မိန်းမအိုကြီး
Vol. 12 Ch. 202
အဘွားအိုရှဲ့သည် ထိုနေရာ၌ ရံဖန်ရံခါ နေတတ်၏။ သို့သော် ယခုတလောတွင်တော့ အိမ်ဟောင်းဟုဆိုသော နေရာ၌ နေထိုင်နေလေသည်။
“ အဖေ၊ အဖေ အဲ့ဒီတုန်းက ဘာကြောင့် ဓားပြတစ်ယောက်ဖြစ်လာခဲ့တာလဲ?” ရှဲ့ချောင် စပ်စပ်စု
စု မေးလိုက်၏။
သူမ အနည်းငယ်မျှသာ သိ၏။ ထိုအချိန်တုန်းက ဘဝမှာ ခက်ခဲခဲ့သည်ဟုသာ သူမ သိထားလေသည်။
ရှဲ့နျိုရှန်း၏ အမူအရာ တောင့်တင်းသွားလေ၏။
အခြားတစ်ဖက်တွင်တော့ ရှဲ့ဖင်းကန်းသည် စိတ်လှုပ်ရှားလာခဲ့သည်။ “ အိမ်ဟောင်းမှာနေတုန်းက မိုးခေါင်မှုတစ်ခု ရှိခဲ့ဖူးတယ်။ သူတို့မှာ ဘာစားစရာမှ မရှိခဲ့ဘူး။ ပြီးတော့ လူရိုင်းတွေ ရွာထဲ ဝင်လာတော့ အစောပိုင်းကရထားတဲ့ စာတစ်စောင်ကြောင့် ရွာသူရွာသားတွေက တောင်ပေါ်မှာသွားပုန်းခဲ့ကြတယ်လေ။ အဲ့ဒီအချိန်တုန်းက အဖေက အိမ်မှာမရှိဘူး။ ပြီးတော့ မိန်းမအိုကြီးက သူ့ကိုရှာဖို့ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူးလေ။ သူမက အိမ်မှာရှိသမျှ အဖိုးတန်အရာအားလုံးကို
တောင်ပေါ် ရွှေ့သွားခဲ့တာ။ အဖေက အဝေးတစ်နေရာကနေ ရေသွားသယ်နေခဲ့ပြီး သူပြန်ရောက်တော့ ရွာထဲမှာ ဘယ်သူ့မှ မတွေ့တော့ဘူး”
ရှဲ့ဖင်းဟွေးနှင့် ရှဲ့ရှီတို့ နားထောင်ရန် ခေါင်းလေးများထောင်လာကြသည်။
“ အဲဒီတုန်းက အဖေက ငယ်ရွယ်သေးပြီးတော့ ဘာတွေဖြစ်သွားခဲ့လဲဆိုတာလည်း မသိခဲ့ဘူး။ သူခိုးတွေဝင်သွားတယ်လို့ပဲ သူထင်ခဲ့တာ။ သူ ညည်းညူနေတုန်းမှာပဲ လူရိုင်း အယောက်၆၀လောက် ရွာကို ကျူးကျော်လာကြရော။ အဖေ ဘယ်ပုန်းလို့ပုန်းရမှန်းမသိဖြစ်နေတုန်း လူရိုင်းတွေက သူ့ကို ဖမ်းလိုက်ကြတာပေါ့။ သူတို့က ငွေကိုပဲ လိုချင်ခဲ့ကြပြီးတော့ လမ်းကြောင်းရှာသူလုပ်ခိုင်းလို့ရမယ့် တစ်ယောက်ယောက်ကို တွေ့သွားတော့ ပျော်နေကြတယ်လေ။ သူတို့က သူ့ကို အနားတစ်ဝိုက်ဆီ လိုက်ပြခိုင်းပြီး တစ်အိမ်ပြီးတစ်အိမ် ဖောက်ထွင်း
ခဲ့ကြတယ်”
ရွာသူရွာသားများမှာ အလျင်အမြန်ထွက်ခွာခဲ့ကြရသော်လည်း လက်ဝတ်ရတနာများကိုတော့ ၎င်းတို့နှင့်အတူ ယူဆောင်ခဲ့ကြလေသည်။ မည်သို့ပင်ဖြစ်စေ အိမ်၌ ၎င်းတို့မယူသွားနိုင်လိုက်သော အရာဝတ္ထုများ ရှိနေသေးသည်ပင်။ ၎င်းတို့သည် ကံကောင်းမှုအား စမ်းသပ်သည်ဟု တွေးရင်း ထိုအရာများအား လူရိုင်းများ ရှာမတွေ့ရန်သာ မျှော်လင့်နေကြရတော့၏။
ရွာအား ကျူးကျော်ဝင်ရောက်ပြီးနောက် လုံလောက်သောပစ္စည်းများ ရှာမတွေ့ပဲ လူရိုင်းများ မည်သို့လက်လျှော့ပါမည်နည်း?
သတ်ဖြတ်ခြင်းမှအပ လူရိုင်းများသည် ရွာအား မီးရှို့ပြာချသွားကြလိမ့်မည်ပင်။
ထို့ကြောင့် ရှဲ့နျိုရှန်းမှာ နာခံစွာပင် ၎င်းတို့အား တစ်အိမ်ချင်းစီ ရှာဖွေရန် ခေါ်ဆောင်သွားရလေတော့၏။
လူရိုင်းများသည် သူကောင်းကောင်းလုပ်ခဲ့သည်ဟု သုံးသပ်လိုက်ကြကာ သူ့အပေါ် မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြပေ။
ရွာသူရွာသားများ ပြန်ရောက်လာကြသောအခါ ၎င်းတို့သည် သဘာဝကျစွာပင် ၎င်းတို့၏ အမျက်ဒေါသများအား ရှဲ့နျိုရှန်းအပေါ် ပုံချကြပေတော့သည်။ ဒေသခံအရာရှိသည် ထိုအရာအား ဂရုမစိုက်နိုင်သောကြောင့် ရွာသူရွာသားများ ကိုယ်တိုင် ဖြေရှင်းရပေလိမ့်မည်ဖြစ်သည်။
ရှဲ့မိသားစုသည် သူတို့၏ခံယူချက်အား အိမ်အပြင်တွင် ရှဲ့နျိုရှန်းကို ဖမ်းထားကာ ပြသခဲ့
သည်။
ထို့နောက်တွင် သူ ထွက်ပြေးခဲ့ပြီး သူ့အိမ်ထောင်ဖက်၏ ဆွေမျိုးများသည် သူ့အား ဓားပြတစ်ယောက်ဖြစ်လာအောင် လုပ်ပေးခဲ့ကြသည်။
“ အဖေက ရှဲ့မိသားစုကို အဆင့်အတန်းနိမ့်ကျစေခဲ့တယ်။ မိသားစုကို ကာကွယ်ဖို့ သူ့ကို အိမ်ပြင်မှာ ဖမ်းခဲ့တာ အကျိုးမယုတ်ခဲ့ပါဘူး။ ဒါပေမယ့် မိသားစုထဲက တစ်ယောက်ယောက်ကသာ အဖေ့ဆီကို စာတစ်စောင်လောက်ပို့ပေးဖို့ ဆန္ဒရှိခဲ့ရင် လူရိုင်းတွေလက်ထဲ သူအဖမ်းခံခဲ့ရမှာ မဟုတ်ဘူး။ အဲ့တာတင်မဟုတ်သေးဘူး၊ အဖေက အိမ်မှာလည်း နှစ်သက်မခံရဘူး။ ရေတိုင်ကီထဲမှာ ရေနည်းနည်းရှိခဲ့တယ်။ အကြီးဆုံးအဒေါ်က ရေချိုးချင်ခဲ့ပြီး အကြီးဆုံးဦးလေးက မသွားချင်ခဲ့ဘူး။ ဒီတော့ မိန်းမအိုကြီးက အဖေ့ကို ရေသွားခပ်ခိုင်းခဲ့တယ်လေ”
အလွန်ကြာမြင့်ခဲ့ပြီးသော အချိန်ကာလမှ တစ်စုံတစ်ခုအား ဘယ်သူကမှန်ပြီး ဘယ်သူကမှားသည်ဟု မည်သူမျှ မရှာဖွေနိုင်ကြပေ။
သူ့ဖခင်သည် အိမ်မှုကိစ္စများအား တာဝန်ယူရန် ဆန္ဒရှိခဲ့ပြီး သူ့ကိုယ်သူ ဒုက္ခရောက်စေမိခဲ့သည်။
ရှဲ့ဖင်းကန်း ထိုမိန်းမအိုကြီးအားမုန်းသည့် အဓိက အကြောင်းအရင်းမှာ မိသားစုသည် မှားယွင်းသည့် တစ်စုံတစ်ခုအား လုပ်ပြီးချိန်၌တွင်ပင် တရားမျှတမှုအား လိုချင်နေကြဆဲဖြစ်သည့်အတွက်ကြောင့်ပင်။
သူ့ဖခင် ဓားပြတစ်ယောက်ဖြစ်လာပြီးနောက်တွင် ဘဝကြီးသည် အဆင်ပြေခဲ့၏။ သူသည် ရှဲ့မိသားစုထံ များစွာသော အကျိုးကျေးဇူးများ
တိတ်တဆိတ် ထောက်ပံ့ပေးခဲ့ကာ ထိုသူတို့အား ကောင်းမွန်သော ဘဝတစ်ခု ပေးခဲ့လေသည်။
သူ၏ဖခင် အရာရှိတစ်ယောက်ဖြစ်လာချိန်၌ မိသားစုသည် စိတ်ကြီးဝင်လာကြတော့၏။
သို့သော်လည်း ဆုံးပါးသွားသော သူ့ဇနီးအကြောင်း သူပြောသည့်အချိန်တိုင်း မိန်းမအိုကြီးနှင့် ကျန်လူများသည် မထီမဲ့မြင်ပြုကြလေသည်။
သူမက ညစ်ညမ်းတယ်လို့ သူတို့ထင်ကြတယ်ဆိုရင် သူ့အမေ ကမ်းလှမ်းခဲ့တဲ့ အကျိုးအမြတ်တွေကို သူတို့ မယူခဲ့သင့်ဘူးလေ၊ ဟုတ်တယ်မလား?
လူယုတ်မာတွေ။
ရှဲ့ဖင်းကန်း စိတ်ဆိုးမနေပေ။ သူ ထိုအရာများအား အလွန် “တည်ငြိမ်စွာ” ပြန်တွေးရင်း အရာအားလုံးကို ရှဲ့ချောင်ထံ ရှင်းလင်းစွာ အသေးစိတ်ပြန်ပြောပြလေသည်။
သူမ ခေါင်းညိမ့်လိုက်သည်။
သူတို့ထံ၌ ဆိုးရွားသော ဆက်ဆံရေးတစ်ခုရှိပြီး အမျိုးသမီးအိုကြီးသည် သူမ၏မိခင်အား ရိုင်းပျခဲ့၏။ နက်ရှိုင်းသော ဆက်သွယ်မှု မလိုအပ်သလို လက်ဆောင်များ ပြင်ဆင်နေရန်လည်း မလိုအပ်ပါချေ။
ထိုအရာအားလုံးကို ရှဲ့ချောင် မှတ်မိလေသည်။
“ အိမ်ဟောင်းကို သွားတဲ့အခါကျရင် အဝတ်သစ်လေးတွေကို ဝတ်သွားနော် သမီးကြီး” သခင်မလု
သည် ရုတ်တရက် အခွင့်အရေးကို ဖမ်းဆုပ်လိုက်လေ၏။
ရှဲ့ချောင် ကြောင်သွားခဲ့သည်။
သခင်မလုသည် မူယာမာယာများဖြင့် တခစ်ခစ်ရယ်လိုက်လေသည်။ “ အဘွားက အဝတ်အစားကောင်းကောင်းဝတ်တတ်တဲ့ မိန်းကလေးတွေကို သဘောကျတယ်လေ”
သူမသည် မိထွေးဖြစ်၏။ အကယ်၍ ရှဲ့ချောင်သည် ကောင်းကောင်းမွန်မွန် ဝတ်စား၍ အမျိုးသမီးအိုကြီးထံ သွားရောက်ခဲ့ပါက ထိုအခြင်းအရာမှာ သခင်မလုသည် အိမ်၌ ကလေးများအပေါ် ကောင်းသည်ဟူ၍ သူမအား သက်သေပြပေလိမ့်မည်။ မရင်းနှီးသော ရှဲ့ချောင်အပေါ်၌ပင် သူမ ထိုကဲ့သို့ ဆက်ဆံနေပါက နှစ်အနည်းငယ်ခန့် ပြုစုပျိုးထောင်ပေးခဲ့သော ရှဲ့ဖင်းဟွိုက်အပေါ်ဆိုလျှင် မလွဲဧကန်ပင် ပို၍
ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်ဖြစ်သည်။
•••••