← Chapters

ဖရိုဖရဲ အိမ်ထောင်စု

Vol. 12 Ch. 204

ဖရိုဖရဲ အိမ်ထောင်စု

Vol. 12 Ch. 204

အမျိုးသမီးဖန်း ရှဲ့ချောင်အား ထိတ်လန့်စွာ ကြည့်လိုက်၏။ သူမ၏ မေးဖျားမှာ တုန်ယင်နေလေသည်။ “ တာအိုဆရာကြီး ရှင် ဆိုလိုတာ… ကျွန်မယောက်ျားက ပြန်မဝင်စားရသေးဘူးတဲ့လား?”

ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် ခေါင်းညိတ်လိုက်၏။ “သူ ရှင့်ကို လွမ်းဆွတ်နေပြီးတော့ ထွက်သွားဖို့ ဆန္ဒမရှိဖြစ်နေတယ်။ သူ ကျွန်မကို ရှင့်ဆီ လာခိုင်းခဲ့တာ။ သူ ရှင့်ကို နောက်အိမ်ထောင်ပြုစေ

ချင်နေတယ်”

ဤစုံတွဲအား ရှဲ့ချောင် သဘောကျ၏။ ထိုသူ အသက်ရှင်စဥ်အခါက သူတို့ ချစ်ခင်ရင်းနှီးကြမည်ပင်။

အမျိုးသားဝိညာဥ်မှာ လက်ရှိ သူမဘေးတွင် ရပ်နေလေ၏။ သူ့ဇနီးအား ကြည့်လိုက်သည်နှင့် ထိုသူ၏မျက်ဝန်းများမှာ ရှက်ရွံ့မှုလေးနှင့်အတူ သူ့အချစ်အား မသိမသာ ပြသနေလေသည်။ ချစ်ဖို့ကောင်းသည့် မြင်ကွင်းလေးပင် ဖြစ်သည်။

အမျိုးသမီးဖြစ်သူမှာ သနားချင့်စဖွယ် ကောင်းလှလေသည်။

“ အဲ့ဒီ ငတုံးကောင်! သူ ဆုံးကာစက ကျွန်မ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူ

ကျွန်မကို နောက်အိမ်ထောင်ပြုဖို့ တောင်းဆိုခဲ့တာ။ အဲ့တော့ သူ မပျောက်ကွယ်သွားခင်အထိ ကျွန်မ သူ့ကို ဆူခဲ့တာပေါ့။ သူ ကျွန်မအိပ်မက်ထဲကို နောက်ထပ် မလာတော့ဘူး! အခုတော့ သူက တာအိုသူတော်စင်တစ်ပါးပါ ဒီကို ခေါ်လာတယ်ပေါ့လေ…ဘာလို့များ သူ ကျွန်မအပေါ် ဒီလောက်ရက်စက်ရတာလဲ!? သူက ကျွန်မကို နောက်အိမ်ထောင်ပြုစေချင်နေတယ်ပေါ့။ တကယ်လို့ ကျွန်မသာ အဲ့လို လုပ်ခဲ့ရင် သူ့အုတ်ဂူလေး အထီးကျန်နေရလိမ့်မယ်!”

အမျိုးသမီးဖန်း စိတ်ထိခိုက်သွားလေ၏။ အဝတ်လျှော်တုတ်အား ပစ်ချလိုက်ပြီး ရုတ်တရက် သူမမျက်နှာအား အုပ်ကာ ငိုကြွေးလေတော့သည်။

အစောပိုင်းတွင် သူမသည် နူးညံ့ကာ သိမ်မွေ့ခဲ့ပါသော်လည်း ရုတ်ခြည်းပင် စတင်၍ ဆွဲဆွဲငင်ငင် ငိုကြွေးမြည်တမ်းလာခဲ့၏။

ရှဲ့ချောင် ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် သူမရှေ့မှ လူကို ကြည့်ရင်း ချက်ချင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။

“ ရှင့်ယောက္ခမက ရှင့်ကို ဒုက္ခပေးလာမှာကို သူစိုးရိမ်နေခဲ့တာ…” ရှဲ့ချောင် သူမ၏ပါးစပ် အနည်းငယ် ခြောက်ကပ်နေသလို ခံစားလိုက်ရ၏။

“ အဲ့လိုဒုက္ခမျိုးကတော့ ဘာမှကို မဟုတ်ပါဘူး။ သူ ကျွန်မကို လက်လွှတ်ဖို့ ဆန္ဒရှိမနေဘူးဆိုရင် ဘာလို့များ ကျွန်မကို ဒီနေရာမှာ တစ်ယောက်တည်း ထားခဲ့ရတာလဲ!? အဲ့ဒီကျေးဇူးကန်းတဲ့ သတ္တဝါကတော့! ချစ်ဖို့ မိန်းမဝိညာဥ်တစ်ခုခုကို သူ တွေ့သွားတာနေမှာပေါ့၊ ဒီတော့ ကျွန်မကို အဝေးတွန်းပို့နေတာပေါ့လေ!” အမျိုးသမီးဖန်း သူမမျက်ရည်များကို သုတ်လိုက်ကာ မြေပြင်ပေါ် ထိုင်ချလိုက်၏။ “သူ့

အိပ်မက်ထဲမှာပဲရမယ်! ကျွန်မက သူ့ဇနီး။ သူ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဝင်စားနိုင်အောင် ကျွန်မကို နောက်အိမ်ထောင်ပြုစေချင်တယ်? ဆုတောင်းလေ! သူ့ဘဝကို ကျွန်မဆီ အကြွေးတင်နေစေချင်တယ်၊ ဒါမှ ကျွန်မ နောက်ဘဝကျရင် သူ့ဆီက ပြန်ယူနိုင်မှာ!”

ရှဲ့ချောင် တံတွေးမျိုချလိုက်မိသည်။ သူမ အတော်လေး မှင်တက်အံ့ဩသွား၏။

သူမ စရိုက်ကြမ်းသော တစ်ယောက်ကို တွေ့ခဲ့ရသည်ပင်။ အကယ်၍ ထိုအမျိုးသမီးသာ နောက်အိမ်ထောင်မပြုခဲ့ပါက လုပ်ဆောင်ရမည့် တာဝန်မှာ ရှုံးနိမ့်မှုတစ်ခု ဖြစ်သွားမည် မဟုတ်ပါလား?

ရှဲ့ချောင် သက်ပြင်းရှိုက်လိုက်ကာ သူမအား သည်းညည်းခံလိုက်၏။ “ ဒါဆိုရင် အခုအချိန်ကစပြီးတော့ ရှင့်ကိုယ်ရှင် ကာကွယ်ပါ။ ရှင့်

ယောက္ခမက အကျင့်မကောင်းဘူးလို့ ကြားထားတယ်။ တကယ်လို့ သူမ ရှင့်ကို အနိုင်ကျင့်နေတာကိုသာ ရှင့်သားမြင်သွားခဲ့ရင် မကျေမချမ်းဖြစ်မှုတွေ သူ့ရင်ထဲမှာ အရှိန်ယူ အစပျိုးသွားနိုင်တယ်”

သူမသည် အောင်သွယ်တော်လမင်းကြီးမဟုတ်သလို ထိုအမျိုးသမီးအား နောက်အိမ်ထောင်ပြုရန်လည်း တွန်းအားမပေးနိုင်ပေ။

ထို့အပြင် ဤစုံတွဲမှာ အချင်းချင်း ချစ်ကြလေသည်။ သူမအတွက်တော့ အမျိုးသားဝိညာဥ်မှာ ဇနီးဖြစ်သူအား အမှန်တကယ် နောက်အိမ်ထောင်မပြုစေချင်လောက်ပေ။ သူလိုချင်သည်မှာ သူ့ဇနီးနှင့် သားလေး ပျော်ရွှင်ရန်ပင်။

ထိုစကားအား ကြားလိုက်သောအခါ အမျိုးသမီးဖန်း၏ အမျက်ဒေါသများ ရုတ်ခြည်းဆိုသလို ကွယ်ပျောက်သွားလေသည်။ သူမသည် ဒေါသ

များအား သူမ၏လူအပေါ်၌သာ ပုံချသည်ဖြစ်၏။ သူမ၏ ယောက္ခမနှင့်ဆိုလျှင်တော့ သူမသည် အမြဲလိုလို ကြောက်ရွံ့တွန့်ဆုတ်နေတတ်ပေသည်။

သူ၏ ဇနီးအား ထိုကဲ့သို့မြင်လိုက်ရသောအခါ အမျိုးသားဝိညာဥ်သည် စိုးရိမ်ပူပန်စွာဖြင့် လက်ဖဝါးများအား ပွတ်ချေနေခဲ့သည်။ “ အမေက အကျိုးသင့်အကြောင်းသင့် လုပ်တတ်တဲ့သူ မဟုတ်ဘူး။ နှစ်ရက် ဒါမှမဟုတ် သုံးရက်ကြာတိုင်း သူမကို ပြဿနာလာရှာတတ်တယ်။ သူမရဲ့ ပစ္စည်းတွေကိုလည်း ယူသွားတတ်ပြီးတော့ သူမ(ဇနီး)က ကျွန်တော့်ဆီကို ကံဆိုးမှုတွေ ယူလာတယ်ဆိုပြီးတော့လည်း အပြစ်တင်ဝေဖန်တတ်သေးတယ်…သူမ(အမေ)က တကယ်တမ်း ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးနေတာ မဟုတ်ဘူး။ သူမ(အမေ)က ကျွန်တော့်ညီရဲ့ မိသားစုကို ကျွေးမွေးဖို့ သူမ(ဇနီး)ဆီကနေ အကျိုးအမြတ်တွေ လိုချင်ရုံပဲ…”

အမျိုးသမီးဖန်း သည် သူမ၏ မျက်လုံးများအား အောက်သို့စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။ “ ကျွန်မရဲ့ ယောက္ခမက စရိုက်ကြမ်းတယ်။ ကျွန်မ သူမနဲ့ ရန်မဖြစ်နိုင်ဘူး”

ရှဲ့ချောင် သက်ပြင်းချကာ ထိုအကြောင်းအား တွေးကြည့်လိုက်သည်။

“ ကျွန်မမှာ အကြံတစ်ခုရှိတယ်” ရှဲ့ချောင် အဆောင်တစ်ခုအား ထုတ်ယူလိုက်၏။ “ ဒီအဆောင်ကို သိမ်းထားပါ။ တကယ်လို့ သူမ ထပ်လာခဲ့ရင် ဒီအဆောင်ကို ကိုင်ထားပြီး တွေ့လိုက်ပါ”

အမျိုးသမီးဖန်း ၏ မျက်နှာတစ်ခုလုံး၌ သံသယများ အတိုင်းသားပေါ်နေလေသည်။

နက်နဲသည့် အမူအရာဖြင့် ရှဲ့ချောင် ပြုံးလိုက်ကာ ထွက်ခွာသွားခဲ့သည်။ သူမ အဝေးကြီး မသွားခဲ့ပေ။ ထို့အစား အမျိုးသမီးဖန်း ယောက္ခမအိမ်တစ်ဝိုက်၌ အေးအေးလူလူ လမ်းလျှောက်နေလိုက်သည်။

လင်းအိမ်တော်သည် အရင်ကတည်းကပင် ကျန်းအိမ်တော်၊ ဝေ့အိမ်တော်တို့နှင့် ကွာခြားပြီး အိမ်တော်အသေးတစ်ခုသာ ဖြစ်ပေသည်။ နောက်ဖေးလမ်းမှာ မှောင်မိုက်ကာ ကျဥ်းမြောင်း၍ လမ်းများမှာလည်း လုံးဝကြီး ပြန့်ပြူးမနေပေ။ အိမ်နီးချင်းများသည် တစ်ဦးနှင့်တစ်ဦး အတင်းအဖျင်းများပြောကြကာ ၎င်းတို့၏ အသံများသည် ဝင်ပေါက်မှ နောက်ဖေးလမ်းအထိ ပြန့်နှံ့နေလေသည်။

အမျိုးသမီးဖန်း သည် တူညီသော နောက်ဖေးလမ်းတွင်ပင် နေထိုင်သည်ဖြစ်သော်လည်း ကြား၌ အကွာအဝေးအချို့ ကွာခြားပေသည်။

သဘာဝကျစွာပင် အမျိုးသမီးဖန်းသည် အိမ်ငှားနေသည် ဖြစ်၏။ သူမ၏ အမျိုးသား ဆုံးပါးပြီးနောက် သူမသည် ချက်ချင်းပင် အိမ်မှ နှင်ထုတ်ခံခဲ့ရလေသည်။

ရှဲ့ချောင်သည် လင်းအိမ်တော်ရှေ့တွင် ရပ်လိုက်ကာ အမျိုးသမီးအိုကြီးတစ်ယောက် လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။ သူမ၏ မျက်နှာမှတစ်ဆင့် ထိုအမျိုးသမီးအိုကြီးမှာ တစ်စုံတစ်ယောက်ကို ဆုံးရှုံးခဲ့ကြောင်း သူမ ပြောနိုင်လေသည်။ သံသယဖြစ်ဖွယ်မရှိပင် သူမသည် ထိုယောက္ခမဖြစ်ရပေမည်။

“ အိုး အဒေါ်ရေ၊ ရှင့်ရဲ့ မျက်ခုံးစပ်ကြားမှာ မှောင်မည်းနေပြီး ရှင့်မျက်လုံးတွေ ဗလာဖြစ်နေတာကို ကျွန်မ မြင်ရတယ်။ ရှင့်လျှာက ခြောက်ကပ်နေပြီး ရှင့်နှုတ်ခမ်းတွေလည်း

ကွဲအက်နေတယ်။ ရှင့်ရဲ့ စိတ်ဝိညာဥ်က ပြန့်ကွဲနေပြီး အခုတလော ရှင့်ဘဝက ကြမ်းတမ်းနေခဲ့မှာပဲ။ ရှင့်အိမ်ထောင်စုလည်း ဖရိုဖရဲဖြစ်နေမှာပဲနော်!”

•••••

All Chapters