← Chapters

သူမကို မောင်းထုတ်လိုက်

Vol. 12 Ch. 203

သူမကို မောင်းထုတ်လိုက်

Vol. 12 Ch. 203

ထိုအဝတ်များအား ရှဲ့ချောင် တစ်ချက်ကြည့်လိုက်သည်။

သခင်မလု အလွန်အမင်း စိတ်အားထက်သန်နေပုံမှာ သူမပင် ထိုအဝတ်များနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သံသယဖြစ်လုနီးပါးပင်။

မည်သို့ပင်ဖြစ်စေ သူမ တွေးကြည့်လိုက်သည်နှင့်

သခင်မလု မည်သည်ကို ပြောရန်ကြိုးစားနေသည်အား သူမ အကြမ်းဖျင်း နားလည်လိုက်သည်။

“ ဆောင်းရာသီ အဝတ်အထည်နေ့ ရောက်တော့မယ်။ အရမ်းရိုးစင်းတဲ့အရောင်တွေနဲ့ အရမ်းတောက်ပတဲ့ ရောင်တွေက မသင့်တော်ဘူး” ရှဲ့ချောင် ခေါင်းယမ်းလိုက်၏။

အိမ်၌ မည်သည့်နာရေးမှ မရှိပေ။ အကယ်၍ သူမ အလွန်ရိုးစင်းသည့် တစ်စုံတစ်ခုအား ဝတ်ဆင်ခဲ့ပါက ထိုအရာက သူမအား ဖြူဖပ်ဖြူရော်ပုံ ပေါက်စေပြီး မကောင်းဆိုးဝါးဝိညာဥ်များကို အလွယ်တကူ ဆွဲငင်နိုင်လိမ့်မည်ပင်။ သို့သော်လည်း တောက်ပသည့် တစ်စုံတစ်ခုကို သူမ ဝတ်ခဲ့လျှင် မကောင်းဆိုးဝါးဝိညာဥ်များအား ရိုင်းပျသလို ဖြစ်နေလိမ့်မည်ဖြစ်၏။ ထိုအရာမှာ ကန့်သတ်ချက်လည်း ဖြစ်သည်။

သူမ ဝတ်ဆင်နေကြ အဝတ်များကိုသာ ဝတ်နိုင်မည်ဖြစ်ပေသည်။

ထိုအကြောင်းအား သခင်မလုကြားသော် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ရင်း “ အပြာဖျော့လေးဆိုရင်ကော?”

“ ကျွန်မ မဝတ်ချင်ဘူး။ နောက်တစ်ခေါက်ကျမှပေါ့” ရှဲ့ချောင် ခိုင်ခိုင်မာမာ ပြောလိုက်၏။

ယခင်က သူမအား သခင်မလု မည်ကဲ့သို့ဆက်ဆံခဲ့သည်ကို သူမ မှတ်မိနေဆဲပင် ဖြစ်သည်။ ဆောင်းရာသီ အဝတ်အထည်နေ့ကျမှ ဘာလို့များ သူမကို အလိုလိုက်အကြိုက်ဆောင်နေတာများလဲ?

သခင်မလုအား ရည်ရွယ်ချက်ရှိရှိ အေးစက်စက်ဆက်ဆံရန် သူမ စိတ်ရှုပ်မနေ။ မည်သို့ပင်ဖြစ်စေ သူမ ပြောခဲ့သည့်အတိုင်း လုပ်ရန်မှာလည်း မဖြစ်နိုင်ပေ။

သခင်မလု သုန်မှုန်နေလေ၏။

သူမ ရှဲ့နျိုရှန်းအား နာကျင်စေသည့် ညင်ညင်သာသာ ဆွဲဆိတ်မှုအား လုပ်လိုက်လေသည်။ “ ဘာလို့ ငါ့ကို လာဆွဲဆိတ်နေတာတုန်း? ဘာလို့ မင်းဘာသာမင်းပဲ မဝတ်လိုက်တာလဲ? အဲ့တာက ဒီတိုင်း အဝတ်လေးတွေပဲလေ။ ဘယ်သူပဲဝတ်ဝတ် အတူတူပဲ မဟုတ်ဘူးလား?”

ရှဲ့ချောင် လှောင်ပြုံး ပြုံးလိုက်၏။

“ အဖေ ပြောတာမှန်တယ်” ရှဲ့ချောင် ပြော

လိုက်၏။ လူတိုင်းကို ကြည့်လိုက်ရင်း သူမ ထပ်ဖြည့်လိုက်သည်။ “ ဘိုးဘေးတွေကို ကန်တော့တဲ့နေ့ကလွဲလို့ ဒီရက်အနည်းငယ်အတွင်းမှာ ကျွန်မဆီ မလာပါနဲ့ အစ်ကိုကြီးနဲ့ အဖေ။ ကျွန်မ အလုပ်များနေလို့”

အလုပ်များနေခြင်းအား ဖယ်လိုက်လျှင် ဤရက်အနည်းငယ်အတွင်း၌ အမှောင်စွမ်းအင်သည် လေးလံလာနိုင်လေ၏။ သူမ လွှတ်ပေးရန်လိုသည့် မကောင်းဆိုးဝါးဝိညာဥ်များလည်း များစွာရှိနေလေသည်။ သဘာဝကျစွာပင် ဝိရောဓိဖြစ်သော အရောင်အဝါအချို့ သူမအနား စွဲကပ်နေနိုင်လေသေးသည်။ အကယ်၍ သူတို့ သူမအနီးသို့ လာခဲ့ကြပါက ဆိုးရွားနိုင်လေသည်။

စကားပြောပြီးသည်နှင့် ရနံ့အိတ်ငယ်အချို့အား သူမ ထုတ်ယူလိုက်လေ၏။

အိတ်တစ်ခုစီ၌ အဆောင်တစ်ခုစီ ရှိလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လုံခြုံမှုအတွက် ဖြစ်ပေသည်။

ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းတို့သည် ဝေ့လည်ကြောင်ပတ်လုပ်သော လူများအား မုန်းလေသည်။ ၎င်းတို့သည် ဤသည်မှာ မည်သည်အတွက်ဖြစ်ကြောင်း မမေးကြပဲ လက်မောင်းများကြား ပွေ့ကာ ထိုးထည့်လိုက်ရင်း ချက်ချင်းပင် လက်ခံလိုက်ကြသည်။

ရှဲ့ဖင်းဟွိုက် ထိုအရာအား ယူလိုက်ကာ စစ်ကြည့်လိုက်လေ၏။ ထိုအရာလေးသည် အနံ့ကောင်းတစ်ခုရှိကာ အပေါ်မှ ပုံစံကွက်များမှာ လှပသောကြောင့် ပျော်ရွှင်စွာပင် လက်ခံလိုက်လေသည်။

ရှဲ့ရှီမှာ ထိကြည့်လိုက်သည်နှင့် အထဲတွင် မာတောင့်သောအပြားများ(ငွေပြားကိုဆိုလိုတာ

ပါ)မပါသည်ကို သိလိုက်သည်ကြောင့် သူမ မျက်ဝန်းများ၌ စိတ်ပျက်မှုအချို့ ဖြတ်ပြေးသွားလေသည်။ မည်သို့ပင်ဖြစ်စေ ထိုအရာလေးအား ဂရုတစိုက်ပင် သူမ၏ ပွေ့ဖက်မှုအကြား ထည့်လိုက်ဆဲပင်။

သူမသည် စဥ်းစားချင့်ချိန်တတ်လေ၏။

သခင်မလုမှာမူ သွေးသားဆက်စပ်မှုမရှိသဖြင့် မလိုအပ်ပေ။

ဆောင်းရာသီအဝတ်အထည်နေ့ နီးကပ်လာသည်နှင့်အမျှ ကျောင်းတော်၏ အနားယူရက်နှင့် ရက်ထပ်နေလေသည်။ ထို့ကြောင့် ပိတ်ရက်ကြီးတစ်ရက် ဖြစ်လာခဲ့လေ၏။

ယခု ရှဲ့ချောင်၌ သူမ၏ အရေးကိစ္စများကို

အာရုံစိုက်ကာ လုပ်ဆောင်ရန် အချိန်လုံလုံလောက်လောက် ရှိပြီဖြစ်သည်။

နောက်တစ်ရက်၌ သူမ၏ သားကို မြင်တွေ့ချင်သည့် ဝိညာဥ်တစ်ခုအား ခေါ်ဆောင်လာခဲ့၏။ သူမ၏ ဆန္ဒအား ဖြည့်ဆည်းပေးပြီးနောက် ဝိညာဥ်အား အောင်မြင်စွာပင် သိုလှောင်လိုက်လေသည်။

ထို့နောက်တွင် သူ၏ဇနီးကို နောက်အိမ်ထောင်ပြုစေချင်သော ဝိညာဥ်၏ဆန္ဒအတွက် သူမ အလုပ်လုပ်ခဲ့သည်။

ထိုဆန္ဒနှင့် ဝိညာဥ်မှာ ဆင်းရဲပြီး ၎င်း၏မိသားစုမှာ ဆိုးရွားသောအခြေအနေ၌ ရှိနေလေသည်။

ရှဲ့ချောင် အနီးတဝိုက်၌ မေးမြန်းခဲ့ကာ သူ၏ဇနီး

သည် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေကြောင်း ရှာဖွေတွေ့ရှိခဲ့လေသည်။ ဝင်ငွေရရှိရန်အတွက် အဝတ်များ ချုပ်သော်လည်း သူမ၌ ခက်ခဲသောဘဝတစ်ခု ရှိနေလေသည်။ သူမမှာ ယောက္ခမမိသားစုများမှ ခွဲထုတ်ထားခံရသော်လည်း ယောက္ခမဖြစ်သူသည် ကပ်တွယ်နေကာ တစ်ခါတစ်ရံ သူမအား လာရောက် အပြစ်တင်ဝေဖန်တတ်လေ၏။

ယောက္ခမမိသားစု၌ သားတစ်ယောက် ရှိနေသေး၏။ သူတို့သည် ဇနီးဖြစ်သူမှာ ကံဆိုးသည်ဟု ထင်ကြသောကြောင့် ယောက္ခမဖြစ်သူသည် သူမအား ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာတတ်လေသည်။

နေ့လယ်၌ မော့ချူးရှန်း(ရှဲ့ချောင်)သည် မြစ်ဘေး၌ အဝတ်လျှော်နေသော အမျိုးသမီးအား ရှာတွေ့ခဲ့ကာ ထိုင်ချလိုက်ရင်း မေးလိုက်၏။ “ ရှင့်သားကို ကျောင်းပို့မလို့လား?”

ထိုအမျိုးသမီး၏ ဆံပင်များမှာ အတော်လေး ရှုပ်ပွနေလေသည်။ သူမသည် ခေါင်းကိုလှည့်ကာ ရှဲ့ချောင်အား သံသယဖြင့် ကြည့်လိုက်၏။

“ ကျွန်မ ကမ္ဘာလောကနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တယ်၊ ရှင် ဒါကို ယုံလား?” ရှဲ့ချောင် ထပ်ဖြည့်လိုက်သည်။

အမျိုးသမီးဖြစ်သူသည် ပြုံးလိုက်ကာ “ တာအိုဆရာကြီးရှင့် ကျွန်မ အလုပ်ရှုပ်–”

“ ရှင့်ခေါင်းပေါ်က သစ်သားဆံထိုးကို ရှင့်ယောက်ျားလုပ်ပေးခဲ့တာ၊ ကျွန်မ ပြောတာ မှန်ရဲ့လား?” အလွန်ညင်သာသိမ်မွေ့စွာ ကြည့်ရင်း ရှဲ့ချောင် ပြုံးလိုက်၏။ “ ရှင့်ကို လက်မလွှတ်နိုင်တာကြောင့် ရှင့်ရဲ့ယောက်ျားဖြစ်သူက ပြန်လည်ဝင်စားခြင်း မလုပ်နိုင်ဘူး။ တကယ်လို့ ရှင်သူ့ကို

ပြန်ဝင်စားစေချင်တယ်ဆိုရင် သန်သန်မာမာနေပါ။ ရှင့်ယောက္ခမကို ထပ်တွေ့တဲ့အခါကျရင် တံမြက်စည်းကောက်ကိုင်ပြီး သူမကို မောင်းထုတ်ပစ်လိုက်၊ ဟုတ်ပြီလား?”

အမျိုးသမီးဖန်းမှာ အလိုအလျောက်ပင် သူမ၏ ဆံထိုးကို ထိလိုက်မိသည်။ ထိုအရာသည် အမှန်တကယ်ပင် သူမယောက်ျားထံမှ လက်ဆောင်ဖြစ်ပါ၏။

လူတိုင်းမှာ သူမသည် သစ်သားအပိုင်းအစတစ်ခုအား သာမန်ကာလျှံကာ ကောက်ယူကာ သူမခေါင်းအထက်၌ ပန်ထားသည်ဟုသာ ထင်မြင်ကြလေသည်။

အမှန်တကယ်မှာ ထိုအရာအား သူမ၏ ယောက်ျားပြုလုပ်ထားကြောင်း လူများအား ပြောပြရန်အတွက် သူမ အလွန်ရှက်နေခဲ့ခြင်း ဖြည်သည်။

သူမ၏ နာမည်ပြောင်မှာ ထောင်အာ ဖြစ်သောကြောင့် ထိုအပေါ်၌ သေးငယ်သောမက်မွန်သီးပုံလေး ထွင်းထုထားသည်လေ!

[TN/ထောင်(Tao)ဆိုတာ တရုတ်လို မက်မွန်သီး(桃) လို့အဓိပ္ပါယ်ရပါတယ်]

All Chapters