်။ “
အိမ်၊ ကျွန်မ အိမ်ပြန်ချင်တယ်”
ရှဲ့ချောင် မျက်ခုံးပင့်လိုက်သည် “ ရှင့်အိမ်က ဘယ်နေရာမှာလဲ?”
“ ဘယ်နေရာမှာလဲ…” သူမ ခေါင်းခါလိုက်သည်။ “ ကျွန်မ အိမ်ပြန်ချင်တယ်…”
စိတ်ဝိညာဥ်သည် အလွန်စိတ်ရှုပ်ထွေးနေသဖြင့် ရှဲ့ချောင် အတော်လေးအခက်တွေ့နေလေသည်။ ဂါထာရွတ်ခဲ့ပြီးဖြစ်သည်တောင်မှ အလုပ်မဖြစ်ပေ။
ရှဲ့ချောင်စဥ်းစားလိုက်ကာ အမျိုးသမီးဝိညာဥ်အား အတွင်းမှ ချဥ်းကပ်ရန် Dharmicတူရိယာအား ထုတ်လိုက်သည်။
ပုံမှန်အခြေအနေများတွင် နာကြည်းချက်မကောင်းဆိုးဝါးဝိညာဥ်မဟုတ်သရွေ့ ဓမ္မတူရိယာအတွင်း၌ ဝိညာဥ်အား သိမ်းထားနိုင်သည်ဖြစ်၏။ သူမ လုပ်နိုင်ပါက ဝိညာဥ်သန့်စင်သည့် ဂါထာကိုတောင်မှ ရွတ်ဆိုပေးလေ့ရှိသည်။ ဤသည်မှာ ၎င်းတို့အတွက် အကျိုးရှိလေသည်။
သဘာဝကျစွာပင် နာကြည်းချက်မကောင်းဆိုးဝါးဝိညာဥ်ဖြစ်နေပါက ထိုအရာ၏နာကြည်းချက်ကို ပထမဆုံး ဖယ်ရှားပေးရလိမ့်မည်ဖြစ်သည်။
ယနေ့ သူမ ဖမ်းခဲ့သည့် မကောင်းဆိုးဝါးဝိညာဥ်ကဲ့သို့ပင်။ ဝိညာဥ်သံသရာလည်ခြင်းထံ မပို့မီ ထိုအရာ၏နာကြည်းချက်အား သူမ အရင်ဖြေရှင်းပေးရလိမ့်မည်။
နာကြည်းချက်စိတ်ဝိညာဥ်သည် ၎င်း၏ကိုယ်ပိုင်
ကံအား ဝိညာဥ်သံသရာလည်ခြင်းအတွက် မကောင်းသည့် အကျိုးသက်ရောက်လိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် ဝိညာဥ်များ၌ စွဲလမ်းမှုများ ရှိသွားနိုင်၏။ သို့သော် ခေါင်းမာမှုတော့ မဟုတ်ပေ။ တနည်းအားဖြင့်ဆိုရလျှင် ထိုအရာသည် ၎င်းတို့ကိုယ်တိုင်အတွက်သာမက အခြားသူများအတွက်ပါ ဆိုးရွားနိုင်လေသည်။
ကံအားလျော်စွာပင် ဖယောင်းဆိုင်မှလူများသည် သတိလစ်သွားရုံသာဖြစ်ပြီး တစ်ယောက်မှ မသေသွားပေ။ အကယ်၍ နာကြည်းချက်မကောင်းဆိုးဝါးဝိညာဥ်သည် လူသတ်မှု၏အကြွေးများကိုပါ သယ်ဆောင်ခဲ့ရလျှင် ကြီးစွာသော အပျက်အစီးများဖြစ်မည်ပင်။
နန်းတွင်းဝတ်စုံနှင့်ဝိညာဥ်အား ရှဲ့ချောင်သိမ်းဆည်းပြီးနောက် အခြားဝိညာဥ်များသည် ပိုမိုစဥ်းစားချင့်ချိန်တတ်လာကာ ၎င်းတို့၏ တောင်းဆိုမှုများအား ကျိုးကျိုးနွံနွံပြုလုပ်လာကြ
တော့သည်။
“ ကျွန်တော်…ကျွန်တော့်သားလေးကို တွေ့ချင်ရုံပါ၊ ဒါပေမယ့် ကျွန်တော် ဒီအရှေ့ဘက်လမ်းတစ်ဝိုက်မှာပဲ လှုပ်ရှားလို့ရတယ်။ ကျွန်တော် သူ့ကို မတွေ့နိုင်ဘူး…” ဝိညာဥ်တစ်ခုမှ ပြောလိုက်သည်။
ရှဲ့ချောင် ခေါင်းညိမ့်လိုက်၏။
ဝိညာဥ်များ၌ များစွာသော ပုံသဏ္ဍာန်များ ရှိကြသည်။ အမှန်ပင် တချို့သည် တစ်နေရာရာ၌ ပိတ်မိနေကာ မထွက်လာနိုင်ကြပေ။ ထိုအရာမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုပင်။
ရှဲ့ချောင် ထိုသူ့အား နောက်ထပ်ရက်အနည်းငယ်ခန့် ဆိုင်၌ နေခွင့်ပေးလိုက်သည်။ သူ၏သားမှာ
နန်းမြို့တော်၌ ရှိသောကြောင့် အလုပ်မှာလွယ်ကူလေသည်။
“ ကျွန်တော် ကျွန့်တော့်ဇနီးကို နောက်အိမ်ထောင်ပြုစေချင်တယ်” ပွင့်လင်းသည့် အမျိုးသားဝိညာဥ်တစ်ခုမှ ပြုံးရင်း ပြောလိုက်သည်။ သူသည် သူ၏လက်များအား ပွတ်နေကာ အတော်လေးရှက်နေပုံ ပေါ်လေသည်။
ရှဲ့ချောင် အပြုံးတစ်ပွင့်ဖြင့် ပြန်မပြောမီ ထိုသူအား မရေမရာမှုဖြင့် တစ်ချက်ကြည့်လိုက်သည်။ “ သူမ အဲ့လိုလုပ်ချင်ပါ့မလားဆိုတာ ကျွန်မ မသေချာဘူး၊ ဒါပေမယ့် ကျွန်မ ရှင့်ရဲ့အမှာစကားကို ပို့ပေးလိုက်ပါမယ်”
ဤသည်ကို ကြားရသည့်အပေါ် ဝိညာဥ်သည် ပျော်ရွှင်စွာ ခေါင်းညိမ့်ပြလိုက်သည်။ “ ကျေးဇူးတင်ပါတယ် !”
“ ရှင်က ဝိညာဥ်ကောင်းတစ်ခုပဲ။ ကျွန်မ ရှင့်ကို ဆောင်းတွင်းအဝတ်အထည်နေ့မှာ ကောင်းကောင်းမွန်မွန် လိုက်ပို့ပေးမယ်” ရှဲ့ချောင် ဆက်ပြောလိုက်သည်။
ထို့နောက်တွင် သူ့အတွက် ကောင်းမွန်သည့်အဝတ်တချို့အား သူမ မီးရှို့ပေးလိုက်မည်။
နောက်ပိုင်းတွင် ဝိညာဥ်၆ခု၏ တောင်းဆိုမှုများအား ရှဲ့ချောင် နားထောင်ပေးခဲ့သည်။
ဆောင်းတွင်းအဝတ်အထည်နေ့မတိုင်မီ သူမ လက်ခံခဲ့သော အတော်လေးရှုပ်ထွေးသည့် အလုပ်များမှာ စောင့်ဆိုင်းရမည်ဖြစ်သည်။ ထို့နောက်တွင်တော့ နှစ်တစ်နှစ်၏အထူးအချိန်အခါသမယတွင် သူမ ပိုမိုအလုပ်များမည်
ဖြစ်လေသည်။
ရှဲ့ချောင် မျက်နှာကိုသာ သစ်လိုက်ကာ ညနေခင်းတွင် အိမ်သို့ ပြန်လာခဲ့သည်။
ကျောက်ရွှမ်ကျင်း မည်သည့်အချိန်က ထွက်သွားမှန်း သူမ မသိလိုက်ပေ။
နောက်တစ်ကြိမ်၌ နာကြည်းချက်မကောင်းဆိုးဝါးဝိညာဥ်များအား သူမ တိုက်ခိုက်နေချိန်တွင် သူရှိနေပါက ကောင်းလိမ့်မည်။ သူသည် လှုပ်ရှားနိုင်သောဝိညာဥ်ရတနာဖြစ်ကာ အလွန်အသုံးဝင်လေ၏!
သူမ ရှဲ့အိမ်တော်သို့ ပြန်ရောက်လျှင်ရောက်ချင်းပင် ရှဲ့နျိုရှန်းသည် သူတို့နှင့်အတူ ညစာစားရန် ခေါ်လေသည်။
ထိုနေရာသို့မသွားမီ ရှဲ့ချောင်သည် သူမ၏ခြံဝင်းဆီသို့ ပြန်ကာ အဆောင်အနည်းငယ်အား ပြန်လည်ဖြည့်တင်းလိုက်သည်။
သူမ ပင်မခြံဝင်းဆီသို့ ရောက်လျှင်ရောက်ချင်းပင် သခင်မလုသည် သူမအား ပြုံးရင်း ကြိုဆိုနေလေသည်။ ထို့နောက် သူမသည် အစေခံတစ်ယောက်အား မီးကဲ့သို့ရဲရဲနီ ဝတ်ရုံတစ်ခု၊ ခေါင်းလောင်းပန်း ကုလားအုတ်မွှေးအထည်တစ်ထည်နှင့် တိမ်များနှင့်ပျံလွှားငှက်များခြယ်သထားသော အပြာဖျော့ဂါဝန်တစ်ထည်စသည်ဖြင့် ဝတ်စုံသုံးစုံအား ပို့ခိုင်းလိုက်လေသည်။
•••••