← Chapters

ဂြိုဟ်ဆိုး

Vol. 12 Ch. 205

ဂြိုဟ်ဆိုး

Vol. 12 Ch. 205

ရုတ်တရက်ထွက်ပေါ်လာသော ရှဲ့ချောင်၏ အသံမှာ အမျိုးသမီးအိုကြီးအား ထိတ်လန့်သွားစေခဲ့သည်။

အမျိုးသမီးအိုကြီးသည် အသိစိတ်ပြန်ကပ်လိုက်ရင်း သူမအား ကြည့်လိုက်ကာ ရုတ်ခြည်း မျက်မှောင်ကြုတ်လိုက်၏။

“ သွား သွား သွား! ငါ့မှာ နင့်အတွက် ငွေစမရှိဘူး!”

ရှဲ့ချောင် ခေါင်းခါလိုက်ကာ သက်ပြင်းချလိုက်၏။ “ ကျွန်မ နေရာတိုင်းကို ခရီးထွက်ခဲ့ပြီး ဘယ်သူ့ဆီကမှ ငွေစကို မတောင်းဆိုခဲ့ဖူးဘူး။ ကျွန်မ ဘယ်ကလဲဆိုတာကို ရှင် မသိလောက်ဘူးပဲ? ကျွန်မက အရှေ့ဘက်လမ်းမကြီးပေါ်က ကြမ္မာဥယျာဥ်ရဲ့ ပိုင်ရှင်ပါ။ ကျွန်မ ဒီနေရာကို ဖြတ်သွားဖြစ်ပြီးတော့ ရှင့်ရဲ့ ကံနဲ့ ပတ်သက်ပြီး တစ်ခုခုလိုအပ်နေတာကို သတိပြုမိလို့ ကျွန်မ လာလိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ဒါကို မယုံဘူးဆိုတော့ ကျွန်မ ထပ်မပြောတော့ပါဘူး”

ရှဲ့ချောင် စကားပြောပြီးသည်နှင့် သူမလက်မှ ဖုန်များအား ခါလိုက်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ထိုအရာကို မြင်လိုက်သောအခါ သခင်မကြီးလင်းသည် ရုတ်တရက်ပင် ရှေ့တိုးလိုက်ပြီး ရှဲ့ချောင်

အား လှမ်းဆွဲလိုက်လေသည်။ “ မင်းက ကြမ္မာဥယျာဥ်ရဲ့ ပိုင်ရှင်လား?”

“ ဘာမှားနေလို့လဲ?” ရှဲ့ချောင် မျက်ခုံးပင့်လိုက်၏။

သခင်မကြီးလင်း၏ မျက်ဝန်းများ ဝင်းလက်သွားကာ သူမအား ဆွဲခေါ်လိုက်လေသည်။ “ မ-မင်းက ကျန်းမိသားစုရဲ့ ဖယောင်းဆိုင်ကို ကယ်တင်ပေးခဲ့တဲ့ ကြမ္မာဥယျာဥ်ပိုင်ရှင်!?”

ရှဲ့ချောင်မှာ ထိုသူ သူမအား အံ့ဩတကြီးကြည့်နေသည့်အတွက် မှင်တက်နေမိသည်။ “ သတင်းတွေပြန့်တာ အတော်မြန်တာပဲ?”

“ အိုး အိုး! ဒီနေ့ ဝေ့မိသားစုက လူတွေကို အုတ်ဂျုံယာဂု တိုက်နေတယ်လေ။ လူတိုင်းကို ပြောပြခဲ့

တာ အဲ့ဒီမိသားစုပေါ့။ သူတို့ပြောတာက ကြမ္မာဥယျာဥ်ရဲ့ တာအိုသူတော်စင်က လုပ်နိုင်စွမ်းရှိတယ်တဲ့!” သခင်မကြီးလင်းသည် ပြောပြီးသည်နှင့် အနည်းငယ် စိုးရိမ်လာခဲ့သည်။ “ တာအိုသူတော်စင်ကြီး ကျွန်မရဲ့ ကံနဲ့ပတ်သက်ပြီး ဘာများ မှားနေတာလဲ? နီးကပ်လာတဲ့ ဘေးအန္တရာယ်များ ရှိနေတာလား? ကျွန်မကို တကယ်ပဲ အခကြေးငွေ မယူဘူးလားဟင်?”

“ စိတ်မပူပါနဲ့။ ကျိန်းသေပေါက်ကို ကျွန်မ အခကြေးငွေတစ်ပြားမှ မယူပါဘူး” သူမ၏ ရပ်တည်ချက်အား ရှဲ့ချောင် ရုတ်ခြည်း ပြသလိုက်၏။ “ ရှင့်ရဲ့ ကံကောင်းမှုက အများကြီးကောင်းမနေဘူး၊ ပြီးတော့ ဘေးအန္တရာယ်က ရှင့်အပေါ် တကယ့်ကို ကျရောက်တော့မယ်။ ကြည့်ရအောင်”

ရှဲ့ချောင် သူမ၏ လက်ချောင်းများအား ဖမ်းဆုပ်လိုက်သည်။ “ ဟင်း ရှင့်ဘဝက အရမ်းခက်ခဲတာ

ပဲ…”

“ မှန်တယ်၊ မှန်တယ်” သခင်မကြီးလင်း မဆိုင်းမတွပင် ခေါင်းညိမ့်လိုက်၏။

“ ရှင့်မှာ ကလေးခြောက်ယောက်ရှိတာ ဟုတ်? ကြည့်ရတာ သားတွေကို ဆုံးရှုံးရတဲ့ ရှင့်ရဲ့ကံက လေးလံတာပဲ။ ရှင် သားနှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်” ရှဲ့ချောင် ထပ်ဖြည့်လိုက်၏။

ထိုစကားအား ကြားလိုက်သောအခါ သခင်မကြီးလင်းမှာ ထခုန်မိတော့မတတ်ပင်။

သူမ၌ ကလေးခြောက်ယောက်၊ သားသုံးယောက်၊ သမီးသုံးယောက် ရှိပေသည်!

သို့သော်လည်း ဒုတိယသားမှာ မွေးဖွားပြီး မကြာမီ

တွင် သေဆုံးသွားခဲ့လေ၏။ နှစ်များစွာ ကြာမြင့်ပြီးဖြစ်သောကြောင့် လူအများစုမှာ ထိုအကြောင်းအား မေ့နေကြပြီပင် ဖြစ်လေသည်!

ယခုမူ သူမ၏ အကြီးဆုံးသားသည်လည်း သေဆုံးသွားပြီဖြစ်သဖြင့် သူမထံ၌ သားတစ်ယောက်သာ ကျန်ပေတော့သည်။

အလွန်ကို တိကျလှသည်ပင်!

သခင်မကြီးလင်း ရုတ်တရက် ပြောလိုက်၏။ “ သူတော်စင်ကြီး! ကျွန်မအပေါ် ကျရောက်မယ့် ဘေးအန္တရာယ်တွေဆိုတာ ဘာတွေများလဲ? ကျွန်မဆီ ကံဆိုးမှုတွေ ယူလာတာ အဲ့ဒီဂြိုဟ်ဆိုးများလား? အဲ့ဒီမြေခွေးမက ကျွန်မသားဆီကို ကံဆိုးမှုတွေ သယ်လာခဲ့တာ။ အခု သူက ကျွန်မဆီကို ကံဆိုးမှုတွေ ယူလာတော့မှာလား?!”

သူမ ခေါင်းခါလိုက်၏။ “ ရှင့်မှာ ရှင့်သားနဲ့ ချွေးမရဲ့ အက္ခရာရှစ်ခု ရှိလား? ကျွန်မ တစ်ချက်လောက် ကြည့်ကြည့်ရအောင်”

သဘာဝကျကျပင် သခင်မလု သိသောကြောင့် အချိန်မဆိုင်းပင် ပေးလိုက်၏။ သူမသည် အမှတ်မထင်ပင် ရှဲ့ချောင်အား အသေးစိတ်အချက်အလက်များကိုလည်း ပြောပြပေသည်။

သခင်မကြီးလင်း၏ တိမ်ဖုံးနေသော မျက်လုံးများ သူမအပေါ်၌ အစွဲအလမ်းကြီးစွာရှိနေချိန်တွင် ရှဲ့ချောင် တွက်ချက်ခဲ့လေသည်။

“ ဘယ်လိုလဲဟင်?” သခင်မကြီးလင်း ခေါင်းဆန့်လာလေသည်။

“ ရှင့်ချွေးမရဲ့ ကံကြမ္မာက ပြီးပြည့်စုံတယ်၊ ဒါပေမယ့် ရှင့်သားကတော့ မဟုတ်ဘူး။ သူ့မှာ ယန်စွမ်းအင် ချို့တဲ့နေတယ်။ ဒီတော့ သူက သက်တမ်းတိုဖို့ ကံပါလာတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ရဲ့ ဘေးအန္တရာယ်က ရှင့်ချွေးမနဲ့ တကယ့်ကို ဆက်နွှယ်နေတယ်” ရှဲ့ချောင် ထပ်ဖြည့်ပြောလိုက်၏။

“ သူ့မှာ ပြီးပြည့်စုံတဲ့ ကံကြမ္မာရှိတယ်လို့ ဘယ်လိုတောင် ပြောရဲရတာလဲ? မင်း ငါ့ကို လျှောက်ပြောနေတာလား!?” သခင်မလင်း ဒေါသထွက်သွားလေသည်။

အဲ့ဒီ ဂြိုဟ်ဆိုးမ!

“ ရှင့်ချွေးမဖြစ်သူက ကံကောင်းခြင်းနဲ့ ရောက်ရှိလာခဲ့တာ။ သူမမှာ သူမရဲ့ ကလေးတွေဆီကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ့်

ကံကြမ္မာရှိတယ်။ သူမက သေချာပေါက်ကို ကလေးတွေ မွေးဖွားနိုင်ပြီး မြေးတွေပါ ရလာလိမ့်မယ်။ သူမ မသေဆုံးခင်အထိ ချမ်းသာကြွယ်ဝတဲ့ ဘဝကို ပိုင်ဆိုင်ရလိမ့်မယ်။ နတ်ဘုရားဆီကနေ ကောင်းချီးပေးခံထားရတဲ့ ကံကောင်းတဲ့လူတစ်ယောက်ပဲ။ ရှင် သူမကို သဘောကျပုံမပေါ်ဘူးလို့ ကျွန်မထင်တယ်၊ ဒီတော့…အဲ့တာပဲ ဖြစ်ရမယ်။ ရှင် သူမကို ဒုက္ခတွေဆက်ပြီး ဖြစ်စေနေတယ်။ အချိန်တွေအကြာကြီး ရှင့်အပေါ်ရှင် ဆိုးရွားတဲ့ကံတွေ ယူဆောင်နေခဲ့တာပဲ”

“ ဘာကြီး? ဆိုးရွားတဲ့ကံ!?” ထိုစကားကို ကြားပြီးနောက် သခင်မကြီးလင်း စိတ်တိုသွားခဲ့သည်။

မဖြစ်နိုင်ပေ! ထိုသူမှာ သူမ၏ ချွေးမ ဖြစ်ပေသည်။ သူမ၏ ယောက္ခမဖြစ်ခဲ့ချိန်မှစ၍ သူမထံမှ ပစ္စည်းများယူရန် သွားခဲ့ရုံသာ ဖြစ်လေသည်။ သူမ အခြားဘာမှမလုပ်ခဲ့ပေ!

ဘယ်လိုလုပ်ပြီးတော့များ သူက အဲ့တာကနေ ဆိုးရွားတဲ့ကံရသွားရတာတဲ့လဲ!?

“ ရှင် ကျွန်မကို မယုံဘူးပဲ?” ရှဲ့ချောင် ပဟေဠိဆန်စွာ ပြုံးလိုက်၏။ “ သူမကို ထပ်ပြီး ရှာကြည့်လိုက်ပါ။ ဒီနေ့ သူမဆီကို ရှင်သွားခဲ့ရင် တကယ့်ဘေးဒုက္ခကို ကြုံတွေ့ရလိမ့်မယ်ဆိုတာ ကျွန်မ အာမခံရဲတယ်”

သခင်မကြီးလင်း အနည်းငယ် ကြောက်စိတ်မွှန်သွားခဲ့သည်။ မရေမရာဖြစ်နေသော်လည်း ရှဲ့ချောင်အား ယုံကြည်ရန် သူမ ရွေးချယ်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သူမ ဆိုးရွားသည့် အရာများ လုပ်ခဲ့မိသည်ဟု မတွေးပေ။ ထိုအကြောင်းအား ယုံကြည်ရန် သူမ ငြင်းဆန်ခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ရှဲ့ချောင်သည် ယုံကြည်ချက်ရှိပုံ ပေါ်လေ၏။ သူမ၏ ခန့်မှန်းချက်မှာ ယခု ပို၍ပင် ခြိမ်းခြောက်နိုင်ပုံ ပေါ်လာလေသည်။

••••••

All Chapters