← Chapters

ထိတ်လန့်မှုအကြီးစား

Vol. 12 Ch. 206

ထိတ်လန့်မှုအကြီးစား

Vol. 12 Ch. 206

သူမ၏ ကံအား သခင်မကြီးလင်း ကြိုးစားကြည့်လိမ့်မည်ဟု ရှဲ့ချောင် ထင်ခဲ့သည်။ တခဏမျှ တုံ့ဆိုင်းပြီးနောက်တွင် သူမပေါင်အား သူမ ရိုက်လာလိမ့်မည်ဟုတော့ လုံးဝ မတွေးမိခဲ့ပေ။ “ သူတော်စင်ကြီး ကျွန်မ ဘာလုပ်ရမလဲ? ကျွန်မကို သူ့အပေါ် ကောင်းကောင်းဆက်ဆံရမယ် ဟုတ်တယ်ဟုတ်? ကျွန်မ သူ့ကို ကျွေးမွေးဖို့ကော လိုအပ်သေးလား!?”

ရှဲ့ချောင် ကြက်သေသေသွားခဲ့၏။ ထို့နောက် သူမ ခေါင်းယမ်းလိုက်သည်။

“ အဲ့ဒီလို လုပ်ဖို့တော့ မလိုအပ်ပါဘူး။ အရင်က ရှင်လုပ်ခဲ့တာတွေကြောင့် ရှင့်ရဲ့အရောင်အဝါက သူမရဲ့ဟာနဲ့ မလိုက်ဖက်ဘူးဖြစ်နေတာ။ အခု ရှင် သူမကို ဘယ်လိုမျက်နှာလုပ်လုပ် အသုံးမဝင်တော့ဘူး။ ဘေးဒုက္ခကို ဖယ်ရှားဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်”

သခင်မကြီးလင်း မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ ရှဲ့ချောင် ထပ်ဖြည့်လိုက်၏။ “ ရှင် ချွေးမဖြစ်သူနဲ့ ဝေးဝေးနေသင့်တာ။ ရှင် ကိုယ့်ကိစ္စကိုယ်ပဲ အရေးစိုက်လိုက်ရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ရှင့်ပါးစပ်နဲ့ ပတ်သက်ပြီးတော့လည်း ပြဿနာတက်နိုင်တာကို ကျွန်မ မြင်ရတယ်။ ဒီအဆောင်ကို ယူထားလိုက်ပါ။ တစ်ရက်လောက်တော့ ရှင် စကားပြောလို့ မရဘူး မဟုတ်ရင် သေချာပေါက်ကို ပြည်တည်နာ

ဖြစ်လာလိမ့်မယ်”

သခင်မကြီးလင်း၌ ကံဆိုးခြင်း၏ မျက်နှာရှိလေသည်။ ထိုအခြင်းအရာနှင့် ပတ်သက်၍ ရှဲ့ချောင် မညာပါပေ။

သူမလိုချင်သည့် အရာအားလုံးအား သူမသည် ဝေဖန်အပြစ်ရှာတတ်လေသည်။ သူမသည် အမြင်အားဖြင့် ဒေါသထွက်ပေါက်ရှာတတ်သော်လည်း ဤသည်နှင့်ပင် လေလွင့်ဝိညာဥ်များအား ဆွဲဆောင်ရန် လုံလောက်ပေသည်။ သဘာဝကျစွာပင် သူမ၏ ကံအကျိုးသက်ရောက်မှု ဖြစ်လေ၏။

အဆောင်မှာ အမှန်တကယ်ပင် ပါးစပ်ပြည်တည်နာအား ကုသကာ ကံဆိုးမှုများအား ဖမ်းထုတ်ပေးမည်ဖြစ်လေသည်။

ရှဲ့ချောင် မလိမ်ခဲ့ပါ။

ထိုအချိန်အတောအတွင်း၌ အမျိုးသမီးဖန်း အား သူမ ပေးခဲ့သည့် အဆောင်မှာ များပြားလှသော အကာအကွယ်အဆောင်များထဲမှ တစ်ခု ဖြစ်လေ၏။ ထိုအရာသည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဥ်ကို စုစည်း၊ အညစ်အကြေးများကို ဖယ်ရှားကာ တစ်စုံတစ်ယောက်၏ ဆက်သွယ်ပြောဆိုခြင်း စွမ်းရည်ကို မြှင့်တင်ပေးနိုင်လေသည်။

သူမ၏ အရောင်အဝါ ပြောင်းလဲသွားပါက အမျိုးသမီးဖန်းသည် ပို၍ ရဲရင့်လာမည်ပင်။ ထိုမှသာ မကောင်းဆိုးဝါးများ သူမအနားမှ ဝေးဝေးနေကြလိမ့်မည်။ အသရေဖျက်ခြင်း၊ ထွေးထုတ်ခြင်းနှင့် ခိုးခြင်းများမှာ မကောင်းဆိုးဝါးများနှင့် သက်ဆိုင်လေသည်။ အကယ်၍ သခင်မကြီးလင်းသာ သူမအား ထိုကဲ့သို့ လုပ်ခဲ့ပါက မကောင်းဆိုးဝါးများ နိုးကြွလာကြပြီး သူမထံ

သူမ ကံဆိုးခြင်းများ ဆွဲခေါ်မိပေလိမ့်မည်။ ထိုအချိန်ကျလျှင်တော့ သူမမှာ အမှန်တကယ်ပင် ကံကောင်းမှုများ ကုန်ဆုံးသွားလိမ့်မည်ဖြစ်၏။

ပင်ကိုအားဖြင့် အကာအကွယ်အဆောင်သည် အံ့ဩစရာဆန်းကြယ်မှုမျိုး မဟုတ်ပေ။ ထိုအရာသည် အချိန်အတိုင်းအတာတစ်ခုအထိသာ အလုပ်လုပ်မည်ပင်။

သခင်မကြီးလင်းသည် အလွန်ကြောက်ရွံ့တွန့်ဆုတ်မည်ဟု ရှဲ့ချောင် လုံးဝမမျှော်လင့်ထားသော်လည်း သူမအား အကျိုးနည်းဘေးဒုက္ခတစ်ခုမှ စောင့်မျှော်နေသည်ကို သိသိကြီးနှင့်တော့ သူမ၏ကံအား မစမ်းသပ်ရဲလောက်ပါပေ။

ယခု ရှဲ့ချောင်အား သူမ ယုံကြည်မှုလျော့နည်းနေပြီလော?

သူမ စိုးရိမ်မိသည်။

သခင်မကြီးလင်းသည် ပူပန်နေသော်လည်း ပျော်ရွှင်နေပြန်သည်။ သူမ အခကြေးငွေပေးရမည်ဟု ထင်ထားခဲ့သည်ပင်။ အဆောင်တစ်ခုအား အလကားရလိမ့်မည်ဟု လုံးဝမတွေးခဲ့ဖူးပေ။

ထို့ကြောင့် ရှဲ့ချောင် ပြန်ယူလိမ့်မည်ကို စိုးရိမ်ကာ ချက်ချင်းပင် အဆောင်အား အဝေးသို့ ထားလိုက်သည်။

သခင်မကြီးလင်း ရုတ်တရက် မေးလိုက်၏။ “ သူတော်စင်ကြီး ချမ်းသာကြွယ်ဝဖို့အတွက် ကျွန်မရဲ့ကံကို ကောင်းချီးပေးစရာ နည်းလမ်းလေးဘာလေးများ မရှိဘူးလား?”

သူမသည် ချွေးမဖြစ်သူအား ပြဿနာရှာရန် ဆန္ဒမရှိပါပေ။ ထိုအခြင်းအရာမှာ သူမ ပျင်းနေခဲ့ရုံသာဖြစ်ပြီး ဒေါသထွက်ပေါက်ရှာခြင်းသည် ခံစား၍ကောင်းသောကြောင့်သာ ဖြစ်သည်။ သူမ၏ ချွေးမထံ၌ ကောင်းမွန်သော အရာများရှိခဲ့ဖူးသော်လည်း ယခုမူ သူမ(ချွေးမ)သည် တဖြည်းဖြည်း ပို၍ ဆင်းရဲလာပြီဖြစ်၏။ သူမ(ချွေးမ)အိမ်သို့ သူမ သွားသည့်အချိန်တိုင်း စားစရာအချို့သာ ရတော့သည်။ ထိုနေရာသို့ အလည်အပတ်သွားရန် သူမအတွက် မတန်တော့ပေ။

“ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် ဘဝမှာ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုကံက အကန့်အသတ်ရှိတယ်။ တကယ်လို့ ရှင်အခု ယူလိုက်မယ်ဆိုရင် အနာဂတ်ကျ ရှင် အဲ့ဒါကို ဆုံးရှုံးရလိမ့်မယ်။ ရှင် စမ်းကြည့်ချင်သေးလား?” ရှဲ့ချောင် အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

အမှန်တကယ်ပင် ချမ်းသာကြွယ်ဝမှုကံမှာ အကန့်အသတ်ရှိလေသည်။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုအား– ရရှိပြီးတစ်ခု၊ မရသေးသည့်တစ်ခုနှင့် ရရှိနိုင်သောတစ်ခုဟူ၍ သုံးပိုင်းခွဲခြားထားလေသည်။

ရရှိနိုင်သော ချမ်းသာကြွယ်ဝမှုမှာ ထိန်းချုပ်၍ မရပေ။ အမှန်ပင် တစ်စုံတစ်ယောက်သည် ကံကြမ္မာအဆောင်မှ အကျိုးအမြတ် ရယူနိုင်လေသည်။ သို့သော်လည်း ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ချမ်းသာကြွယ်ဝမှုသည် တစ်ဦးတစ်ယောက်ချင်းအပေါ် မူတည်လေ၏။

အချို့လူများသည် ၎င်းတို့၏ ပထမဘဝတစ်ဝက်ခန့်တွင် ပုံမှန်ဖြစ်သော်လည်း ရုတ်ခြည်း ချမ်းသာ

လာကြပေသည်။ ဤအရာမှာ လူအများခေါ်ကြသည့် ပွပေါက်ပင် ဖြစ်သည်။ တစ်စုံတစ်ယောက်မှ ၎င်းတို့အား လျစ်လျူရှုသွားခဲ့မည့် ချမ်းသာကြွယ်ဝမှုအား ကံအားသင့်၍ ရရှိလိုက်ခြင်းသည် ကံကောင်းမှုပင်ဖြစ်ပေမည်။

သခင်မကြီးလင်း၌ သာမန်အက္ခရာရှစ်လုံးနှင့် ကံကြမ္မာသာ ရှိလေသည်။

သူမအရွယ်မှ လူအားလုံးသည် ကံအခွင့်အလမ်းအားလုံးအား လျစ်လျူရှုပြီး ဖြစ်ကြသည်။ သိပ်မကျန်တော့ပါပေ။

သူမ ကံကြမ္မာအဆောင်ကို သုံးလိုက်လျှင်ပင် ဖြစ်နိုင်သည်က သူမ ငွေပမာဏအမြောက်အမြားအား မတော်တဆ ကောက်ရရုံသာ ဖြစ်လိမ့်မည်။ အကယ်၍ သူမ ချမ်းသာကြွယ်ဝမှုများပိုလိုချင်ပါ

က လာရောက်ရမည့် ချမ်းသာကြွယ်ဝမှုများအား ရရှိမည့် ကံကို အသုံးပြုရမည်ဖြစ်သည်။ အနာဂတ်တွင် ပမာဏဆတူခန့်ပင် သူမ မလွဲဧကန် ဆုံးရှုံးရမည်ဖြစ်သည်။

ရှဲ့ချောင်၏ ကံကြမ္မာအဆောင်များမှာ အတော်လေး ဈေးကြီးပေ၏။

ထိုအရာမှာ သူမအား ကြီးမားသောစိုက်ထုတ်မှုကို ကုန်ကျစေသော်လည်း အကျိုးသက်ရောက်မှုမှာ နိမ့်ပေသည်။

သခင်မလင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်၏။

ရှဲ့ချောင် ဖြေးညင်းစွာ ထွက်ခွာသွားခဲ့သည်။

သူမ ထွက်သွားပြီးနောက် သခင်မလင်းသည် မည်သည်ကိုမျှ ထပ်မပြောပဲ အိမ်သို့ နာခံစွာ ပြန်သွားလေသည်။

မည်သို့ပင်ဖြစ်စေ သူမသည် အမြဲလိုလို စကားများသော လူတစ်ယောက် ဖြစ်ခဲ့သည်ပင်။ ရုတ်တရက် တိတ်ဆိတ်နေသောကြောင့် သူမမိသားစုမှာ သူမ ဖျားနေသည်ဟု ထင်နေကြလေ၏။ သူတို့သည် သူမအား ဂရုစိုက်မှုများပင် ပြသလာကြ၏။ သူမအတွက် ညှင်းပန်းမှုဖြစ်သော အရာအား တစ်ညမျှ သည်းခံထိန်းချုပ်ပြီးနောက် နောက်တစ်ရက်မနက်၌ သူမ နိုးလျှင်နိုးချင်းပင် ထိုအကြောင်းအားမေ့ကာ အလိုအလျောက် စကားပြောလိုက်မိလေသည်။

သူမ စကားပြောလိုက်သည်နှင့် ရှဲ့ချောင်၏ အဆောင်မှာ အစွမ်းပြယ်သွားကာ သူမနှုတ်ခမ်းထောင့်များ စတင် ယားယံလာတော့သည်။

ထင်ထားသည့်အတိုင်းပင် သူမ ပြည်တည်နာဖြစ်နေလေပြီ။

ထိုအရာအား သိလိုက်ရသောအခါ သခင်မကြီးလင်း ချက်ချင်းပင် တုန်ယင်သွားခဲ့သည်။ သူမ အလွန်ထိတ်လန့်တုန်လှုပ်နေလေပြီ!

•••••

All Chapters