ဆွေမျိုးများ
Vol. 12 Ch. 201
ရှဲ့ချောင်ပြောနိုင်သည့် အရာများရှိသော်လည်း သူမ မပြောရန်သာ တွေးလိုက်သည်။
သူတို့အား သူမအလုပ်သည် သူမ၏သက်တမ်းကိုတိုးရန်အလို့ငှာ မကောင်းဆိုးဝါးဝိညာဥ်များအား လိုက်ဖမ်းရသည့်အလုပ်ဟု ပြောပြသင့်သည်လား?
အနည်းဆုံးတော့ သူမ၏ဖခင်နှင့် အစ်ကိုဖြစ်သူအား သူမ ထိုပေါလောလွင့်မျောနေသည့်အရာများကို မြင်ရကြောင်း ပြောပြသင့်သည်လား?
သူမထံ၌ ဖြေရှင်းနည်းရှိသည်။ ထို့ကြောင့် ၎င်းတို့အား စိုးရိမ်ပူပန်ကာ ကရိကထမများစေချင်ပေ။ ထို့ပြင် သူတို့ ပိုမိုသိသွားကြပါက သူမအား ပုံမှန်
လူတစ်ယောက်ကဲ့သို့ ဆက်ဆံတော့မည် မဟုတ်လောက်ပေ။
“ မင်း အဲ့ဒီအမျိုးသမီးတာအိုဆရာကို မမြင်လိုက်ဖူးလား။ တည်ငြိမ်၊ ကျော့ရှင်းပြီး ၃၀ဝန်းကျင်လောက်လေ။ သူမက လူလွတ်ဆိုတာ ငါသေချာတယ်။ ပြီးတော့ သူမကြည့်ရတာ နေမကောင်းသလိုပဲ။ သူမသာ လမ်းပေါ်မှာ မေ့လဲသွားလို့ကတော့ သူမကို ဂရုစိုက်ပေးမယ့် ဘယ်သူ့ကိုမှ ရှာမတွေ့မှာ စိုးရိမ်မိတယ်” ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အားကြည့်ရင်း အဓိပ္ပာယ်တစ်မျိုးဖြင့် ပြောလိုက်သည်။
သူ့ညီမသည် လုပ်နိုင်စွမ်းရှိသော်လည်း မကောင်းဆိုးဝါးဝိညာဥ်များကိုတော့ လိုက်မဖမ်းနိုင်လောက်ပေ။ မည်သို့ပင်ဖြစ်စေ သူမ ဖုန်းရွှေနှင့် ရိုးရှင်းသောဂမ္ဘီရဉာဏ်ကိုသာ နောကျေသင့်ပေသည်။
သူစိတ်ပူမိသည်က သူမ ထိုအမျိုးသမီးတာအိုဆရာအား စံနမူနာယူကာ ကမ္ဘာပတ် ခရီးထွက်မည်ကိုပင်။
သူမ၏ ခန္ဓာကိုယ်မှာ အားနည်းပြီး သူမလမ်းပေါ်၌ သေနေလျှင်ပင် မည်သူမျှ စုံစမ်းနိုင်မည်မဟုတ်လောက်။ ထို့ကြောင့် မကြာမီတွင် သူမ၏ ၎င်းအကြံအား သူရှင်းထုတ်ပေးရပေမည်။
ရှဲ့ချောင် ရှဲ့ဖင်းကန်းအား ပုံမှန်ထက်ပိုသော အပြစ်ကင်းမှုများနှင့် ကြည့်လိုက်သည်။ “ အစ်ကိုကြီး တာအိုအတတ်ကို တတ်မြောက်တဲ့လူတွေက စိတ်ကူးယဥ်ဆန်တဲ့ ကျွမ်းကျင်သူတွေပဲ။ သူတို့တွေက ဘာကိစ္စ သေမျိုးတွေရဲ့ ပြဿနာတွေကို ဂရုစိုက်နေမှာလဲ…”
ရှဲ့ဖင်းကန်း ထိုအကြောင်းအား လေးလေးနက်နက်စဥ်းစားလိုက်ကာ ပြောလိုက်၏။ “အဖေသေမှပဲ မင်းသွားလို့ရမယ်”
ရှဲ့နျိုရှန်း မျက်ခွံများလှုပ်သွားသည်။
“ အိုး…” ရှဲ့ချောင်ခေါင်းကိုမြှုပ်ရင်း ဆက်စားလိုက်သည်။
သူမအဖေအပေါ်၌ ချစ်ခင်မှုမရှိသဖြင့် ရှဲ့ဖင်းကန်း သူမအား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ ထိုအချိန်အတောအတွင်း၌ ရှဲ့နျိုရှင်းသည် ကျင့်သားရနေလေပြီဖြစ်သောကြောင့် သူ၏အမူအရာမှာ ပုံမှန်ပင်ဖြစ်လေသည်။
“ ဆောင်းရာသီအဝတ်အထည်နေ့ ရောက်လာတော့မှာ။ မင်းတို့ဘိုးဘေးတွေဆီကို ဆုတောင်း
ဖို့…အရင်အိမ်ဟောင်းကို ငါတို့သွားရမယ်” အချိန်တခဏမျှကြာပြီးနောက် ရှဲ့နျိုရှန်း ရုတ်တရက်ပြောလိုက်သည်။
“ ကျွန်မတို့မှာ အိမ်ဟောင်းရှိတာလား?” ရှဲ့ချောင် ချက်ချင်းပင် မေးလိုက်သည်။
လွန်ခဲ့တဲ့ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်လောက်က သူတို့ နန်းမြို့တော်ကို ပြောင်းရွှေ့ရုံတင် ပြောင်းရွှေ့လာခဲ့ကြတာ မဟုတ်ဘူးလား?
ရှဲ့နျိုရှန်း၏ အမူအရာမှာ အတော်လေးထူးဆန်းနေလေသည်။
“ အိမ်ဟောင်းလို့ခေါ်တာက ဒီအတိုင်း အပေါ်ယံသက်သက်ပဲ။ ဒီကိစ္စရဲ့နောက်ကွယ်ကလူက အမျိုးသမီးအိုကြီးတစ်ယောက်။ သူမက အိမ်
ဟောင်းက အထိမ်းအမှတ်ကမ္ဗည်းတိုင်တွေကို အဖေဝယ်ခဲ့တဲ့ နန်းမြို့တော်က အိမ်ဆီ ရွှေ့ပြောင်းခိုင်းခဲ့တာ။ အများကြီးတော့ မဟုတ်ပါဘူး။ ပြီးတော့ ဘိုးဘွားပိုင်ခန်းမလို့ ခေါ်ခဲ့တယ်။ သူမက ငါတို့ကို အားလပ်ရက်တွေမှာ လာလည်သင့်ပြီး သွားလေသူတွေကို အရိုအသေပေးဖို့ ငွေစတွေနဲ့ ဂါရဝပြုသင့်တယ်လို့ ပြောခဲ့တယ်” ရှဲ့ဖင်းကန်း ပွင့်လင်းစွာပြောလိုက်ပြီး ကျိတ်ရယ်လိုက်သည်။
“ ခွေးကောင် ငါမင်းကို မရိုက်နိုင်ဘူးလို့ ထင်နေတာလား?” ရှဲ့နျိုရှန်း စိတ်တိုသွား၏။ “ နောက်ဆုံးတော့လည်း ငါတို့က မိသားစုတွေပဲလေ။ ဘာလို့ သွားမလည်နိုင်ရမှာလဲ? ပြီးတော့ သမီးကြီးကလည်း နန်းမြို့တော်မှာ အချိန်အကြာကြီးနေခဲ့ပေမယ့် တစ်ခါမှ မရောက်ဖူးသေးဘူးမလား။ သတင်းတွေ ပြန့်သွားရင် မကောင်းဘူး”
ရှဲ့ဖင်းကန်း ခပ်ဟဟရယ်လိုက်သည်။
“ ကောင်းပြီလေ၊ သူမ အဲ့ဒီမကောင်းဆိုးဝါးတွေကို တွေ့သင့်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့မိသားစုလည်း အခြေအနေကောင်းတာမှ မဟုတ်တာ။ ကျွန်တော်တို့မှာ ငွေအများကြီးမရှိဘူး။ တကယ်လို့ ငွေစ ၁၀၀ က အရမ်းနည်းတယ်လို့ သူတို့တွေးကြမယ်ဆိုရင် ကျွန်တော်တို့တွေ မသွားဘူး။ ဘယ်သူကများ စိတ်ရှုပ်ခံပြီး သွားလည်နေမှာလဲ?” ရှဲ့ဖင်းကန်း အသက်မပါစွာ ပြောလိုက်၏။
ရှဲ့ချောင်၏စရိုက်မှာ အတော်လေး စိတ်ဝင်စားမှုမရှိဟု သူတွေးလိုက်သည်။
အိမ်ဟောင်းမှာ မည်မျှဆိုးရွားနေသည်ဖြစ်စေ ထိုနေရာ၌ ကောင်းသောအရာတစ်စုံတစ်ခုတော့ ရှိသည်ပင်။ ထိုနေရာသည် စည်စည်ကားကားရှိ၏။
ဆူညံနေပါက သူမ ငြိမ်းချမ်းနိုင်တော့မည်မဟုတ်။ တာအိုဆရာတစ်ယောက်ဖြစ်လာရန်အတွက် တွေးရန် အခွင့်အရေးများ ပိုနည်းသွားလိမ့်မည်။
ထိုအရာနှင့်ပတ်သက်၍ ရှဲ့ချောင်ထံ၌ မည်သည့်ထင်မြင်ချက်မှ မရှိပေ။ သူမအစ်ကို ဘာပြောပြော သူမ သဘောတူလိမ့်မည်ပင်။
သခင်မလုနှင့် အငယ်နှစ်ယောက်မှာ ရှဲ့ဖင်းကန်းအား ကြောက်လန့်နေကြ၏။ သူစကားပြောလိုက်သည့်အချိန်တိုင်း သူတို့ ထပ်မပြောရဲကြတော့ပေ။ သူတို့မှာ နာခံကျိုးနွံစွာသာ စားသောက်နေကြတော့သည်။
ရှဲ့နျိုရှန်းထံ၌ မောင်နှမများ ရှိပါ၏။ နန်းမြို့တော်သို့ လာခဲ့သည့်သူများမှာ အကြီးဆုံးဦးလေး ရှဲ့မန်
ရှန်း၊အငယ်ဆုံးဦးလေး ရှဲ့ချုံရှန်း နှင့် အငယ်ဆုံးအဒေါ်ပင် ဖြစ်လေသည်။
မည်သူမှ မနှစ်သက်ကြသည့် အကြီးဆုံးအဒေါ်လည်း ရှိပါသေး၏။ ရှဲ့မိသားစု ပြောင်းရွှေ့ခဲ့ကြစဥ်က သူမသည် လိုက်ရန် ဆန္ဒမရှိခဲ့။ သူမသည် ကျိုးနွံစွာပင် ယောက္ခမမိသားစုနှင့် နေထိုင်ခဲ့ပြီး သူတို့အား သူမ၏ဆွေမျိုးများအဖြစ် သဘောမထားခဲ့ပေ။
ထိုအချိန်တွင် အငယ်ဆုံးအဒေါ်သည်တော့ သူမ၏ ယောက္ခမမိသားစုနှင့် ဆိုးရွားသောဆက်ဆံရေးတစ်ခု ရှိနေလေသည်။ သူမသည် ချက်ချင်းပင် ကွာရှင်းပြတ်စဲခဲ့ကာ နန်းမြို့တော်သို့ရောက်သောအခါမှ နောက်အိမ်ထောင်ပြုရန် စဥ်းစားထားခဲ့သည်။ သို့သော်လည်း ရှဲ့မိသားစု၏ အနေအထားဖြင့်…
သူမသည် အမြင့်မှန်းသော်လည်း အရည်အချင်း
မူကား မရှိ။ ထို့ကြောင့် သူမ နောက်အိမ်ထောင်မပြုရသေးပေ။
••••