← Chapters

တစ်မိသားစုလုံး ထွက်လာကြလေပြီ

Vol. 12 Ch. 207

တစ်မိသားစုလုံး ထွက်လာကြလေပြီ

Vol. 12 Ch. 207

သူမပါးစပ်အတွင်း၌ ပြည်တည်နာကို မြင်လိုက်ရသောအခါ ရှဲ့ချောင်ပြောခဲ့သည်များအား သခင်မကြီးလင်း ပြန်တွေးလိုက်သည်။ သူမသည် ယခင်က ၈၀%မျှသာ ယုံကြည်ခဲ့သော်လည်း ယခုမူ ရှဲ့ချောင်အား လုံးဝဥသုံ ယုံကြည်နေပြီ ဖြစ်လေသည်။

သူမ၏ချွေးမအား မည်ကဲ့သို့ ပြဿနာရှာရဲပါတော့မည်နည်း?

ကြမ္မာဥယျာဥ် သို့ပင် သူမ အပြေးအလွှားသွားခဲ့လေသည်။

ကံမကောင်းစွာပင် ရှဲ့ချောင်သည် မည်သူနှင့်မဆို

တွေ့သည့် လူတစ်ယောက် မဟုတ်ပါချေ။ သခင်မလင်းသည် သူမ၏ ဘေးဒုက္ခအား တာအိုသူတော်စင်မော့မှ အဆုံးသတ်ပေးရန်အတွက် အနည်းဆုံး ငွေစ ၁၀ စ ပေးချေရန် လိုအပ်ကြောင်း ဆိုင်စောင့်တစ်ယောက်ဆီမှ ကြားသိလိုက်ရသည်။

ငွေစ ၁၀ စ…သူ့မှာ ဘယ်လိုလုပ် အဲ့လောက်ပိုက်ဆံရှိမှာတဲ့လဲ!?

သူတော်စင်ကြီးသည် ယမန်နေ့က သူမအတွက် ဂမ္ဘီရဉာဏ်အသုံးချပေးခဲ့သည်! ပြီးတော့ အလကားဖြစ်ပေသည်!

ထိုအရာမှာ မည်သည်ကို သက်သေပြနေသည်နည်း?

ထိုအခြင်းအရာမှာ သူတော်စင်ဆီမှ သင်ကြားပြသဉာဏ်အလင်းပွင့်စေခြင်း ခံယူခဲ့ရသည့် သူမသည် ကံကောင်းသည်ဟု ပြသနေပေသည်။ အခြားလူများသည်ပင် သူမလောက် ကံမကောင်းနိုင်ပေ။

သခင်မကြီးလင်းသည် မဆိုင်းမတွပင် ယမန်နေ့က တာအိုသူတော်စင် ပြောခဲ့သည်များအား ပြန်စဥ်းစားလိုက်၏။ သူမခေါင်းထဲတွင် ရှိသမျှ စကားလုံးတစ်လုံးချင်းစီတိုင်းအား အကောင်းဆုံးကြိုးစား၍ ပုံဖော်နေခဲ့လေသည်။ သူမအတွက် ထိုစကားလုံးများမှာ ငွေစများကဲ့သို့ပင်၊ အလကားရခဲ့သည့် ကံကြမ္မာဟောစာတမ်း - ငွေစ ၁၀စ။

သူ ဘယ်လိုလုပ် နားမထောင်ပဲနေရမှာလဲ?

ရှဲ့ချောင်သည် သခင်မကြီးလင်း၏ အကျင့်ဟောင်းပြန်ပေါ်လာမည်ကို ပူပန်မနေပါချေ။ သူမ

အရွယ်မှ လူများသည် အနာဂတ်၌ မလွဲဧကန်ပင် ဖျားနာကြလိမ့်မည်ဖြစ်သည်။ ယခုလက်ရှိ သူမ၏ ကံကြမ္မာအား သူမ ယုံကြည်နေသော်လည်း ပြောင်းလဲရန်အတွက်မူ သူမအတွက် ခက်ခဲနေဆဲပင် ဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ ယခု မကောင်းကြံစည်ရန်အတွက် သူမ ကြောက်နေလိမ့်မည်ဖြစ်သည်။ ယခင်ကကဲ့သို့ အကြောက်တရားမရှိ ဖြစ်တော့မည် မဟုတ်ပေ။

ထို့အပြင် သူမ အမျိုးသမီးဖန်းအား အသက်ရှုချိန်ပေးလိမ့်မည်ဖြစ်သည်။ သူမခင်ပွန်းအား ဆုံးရှုံးထားရသည်မှာ မကြာသေးသောကြောင့် အားနည်းနေဦးမည် ဖြစ်သည်ပင်။ သို့သော်လည်း မိခင်တစ်ယောက်သည် သန်မာလေသည်။ သူမ၏သားအတွက် မလွဲမသွေပင် သူမသည် ဖြည်းဖြည်းချင်း ပြန်ထလာလိမ့်မည်။ ထို့နောက်တွင် သခင်မကြီးလင်းသည် ချွေးမဖြစ်သူအား

နှိပ်စက်မှုပြုချင်လျှင်တောင်မှ ပြုလို့ရတော့မည် မဟုတ်ချေ။

ထိုအရာများသည် ရှဲ့ချောင် လုပ်နိုင်သမျှ အကုန်ဖြစ်ပေသည်။ ကျန်သည့်အရာများအား သူမ တတ်နိုင်စွမ်းမရှိတော့ပေ။

သူမအား ပိုက်ဆံများနှင့် အကျိုးအမြတ်များ ပေးလျှင်ပင် သူမ အားနည်းနေပါက ထိုအရာများသည် ပြောင်းပြန်အကျိုးသက်ရောက်သွားလိမ့်မည် ဖြစ်သည်။

အမျိုးသားဝိညာဥ်အား ရှဲ့ချောင်ကြည့်လိုက်ကာ မေးလိုက်၏။ “ ရှင့်ရဲ့ သွေးစုပ်ကောင်လိုမျိုးအမေ မရှိရင် သူမ အခု အသက်ရှုဖို့ အခွင့်အရေးရှိလာလိမ့်မယ်။ ရှင် ကျေနပ်ရဲ့လား?”

အမျိုးသားဝိညာဥ်က ရိုးသားစွာ ခေါင်းညိမ့်လိုက်သည်။ “ ဒါပေမယ့် ကျွန်တော့်မှာ ခင်ဗျားကို ပြန်ပေးဖို့ ငွေစမရှိဘူး…”

“ မပူပါနဲ့” ရှဲ့ချောင် မျက်ခုံးပင့်လိုက်သည်။

သူမသာ ပေးချေခြင်းမခံရလျှင် ကောင်းမွန်သောအလုပ်တစ်ခုအား သန့်စင်စွာ လုပ်နေခြင်းဖြစ်သွားကာ ကောင်းသောကံများ ပိုမို စုဆောင်းနိုင်ပေမည်။ ငရဲပြည်က သေမင်းမှာ ဒီအတွက် မှတ်တမ်းစာအုပ်တစ်အုပ် ရှိသင့်တယ်ဟုတ်? သူမ ကောင်းကောင်းလုပ်ခဲ့လျှင် ပိုကောင်းသော မှတ်တမ်းတစ်ခု ရလောက်သည်ပင်။

အမျိုးသားဝိညာဥ်အား သိုလှောင်ပြီးသည်နှင့် ရှဲ့ချောင် ပျော်ရွှင်နေခဲ့သည်။

ကြမ္မာဥယျာဥ် ဒုတိယထပ်၌ ရုပ်ထုတစ်ခု ရှိလေ၏။ ထိုအရာ၏ အောက်တွင် ပုလင်းပေါက်စလေးများစွာနှင့် ပြည့်နှက်နေသော ဗီရိုအသေးလေးတစ်လုံးရှိလေသည်။

ယခု များပြားလှသော ဝိညာဥ်များအား သူမ စုဆောင်းပြီးဖြစ်သည်။

ဝိညာဥ်အားလုံးမှာ ကြွေပုလင်းရောင်စုံလေးများအတွင်း၌ သိမ်းထားခံရလေသည်။ အနီရောင်များမှာ ဝိညာဥ်အား လွတ်ငြိမ်းခွင့်ပြုရန်လိုအပ်နေသော အာဃာတဝိညာဥ်များ ဖြစ်လေ၏။ ၎င်းတို့သည် ယခုအကြိမ်၌ ပြန်လည်ဝင်စားခြင်း မပြုနိုင်ပေ၊ မဟုတ်ပါက နောင်ဘဝတွင် ကျေးကျွန်များ ဖြစ်လာလိမ့်မည်။

ယမန်နေ့က သူမ ဖမ်းလာခဲ့သည့် အာဃာတဝိညာဥ်သည် ပြစ်မှုကျူးလွန်ခံရသူဖြစ်ပြီး လွန်စွာသနား

ဖွယ် ကောင်းလေသည်။ ထို့ကြောင့် ၎င်းသည် စောင့်ဆိုင်းရပေမည်။ ချင်မင်ပွဲတော် အတောအတွင်း၌ ၎င်းအား ရှဲ့ချောင် အဝေးသို့ ပို့လိုက်မည်ဖြစ်သည်။

ပုံမှန်ဝိညာဥ်များမှာ အဖြူရောင်ကြွေပုလင်းများအတွင်း၌ သိမ်းထားခံရလေသည်။ ၎င်းတို့သည် ခမ်းနားထည်ဝါစွာ အဝေးသို့ ပို့ဆောင်ခံရမည်ဖြစ်လေ၏။

ရှဲ့ချောင်အတွက်မူ ဆောင်းရာသီအဝတ်အထည်နေ့ နီးကပ်လာလေလေ ပတ်ဝန်းကျင်များမှာ ပို၍ ကျောချမ်းဖွယ်ကောင်းလာလေလေပင် ဖြစ်သည်။

ဤအချိန်အတောအတွင်း၌ အမှောင်စွမ်းအင်များမှာ အလွန်အားကောင်းလာသောကြောင့် ထုံးစံအတိုင်းပင် သူမ အပြင်ထွက်ရန် ဆန္ဒမရှိပါချေ။

သူမနှင့်အတူ ရှိနေသော အဆောင်များမှ ထိုအရာများအား မဖိနှိပ်နိုင်မည်ကို စိုးရိမ်နေပေသည်။

သို့သော်လည်း နန်းမြို့တော်သို့ လာခဲ့ချိန်မှစ၍ သူမ ရှောင်လွှဲ၍မရနိုင်သော လူမှုရေးပွဲများ ရှိနေလေသည်။

…………..

ဆောင်းရာသီအဝတ်အထည်ပွဲတော်နေ့မတိုင်မီ တစ်ရက်တွင် သခင်မလုသည် ရထားလုံးများအား အသင့်ပြင်စေပြီးနောက် မိသားစုတစ်စုလုံး အပြင်ထွက်လာခဲ့ကြလေသည်။

ရှဲ့မိသားစု ယောက်ျားလေးများမှာ မြင်းများ စီးနင်းလာခဲ့ကြသည်။ ရှဲ့ရှီနှင့် သခင်မလုသည် ရထားလုံးတစ်ခုဖြစ်ကာ ရှဲ့ချောင်သည် အနောက်

မှ နီးကပ်စွာ လိုက်ပါလာသည့် အခြားတစ်ခုပေါ်၌ ဖြစ်သည်။

ရှဲ့နျိုရှန်းနှင့် သခင်မလုတို့သည် လက်ဆောင်များစွာ ပြင်ဆင်ခဲ့ကြလေသည်။ သခင်မကြီးအတွက် ဆေးဖက်ဝင်အပင်များနှင့်အတူ အသုံးအဆောင်များနှင့် အထည်တစ်ချို့ဖြစ်လေသည်။

ရှဲ့မိသားစုသည် အတော်လေးကြီးမားကာ လူတိုင်းအား ဂရုစိုက်ပေးရန် လိုအပ်လေသည်။ ရှဲ့နျိုရှန်းမှာ အရာရှိတစ်ယောက်ဖြစ်လာစဥ်မှစ၍ သူသည် ညီအစ်ကိုများနှင့် မိခင်ဖြစ်သူအတွက် တာဝန်ရှိသည်ဟု မှတ်ယူထားခဲ့သည်။ ဤသည်နှင့် ပတ်သက်လာလျှင် သူသည် အလွန်အင်မတန် ရက်ရောလေ၏။

မည်သို့ပင်ဖြစ်စေ သူသည် အတိတ်တွင် လက်ဆောင်များမှလွဲ၍ ပိုက်ဆံတစ်ချို့ ပေးတတ်

လေသည်။ သူသည် အနည်းဆုံး ငွေစတစ်ထောင် ပေးခဲ့သည်ပင်။

သို့သော်လည်း ရှဲ့ဖင်းကန်း ထိန်းချုပ်လိုက်သည်မှစ၍ ဤအချိန်၌မူ သူသည် ငွေစတစ်ရာသာ ပြင်ဆင်လာခဲ့သည်။

ရှဲ့နျိုရှန်းသည် ကြီးမားသောနှလုံးသားပိုင်ရှင်ပင်။ ထိုအရာသည် ဆိုးရွားသည့်အကြံတစ်ခုဟု သူမတွေးခဲ့ပေ။ နှစ်တိုင်း၌ အားလပ်ရက်များစွာရှိသောကြောင့် သူ့အတွက်တော့ အတော်များများပေးခဲ့ပြီး ဖြစ်လေသည်။ နောက်တစ်ကြိမ်ကျလျှင် ၎င်းတို့အတွက် သူ ပြန်လုပ်ပေးမည်ဖြစ်သောကြောင့် သူသည် ပျော်ရွှင်နေဆဲပင် ဖြစ်သည်။

•••••••

All Chapters